Channel Myanmar

Alec Baldwin

It’s Complicated (2009) 6.5
It’s Complicated (2009) ၂၀၀၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ Comedy, Romance ရုပ်ရှင်ကို ပြန်လည်ကြည့်ရှုရင်း ဟောလီးဝုဒ် ရုပ်ရှင်တွေရဲ့ အရင်ခေတ်ကို ပြန်လည်ခံစားလိုက်ရအောင်ပါ။ယခုရုပ်ရှင်ဟာ IMDb rating 6.5, Rotten Tomatoes 59% ရရှိထားပါတယ်။ ဇာတ်လမ်းကို ပေါ့ပေါ့ပါးပါးလေး ကြည့်ရင်း အတိတ်နေ့ရက်တွေကို ပြန်ခံစားလိုက်ရအောင်ပါ။ဇာတ်လမ်းအကျဉ်းကတော့ ဂျိမ်းနဲ့ ဂျိတ်ခ်ဟာ ကွာရှင်းခဲ့တာ ကြာပြီဖြစ်တဲ့ စုံတွဲတစ်တွဲဖြစ်ပါတယ်။ နှစ်တွေလည်း ကြာခဲ့ပြီမို့ သူတို့ကြားမှာ မကျေမနပ်တာတွေ မရှိတော့ဘဲ အဆင်ပြေပြေနဲ့ပဲနေနေကြပါတယ်။ ဂျိတ်ခ်ဟာလည်း အက်ဂ်နက်ဆိုတဲ့ အမျိုးသမီးနဲ့ အိမ်ထောင်ထပ်ပြုထားပါတယ်။ ဒီလိုနဲ့ သူတို့ရဲ့သား လုခ်ရဲ့ ဘွဲ့နှင်းသဘင်ကို တက်ဖို့ နယူးယော့ခ်မြို့ကိုသွားကြပါတယ်။ အဲညမှာ သူတို့နှစ်ယောက် မူးအောင်သောက်ကြပြီး ဇာတ်လမ်းကို ပြန်စမိသွားပါတယ်။ ဂျိမ်းနဲ့ ဂျိတ်ခ်တို့ကြား ဘယ်လိုရှုပ်ထွေးတာတွေ ဖြစ်လာမလဲဆိုတာ ဟာသတွေနဲ့ ပေါ့ပေါ့ပါးပါး ကြည့်လိုက်ကြပါဦး။အညွှန်းနဲ့ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama, Romance Quality…. 1080p | 720p File size… ...
movie

It’s Complicated (2009)

2009
The Good Shepherd (2006) 6.7
The Good Shepherd (2006)  Robert De Niroက ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာ၊ပရိုဂျူဆာအပြင် သရုပ်ဆောင်အနေနဲ့လည်းပါဝင်ထားပါတယ်။ Matt Damon၊ Angelina Jolieနဲ့ Eddie Redmayneတို့လည်း အဓိကဇာတ်ကောင်အနေနဲ့ ပါဝင်ထားပါတယ်။ဇာတ်လမ်းက စီအိုင်အေအေးဂျင့်ဟောင်းတစ်ယောက်ရဲ့ ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကို အခြေခံပြီး စီအိုင်အေရဲ့ ကနဦး ၀ရုန်းသုန်းကားအခြေအနေတွေကို အေးဂျင့်တယောက်ရဲ့ဘ၀ကနေတဆင့် ရှုမြင်ရိုက်ကူးတင်ဆက်ထားတာပါ။စီအိုင်အေအကြီးတန်းအရာရှိ အက်ဒ်ဝက်ကူလန်တစ်ယောက် သူတို့ဌာနအတွင်းမှာ သူသျှိုရှိနေတာကို သိလိုက်ရပြီး အိမ်ကိုပြန်ရောက်တဲ့အချိန် သူ့အိမ်တံခါးမှာ အထုပ်တစ်ထုပ်တွေ့ခဲ့တယ်။ အထုပ်ထဲမှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးရဲ့ အိပ်ရာပေါ်ကဓာတ်ပုံတွေရယ် အသံဖမ်းထားတဲ့တိပ်ခွေတွေကို တွေ့ရပေမဲ့ ဘယ်သူဘယ်ဝါဆိုတာ မသဲကွဲခဲ့ပါဘူး။ဒီလို သူသျှိုဘယ်သူဘယ်ဝါမှန်းမသိတဲ့အချိန်မှာ ဇနီးဖြစ်သူနဲ့အဆင်မပြေ၊ သားဖြစ်သူကလည်း စီအိုင်အေထဲကို ဝင်ဖို့ဆုံးဖြတ်ပြီးပြီဆိုတဲ့ကြားမှာ အက်ဒ်ဝက်တစ်ယောက် မိသားစုနဲ့ အလုပ်ကြားကပြဿနာတွေကို ဘယ်လိုရင်ဆိုင်မလဲ။နောက်ပြီး သူ့အလုပ်မှာ သားဖြစ်သူက ဘယ်လိုပတ်သက်လာလဲဆိုတာရယ်ကို စိတ်ဝင်စားဖွယ်ရိုက်ကူးတင်ဆက်ထားပါတယ်။ File size…(1.9 GB)/(900 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:47:00 Genre...Drama, History, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated ...
movie

