Channel Myanmar

Adewale Akinnuoye-Agbaje

Trumbo (2015) 7.4
Trumbo (2015)  ဒီတစ်ခါမှာတော့ စာရေးဆရာ ဒေါ်လ်တန်ထရမ်ဘိုရဲ့ဘဝအကြောင်းကိုရိုက်ကူးထားတဲ့ Trumbo ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားလေးထဲမှာ Breaking Bad ထဲမှမင်းသားကြီး Bryan Cranstonကပါဝင်သရုပ်ဆောင်ထားပြီး Malificent ထဲက မင်းသမီးလေး Elle Fanning လည်းပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းလေးကတော့ထရမ်ဘိုဟာ 1947 မှာဟောလိဝုဒ်ရဲ့အအောင်မြင်ဆုံးထိပ်သီးစာရေးဆရာတစ်ယောက်ပါ ဒါပေမဲ့ သူနဲ့အတူ အခြားအနုပညာရှင်တချို့ဟာ ကွန်မြူနစ်တွေအဖြစ် စုံစမ်းစစ်ဆေးခံရပြီး တရားရင်ဆိုင်ရပါတယ် နောက်ပြီး သူတို့တွေကို နာမည်ပျက်စာရင်းသွင်းပြီး သပိတ်မှောက်ကြပါတယ်။ထရမ်ဘိုတို့ဟာလည်း အလုပ်သမားအခွင့်အရေးအတွက် တက်ကြွလှုပ်ရှားမှုတွေမှာထဲထဲဝင်ဝင်ပါဝင်ခဲ့ပြီး ထောင်ကျခဲ့ပါတယ်။ ထောင်ကထွက်လာပြီးနောက်မှာ သူ့ကိုဘယ်သူကမှအလုပ်တွဲမလုပ်ကြတော့ပါ မခေါ်မပြောနဲ့ဝိုင်းပြီးခွဲခြားခံခဲ့ရပါတယ်။ ဒါပေမဲ့ အဲ့လိုအခြေအနေမှာတောင် ဒေါ်လ်တန်တစ်ယောက် စကားလုံးနဲ့ဥာဏ်ပညာကိုအသုံးချပြီး အကယ်ဒမီဆုနှစ်ဆုကိုရအောင်ယူပြခဲ့ပါတယ် အဲ့နောက်မှာတော့ နာမည်ပျက်စာရင်းဆိုတာကြီးကို ဖျောက်ဖျက်ဖို့သူဘယ်လိုကြိုးစားခဲ့တယ်ဆိုတာကို ပုံဖော်ရိုက်ကူးထားပါတယ် ဒီဇာတ်ကားဟာ ဒေါ်လ်တန်ထရမ်ဘိုရဲ့ အတ္ထုပ္ပတ္တိကိုရိုက်ကူးထားတဲ့ Biography Film အမျိုးအစားလေးပါ။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:04:00 Genre...Drama, Biography Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby ...
movie

Trumbo (2015)

The Bourne Identity (2002) 7.8
The Bourne Identity (2002) The Bourne Identity (2002)IMDb Rating (7.8) / Rotten Tomatoes (84%)++++++++++++Jason Bourneဟောလိဝုဒ် ရုပ်ရှင်နယ်မြေကနေ ခေတ်အဆက်ဆက် စုံထောက်ဇာတ်လိုက်များအား မိတ်ဆက်ခဲ့သည်ကို ကျွန်တော်တို့ပရိသတ်တွေ ခေတ်အလိုက် ကြည့်ရှုခဲ့ကြရသည်။စုံထောက်အမျိုးမျိုးအနက်က လူသိအများဆုံးမှာ ဗြိတိသျှစုံထောက်ကျော်ကြီး ကိုယ်ပိုင်အမှတ်တံဆိပ် 007 ဂျိမ်းစဘွန်းကြီး ဖြစ်လောက်မည်။ယင်းစုံထောက်ကြီး၏ ရုပ်ရှင်များဖြင့် အသားသေနေချိန်မှာ 2002ကာလလောက်တွင် Jason Bourne ဟု အမည်ရသည့် အေ့ဂျင့်ကလေးပေါ်လာလေသည်။စာရေးဆရာကြီး Robert Ludlum ၏ ဇာတ်ကောင်ဖြစ်ပါသည်။Jason Bourne ဇာတ်ကောင်သည် 1988ကတည်းက Mini Series အဖြစ်ထွက်ရှိပေမယ့် သိပ်မထင်ရှားခဲ့ပေ။2000ခုနှစ်လောက်မှ Bourneကိုပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းခဲ့သည်။ဘရက်ပစ် ။စတားလုံးတို့အား လျာထားခဲ့သော်လည်း Matt Damon ကိုသာ ရွေးချယ်ဖြစ်ခဲ့သည်။အတိတ်မေ့ ဒဏ်ရာရနေသော လူတစ်ယောက်ဇာတ်ရုပ်ပီပြင်ဖို့အတွက် Matt မှာ အထူးပင် လေ့ကျင့်အားထုတ်ခဲ့ရသည်။အေ့ဂျင့်တစ်ယောက်စရိုက်နှင့် ကိုက်ညီနေစေဖို့ တိုက်ခိုက်ရေးသင်တန်းများတက်၍ ခြောက်လနီးပါး ...
movie

