Channel Myanmar

Cargo (2017)

Cargo    

TV-MA 1h 45min DramaHorrorSci-Fi

6.6
IMDB: 6.6/10 33,285 votes

,

, , , , , , , , ,

1 win & 16 nominations

Australia

598675

Report error

Cargo ဇာတ်ကားဟာ 2017ခုနှစ်ထွက် Drama, Horror ဇာတ်ကားအမျိုးအစားတစ်ကားပဲဖြစ်ပါတယ်။

Ben Howling နဲ့ Yolanda Ramke ဆိုတဲ့ ဒါရိုက်တာနှစ်ဦးပူးတွဲရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပြီး အဓိကဇာတ်ကောင်ဖြစ်တဲ့ Andy နေရာမှာ သရုပ်ဆောင်တဲ့သူကတော့Hobbit Trilogy မှာ Bilbo Baggins , BBC ကထုတ်လွှင့်ခဲ့တဲ့ Sherlock TV Series မှာ Sherlock Holmes ရဲ့မိတ်ဆွေကြီးဖြစ်တဲ့ Dr.John Watson နေရာမှာ သရုပ်ဆောင်ခဲ့ မင်းသားကြီး Martin Freeman ပါ။

ဒါ့အပြင် Marvel Cinematic Universe မှာ Everett K. Ross ဆိုတဲ့ အစိုးရအေးဂျင့်တစ်ယောက်အနေနဲ့လည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

ဇာတ်လမ်းအကျဉ်း
==========
Andy နဲ့ Kay ဇနီးမောင်နှံတွေဖြစ်ပြီးတော့ ၁နှစ်အရွယ်သမီးလေးRosie ကိုပါဖွားမြင်ထားပါသေးတယ်။

သူတို့မိသားစုဟာ စက်လှေအိုကြီးတစ်စီးကိုစီးပြီး မြစ်ကြောင်းအတိုင်းစီးမျောနေခဲ့တာ အတော်ကြာပါပြီ။

သူတို့ဟာ တစ်စုံတစ်ခုကိုကြောက်ရွံ့တာကြောင့် ထွက်ပြေးနေတဲ့ပုံစံပေါက်နေပြီး ပြဿနာတွေလည်း အများကြီးရှိနေပုံရပါတယ်။

သူတို့ရဲ့ပြဿနာထဲမှာ အဆိုးဆုံဖြစ်တဲ့ ရိက္ခာပြတ်လတ်တော့မယ့်ပြဿနာအတွက် လင်မယားနှစ်ယောက် ခေါင်းချင်းဆိုင်ပြီး ဆွေးနွေးရပါတော့တယ်။

သူတို့ဆွေးနွေးပြီး နောက်နေ့မှာတော့ လှေပျက်တစ်စင်းကို တွေ့ရှိခဲ့တာကြောင့် Andy ဟာ ထိုလှေပျက်ကြီးဆီကိုသွားပြီး အသုံးဝင်လောက်မယ့်ပစ္စည်းတွေ ရှာဖွေယူဆောင်ခဲ့ပါတယ်။

Andy အနေနဲ့ ဘာအန္တရာယ်မှမဖြစ်ခဲ့ပေမယ့် ဇနီးဖြစ်သူ Kay က ထိုလှေပျက်ကြီးဆီကို တစ်ဦးတည်းသွားတဲ့အခါမှတော့သတ္တဝါတစ်ကောင်ရဲ့ကိုက်ခဲခြင်းကို ခံလိုက်ရတဲ့အခါမှာတော့…..။

ဒီဇာတ်ကားဟာ ပရိသတ်တွေသဘောကျလောက်မယ့် ဇာတ်ကားဖြစ်သလို ရုပ်ရှင်ဝေဖန်ရေးများပါ သဘောတွေ့ခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။

IMDb 6.3 ဖြစ်ပြီး Rotten Tomatoes Rating ကတော့ 88% ပါ။

ဇာတ်လမ်းတစ်ခုလုံး ဘာဖြစ်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမယ့် ဇာတ်ကားဖြစ်ပြီး မိဘမေတ္တာကိုပါ ဖော်ကြူးထားတာကြောင့် Thriller အမျိုးအစားကြိုက်တတ်သူတွေ အထူးသဘောကျနှစ်ခြိုက်လောက်မယ့် ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။

(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုမျိုးသန့်ပါ)

Cargo ဇာတ္ကားဟာ 2017ခုႏွစ္ထြက္ Drama, Horror  ဇာတ္ကားအမ်ိဳးအစားတစ္ကားပဲျဖစ္ပါတယ္။

