Channel Myanmar

Battle for Sevastopol(2015)(ျမန္မာစာတန္းထိုး)

Uncategorized

IMDB: /10 votes

787479

Report error

unicode

IMDb 7.2 ရထားတဲ့ ၂၀၁၅ ထွက် ကားလေး တင်ပေးလိုက်ပါတယ်။ ဇာတ်လမ်းထဲက ဇာတ်ကောင်ကတော့ အပြင်မှာတကယ်ရှိခဲ့တဲ့ ယူကရိန်းသူ ဆိုဗီယက်စနိုက်ပါ တစ်ယောက်အကြောင်းပါပဲ။ ဒုတိယကမ္ဘာစစ်အတွင်း ထင်ရှားခဲ့တဲ့ အမျိုးသမီးသူရဲကောင်းတစ်ယောက်အကြောင်းပါ။ သူ့ကိုသမိုင်းတစ်လျှောက် အအောင်မြင်ဆုံး အမျိုးသမီးစနိုက်ပါ အဖြစ်သိကြသလို World Deadliest Sniper ၁၀ ယောက်စာရင်းမှာ နံပါတ်သုံး ချိတ်ခဲ့တဲ့ တဦးတည်းသော အမျိုးသမီးစနိုက်ပါအဖြစ်လဲ သိကြပါတယ်။ ဇာတ်လမ်းအစမှာတော့ အိမ်ဖြူတော်မှာ ကျင်းပတဲ့ တွေ့ဆုံပွဲတစ်ခုမှာ လူဘယ်နှယောက်သတ်ခဲ့ပြီလဲ ဆိုတဲ့မေးခွန်းကို လူတွေကိုသတ်တာမဟုတ်ဘူး ဖက်ဆစ်တွေကို သတ်တာပါ ၃၀၉ ယောက်ရှိပါပြီ ဆိုတဲ့ အဖြေနဲ့ အားလုံးအံ့သြသွားစေခဲ့ပြီး သူ့ဘဝဇာတ်ကြောင်းကို စဖွင့်ပြခဲ့တာပါ။ စစ်ပွဲအတွင်းမှာ လူတွေသိန်းနဲ့ချီပြီး သေတာ မထူးဆန်းခဲ့ပေမယ့် မိန်းမငယ်လေးတစ်ယောက်က ရိုင်ဖယ်သေနတ်တစ်လက်နဲ့ လူ ၃၀၀ ကျော် သတ်နိုင်ခဲ့တာကိုတော့ အံသြဘနန်း ဖြစ်စေခဲ့တာ အမှန်ပါပဲ။ သမ္မတ ရူးစဗဲ့ကတော်နဲ့ ခင်မင်ခဲ့ပြီး သမ္မတကတော်ကြီးက ပြန်ပြောပြတဲ့ ပုံစံလေးနဲ့ ပြသသွားပါတယ်။ သူတို့လာရင်းရည်ရွယ်ချက်ဖြစ်တဲ့ ဒုတိယကမ္ဘာစစ်ကို အမေရိကန်ကလဲ စစ်မျက်နှာဖွင့်ပေးဖို့ တောင်းဆိုရာမှာ ဒါကို မလိုလားတဲ့လူတွေ အတွက် တွန်းအားဖြစ်စေမဲ့ နာမည်ကျော်စကားတစ်ခွန်းကို ပြောခဲ့ပုံလေးနဲ့ သူ့ဘ၀ အနိမ့်အမြင့် အခက်အခဲတွေနဲ့ သေလုနီးနီးအချိန်တွေ သူချစ်ရတဲ့ သူတွေအကြောင်းကို ပြသွားတာကို တွေ့ရမှာပါ။ တကယ်လဲ သမိုင်းမှာ သူပြောခဲ့တဲ့ ” ကျွန်မ အသက် ၂၅ နှစ်မှာ ဖက်ဆစ် ၃၀၉ ယောက် သုတ်သင်ခဲ့ပြီးပါပြီ။ လူကြီးမင်းတို့၊ ရှင်တို့တွေ ကျွန်မနောက်ကျောမှာ ပုန်းကွယ်နေခဲ့တာ အချိန်အတော်ကြာပြီလို့များ မတွေးမိကြဘူးလား” ဆိုတဲ့စကားဟာ အမှတ်တရဖြစ်ကျန်ခဲ့ပါပြီ။ သူ့ဘဝနဲ့အတူ နာမည်ကျော် ဆီဗာစတာပိုစစ်ပွဲကြီးရဲ့ တစ်စိတ်တစ်ပိုင်းကိုပါ ခံစားကြည့်နိုင်ပါပြီ။
(Littleneo ဘာသာပြန်ပေးထားပါတယ်) အင်္ဂလိပ်စာဖိုင်ကနေ ပြန်ထားတာဖြစ်တဲ့အတွက် အဓိပ္ပါယ် မပြည့်စုံတာရှိရင်လဲ သည်းခံပေးကြပါလို့။

File Size ……… 880 Mb
Duration ……..  2hr
Quality ………. HD 720p
Encoder …….. Littleneo
Format ……… MP4