The Bourne Identity (2002)

4K HEVC
Bullet to the Head (2013) 5.5
Bullet to the Head (2013) ဒီဇာတ်ကားမှာတော့ ကျွန်တော်တို့ရဲ့ အချစ်တော်မင်းသားကြီးဖြစ်တဲ့ Sylvester Stallone(ရမ်ဘို) နဲ့ Fast&Furious က ကိုရီးယားမင်းသား Han Lue တို့ အတူတူအတွဲအဖက်ညီညီ သရုပ်ဆောင်ထားတာကိုတွေ့ရမှာပါ..ဒါရိုက်တာကလည်း တခေတ်တခါက အောင်မြင်ခဲ့တဲ့ 48hrs/The Warriors တို့ကိုရိုက်ခဲ့တဲ့ Action/Thriller ဂုရုကြီး Walter Hill ရိုက်ကူးထားတာဖြစ်လို့ ဒီကားမှာလဲ Action ခန်းအမိုက်စားတွေကိုကြည့်ရဦးမှာပါဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ရမ်ဘိုက ကြေးစားလူသတ်သမားဖြစ်ပြီး Han Lue ကတော့စုံထောက်ဖြစ်ပါတယ်.တနေ့တော့ ရမ်ဘိုတို့သတ်လိုက်တဲ့ လူဟာ Han Lue ရဲ့လုပ်ဖော်ကိုင်ဖက်ဟောင်းဖြစ်ခဲ့ပြီး ဒီလိုနဲ့ စုံထောက်နဲ့ကြေးစားဆုံဖို့ရာအကြောင်းအရာဖန်လာပါတော့တယ်..ဒီနောက်မှာတော့ ရမ်ဘိုတို့ကိုအသတ်ခိုင်းလိုက်တဲ့လူရဲ့နောက်ကအရှုပ်ထုတ်တွေက ကပ်ပါလာပါတော့တယ် ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး File size…(1.6 GB)/(760 GB)/(420 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:32:00 Genre...Action, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr ...
movie

Bullet to the Head (2013)

Congo (1995)
Congo (1995) ၁၉၉၅ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီ ‘Congo’ ရုပ်ရှင်ကတော့ Oscar-nominated producer & director ကြီး Frank Marshall ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဒါရိုက်တာကြီး ရိုက်ကူးထုတ်လုပ်ပေးခဲ့တဲ့ ရုပ်ရှင်တွေထဲမှာဆိုရင်ဖြင့်E.T. the Extra-Terrestrial, The Sixth Sense, The Goonies, Jurassic World, Indiana Jones ရုပ်ရှင်အချို့နဲ့Back to the Future trilogy ၃ကားလုံးလည်း ပါဝင်တာဖြစ်တဲ့အတွက် တော်တော်လေးမခေတဲ့ ဒါရိုက်တာတစ်လက်လို့ ဆိုရမှာပါ။ဒါရိုက်တာကြီးရဲ့ ညွှန်ကြားမှုအောက်မှာတော့ ဒေါက်တာ Karen Ross အဖြစ် The Truman Show နဲ့ Love Actually ရုပ်ရှင်များမှ မင်းသမီးကြီး Laura Linney. The Lake House မှ Dylan Walsh. Ghostbusters ရုပ်ရှင်များမှ Ernie Hudson နဲ့ Home Alone ပရိသတ်တွေဆို တော်တော်လေးမစိမ်းကြမယ့် မျက်နှာပိုင်ရှင် Tim Curry တို့က ပါဝင်အားဖြည့် သရုပ်ဆောင်ထားကြတာပဲ ဖြစ်ပါတယ်File size…(2.0 GB)/(1.7 GB)/(890 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:50:00 Genre...Action, Adventure, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Keith M
movie

Congo (1995)

