Channel Myanmar

Agata Kulesza

I’m a Killer (2016) 6.9
I’m a Killer (2016) I'm a Killer (2016)IMDb-6.9/10 ဒီရုပ်ရှင်ကတော့ 1970 ခုနှစ်ပိုင်း ပိုလန်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့"သွေးစုပ်ဖုတ်ကောင်" ကွင်းဆက်လူသတ်မှု ကိုအခြေခံပြီး ရိုက်ကူးထားတာပါ။ဇာတ်လမ်းအကျဉ်းကတော့ ကာတိုဝဇ်မြို့မှာ အမျိုးသမီးတွေဆက်တိုက် အသတ်ခံနေပြီး ပါတီဝန်ကြီးဖြစ်သူရဲ့ တူမငယ်ပါအသတ်ခံလိုက်ရပါတယ်။ ရဲဌာနကလည်း အမှုကိုသုံးနှစ်ကျော်စုံစမ်းစစ် ဆေးခဲ့ပေမဲ့သံသယတရားခံတောင် ‌ပေါ်မလာတာကြောင့် ရဲမှူးကစုံထောက်ငယ်လေး ဂျန်နက်ဇ် ဂျန်ဆင်စကီးကိုစုံစမ်းဖို့အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ခဲ့စေပါတယ်။ ဂျန်နက်ဇ်လည်း ရနိုင်သမျှ အကူအညီတွေယူပြီး "သွေးစုပ်ဖုတ်ကောင်"ကွင်းဆက်လူသတ်သမားကို ဖမ်းဆီးဖို့ကြိုးစားရင်းဝဇ်ကော ကာဆင်စကီးဆိုတဲ့ သံသာတရားခံတစ်ယောက်ကို မိသွားခဲ့ပါတယ်။ဒါပေမဲ့လည်း တိကျသေချာတဲ့ သက်သေမရှိတဲ့အတွက်ဂျန်နက်ဇ်လည်းသက်သေတွေလိုက်လံစစ်ဆေးရင်းဝဇ်ကောက "သွေးစုပ်ဖုတ်ကောင်" လူသတ်သမား အစစ်လား၊ သေဆုံးခဲ့ရတဲ့အမျိုးသမီး ၁၂ ယောက်အတွက်‌ရောတရားမျှတမှုရရှိနိုင်မလားဆိုတာကိုဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ File size…    2.7 GB /  961 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 57m Genre ..... Crime/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated ...
movie

I’m a Killer (2016)

2016
Ida (2013) 7.4
Ida (2013) ပိုလန်နိုင်ငံ ဒုတိယကမ္ဘာစစ်ကြီးအပြီးကာလများမှာဇာတ်အိမ်တည်ထားတယ်။ရုပ်ရှင်တစ်ခုလုံးကိုအဖြူအမဲ ကာလာနဲ့ ရိုက်ကူးထားတယ်။ဓာတ်ပုံဆန်ဆန် မလှုပ်မလျက်ကင်မရာရိုက်ချက်တွေအများကြီးသုံးထားတယ်။ဒုတိယကမ္ဘာစစ်ပွဲအတွင်းနဲ့စစ်ပြီးကာလမှာ လူသားတွေရဲ့ ပုဂ္ဂိုလ်ရေး၊ သမိုင်းရေးအရရုန်းကန်ရတာတွေကို ကွင်းကွင်းကွက်ကွက်ရိုက်ပြထားတယ်။ ကျပ်တည်းမှုတွေ၊ ချွတ်ခြုံကျမှုတွေကြားမှာ လူတွေရဲ့ စိတ်ဓာတ်ဖောက်ပြားမှုဟာ ရိုးအီနေပြီဖြစ်တဲ့ ဘဝရဲ့လှည့်ကွက်တစ်ခုသာဖြစ်တယ်။စစ်ကြီးအတွင်းမှာ မိဘမဲ့ဖြစ်ခဲ့ရတဲ့ အယ်လ်ဒါတစ်ယောက် သီလရှင်ကျောင်းမှာပဲကြီးပြင်းခဲ့ရတယ်။သီလရှင်တသက်လုံးဝတ်ဖို့ ကျမ်းမကျိန်ခင်မှာ ကျောင်းအုပ်မာသာကြီးကတစ်ဦးတည်းသောသက်ရှိထင်ရှားဆွေမျိုးရင်းခြာဖြစ်တဲ့ သူ့အဒေါ်ဆီမှာသွားနေဖို့ စေလွှတ်ခဲ့တယ်။အဒေါ်ဖြစ်သူဗန်ဒါက အငြိမ်းစား ပြည်နယ်တရားသူကြီး၊ စစ်အတွင်းမှာရခဲ့တဲ့စိတ်ဒဏ်ရာအမာရွတ်တွေနဲ့ခုချိန်ထိ ဘဝကိုလေးပင်စွာဖြတ်သန်းနေတဲ့ သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်ပေါ့။ အယ်လ်ဒါ့ ရဲ့ဇစ်မြစ်၊ အဖေနဲ့အမေ စစ်ကြီးအတွင်းမှာဘယ်လိုဆုံးပါးခဲ့လဲဆိုတာ ဗန်ဒါနဲ့တွေ့မှ သီလရှင်လေးအယ်လ်ဒါ သိခဲ့ရတယ်။ တူကြီးနှစ်ယောက်ရှေ့ဆက်ပြီး အတိတ်ကိုပြန်လည်တူးဆွ ကြည့်ကြတာကိုတော့ ဆက်ကြည့်လိုက်ကြပါ။ ရင်ဘတ်ထဲမှာလေးပင်တဲ့ခံစားချက်တစ်ခုတော့ ကျန်ခဲ့မှာအသေချာပါပဲ။ File size…  1.71 GB /  581 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 22m Genre .....  Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit ...
movie