The Good Shepherd (2006)

The Adventures of Pluto Nash (2002)
The Adventures of Pluto Nash (2002) The Adventures of Pluto Nash (2002) Genre - Sci-fi, Action၂၀၀၀ ပြည့်နှစ်တွေက Nutty Professor တို့ Norbit တို့နဲ့နာမည်ကြီးခဲ့တဲ့ ဟာသမင်းသား Eddie Murphy ရဲ့၂၀၀၂ ခုနှစ်တုန်းက သိပ္ပံစိတ်ကူးယဉ်ကားလေး ဖြစ်ပါတယ်။ဇာတ်လမ်းလေး ပြောရမယ်ဆို လူတွေဟာအနာဂတ်မှာ လပေါ်မှာကိုလိုနီလုပ် နေထိုင်နေကြပါပြီ။မှောင်ခိုသမားအနေနဲ့ အသက်မွေးဝမ်းကြောင်းပြုခဲ့တဲ့ ပလူတိုတစ်ယောက်ထောင်ထဲကနေထွက်လာတဲ့အခါ ကလပ်လေးတစ်ခုကို တည်ထောင်ပြီးအောင်မြင်စွာ အလုပ်ဖြစ်နေခဲ့ပါတယ်။အဲဒီအချိန်မှာပဲ ခရိုနီလူတစ်စုက သူ့ကလပ်ကို ၁၀ သန်းအတင်းပေးပြီး လာဝယ်ပါတယ်ပလူတိုကလည်း ရောင်းစားဖို့ မဟုတ်ကြောင်း ငြင်းလိုက်ပြီး နှင်ထုတ်လိုက်ပါတော့တယ်။ဒါပေမဲ့ မကြာခင်မှာပဲ ကလပ်တစ်ခုလုံးကို ဖောက်ခွဲပြီးပလူတိုရဲ့ အသက်ကို ရန်ရှာလာတဲ့အထိ ဖြစ်လာချိန်မှာတော့ပလူတိုတစ်ယောက် သူ့ကို ဒုက္ခပေးခဲ့တဲ့ ဒီပဟေဠိလူသားကိုစက်ရုပ်အဖော်ရယ် စားပွဲထိုးမလေးရယ် အတူတကွ ဘယ်လိုရှာဖွေဖော်ထုတ်ပြီးဘယ်လိုတွေ စွန့်စားခန်း ထွက်ကြမယ်ဆိုတာကို ပေါ့ပေါ့ပါးပါး ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်ဗျ  File size…  2.6 GB ...
movie

The Adventures of Pluto Nash (2002)