Marlowe (2022)
Marlowe (2022) Marlowe (2022)ဒီကားက Philip Marlowe ဆိုတဲ့ စုံထောက်ကြီးအကြောင်းကို ရိုက်ထားတာပါ။ သူကလည်း ရှားလော့ဟုမ်းတို့ ပယ်ရီမေဆင်တို့လောက် နာမည်မကြီးတာပဲရှိတယ် နှယ်နှယ်ရရတော့မဟုတ်တဲ့ ပုဂ္ဂိုလ်ပေါ့။ ရေမွန်ချန်ဒလာဆိုတဲ့ စာရေးဆရာကြီးက ၁၉၃၀ကျော်ကတည်းက စအသက်သွင်းခဲ့ပြီး ဝတ္တုရှည်၇အုပ်နဲ့ ဝတ္တုတိုအများအပြားထွက်ခဲ့သလို နောက်ပိုင်းတခြားစာရေးဆရာတွေကလည်း ဒီဇာတ်ကောင်ကိုသုံးပြီး အများကြီးပြန်ရေးခဲ့ကြတယ်။ ဒီစာအုပ်တွေကို ဇာတ်ကားအဖြစ်လည်း ၁၃ခါပြန်ရိုက်ခဲ့သလို နောက်ဆုံးထွက်ထားတဲ့ ဇာတ်ကားက 1978 တုန်းက The Big Sleep ပါ။ ဆိုတော့ ၄၄နှစ်ကြာပြီးမှ Marlowe ဇာတ်ကောင်ကို ထပ်အသက်သွင်းတဲ့ရုပ်ရှင်ဆို‌တော့ ထူးထူးခြားခြားပေါ့။ခုကားကတော့ 2014 ခုနှစ်ထွက် The Black-Eyed Blonde ဝတ္ထုကို ရုပ်ရှင်အဖြစ် အသက်သွင်းထားတာပါ။ 40s ခုနှစ်တွေကို အခြေပြုထားတဲ့ ဂန္ထဝင်စတိုင် စုံထောက်ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ မင်းသားကတော့ Taken မင်းသားကြီး လီယံနီဆန်ပါပဲ။ မင်းသမီးတွေကတော့ Big Fish တို့၊ ...
movie

Marlowe (2022)

2022
[18+]Delta of Venus(1995) 6.7
[18+]Delta of Venus(1995) [18+]Delta of Venus(1995)************************18 ကိုမှ အလန်းစား ဇာတ်လမ်း အမိုက်စား အလန်းစား ချောမောတဲ့သရုပ်ဆောင်တွေပါတာမှ ကြည့်ချင်တဲ့သူတွေအတွက် အထူးသင့်တော်ပါတယ်..အယ်လန်နာမာတင်ဟာ စာရေးဆရာမအလုပ်ကိုဇောက်ချလုပ်ဖို့အတွက်ပဲရစ်မြို့ကိုလာခဲ့ပါတယ်။ ထုတ်ဝေသူ မာဆယ်ဆီကို စာမူတွေရေးပို့ပေမယ့်စစ်ပွဲကြောင့်ဘယ်သူမှအရှုံးခံပြီးစာအုပ်မထုတ်ကြပါဘူး။ နောက်တော့ မာဆယ်ဟာ အယ်လန်နာကိုနာမည်ကြီးစာရေးဆရာလောရန့်စ်ပါတီပွဲကိုဖိတ်လိုက်တယ်။ ထူးခြားလှပနေတဲ့ အယ်လန်နာဟာကိုလောရန့်က ရင်းနှီးသွားပါတယ်။အယ်လန်နာက လောရန့်စ်ရဲ့ စာရေးနည်းတွေကိုလေ့လာရင်းနဲ့ နှစ်ယောက်သားချစ်မိသွားတယ်။တစ်နေ့ပြီးတစ်နေ့ သူတို့နှစ်ယောက်ရဲ့ စိတ်ကူးတွေကိုဖလှယ်ရင်း အချစ်တွေတိုးလာကြတယ်။တစ်နေ့မှာလောရန့်စ်ဟာ ခရီးစဉ်တစ်ခုမထွက်ခွာခင် မိန်းမပျက်တစ်ယောက်နဲ့ဖြစ်နေတာကို အယ်လန်နာတွေ့ပြီးလောရန့်စ်နဲ့အဆက်ဖြတ်လိုက်တယ်။အယ်လန်နာက တစ်ကိုယ်တည်းနေရတဲ့အပြင် စာမူခမရတဲ့အတွက် ငွေကြေးအခက်အခဲကြုံလာရတယ်။ မာဆယ်ဆီစာပေတဲ့ပက်သက်တဲ့အလုပ်မေးမြန်းတဲ့အခါမှာတော့ သူ့ဆီကို အပြာစာပေရေးသားဖို့ကမ်းလှမ်းထားရှိတယ်ဆိုတဲ့အကြောင်းသိလိုက်ရတယ်။အလုပ်ရှင်နာမည်ကိုတော့ မသိရပေမယ့် ပိုက်ဆံကပိုရတဲ့အတွက်အလုပ်ကိုလက်ခံလိုက်တယ်။ဒီလိုနဲ့ အယ်လန်နာက ကိုယ်တိုင်လက်တွေ့ ခံစားပြီး အပြာစာပေတွေကိုရေးသားတဲ့အခါမှတော့ ......File Size :(2.2GB) and (935 MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:42:00 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by SD Encoded by  DS
movie

[18+]Delta of Venus(1995)