Download or Watch form pCloud (880Mb)
Link 2

Small File Download(440Mb)

zawgyi

IMDb 7.2 ရထားတဲ့ ၂၀၁၅ ထြက္ ကားေလး တင္ေပးလိုက္ပါတယ္။ ဇာတ္လမ္းထဲက ဇာတ္ေကာင္ကေတာ့ အျပင္မွာတကယ္ရိွခဲ့တဲ့ ယူကရိန္းသူ ဆိုဗီယက္စနိုက္ပါ တစ္ေယာက္အေၾကာင္းပါပဲ။ ဒုတိယကမာၻစစ္အတြင္း ထင္ရွားခဲ့တဲ့ အမ်ိဳးသမီးသူရဲေကာင္းတစ္ေယာက္အေၾကာင္းပါ။ သူ႕ကိုသမိုင္းတစ္ေလွ်ာက္ အေအာင္ျမင္ဆံုး အမ်ိဳးသမီးစနိုက္ပါ အျဖစ္သိၾကသလို World Deadliest Sniper ၁၀ ေယာက္စာရင္းမွာ နံပါတ္သံုး ခ်ိတ္ခဲ့တဲ့ တဦးတည္းေသာ အမ်ိဳးသမီးစနိုက္ပါအျဖစ္လဲ သိၾကပါတယ္။ ဇာတ္လမ္းအစမွာေတာ့ အိမ္ျဖဴေတာ္မွာ က်င္းပတဲ့ ေတြ႕ဆံုပြဲတစ္ခုမွာ လူဘယ္နွေယာက္သတ္ခဲ့ျပီလဲ ဆိုတဲ့ေမးခြန္းကို လူေတြကိုသတ္တာမဟုတ္ဘူး ဖက္ဆစ္ေတြကို သတ္တာပါ ၃၀၉ ေယာက္ရိွပါျပီ ဆိုတဲ့ အေျဖနဲ႕ အားလံုးအံ့ၾသသြားေစခဲ့ျပီး သူ႕ဘ၀ဇာတ္ေၾကာင္းကို စဖြင့္ျပခဲ့တာပါ။ စစ္ပြဲအတြင္းမွာ လူေတြသိန္းနဲ႕ခ်ီျပီး ေသတာ မထူးဆန္းခဲ့ေပမယ့္ မိန္းမငယ္ေလးတစ္ေယာက္က ရိုင္ဖယ္ေသနတ္တစ္လက္နဲ႕ လူ ၃၀၀ ေက်ာ္ သတ္နိုင္ခဲ့တာကိုေတာ့ အံၾသဘနန္း ျဖစ္ေစခဲ့တာ အမွန္ပါပဲ။ သမၼတ ရူးစဗဲ့ကေတာ္နဲ႕ ခင္မင္ခဲ့ျပီး သမၼတကေတာ္ၾကီးက ျပန္ေျပာျပတဲ့ ပံုစံေလးနဲ႕ ျပသသြားပါတယ္။ သူတို႕လာရင္းရည္ရြယ္ခ်က္ျဖစ္တဲ့ ဒုတိယကမာၻစစ္ကို အေမရိကန္ကလဲ စစ္မ်က္နွာဖြင့္ေပးဖို႕ ေတာင္းဆိုရာမွာ ဒါကို မလိုလားတဲ့လူေတြ အတြက္ တြန္းအားျဖစ္ေစမဲ့ နာမည္ေက်ာ္စကားတစ္ခြန္းကို ေျပာခဲ့ပံုေလးနဲ႕ သူ႕ဘ၀ အနိမ့္အျမင့္ အခက္အခဲေတြနဲ႕ ေသလုနီးနီးအခ်ိန္ေတြ သူခ်စ္ရတဲ့ သူေတြအေၾကာင္းကို ျပသြားတာကို ေတြ႕ရမွာပါ။ တကယ္လဲ သမိုင္းမွာ သူေျပာခဲ့တဲ့ ” ကြ်န္မ အသက္ ၂၅ နွစ္မွာ ဖက္ဆစ္ ၃၀၉ ေယာက္ သုတ္သင္ခဲ့ျပီးပါျပီ။ လူၾကီးမင္းတို႕၊ ရွင္တို႕ေတြ ကြ်န္မေနာက္ေက်ာမွာ ပုန္းကြယ္ေနခဲ့တာ အခ်ိန္အေတာ္ၾကာျပီလို႕မ်ား မေတြးမိၾကဘူးလား” ဆိုတဲ့စကားဟာ အမွတ္တရျဖစ္က်န္ခဲ့ပါျပီ။ သူ႕ဘ၀နဲ႕အတူ နာမည္ေက်ာ္ ဆီဗာစတာပိုစစ္ပြဲၾကီးရဲ႕ တစ္စိတ္တစ္ပိုင္းကိုပါ ခံစားၾကည့္နိုင္ပါျပီ။
(Littleneo ဘာသာျပန္ေပးထားပါတယ္) အဂၤလိပ္စာဖိုင္ကေန ျပန္ထားတာျဖစ္တဲ့အတြက္ အဓိပၸါယ္ မျပည့္စံုတာရိွရင္လဲ သည္းခံေပးၾကပါလို႕။

File Size ……… 880 Mb
Duration ……..  2hr
Quality ………. HD 720p
Encoder …….. Littleneo
Format ……… MP4

Download or Watch form pCloud (880Mb)

Link 2

Small File Download(440Mb)



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available

Genres



Related movies