2002
Elizabethtown(2005) 6.7
Elizabethtown(2005) Elizabethtown(2005)******************* ဒီဇာတ်ကားက ရုပ်ရှင်တေးသီချင်းဆုတွေအတွက် အများကြီးဆန်ကာတင်ဝင်ခဲ့တဲ့ရုပ်ရှင်တစ်ကားဖြစ်တာမို့ သူ့ရဲ့ OST တွေ soundtracks တွေ ကောင်းမွန်လွန်းတယ်ဆိုတာအသေအချာပါပဲ။ အဓိကမင်းသားကလည်း Lord Of the Rings ထဲက ကောင်မလေးတွေ အသည်းစွဲLegolas နေရာ သရုပ်ဆောင်ခဲ့တဲ့ Orlando Bloom နဲ ့မင်းသမီးကတော့ 2002 spiderman ရဲ့အချစ်တော် Mary Jane နေရာသရုပ်ဆောင်ခဲ့တဲ့ Kirsten Dunst တို့ဖြစ်ပါတယ်် ဒီဇာတ်ကားမှာ အသားပေးတင်ဆက်ထားတာကတော့ ဒေါ်လာ ၁ ဘီလီယံဖိုးလောက်ဆုံးရှုံးသွားလို့ လောကကြီးကို အရှုံးပေးထွက်ခွာဖို့ ပြင်ဆင်နေတဲ့ ဖိနပ်ဒီဇိုင်နာဒရူးဘေလာတစ်ယောက် သူ့အဖေရဲ့ ရုတ်တရက်နာရေးပေါ်လာတဲ့အခါသူ့အဖေရဲ့ ဇာတိမြို့ Elizabethtown ကို သွားဖို့ အကြောင်းပေါ်လာပါတော့တယ်။အဲ့ဒါနဲ့ သေဖို့ကိစ္စကို ခဏရပ်ပြီး အဖေ့ဇာတိပြန်သွားတဲ့ ဒရူးတစ်ယောက်အသွားလမ်းခရီးလေယာဥ်ပေါ်မှာ တွေ့ခဲ့တဲ့ လေယာဥ်မယ်လေးကလဲကိုဘန်ကြောင့် ဘယ်လို ဘဝအချိုးအကွေ ့တွေဖြစ်လာမလဲဆိုတာကို ၂ နာရီစာအချိန်ကုန်လို့ကုန်သွားမှန်းမသိအောင် တေးဂီတအမိုက်စားတွေနဲ့ ကိုယ်တိုင်ပါဝင်ခံစားနိုင်မဲ့ ...
movie

Elizabethtown(2005)

My Sister’s Keeper (2009) 7.3
My Sister’s Keeper (2009)   မမကြီး ကင်မရွန်းဒိုင်းယက်ဇ် ရဲ့ ၂၀၀၉ခုနှစ်ကဇာတ်ကားလေးပါ။ ဒီဇာတ်ကားလေးက စာရေးဆရာမ Jodi Picoult ရေးသားတဲ့ My sister 's keeper ဆိုတဲ့ ဝတ္ထုကိုပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ် ဒီဇာတ်လမ်းက အပြင်မှာတကယ်ဖြစ်ပျက်ခဲ့တဲ့ မော်လီနဲ့အဒန်မ်ဆိုတဲ့ ညီအစ်မနှစ်ယောက်အကြောင်းကိုအခြေခံထားတာဖြစ်ပါတယ်ဇာတ်လမ်းလေးက ဘရိုင်ယန်နဲ့ဆာရာတို့မှာ ဂျက်စီဆိုတဲ့သားလေးရယ် ကိတ်နဲ့အန်နာဆိုတဲ့သမီးနှစ်ယောက်ရယ်ရှိပါတယ် ဒါပေမဲ့ ကိတ်ဟာငယ်စဥ်ကတည်းက သွေးဖြူဥနည်းနေပြီး သွေးကင်ဆာစဖြစ်ခဲ့ပါတယ် ကိတ်ရဲ့သွေးကင်ဆာကိုကုသရာမှု လိုအပ်တဲ့ သွေးတစ်ရှူးတို့ ချဥ်ဆီရိုးတို့ပေးဖို့ကို ကိတ်ရဲ့မျိုးဗီဇနဲ့ကိုက်ညီတဲ့ အန်နာကပဲပေးရပါတယ် ဘရိုင်ယန်နဲ့ဆာရာဟာ ကိတ်နဲ့ကိုက်ညီမှုမရှိတာကြောင့် ကိတ်အတွက်ကိုယ်တွင်းအင်္ဂါလှူနိုင်မယ့်သူရှိအောင် အန်နာကိုထပ်မွေးခဲ့တာပါ အန်နာတစ်ယောက် မွေးကင်းစကတည်းကနေသူ့အစ်မအတွက် လှူပေးခဲ့ရတယ် နောက်တော့ ကျောက်ကပ်လှူရမယ်လုပ်တော့ သူမလှူချင်​တော့ပါဘူး ဒါကြောင့် သူမဟာ ဆေးကုသမှုနဲ့ပက်သက်ပြီး မိဘတွေရဲ့ထိန်းချုပ်မှုအောက်ကနေလွတ်မြောက်ဖို့အတွက် ရှေ့နေငှားပြီးတရားစွဲပါ​တော့တယ်ဒီဇာတ်ကားလေးမှာဆိုရင် အစ်မကိုအရေးပေးဂရုစိုက်လွန်းတဲ့မိဘတွေအကြားမှာအန်နာလေးရဲ့စိတ်ခံစားမှုတွေ ကိတ်ရဲ့ရောဂါခံစားနေရမှု အမေဖြစ်သူဆာရာရဲ့သမီးဇောနဲ့အတ္တကြီးမှုတွေကိုကြည့်ရှုရမှာပါ ဒီဇာတ်ကားလေးဟာ အဆုံးထိကြည့်ပြီးသွားပြီဆိုရင်တော့ စိတ်ထဲမှာတစ်ခုခုတော့ကျန်နေစေမယ့် ကားကောင်းလေးပါ။ File size…(1.5 GB)/(750 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:49:00 Genre...Drama, Family Subtitle….Myanmar ...
movie

