Bokeh ဆိုတဲ့ ဒီရုပ်ရှင်ကားလေးဟာ IMDb Rating 4.7 လောက်သာ ရရှိထားတဲ့ ရုပ်ရှင်ကားဖြစ်ပါတယ်
ဒါပေမယ့် ကျနော့် ရင်ထဲမှာတော့ ဒီရုပ်ရှင်ကားကို ကြည့်ပြီး ဝေခွဲမရတဲ့ ခံစားချက်လေးတွေ ဖြစ်လာပါတယ်…
ဘာလို့ ဒီလိုခံစားချက်မျိုးတွေ ဖြစ်ရလဲ ဆိုတာကတော့…
ရိုင်လီ နဲ့ ဂျင်းနီ တို့ ချစ်သူစုံတွဲဟာ အိုက်စ်လန်း ကို အပန်းဖြေ ခရီးထွက်ခဲ့ပါတယ်
နှစ်ယောက်သား ဓါတ်ပုံတွေ ရိုက်ကြမယ် အစားကောင်းတွေ စားကြမယ်ပေါ့….
အရမ်းလှပတဲ့ ရှုခင်း တွေ အများကြီးကို မြင်တွေ့ရသလို ချစ်စရာကောင်းတဲ့ သဘာဝ အတိုင်း
ချစ်သူ နှစ်ယောက် ရဲ့ ပုံစံကိုလဲ မြင်တွေ့ရမှာပါ…
ဒါပေမယ့် တစ်ရက်မနက်ခင်းမှာတော့ ဂျင်းနီ ဟာ မနက် ၃ နာရီလောက်မှာ အိပ်မက်လိုလို တကယ်လိုလို
ပြုတင်းပေါက်မှ အလင်းတန်း တစ်ခုကို တွေ့လိုက်ရပါတယ် ပြီးနောက် ပြန်အိပ်ပျော်သွားပြီး
နိုးထ လာတဲ့ အခါမှာ သူမ နဲ့ ရိုင်လီ နှစ်ဦးသာ တစ်မြို့လုံးမှာ ရှိကျန်ခဲ့ပြီး ကျန်သူ အားလုံးကတော့
လုံးဝ အစအနပျောက်သွားခဲ့ပါတယ်…
အစကတော့ နောက်ပြောင်မှု တစ်ခုလို့ ထင်ခဲ့ကျပြီး ကမ္ဘာကြီးတစ်ခုလုံးမှာ
သူတို့ စုံတွဲ ၂ ဦးသာ ကျန်ရှိနေခဲ့တယ်ဆိုတာ
တစ်ဖြေးဖြေး သဘောပေါက်လာခဲ့ပါတယ်…
အစမှာတော့ လူတွေ ကို လိုက်ရှာနေမိပေမယ့် နောက်ဆုံး သူတို့ နှစ်ဦးထဲ ရှိတဲ့ ကမ္ဘာကို ပျော်လာကြတယ်
လုပ်ချင်ရာ လုပ်တယ် စားချင်ရာ စားတယ် ကုန်တိုက်တွေမှာလဲ ပစ္စည်းတွေ အလကားယူ သူများတွေ အိမ်မှာ
အကောင်းစား ပစ္စည်းတွေ နဲ့ အသုံးပြုပြီး နေကြ နဲ့…
အဲ့ဒီပျော်ရွှင်မှု က ခဏ ပါပဲ လူသားတွေ မရှိတဲ့ ကမ္ဘာမှာ သူတို့ စပြီး စိတ်ပျက်ပျင်းရိလာပါပြီ
အဲ့ဒီနောက် ရိုင်လီ နဲ့ ဂျင်းနီ ဟာ အသက်ရှင် ကျန်ရစ်သူ ရှိမလား ဆိုတဲ့ မျှော်လင့်ချက် နှင့်
လူတွေကို လိုက်လံရှာဖွေကြပါတော့တယ် သူတို့ရှာနေတာ တွေ့မလား ကမ္ဘာကြီးဟာ တကယ်ပဲ
ပျက်စီးသွားတော့မလား ဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါ ခင်ဗျာ…
ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ Jin Jin ဖြစ်ပါတယ်…
Thit San Khant
=============
Follow Me >
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။