The Mummy Returns (2001) 6.3
The Mummy Returns (2001) IMDb (6.3/10)..Rotten Tomatoes (47%)1999 ကထွက်ခဲ့တဲ့ The Mummy ဇာတ်ကားရဲ့အဆက်အနေနဲ့ရိုက်ကူးထားသလို ရှေ့ဇာတ်ကားက မင်းသားမင်းသမီးတွေပဲ ဆက်လက်ပါဝင်ခဲ့ပြီး ကင်းမြီးကောက်ဘုရင်ကြီး Mathayus အဖြစ် The Rock မှအင်အားဖြည့်ပါဝင်ထားပါတယ်။Action, Adventure, Fantasy အမျိုးအစားဇာတ်ကားတွေထဲမှာတော့ Mummy ဇာတ်ကားတွေက ဖျော်ဖြေမှုအပေးနိုင်ဆုံးပါပဲ။ရှေ့ကထွက်ထားတဲ့ The Mummy (1999) ဇာတ်ကားကိုကြည့်ပြီးမှ အခု The Mummy Returns (2001)ကို ဆက်လက်ကြည့်ရှုသင့်ပါတယ်...ပြန်လည်နှိုးထလာတဲ့ ကျိန်စာသင့် Mummy တို့စုံတွဲနဲ့ ကြေးစားစစ်သားကြီး အိုကော်နယ်တို့စုံတွဲ ထိပ်တိုက်တွေ့ဆုံရာမှာ ကျိန်စာတွေကို ဘယ်လိုပယ်ဖျက်မလဲဆိုတာ........။ File size…(4.4 GB) /(1.4 GB) Quality….BluRay Regrade DS4K HEVC/720p Format…mkv/mp4 Duration….02:09:34 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Min Thet Oo
movie

The Mummy Returns (2001)

2001
Killer Elite(2011) 6.4
Killer Elite(2011) Killer Elite (2011) ==============ခုနှစ် ၁၉၈၀တုန်းက ကြေးစားလူသတ်သမားတွေဖြစ်တဲ့ ဒန်နီ၊ ဟန်တာ၊ဒေးဗီးစ် နဲ့ မိုင်ယာတို့ဟာ လူတစ်ယောက်ကိုရှင်းဖို့ မက္ကစီကို ကိုရောက်နေကြပါတယ်။ ဒန်နီဟာ ပစ်မှတ်ကိုသုတ်သင်ပြီးတဲ့နောက် ပစ်မှတ်ရဲ့ဘေးမှာရှိနေတဲ့သားငယ်လေးကိုမြင်ပြီး စိတ်မကောင်းဖြစ်သွားခဲ့လို့ ကြေးစားလောကကနေ အနားယူသွားခဲ့ပါတယ်။ နှစ်တွေကြာတော့ အနားယူပြီးနေတဲ့ဒန်နီဆီကိုဖမ်းဆီးခံထားရတဲ့ ဟန်တာ ရဲ့ ပုံနဲ့အတူ စာတစ်စောင်ရောက်လာခဲ့ပါတယ်။ဒီလိုနဲ့ ဒန်နီလည်း ဟန်တာကိုကယ်ဖို့အတွက်လိုက်သွားခဲ့တဲ့အချိန်မှာသိပ်ကိုခက်ခဲတဲ့ အလုပ်တစ်ခုက စောင့်ကြိုနေပါတယ်။ရှီကီဆိုတဲ့ရေနံသူဌေးတစ်ယောက်မှာ သား၄ယောက်ရှိပေမယ့် ၃ယောက်ကိုအင်္ဂလန်ရဲ့SASအဖွဲ့က ဇီဝိန်ခြွေခဲ့ပြီး ရှီကီကိုနေရပ်ဆီက နှင်ထုတ်ခဲ့ပါတယ်။ဒီလိုနဲ့ အခဲမကြေဖြစ်နေတဲ့ ရှီကီဟာ သူ့သားတွေကိုရှင်းခဲ့တဲ့သူတွေကို လက်စားချေပြီး သူ့အငယ်ဆုံးသားလေးနေရပ်ပြန်ရရေးအတွက် ဟန်တာကို ဓားစာခံလုပ်ပြီးဒန်နီကိုအတင်းအဓမ္မငှားရမ်းခဲ့တာဖြစ်ပါတယ်။ SAS အဖွဲ့ဟာ အင်မတန်လေ့ကျင့်ရည်ပြည့်၀ပြီး အတော်ဆုံးတပ်ဖွဲ့၀င်တွေသာရှိတာမို့ SAS အဖွဲ့၀င်ဟောင်းတွေကိုသတ်ဖို့က ဒန်နီအတွက် ကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ်ဖြစ်နေတာပါ။ ဒါပေမယ့်ဒန်နီဟာ ဟန်တာ လွတ်မြောက်ရေးအတွက် ဒီအလုပ်ကိုလက်ခံခဲ့ပြီးတော့သူတို့တွေ အလုပ်ကိုဘယ်လိုအောင်မြင်အောင်လုပ်ကြမလဲ၊ ဒါတွေအားလုံးရဲ့နောက်ကွယ်မှာရော တစ်စုံတစ်ယောက်ရှိနေမလားဆိုတာကို တကယ်မိုက်တဲ့ဖိုက်တင်ခန်းတွေနဲ့ တစ်၀ကြီးကြည့်ရှူရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။Fast and Furious ...
movie

Killer Elite(2011)