My Sister’s Keeper (2009)

The Shadow (1994) 6.0
The Shadow (1994) The Shadow (1994) =============== IMDb Rating - 6.0Beetlejuice, The Cat in the Hat , Pearl Harbor တို့ထဲက မင်းသား Alec Baldwinနဲ့ The Last Emperor , M. Butterfly တို့ရဲ့ မင်းသား John Lone နဲ့ ဂန္တဝင်ကြီး Ian McKellenတို့ ပါဝင် သရုပ်ဆောင်ထားတဲ့ ဒီရုပ်ရှင်ဟာ Action/Adventureကားဖြစ်ပြီး စူပါဟီးရိုးဆန်ဆန်ကားလို့ ပြောလို့ရပါတယ်။ဇာတ်လမ်းကတော့ အရိပ်လို့ခေါ်တဲ့ သဘာဝလွန်သူရဲကောင်းတစ် ယောက်က ကမ္ဘာကိုဖျက်ဆီးချင်နေတဲ့ ဂျင်ဂစ်ခန်ရဲ့မျိုးဆက်သစ်နဲ့ ထိပ်ဆိုက်ရင်ဆိုင်ရတဲ့ ဇာတ်ပါ။ မှော်အစွမ်းတွေ အက်ရှင်တွေမနည်း ပါတာမို့ အက်ရှင်ပရိသတ်တွေ အကြိုက်တွေ့မယ့် ရုပ်ရှင်ပါပဲ။ ဂျွန်လုံး ကလည်း ဗီလိန်အဖြစ်ပြောင်မြောက်အောင် သရုပ်ဆောင်ပေးထား သလို ဇာတ်က ထူးထူးခြားခြားဟီးရိုးဇာတ်မို့ စူပါဟီးရိုးကားကိုမှ အရမ်း ကြီးပါဝါတွေမပြဘဲ စုံထောက်ဆန်ဆန်ကြည့်ကောင်းနေတဲ့ကားကို ကြည့် ချင်ရင်တော့ ဒီကားကိုရွေးသင့်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ဖြစ်ပါတယ်)File Size..........(3.4 GB) / ...
movie

The Shadow (1994)

1994
Mission: Impossible – Fallout (2018) 7.7
Mission: Impossible – Fallout (2018) Mission: Impossible VI - Fallout (2018)=============================IMDb Rating 7.7/10MI ရုပ်ရှင်တွေဟာ ပုံမှန်အားဖြင့် တော်တော်လေးမိုက်တယ်။ Action scene တွေ၊ လုပ်သွားတဲ့ အကွက်တွေ ကြမ်းတယ်။ ပစ္စည်းပစ္စယ gadget တွေလည်း စုံတယ်။ တစ်ကားနဲ့ တစ်ကား နည်းနည်းလေးဆင်နေပေမဲ့ ကြည့်ရပျော်တယ်။ ဒါပေမဲ့ Fallout ကတော့ နောက်တစ်ဆင့်တက်သွားပြီလို့ ပြောရမှာပါ။ဇာတ်လမ်းပိုင်းမှာ ခါတိုင်း MI ကားတွေလိုပဲ ပြဿနာတွေတက်၊ မဖြစ်နိုင်လောက်တဲ့ Impossible တွေလုပ်ပြီး နောက်ဆုံးတော့ “Ethan Hunt saves the day” ဆိုတာအဓိကပဲပေါ့။ ဒါပေမဲ့ မသိမသာနဲ့ သိသိသာသာပြောင်းသွားတာတွေရှိတယ်။ သတိထားမိတာက ဒီကားမှာ အရင်လို လွန်အားကြီးတဲ့ tech တွေ သိပ်မပါတော့ဘူး။ အရင်ကားတွေလို Kremlin ကို ပြောင်ကြီးခိုးဝင်ရလောက်အောင် “မလွယ်လွန်းဘူးလားဟ” ဆိုတာမျိုးတွေ ...
movie

Mission: Impossible – Fallout (2018)

2018
4K HEVC IMAX
Mission: Impossible – Rogue Nation (2015) 7.4

Mission: Impossible – Rogue Nation (2015)