Ben Howling နဲ႔ Yolanda Ramke ဆိုတဲ့ ဒါရိုက္တာႏွစ္ဦးပူးတြဲရိုက္ကူးထားတဲ့ဇာတ္ကားျဖစ္ျပီး အဓိကဇာတ္ေကာင္ျဖစ္တဲ့ Andy ေနရာမွာ သရုပ္ေဆာင္တဲ့သူကေတာ့Hobbit Trilogy မွာ Bilbo Baggins , BBC ကထုတ္လႊင့္ခဲ့တဲ့ Sherlock TV Series မွာ Sherlock Holmes ရဲ႕မိတ္ေဆြၾကီးျဖစ္တဲ့ Dr.John Watson ေနရာမွာ သရုပ္ေဆာင္ခဲ့ မင္းသားၾကီး Martin Freeman ပါ။

ဒါ့အျပင္ Marvel Cinematic Universe မွာ Everett K. Ross ဆိုတဲ့ အစိုးရေအးဂ်င့္တစ္ေယာက္အေနနဲ႔လည္း ပါ၀င္သရုပ္ေဆာင္ထားပါေသးတယ္။

ဇာတ္လမ္းအက်ဥ္း
==========
Andy နဲ႔ Kay ဇနီးေမာင္ႏွံေတြျဖစ္ျပီးေတာ့ ၁ႏွစ္အရြယ္သမီးေလးRosie ကိုပါဖြားျမင္ထားပါေသးတယ္။

သူတို႔မိသားစုဟာ စက္ေလွအိုၾကီးတစ္စီးကိုစီးျပီး ျမစ္ေၾကာင္းအတုိင္းစီးေမ်ာေနခဲ့တာ အေတာ္ၾကာပါျပီ။

သူတို႔ဟာ တစ္စံုတစ္ခုကိုေၾကာက္ရြံ႕တာေၾကာင့္ ထြက္ေျပးေနတဲ့ပံုစံေပါက္ေနျပီး ျပႆနာေတြလည္း အမ်ားၾကီးရွိေနပံုရပါတယ္။

သူတို႔ရဲ႕ျပႆနာထဲမွာ အဆိုးဆံုျဖစ္တဲ့ ရိကၡာျပတ္လတ္ေတာ့မယ့္ျပႆနာအတြက္ လင္မယားႏွစ္ေယာက္ ေခါင္းခ်င္းဆုိင္ျပီး ေဆြးေႏြးရပါေတာ့တယ္။

သူတို႔ေဆြးေႏြးျပီး ေနာက္ေန႔မွာေတာ့ ေလွပ်က္တစ္စင္းကို ေတြ႕ရွိခဲ့တာေၾကာင့္ Andy ဟာ ထိုေလွပ်က္ၾကီးဆီကိုသြားျပီး အသံုး၀င္ေလာက္မယ့္ပစၥည္းေတြ ရွာေဖြယူေဆာင္ခဲ့ပါတယ္။

Andy အေနနဲ႔ ဘာအႏၱရာယ္မွမျဖစ္ခဲ့ေပမယ့္ ဇနီးျဖစ္သူ Kay က ထိုေလွပ်က္ၾကီးဆီကို တစ္ဦးတည္းသြားတဲ့အခါမွေတာ့သတၱ၀ါတစ္ေကာင္ရဲ႕ကိုက္ခဲျခင္းကို ခံလိုက္ရတဲ့အခါမွာေတာ့…..။

ဒီဇာတ္ကားဟာ ပရိသတ္ေတြသေဘာက်ေလာက္မယ့္ ဇာတ္ကားျဖစ္သလို ရုပ္ရွင္ေ၀ဖန္ေရးမ်ားပါ သေဘာေတြ႕ခဲ့တဲ့ဇာတ္ကားျဖစ္ပါတယ္။

IMDb 6.3 ျဖစ္ျပီး Rotten Tomatoes Rating ကေတာ့ 88% ပါ။

ဇာတ္လမ္းတစ္ခုလံုး ဘာျဖစ္မလဲဆိုတာကို ရင္တထိတ္ထိတ္နဲ႔ၾကည့္ရႈရမယ့္ ဇာတ္ကားျဖစ္ျပီး မိဘေမတၱာကိုပါ ေဖာ္ၾကဴးထားတာေၾကာင့္ Thriller အမ်ိဳးအစားၾကိဳက္တတ္သူေတြ အထူးသေဘာက်ႏွစ္ျခိဳက္ေလာက္မယ့္ ဇာတ္ကားတစ္ကားပဲျဖစ္ပါတယ္။

(ဇာတ္လမ္းအညႊန္းနဲ႔ဘာသာျပန္သူကေတာ့ ကိုမ်ိဳးသန္႔ပါ)

File Size : (803 MB)
Quality : WEB-DL 720p
Running Time : 1hr 45min
Format : Mp4
Genre : Drama, Horror
Subtitle : Myanmar Subtitle (Hard Sub)
Source : 720p.NF.WEBRip.DD5.1.x264-NTG
Translated by Myo Thant Kyaw
Encoded by Thanhtike Zaw



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Cargo (2017)
Cargo (2017)
Cargo (2017)


No downloads available

Genres



Related movies