Thor: The Dark World (2013) MCU 7.0
Thor: The Dark World (2013) MCU Thor: The Dark World (2013)IMDb Rating (6.8)ဇာတ်လမ်းအဖွင့်မှာ Odin က လက်ရှိ စင်္ကြာဝဠာထဲမှာ ဘာမှမရှိခင်ကာလတုန်းက အရာအားလုံး အမှောင်အတိဖြစ်နေပြီး အဲ့ဒီအမှောင်ထုထဲမှာ Dark Elf လို့ခေါ်တဲ့ လူမျိုးစုတွေ အမှောင်ထဲမှာနေထိုင်ကြပါတယ်။ အဲ့ဒီနောက်မှာ အလင်းရောင်ဖြစ်ပေါ်လာပြီး တစ်ခြား သတ္တဝါတွေ ဖြစ်လာပြီးနဲ့နောက်မှာ Dark Elf မင်းသားက စင်္ကြဝဠာကြီးကို အရင်လို အမှောင် ဘ၀ ပြန်ရောက်အောင်လုပ်ဖို့ကြိုးစားရာမှာ Odin ရဲ့အဖေ Bor က တားဆီးနိုင်ခဲ့ပါတယ်။Dark Elf (Malekith) ရဲ့ လက်နှက် အဖြစ်သုံးတဲ့ Aether လို့ခေါ်တဲ့ အရာဝတ္ထုကိုတော့ ဖျက်ဆီးလို့မဖြစ်လို့ဘယ်သူမှာ မတွေ့နိုင်တဲ့နေရာမှာ ဖွက်ထားခဲ့ပါတယ်။ ဒါကို မင်းသမီး Natalie Portman က Thor နဲ့အဆက်အသွယ်ရဖို့ ကြိုးစားနေရင်းနဲ့ မထင်မှတ်ပဲ ရှာတွေ့သွားခဲ့ပါတယ်။ (ကမ္ဘာတွေအားလုံးက ...
movie

Thor: The Dark World (2013) MCU

2013
4K HEVCHDR
G.I. Joe: The Rise of Cobra (2009) 5.8
G.I. Joe: The Rise of Cobra (2009) G.I. Joe: The Rise of Cobra (2009)_____IMDb - 5.8/10 ၁၆ ရာစုနှစ် ပြင်သစ်ဘုရင် လူဝီ ၁၃ လက်ထက်မှာ ဂျိမ်းစ် မက်ကောလင်း လို့ခေါ်တဲ့ စကော့တလန်လူမျိုးတစ်ဦးကို သံမီးဖုတ် မျက်နှာစွပ်ပေးပြီး အပြစ်ဒဏ်ပေးခဲ့တယ် ။ သူ့ရဲ့ အပြစ်ကတော့ လူဝီဘုရင်ကို လက်နက်တွေ တီထွင်ပေးပြီး တစ်ခြားရန်သူတွေကိုလည်း လက်နက် ရောင်းတဲ့ သစ္စာဖောက်မှုပေါ့ ။ လက်နက်တီထွင်သူဆိုတာ ဘက်တစ်ဘက်တည်းကိုပဲ တီထွင်ပေးရတယ် နှစ်ဘက်ခွ တီထွင်ပေးရင် သစ္စာဖောက်ပေါ့ ။ဒီဘက်မျက်မှောက်ခေတ်ဘက်ရောက်လာတော့ ဂျိမ်းစ်မက်ကောလင်းရဲ့ မျိုးဆက်တွေဟာ ကာဇတ်စတန်နိုင်ငံမှာ မားစ် ဆိုတဲ့ နာမည်နဲ့ လက်နက်ကုမ္ပဏီ ဖြစ်လာခဲ့ကြတယ် ။ အဲဒိကုမ္ပဏီက NATO ရဲ့ အထောက်အပံ့နဲ့ လက်နက်သစ်တစ်မျိုး စမ်းသပ်အောင်မြင်သွားတယ် ။ အဲဒိလက်နက်ကတော့ သတ္ထုတွေကို စားပစ်တဲ့ နာနိုမိုက်လို့ ခေါ်တဲ့ ဗိုင်းရပ်ပဲပေါ့ ။ ...
movie

G.I. Joe: The Rise of Cobra (2009)