2015
4K HEVC
97 Minutes (2023)
97 Minutes (2023) 97 Minutes (2023)လေယာဥ်ပြန်ပေးဆွဲကားကောင်းကောင်း ကြည့်ချင်သူများအတွက် "97 Minutes" ဆိုတဲ့ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ခရီးသည်လေယာဥ်တစ်စီးကို အကြမ်းဖက်တွေက စီးနင်းထားပြီး ဒီလေယာဥ်မှာလဲ လောင်စာက ၉၇ မိနစ်စာပဲကျန်ပါတယ်။ အကြမ်းဖက်တွေကလဲ ဘာမှဆက်သွယ်တောင်းဆိုချက်မျိုးမလုပ်ဘဲ လေယာဥ်ကိုသာထိန်းချုပ်ထားတဲ့အခါ သူတို့ရည််ရွယ်ချက်ကဘာလဲ။ မြေပြင်မှာလဲဒီကိစ္စကိုလှမ်းဖြေရှင်းမယ့် NSA ကဒါရိုက်တာနဲ့လက်ထောက်ဒါရိုက်တာကြားမှာ သဘောထားကွဲလွဲမှုတွေကရှိနေတော့ ခရီးသည်တွေရဲ့ကြမ္မာကဘယ်လိုဖြစ်မလဲ။ ခရီးသည်တွေအတွက် အခွင့်အရေးလေးတစ်ခုရှိနေတာကတော့ အကြမ်းဖက်တွေကြားမှာ အသွင်ယူထားတဲ့အေးဂျင့်တစ်ယောက်ရှိနေတာပါပဲ။ ဒါပေမဲ့ဒီအေးဂျင့်တစ်ယောက်ထဲလဲ ကျန်တဲ့သူအားလုံးကိုနိုင်ဖို့ဆိုတာမလွယ်ကူပါဘူး။ဒီ ၉၇ မိနစ်အတွင်းမှာ ဒီပြသနာအားလုံးကိုဖြေရှင်းလို့ရနိုင်မလား အကြမ်းဖက်တွေရဲ့ရည်ရွယ်ချက်ကဘာလဲ ခရီးသည်တွေရဲ့ကြမ္မာကရောဘယ်လိုဖြစ်မလဲဆိုတာ plot twist ကောင်းကောင်းနဲ့တင်ဆက်ထားတဲ့ mystery ဇာတ်လမ်းကောင်းပါပဲအညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Thriller Quality…. 1080p | 720p | 480p File size… 1.1GB | 570MB | 285MB Format… mp4 Duration…. 1h 33min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... Aaron
movie

97 Minutes (2023)

2023
Supercell (2023) 4.9
Supercell (2023) Supercell (2023) ============လတ်တလော အသစ်ထွက်ရှိလာတဲ့ထဲကမှ Best Cinematography Award အပါအဝင် ဆုသုံးဆုထိ ရရှိထားတဲ့ action and adventure ဇာတ်ကားကောင်းလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။သိပ္ပံပညာရဲ့ နက်ရှိုင်းမှုတွေ၊ သဘာဝတရားကြီးရဲ့ ဆန်းကြယ်မှုတွေကို သည်းထိပ်ရင်ဖို ကြည့်ရှု့သွားရမှာဖြစ်ပြီး လေ့လာမှတ်သားစရာတွေ လည်း ပါဝင်နေတာဖြစ်လို့ ဇာတ်လမ်းကြည့်ရင်း win-win အခြေအနေ တစ်ခုကို ရရှိစေမှာပဲ ဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ ဝီလီယမ်ဘရိုဒီဆိုတဲ့ ဆယ်ကျော်သက်ကောင် လေးတစ်ယောက်က ဆုံးပါးသွားပြီဖြစ်တဲ့ သူ့ရဲ့ဖခင်ဖြစ်သူ ဘေလ်ဘရိုဒီ တစ်ဖြစ်လဲ ဒဏ္ဍာရီလာမုန်တိုင်းမုဆိုးတစ်ဦးရဲ့ အဆုံးမရှိတဲ့ အိပ်မက်တွေ နောက်ကို လိုက်ဖို့ ကြိုးစားတဲ့ စွန့်စားခန်းတစ်ခုပါပဲ။ အဲဒီစွန့်စားခန်းမှာ အသက်အန္တရာယ်ရှိတဲ့အထိ ပြင်းထန်တဲ့ မုန်တိုင်းတွေ၊ လေဆင်နှာမောင်း တွေ တစ်လုံးပြီးတစ်လုံး ကြုံတွေ့ရပြီး အသက်ရှင်ကျန်ရစ်နိုင်ဖို့ ကြိုးပမ်း အားထုတ်မှုတွေကို သည်းထိပ်ရင်ဖို တွေ့မြင်သွားရမှာပဲ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်)File Size..........(1.2 GB) / (495 MB) / (296 MB) Quality............WEB-DL 1080p / ...
movie