Ida (2013)

Cold War (2018) 7.6
Cold War (2018) Cold War (2018)=============IMDb Rating 7.6/10#UnicodeCold Warကိုကြည့်ပြီးနောက် တွေးမိတာက ကျောင်းသင်ရိုးက မြန်မာကဗျာတွေရဲ့ အ‌ရေးပါပုံကိုပါပဲ။ Cold Warဟာ ဂီတသမားတစ်ယောက်က ဂီတတင်ဆက်မှုတစ်ခုလုပ်ဖို့ လူစုတဲ့အကြောင်းကနေ အစပြုထားတယ်။ သူ့တင်ဆက်ချင်တဲ့ဂီတက နည်းနည်းတော့ထူးခြားတယ်။ ကျေးတောနေလူတန်စား‌တွေရဲ့ ဂီတ။ ကျွန‌်တော်တို့ မြန်မာကဗျာမှာသင်ရတဲ့ တောင်တွင်းရှင်ငြိမ်းမယ်ရဲ့ အိုင်ချင်းတွေလိုကဗျာတွေကို ဆိုကြတဲ့ဂီတမျိုးပဲ။ ကောက်စိုက်သမဂီတပဲဆိုရမယ်။ ဒီဂီတလေးတွေက ဒီကားရဲ့အသက်ပဲထင်တယ်။ Cold Warဟာ ဒီတစ်မူထူးတဲ့ဂီတ‌တွေကြောင့်ပဲ တခြားMusical Dramaတွေထက်ထူးနေတယ်။ ဒီဂီတကဗျာတွေရဲ့ အရေးပါပုံကိုခံစားမိတော့ ကျွန်တော် ကျောင်းသင်ရိုးကကဗျာတွေ အရေးပါတာတွေးမိတယ်။ ကိုယ့်ဘာသာဆို သိချင်မှသိမယ်ကိုး။ မူရင်းပိုလန်ဘာသာကနေ အင်္ဂလိပ်လိုပြန်ထားတာကိုမှ ဗမာလိုပြန်ရေးတာမို့ Lost in Translation အများကြီးရှိနိုင‌်ပေမယ့် ဒီထဲက သီချင်းတွေကို ကျေးလက်ကဗျာ အငွေ့အသက်ရအောင်ပဲ ပြန်ထားပေးပါတယ်။Cold Warရဲ့တစ်ချို့ အခန်းတွေဟာ သိပ်လှတယ်။ ကျွန်တော်အကြိုက်ဆုံးအခန်းက ကျေးလက်ဂီတတွေကို နိုင်ငံရေးစည်းရုံး‌ရေးသီချင်းဖြစ်အောင် မလွဲရှောင်သာလို့ သုံးပေးလိုက်ရပေမယ့် အဲ့ဒီဂီတတင်ဆက်မှုရဲ့ အောင်မြင်မှုအတွက် အားလုံးလက်ခုပ်တီးနေချိန်မှာ လက်ခုပ်မတီးနိုင်တဲ့ ဂီတတင်ဆက်မှုရဲ့ ပဲ့ကိုင်ရှင် နှစ်ယောက်နဲ့ သူတို့ရဲ့ မသက်မသာမျက်နှာတွေပါပဲ။ရုပ်ရှင်နာမည်ကတော့ ဇာတ်အိမ်ကို ပိုလန်ရဲ့စစ်အေးတိုက်ပွဲ ကာလအတွင်းတည်ထား တာမို့ Cold Warလို့ပေးထားပေမယ့်။ စစ်နဲ့ ပက်သက်တာ ဘာမှမပါပါဘူး။ သမိုင်းအစစ်တွေတော့ ယူသုံးထားတယ်။ Cold Warဟာ 2018ထွက်ဆိုပေမယ့် ဒါရိုက်တာက သူ့အနုပညာရည်ကို လက်စွမ်းပြချင်တော့ အဖြူအမဲနဲ့ရိုက်ထားတယ်။ အဲ့ဒီနှစ်က ရုပ်ရှင်ဓာတ်ပုံ ပညာနဲ့ အော်စကာဆန်ခါတင်၀င်ခဲ့သေးပေမယ့် Romaရသွားတယ်။ သူအသားပေးဖော်ပြသွားတဲ့ ကျေးလက်ဂီတတွေရဲ့ ခံစားမှုမျိုးကိုပဲ Cold War က ...
movie