2009
HEVC 1080p 5.1
Suicide Squad (2016) EXTENDED 6.0
Suicide Squad (2016) EXTENDED  Hype တွေများလွန်းလို့ တကယ့်ဇာတ်ကားထွက်လာတော့ထင်သလောက်ခရီးမရောက်ဖြစ်ခဲ့ရတဲ့ ဇာတ်ကားကိုဘယ်လိုဘယ်ပုံတွေကောင်းကြောင်း ဆိုးကြောင်းထပ်ပြီး မညွှန်းချင်တော့ပါဘူး။မျှော်လင့်ထားသလောက် ဖြစ်မလာပေမယ့်မကောင်းဘူးလို့တော့လဲလုံးဝပြောလို့မရတာတော့အမှန်ပါဒါ့ကြောင့် ဇာတ်လမ်းသွားလေးပဲ နည်းနည်းညွှန်းပေးပါရစေ။ဇာတ်ကားကို Batman နဲ့ Supermanရဲ့တိုက်ပွဲအပြီးSuperman သေဆုံးသွားတဲ့နောက်ပိုင်းကာလမှာဇာတ်အိမ်တည်ထားပါတယ်။အစိုးရအဖွဲ့အနေနဲ့ Supermanလို လူစွမ်းကောင်းမျိုးသာ ဆိုးသွမ်းတဲ့ဘက်ကနေ လူသားတွေကိုဒုက္ခပေးမယ့်Villainတစ်ဦးဖြစ်နေမယ်ဆိုရင် ဆိုတဲ့စိုးရိမ်စိတ်တွေဖြစ်လာကြတဲ့အတွက်Amanda Waller ဆိုတဲ့အမေရိကန်အစိုးရအဖွဲ့မှ အမျိုးသမီးကြီးရဲ့အကြံအစည်ကDC ရဲ့နာမည်ကျော် Villainsကြီးများနဲ့အဖွဲ့တစ်ခုထူထောင်ပြီး အစိုးရအနေနဲ့မဖြေရှင်းနိုင်တဲ့ကိစ္စများကိုသူ့ရဲ့Task Force X ခေါ် Suicide Squad အဖွဲ့ကိုလွှတိပြီးဖြေရှင်းစေဖို့ပဲဖြစ်ပါတယ်။Amanda ရဲ့ အကြံအစည်အောင်မြင်မလားဒီvillainsကြီးတွေကိုရောသူထိန်းချုပ်နိုင်ပါ့မလားSuicide Squadအဖွဲ့သားတွေကရောဘယ်လိုအန္တရာယ်တွေကိုရင်ဆိုင်ဖြေရှင်း ရမလဲဆိုတာကိုတော့ဇာတ်ကားထဲမှာပဲဆက်လက်ကြည့်ရှုခံစားပေးပါခင်ဗျာ။မညွှန်းတော့ဘူးဆိုပေမယ့် တစ်ခုလေးပြောပြစရာရှိပါသေးတယ် :-Pဇာတ်ကားရဲ့ အဓိက အားသာချက်တစ်ခုကတော့ characters ကိုက်ညီမှုရှိတာပါပဲအထူးသဖြင့်Deadshot အဖြစ်သရုပ်ဆောင်တဲ့ Will Smith နဲ့ရေပန်းစားနေတဲ့ Harley Quinn အဖြစ်Margot Rubbie တို့ရဲ့ သရုပ်ဆောင်ပီပြင်မှုတွေကတော့ ပရိတ်သတ်အထူးကြိုက်နှစ်သက်ကြလိမ့်မယ်ဆိုတာကျိန်းသေပေါက် အာမခံရဲပါတယ် ။Joker အဖြစ် အများစိတ်ဝင်စားနေတဲ့ Jared Letoကိုလဲ သူပါသမျှဇာတ်ဝင်ခန်း များအရသုံးသပ်ဖို့ခက်ခဲနေသေးပေမယ့် မဆိုးဘူးလို့တော့မြင်မိပါတယ်။ဒါ့ကြောင့် ...
movie

Suicide Squad (2016) EXTENDED

2016
Farming(2019) 5.7
Farming(2019) Farming(2018)(unicode)ဒီဇာတ်ကားလေးကတော့ ပြည်တွင်းစစ်ပွဲများကြောင့် အင်္ဂလန်မှာ လာခိုလှုံနေသော လူမည်းမိဘ ၂ပါးဟာ မိမိတို့ကလေးအတွက် ကောင်းမွန်သော ဘဝတည်ဆောက်ပေးဖို့ အတွက် ကြိုးစားရာမှာ အောင်မြင်သလား မအောင်မြင်ဘူးလား ဆိုတာကို ပြသထားတာဖြစ်ပါတယ်။ လူမည်းကလေးငယ်က မိမိဘဝဖြစ်တည်မှုဖြစ်တဲ့ လူမည်းဘဝကို မကျေမနပ် ဖြစ်လာချိန်မှာ သူပေါင်းသင်းချင်သူတွေကော သူ့အတွက် ဘဝကို ဖျက်ဆီး မယ့် သူလား၊ ကိုယ့်ဘဝကို ပိုကောင်းအောင် လုပ်ပေးမှာလားဆိုတာ ပြသထားပါတယ်။ သူ့ကို ထိန်းကျောင်း နေသူတွေကလည်း သူ့ကို ပိုကောင်းစေချင်တဲ့ စေတနာနဲ့ ဖြစ်ပေမယ့် မှန်ကန်တဲ့နည်းလမ်းလား၊ မမှန်ကန် တဲ့နည်းလမ်းလားဆိုတာတွေ ရှုစားရမှာပါ။ အဆုံးသတ်မှာတော့ သူမကျေနပ်တဲ့ သူဖြစ်တည်မှုကြောင့် ဘယ်လိုကျရှုံးသွားမလဲ တစ်နည်းနည်းနဲ့များ အလှည့်အပြောင်းဘယ်လို ဖြစ်နိုင်သလဲဆိုတာ စောင့်ကြည့်လိုက်ကြပါအုံးခင်ဗျာ။ ဒီဇာတ်ကားမှာ ထူးခြား တာကတော့ under world ဇာတ်လမ်းများနဲ့ van helsing ဇာတ်လမ်းမှ လူသိများသူ ဖိုက်တာမင်းသမီး Kate ...
movie