Supercell (2023)

2023
Rock of Ages (2012) 5.9
Rock of Ages (2012) Rock of Ages (2012)Musical filmတစ်ခုဖြစ်ပြီး Main leadတစ်ယောက်အနေနဲ့ ကျွန်တော်တို့ရဲ့ Tom Cruiseကြီးက ပါဝင်သရုပ် ဆောင်ထားပါတယ်။ဇာတ်အိမ်ကိုတော့ Los Angeles မြို့နယ်အခွဲလို့ပြောလို့ရတဲ့ ဟောလီးဝုဒ် အဆိုကျော်တွေ ကျင်လည်ရာ Sunset Stripမြို့လေးမှာ တည်ထားပါတယ်။ဇာတ်လမ်းအစမှာတော့ သီချင်းဆိုပြီး အသက်မွေးဝမ်းကြောင်းပြုမယ်ကြံပြီး နယ်မြို့လေးကတက်လာတဲ့ Sherrieဟာ မြို့ပေါ်ရောက်ရောက်ချင်းပဲ လုယက်ခံလိုက်ရပါတယ်။ အဲဒီမှာပဲ နာမည်ကြီး Bourbon roomမှာ အချိန်ပိုင်းအလုပ်ဝင်လုပ်နေတဲ့ လူငယ်လေး Drewနဲ့ ကံအကြောင်းဆိုင်လို့ Bourbon room မှာပဲ အလုပ်တစ်ခုရဖို့ ဖြစ်လာပြီးတဲ့နောက် ဝါသနာတူ Drewနဲ့ ကိုယ်စီ အနုပညာလမ်းကို လျှောက်လှမ်းဖို့အကြောင်းဖန်လာတဲ့အခါမှာတော့.. ။တစ်ဖက်မှာလည်း သူ့ခေတ်သူ့အခါမှာ ရော့ခ်နတ်ဘုရားလို့ တင်စားရလောက်တဲ့ Stacee Jaxxတစ်ဖြစ်လဲ Tom Cruiseဟာ လူမှုရေးပြဿနာတချို့ကြောင့် အနုပညာလမ်းကြောင်း တန့်နေတာ ကြာခဲ့ပါပြီ။ အဲဒီလိုနဲ့ တိုက်ဆိုင်စွာပဲ Bourbon roomမှာ ပထမဆုံးအကြိမ် တစ်ကိုယ်တော်ရှိုးပွဲဆိုပြီး အနုပညာသက်တမ်း ပြန်ဆက်ဖို့လုပ်နေတဲ့အခိုက် Sherrieနဲ့ Drewကြား ဆူးညှောင့်တစ်ခုလို ဖြစ်လာပါတော့တယ်။ကျန်တာကိုတော့ ကိုယ်တိုင်သာ ဆက်လက် ...
movie

Rock of Ages (2012)

2012
Mercury Rising (1998) 6.3
Mercury Rising (1998)  Die Hardနဲ့လူသိများကြတဲ့ မင်းသားကြီး Bruce Willisရဲ့နောက်ထပ်တစ်ကားလာပါပြီ။ ဒီကားမှာတော့ သူက အက်ဂျက်ဖရေးအနေနဲ့သရုပ်ဆောင်ထားပါတယ်။ အက်က သူရဲ့အသွင်ယူပြီးလျှို့ဝှက်စုံစမ်းရေးမှာ ပြဿနာတက်ပြီး ရာထူးချခံထားရတဲ့ FBIအေးဂျင့်တစ်ယောက်ဖြစ်ပါတယ်။ မာကျူရီဆိုတဲ့ လျှို့ဝှက်ကုဒ်ကို ဆိုင်မွန်ဆိုတဲ့အော်တစ်ဇင်ကလေးတစ်ယောက်က မတော်တဆဖော်ထုတ်လိုက်မိပါတယ်။ ဒီလိုဖော်ထုတ်မိလိုက်ရာကနေ အသက်အန္တာရယ်ပါစိုးရိမ်လာရပါတော့တယ်။ ဒီဆိုင်မွန်ဆိုတဲ့အော်တစ်ဇင်ကလေးတစ်ယောက်နဲ့ အက်ဂျော့ဖရေးနဲ့တွေ့ဆုံမှုမှာတော့ ဘာတွေဖြစ်သွားကြမလဲ။ အော်တဇင်ကလေးကရော အန္တာရယ်တွေကြားမှာအသက်ရှင်နိုင်ပါ့မလား၊ သူ့ကိုရော ဘာလို့အဲ့လောက်အသည်းသန်သတ်ချင်နေကြတာလဲဆိုတာ ဒီကားထဲမှာမြင်တွေ့ရမှာဖြစ်ပါတယ်။ Actionကားကောင်းကြိုက်တဲ့လူတွေအတွက်ဒီကားနဲ့ကြည့်ရင်း chillလို့ရမှာဖြစ်ပါတယ်။File size…(1.93GB)  / (950MB) / (469MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:13:00 Genre...Action / Crime / drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win
movie

