Channel Myanmar

Ajin: Demi-Human (2017)

Ajin: Demi-Human    

N/A 109 min ActionHorrorMystery

7.0
IMDB: 7.0/10 198 votes

, , , , , , ,

N/A

Japan

371173

Report error

ပထမဆုံးပြောရမယ်ဆိုရင် ကျွန်တော်ဂျပန်ကားတွေကိုမကြိုက်ပါဘူး..

မကြိုက်ဘူးဆိုတာထက် အမြဲကြားနေကျဘာသာစကားမဟုတ်တဲ့အတွက်ကြောင့်

စိမ်းနေတာလည်းပါတာပေါ့..

ဒါပေမယ့် ဒီကားလေးကိုတော့ Encode လုပ်ဖို့အတွက်စစ်ရင်းအစမ်းကြည့်ပါတယ်…

ကြည့်နေရင်းနဲ့ကောင်းတဲ့ကားလေးတစ်ကားဖြစ်တာကြောင့် အားလုံးလည်းခံစားလို့ရအောင်

တင်ဆက်ပေးလိုက်ပါတယ်…

အညွှန်းလေးကိုဖတ်ကြည့်ရအောင်…

ဒီကားမှာ အာဂျင်းဆိုတဲ့ ဇာတ်ကောင်အကြောင်းကိုပြောပြထားတာပဲဖြစ်ပါတယ်…

အာဂျင်းကို ဂျပန်ရဲ့မန်ဂါစီးရီးကနေပြန်လည်အသက်သွင်ပြီးရိုက်ကူးခဲ့ပါတယ်…

အာဂျင်းဆိုတာက မသေတဲ့လူမျိုးတွေပါ…

ပြောရမယ်ဆိုရင်တော့ လူတပိုင်း မိစ္ဆာတစ်ပိုင်းအရာတွေပဲဖြစ်ပါတယ်….

ဒီအာဂျင်းတွေဟာ လူတွေကိုဒုက္ခပေးတဲ့အရာတွေမဟုတ်ပါဘူး…

ဒါပေမယ့်တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာတွေအရ အာဂျင်းရဲ့

မသေနိုင်တဲ့အစွမ်းတွေကို လူသားတွေဟာ စိတ်ဝင်စားလာကြပြီး

အာဂျင်းတွေကို ဖမ်းဆီးကာ အမျိုးမျိုးနှိပ်စက်ပြီး သုတေသနတွေလုပ်ကြပါတော့တယ်….

ဒါကြောင့်လည်းအာဂျင်းတွေကို ခြေထောက်ဖြတ်လိုက် ဓားနဲ့ဖြတ်လိုက်နဲ့

နောက်ဆုံး မြင်မကောင်းတဲ့ ဒဏ်ရာတွေ ဖြစ်လာရင် reset လို့သူတို့ခေါ်ဝေါ်ကြတဲ့

အာဂျင်းတွေကိုသတ်လိုက်ပါတော့တယ်…

ခဏကြာရင် အသတ်ခံလိုက်ရတဲအာဂျင်းဟာ ပြန်လည်ရှင်သန်လာပါတယ်…

အာဂျင်းရဲ့ အစွမ်းတွေကတော့ ဘယ်လောက်ပဲဒဏ်တွေရရ 

လက်ပြတ် ခြေပြတ် သေနတ်မှန် ဘယ်လိုပဲဖြစ်ဖြစ်

သူ့ကိုသတ်လိုက်တာနဲ့ခဏအတွင်းမှာ ပြန်လည်ရှင်သန်လာတာပဲဖြစ်ပါတယ်…

နောက်ပြီးတော့ အာဂျင်းတွေမှာ ကိုယ်ပိုင် အရိပ်လို့ခေါ်တဲ့ မိစ္ဆာတွေ

တစ်ယောက်ချင်းစီမှာရှိပါတယ်…

အဲဒီမိစ္ဆာတွေကို သူတို့ဟာ ထိန်းချုပ်နိုင်ကြပါတယ်…

ဒီလိုမျိုးအနှိပ်စက်ခံရတဲ့အာဂျင်းတွေဟာ လူတွေကိုမုန်းတီးလာကြပါတယ်…

သူတို့ဟာအစမ်းသပ်ခံမဟုတ်ဘူးဆိုတာလည်း လူတွေသိအောင်ပြချင်လာကြပါတယ်…

ဒါကြောင့် သူတို့ဟာ လူသားတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်နယ်မြေတွေတောင်းပြီးတော့

နောက်ဆုံးမှာ လူသားတွေကို မျိုးတုန်းသတ်ဖြတ်စတင်ပါတော့တယ်…

အာဂျင်းတွေအားလုံးမဆိုးသွမ်းကြပါဘူး…ဒါပေမယ့် တစ်ယောက်တည်းသောအာဂျင်းကတော့

စိတ်မနာနိုင်ပဲ လူသားတွေဘက်ကရပ်တည်ပြီး

သူရဲ့မျိုးနွယ်တူ အာဂျင်းတွေကို ပြန်လည်ရင်ဆိုင်ဖို့ အခြေနေဖြစ်လာခဲ့ပါတော့တယ်…..

အားလုံးပဲ ကျန်တဲအရာတွေကိုတော့ စိတ်လှုပ်ရှားဖွယ်ကြည့်လိုက်ရအောင်လား…

File Size : (853 MB) and (288 MB)
Quality : Blu-Ray 1080p
Running Time : 1hr 49min
Format : Mp4
Genre : Action, Horror, Mystery
Subtitle : Myanmar Subtitle (Hard Sub)
Source : Blu-Ray 1080p
Translated by Pone Thone
Encoded by Moe Myint Lwin



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Ajin: Demi-Human (2017)
Ajin: Demi-Human (2017)
Ajin: Demi-Human (2017)
Ajin: Demi-Human (2017)
Ajin: Demi-Human (2017)
Ajin: Demi-Human (2017)
Ajin: Demi-Human (2017)
Ajin: Demi-Human (2017)
Ajin: Demi-Human (2017)


No downloads available

Genres



Related movies