Farming(2019)

Faster (2010) 6.4
Faster (2010) (Unicode)Faster ကတော့ ၂၀၁၀ ကထွက်ရှိထားတဲ့ Dwayne Johnson ရဲ့ အကြမ်းစား အက်ရှင်ဇာတ်ကားလေးဖြစ်ပါတယ်။မကြမ်းမှာတော့မပူပါနဲ့။အစပိုင်းလေးကိုပဲကြည့်ပြီး ဘာလား ကြမ်းလှချည်လားဟလို့ ဖြစ်သွားမှာသေချာပါတယ်။ထောင်ကထွက်ထွက်ချင်းပဲ သူက ပြေးတယ်။ကားတစ်စီးပေါ်တက်တယ်။ သေနတ်ကိုခါးကြားထိုးတယ်။မောင်းသွားပြီး အဆောက်အဦးတစ်ခုထဲဝင်သွားပြီး လူတစ်ယောက်ကို ဘာမပြောညာမပြော ပစ်သတ်လိုက်တယ်။လွန်ခဲ့တဲ့ ဆယ်နှစ်က ဘဏ်ဓားပြမှုတစ်ခုမှာ ငါတို့တိုက်ယူလာတဲ့ ငွေတွေကို မင်းတို့လုယူပြီး ငါ့အစ်ကိုကို သတ်လိုက်တဲ့ သွေးကြွေးပြန်လာဆပ်တာကွလို့ဒိုင်ယာလော့ အရှည်ကြီးနဲ့ ဇာတ်လမ်းကိုပြန်ပြောမနေဘဲ နှာတရှုံရှုံငိုမနေဘဲ ဒိုင်းဆိုပြီး တစ်ချက်တည်းပြီးသွားပါတယ်။အဲဒီဘဏ်ဓားပြတိုက်တဲ့ ဇာတ်လမ်းကိုတော့ စုံထောက်တွေက ပြန်ပြီးထောက်လှမ်းနေတာတွေနဲ့ အတိတ်အကြောင်းပြန်တွေးတာတွေနဲ့ ပြန်ပြသွားပါတယ်။သူ့အစ်ကိုကို သေအောင်လုပ်ခဲ့တဲ့ လူတွေကို လက်စားချေဖို့ ထောင်ထဲမှာ ဆယ်နှစ်လုံးလုံး ပြင်ဆင်လာခဲ့ပြီးထွက်လာလာပြီးချင်း နာရီပိုင်းအကြာမှာ စာရင်းထဲကလူတစ်ယောက်ကို ဖျက်နိုင်လိုက်ပါတယ်။သူ့စာရင်းကဘယ်လောက်ရှည်ပြီး ဘယ်လောက် မြန်မြန် အဆုံးသတ်နိုင်မလဲဆိုတာကိုတော့ ...
movie

Faster (2010)