Cold War (2018)

2018
Dark Crimes (2016) 5.1
Dark Crimes (2016) ရဲဌာနကတစ်ယောက်အသတ်ခံရမှုနဲ့ပက်သက်ပြီးအမှုပြန်လိုက်တဲ့ကားလေးပါပြည့်တန်ဆာအိမ်ကိုခဏခဏသွားပြီးတစ်ရက်မှာအသတ်ခံလိုက်ရပါတယ်သတ်တဲ့တရားခံကိုလဲမသိလိုက်ရဘဲအမှုပိတ်လိုက်ရတယ်အဲံ့ဒါကိုတစ်နှစ်ကအမှုလိုက်ရာပြသနာရှိခဲ့တဲ့တက်ဒက်ခ်ကဘာကြောင့်အသတ်ခံတယ်ဆိုတာသိလိုအမှုပြန်ဖွင့်လိုက်ပါတယ်BDSMတွေကိုအသားပေးရေးတဲ့စာရေးဆရာကသတ်တယ်လို့ထင်လို့အမှုကိုပြန်လိုက်ပါတယ်စာရေးဆရာနဲ့အသတ်ခံရတဲ့ရဲကအတူတူအဲ့ပြည့်တန်ဆာအိမ်ကိုသွားနေကြတာပါစာရေးဆရာရေးထားတဲ့အကြောင်းအရာဟာ သူတို့ရဲဌာနကတစ်ယောက်သေတာနဲ့တူနေလို့စာရေးဆရာကိုခေါ်ပြီးစစ်ပါတယ် ခေါ်ပြီးစစ်တဲ့အချိန်မှာဘာမှမထူးခြားခဲ့ပါဘူးရဲတွေနဲ့လူသတ်သမားကိုယ်တိုင်ပဲသိတဲ့ဒီလိုအချက်အလက်ကို စာရေးဆရာကဘယ်လိုလုပ်သိတာလဲလိမ်မှာပေါ့မုသားဖော်စက်နဲ့လဲစစ်တယ်ဒါပေမယ့်မထူးခြားပါဘူးသူများကိုသတ်ခိုင်းမှာပေါ့ အဲ့ဒါလဲစစ်ပါတယ် သူမခိုင်းခဲ့ပါဘူးဒါဆိုအဲ့ရဲကိုဘယ်သူသတ်တာလဲနည်းနည်းတော့စိတ်ဝင်စားစရာကောင်းလာပါတယ်အဲ့တော့တက်ဒက်ခ်ဟာစာရေးဆရာရဲ့အိမ်ကိုစောင့်ကြည်တော့တာပဲ အဲ့မှာအခြားပက်သက်တဲ့သူတွေကိုတွေ့တယ်စာရေးဆရာရဲ့ကောင်မလေး ဒီအမှုကိုအရင်ကစုံစမ်းတဲ့ရဲချုပ်အာဒမ်တွေ့တယ် အိမ်မှာအမြဲအနိုင်ကျင့်ခံရတဲ့စာရေးဆရာရဲ့ကောင်မလေးသတ်တာလား ရဲချုပ်ကပဲသတ်တာလားဆိုတာသူသိအောင်လိုက်စုံစမ်းတယ် လိုအပ်တဲ့အချက်အလက်စုံးစမ်းပြီးနောက်ဆုံးကောင်မလေးကိုခြိမ်းခြောက်အကြပ်ကိုင်ပြီးစာရေးဆရာလူသတ်ဆိုတာဝန်ခံခဲ့တယ်သူသတ်ပါတယ်လို့သတင်းရှာရှင်းလင်းပွဲလဲလုပ်ပြီးရောစာရေးဆရာကမှုခင်းဖြစ်နေချိန်မှာခရီးထွက်နေပါတယ်ဒါဆိုဘယ်သူသတ်တာပါလဲ သိချင်ရင်ဇာတ်လမ်းလေးကိုကြည့်လိုက်ပါလို့ပြောပါရစေ IMDB rating 5.1ရထားတဲ့ဇာတ်ကားလေးပါ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုတင်မျိုးလွင်ပါ)  File Size : (700 MB) Quality : WEB-DL 720p Running Time : 1hr 30min Format : Mp4 Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB-DL.X264.AC3-EVO Translated by Tin Myo Lwin Encoded by Thanhtike Zaw
movie

Dark Crimes (2016)

2016