Mercury Rising (1998)

TÁR (2022) 8
TÁR (2022) Tar (2022)ဒီဇာတ်ကားနာမည်က "Tar" "တာ" လစ်ဒီရာတာ လစ်ဒီရာက ဂီတလောကရဲ့အကျော်အမော်တစ်ယောက် ဘာလင်သံစုံတူရိယာဝိုင်းရဲ့ ဂီတမှူးတစ်ယောက်၊ သူ့ကိုလူတွေက"လစ်ဒီရာ" ဒါမှမဟုတ်"တာ" ဆိုတာထက် သူ့ရဲ့ဂုဏ်ပုဒ် "ပါရဂူဂီတမှူး" လို့လေးစားသမှုနဲ့ခေါ်ဆိုကြသူ။ဇာတ်လမ်းအဖွင့်မှာပဲ လစ်ဒီရာတာဖြေပေးတဲ့အင်တာဗျူးတစ်ခုမှာ သူ့ရဲ့အောင်မြင်မှုပေါင်းများစွာအပြင် ကိုယ်ရေးကိုယ်တာရောဂီတပိုင်းဆိုင်ရာရော ထူးချွန်ထက်မြက်မှုတွေကို ငြင်းမရအောင်မြင်ရဦးမှာပါ။ လစ်ဒီရာတာက တစ်ရက်တော့ဂျူလီယာ့ဒ်မှာ ဂီတလက်ချာတစ်ခုပေးခဲ့တယ်။ အဲဒီမှာကျောင်းသားတစ်ယောက်ကို ဘာ့ခ်ရဲ့တေးသွားတွေကိုကြိုက်နှစ်သက်လားမေးတော့ ကျောင်းသားကဘာ့ခ်ကို သူ့ကိုယ်ရေးကိုယ်တာပိုင်းကိုသဘောမကျတာကြောင့် သူ့ဂီတကိုလဲခံစားလို့မရပါဘူးတဲ့။ လစ်ဒီရာကဒီကျောင်းသားကို ဂီတကိုကောင်းမကောင်းစံသတ်မှတ်ချက်မှာ ဂီတဖန်တီးသူရဲ့ဘဝဖြစ်တည်မှု အကောင်းအဆိုးအမှားအပြစ်တွေနဲ့မဝေဖနဘဲ ဂီတအဖြစ်သာခံစားဖို့တိုက်တွန်းပေးခဲ့ပါတယ်။ ဒီနေရာမှာ လစ်ဒီရာ့အယူအဆက ပိုသင့်လျော်တယ်ထင်ရပေမယ့် ဘယ်အတိုင်းအတာထိလဲ။ ကိုယ်သဘောကျတဲ့ဂီတပညာရှင်တစ်ယောက်က အကျင့်စာရိတ္တတွေသိပ်ပျက်ပြားလွန်းနေရင်ရော ဒါမှမဟုတ်ခွင့်လွှတ်လို့မရနိုင်တဲ့အပြစ်ကိုကျူးလွန်လာရင်ရော ဒီခေတ်မှာသိပ်အားကောင်းတဲ့အရွေ့ဖြစ်တဲ့ Cancel Culture ဝင်လာသင့်လား။ ဒီဇာတ်လမ်းမှာ လစ်ဒီရာတာရဲ့ ပါရမီထူးချွန်မှုတွေနောက်ကို ကိုယ်ကျင့်တရားကအမှီမလိုက်နိုင်တော့တဲ့တစ်ချိန်မှာ သူ့ရဲ့ရုန်းကန်ရမှုတွေကို မှားတယ်မှန်တယ်ဝေဖန်မှုမရှိပဲ အလွှာလွှာအထပ်ထပ်နဲ့ သိမ်မွေ့အားကောင်းစွာပဲဖော်ပြထားလို့ ကိုယ်တိုင်သာကြည့်ပြီးအဖြေရှာရမယ့်ပုစ္ဆာတစ်ပုဒ်လိုပါပဲ။ လစ်ဒီရာတာကိုအသက်သွင်းထားတဲ့ မင်းသမီး Kate Blanchett ရဲ့ အော်စကာတန်းဝင်လို့ပြောနေကြတဲ့ သရုပ်ဆောင်မှုတွေကြောင့်လဲ "Tar" က လက်မလွှတ်သင့်တဲ့ဇာတ်ကားကောင်းပါပဲအညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Drama, Music Quality…. 1080p | 720p | 480p File size… 1.3GB | ...
movie