Bilal: A New Breed of Hero (2015) 8.5
Bilal: A New Breed of Hero (2015) လွန်ခဲ့သောနှစ်ပေါင်းများစွာကြာက ဘာသာရေးယုံကြည်မှုများမထွန်းကားချိန်အခါတုန်းက ဘီလာနဲ့ဂူဖိုးယားတို့မောင်နှမနှစ်ယောက်ဟာရွာလေးတစ်ရွာမှာ သူတို့အမေနဲ့အတူ ငြိမ်းငြိမ်းချမ်းချမ်းနေနေခဲ့ကြတယ်ဘီလာဟာငယ်ငယ်လေးထဲကမြင့်မြတ်တဲ့စစ်သည်တော်ကြီးတစ်ယောက်ဖြစ်ချင်ခဲ့သူတစ်ယောက်ပါခေတ်အခါကလဲ မှောင်ခေတ်ကလဲ မှောင်ခေတ်လို့ပြောရလောက်အောင်သက်ဦးဆံပိုင်ကျွန်ခေတ်ဖြစ်နေတော့ တစ်ရက်မှာ သူတို့ရွာလေးကိုအင်အားကြီးနယ်မြေက သိမ်းသွားပြီး သူတို့အမေလဲသေသူတို့ကိုလဲ ကျွန်အဖြစ်နဲ့ဖမ်းသွားခဲ့ပါတယ်အဲ့ဒီလိုနဲ့ဘီလာတို့မောင်နှနှစ်ယောက် ကျွန်အဖြစ်နဲ့နေလာရင်းဘာသာရေးကိုခုတုံးလုပ်ပြီး စီးပွားရှာနေတဲ့သူဌေးကြီးရဲ့ အစေခံမဖြစ်နေခဲ့ရပါတယ်ဒီလိုနဲ့ပါ နှစ်တွေကြာလာတဲ့အချိန်မှာ ဘာသာရေးရဲ့အနှစ်သာရကိုတကယ်သိရှိတဲ့လူနဲ့တွေ့ပြီး ဘီလာတစ်ယောက် မှန်ကန်တဲ့လမ်းကိုရွေးပြီးလွတ်လပ်ပြီးတန်းတူအခွင့်အရေးရရှိဖို့အတွက် ကြိုးစားလာပါတော့တယ်ဒီအချိန်မှာ ဘာသာရေးကိုခုတုံးလုပ်အမြတ်ထုတ်နေသူတွေနဲ့ယုံကြည်သူတွေကြားထဲ ဘယ်လိုအားပြိုင်မှုတွေဖြစ်လာမလဲဆိုတာကိုတော့ဒီဇာတ်ကားကိုသာဆက်ကြည့်လိုက်ကြပါပြီးတော့ ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန်ဇာတ်ကားတစ်ခုလည်းဖြစ်ပါတယ်...Rating 8.5 ရရှိထားတဲ့ ဒီကားလေးဟာ ကြည့်တဲ့လူတွေအဖို့အတိုင်းတာတစ်ခုထိကျေနပ်စေမှာပါ....File Size : (941 MB) and (364 MB) Quality : Web Rip 1080p Running Time : 1hr 45min Format : Mp4 Genre : Action, Adventure, Animation Subtitle : Myanmar Subtitle (Hard Sub) Source : Web Rip 1080p Translated by Crisis A ...
movie

Bilal: A New Breed of Hero (2015)

2015
The Thing (2011) 6.2
The Thing (2011) The Thing (2011)_______IMDb - 6.2/10ဒီကားကတော့ သိပ္ပံသည်းထိတ်ရင်ဖိုဇတ်ကားတစ်ကားဖြစ်ပါတယ် ရေခဲပြင်ထဲကိုယာဉ်ကြီးတစ်စင်းပျက်ကျခဲ့တယ် အဲ့ဒီ့ယာဉ်ရဲ့အချက်ပြတစ်ခုဟာ သိပ္ပံပညာရှင်တွေအဖို့ စိတ်ဝင်စားစရာဖြစ်ခဲ့တယ် ဒါ့ကြောင့် ပညာရှင်အသီးသီးစုပေါင်းပြီး ယာဉ်ပျက်ကြီးကိုစူးစမ်းရှာဖွေမှုအစီအစဉ်စခဲ့တယ် ယာဉ်ပျက်ကြီးဆီရောက်တဲ့အချိန်မှာ အံအားသင့်စရာတွေကဆက်တိုက်ဖြစ်နေခဲ့တယ် ရေခဲတုံးထဲမှာ ဂြိုလ်သားလို့ယူဆရတဲ့အကောင်တစ်ကောင်တွေ့ခဲ့တယ် ပုံစံမပျက်စေဖို့အတုံးလိုက်ဖြတ်ပြီး ရေခဲပြင်မှာပဲရှိတဲ့သုတေသနစခန်းကိုယူလာခဲ့တယ် အားလုံးဟာ ဆက်လုပ်ရမဲ့သုတေသနအတွက် အတွေးကိုယ်စီ စိတ်ကူးကိုယ်စီတွေ ဆွေးနွေးရင်းပျော်နေခဲ့ကြတယ် ဒါပေမဲ့ အဲ့ဒီညမှာပဲ ရေခဲတုံးကြီးထဲက အကောင်ဟာ သိပ္ပံပညာရှင်အဖွဲ့ကို အန္တရယ်ဆိုးကြီးတွေကျရောက်စေခဲ့တယ် အသက်ကိုယ်ရန်ပြုစေတဲ့အပြင် လူသားတွေရဲ့ဇီဝဖြစ် စဉ်အသွင်းပြောင်းဟန်တွေပါလာခဲ့တယ် စာရေးဆရာ John W.camphbell ရဲ့ who goes there?စာအုပ်ကိုအခြေခံရိုက်ကူးထားတဲ့ဇတ်ကားဖြစ်ဖြစ်ပါတယ် JOEL EDGERTONနဲ့မင်းသမီးချော Mary Elizabeth Winstead တို့ကသရုပ်ဆောင်ထားပါတယ် တစ်ကားလုံးမှာ ဘယ်သူကအသွင်းပြောင်းသွားမလဲ ရန်ပြုနိုင်မလဲ ဒွိဟတွေနဲ့ အတော်လေးကိုစိတ်လှုပ်ရှားစရာကောင်းတဲ့ဇတ်ကား မို့ခံစားကြည့်လိုက်ပါဦးလို့ (ဘာသာပြန်သူက တော. Myo Myint Maung ဖြစ်ပြီး ဇာတ်လမ်းအညွန်းကို ကို Phyo ...
movie

The Thing (2011)

2011