TÁR (2022)

Aloha (2015) 5.4
Aloha (2015)  Emma Stone နဲ့ Rachel McAdams ကို မြင်တာနဲ့တင် ကြည့်ကြတော့မယ်ဆိုတာ သိပေမယ့် ရီဗျူးလေးတော့ ဖတ်သွားပါဦး ညိုကီတို့ဇာတ်လမ်းကတော့ Romance-Comedy ဖြစ်လို့ ပေါ့ပေါ့ပါးပါးလေးရယ်ပါပဲ။ အပျင်းပြေ အချစ်ဒဿနတွေ ဖွင့်ရင်း မမတွေရဲ့ အလှကို ခံစားလို့ ကောင်းမယ့်ကားလေးပါပဲ။ဘရိုင်ယန်က စစ်တပ်ကန်ထရိုက်တာ တစ်ယောက်ပါ။ အတိတ်တုန်းက စောင်ပြဿနာတွေ ရှာခဲ့လို့ အော်ပရေးရှင်းအကြောင်းတွေ အခြေခံကစ ထိပ်ဆုံးထိ နားလည်ပါလျက် အလုပ်ပြုတ်ခဲ့ပြီး အခုမှ ဒုတိယ အခွင့်အရေး ထပ်ရသူပေါ့။ ဒီလိုနဲ့ သူ့ရဲ့ မစ်ရှင်အတွက် ဟာဝိုင်အီကို ပြန်ရောက်လာခဲ့တယ်။ ဟာဝိုင်အီမှာ လင်နဲ့သားနဲ့ ဖြစ်နေပြီ ဖြစ်တဲ့ သူ့ရဲ့ ရည်းစားဟောင်း ထရေစီနဲ့ ပြန်ဆုံတယ်။ တစ်ဖက်မှာလည်း သူ့ရဲ့ တွဲဖက်ကောင်မလေး ကပ္ပတိန် အယ်လီဆန် အင်ဆိုတဲ့ ခပ်ချောချော ချာတိတ်မလေးတို့နဲ့ ရေစက်ဆုံလာရာမှာ တာ၀န်တွေနဲ့ အချစ်ရေးကြား ...
movie

Aloha (2015)

The Boss Baby: Family Business (2021) 5.8
The Boss Baby: Family Business (2021) The Boss Baby: Family Business (2021)=============================IMDb Rating - 5.8/102017 လောက်တုန်းက အားလုံးကို အမွှေစိန်လုပ်သွားတဲ့ boss baby လေးကို မှတ်မိကြဦးမယ်ထင်ပါတယ်၊သူအခု အရွယ်ရောက်သွားပြီဗျ အရွယ်ရောက်တဲ့အပြင် တူမ ၂ ယောက်တောင်ရပြီး အလုပ်ကြိုးစားတဲ့ အချစ်တော်အန်ကယ်ဖြစ်နေပါပြီ။သို့ပေမယ့် ကျွန်တော်တို့ရဲ့ ကလေးသူဌေးကြီး ဒီဇာတ်လမ်းမှာ သူငယ်ပြန်ရပါဦးမယ်ဖြစ်စဉ်ကဒီလိုရယ်ပါ . သူကလေးဘ၀က လာခဲ့တဲ့ BabyCorp ဆိုတဲ့ အဖွဲ့အစည်းမှာ ပြဿနာတစ်ခု ပေါ်ပေါက်လာပါတယ်၊ ပြဿနာကတော့ ဒေါက်တာတစ်ယောက်ဟာ ကလေးတွေရဲ့ ခေါင်းထဲကို အတွေးမှားတွေ ရိုက်ထည့်ပေးနေပြီးကလေးတွေက မိဘတွေအပေါ် သွေးအေးလာတာပါ။ ဒီ ပြဿနာကို ဖြေရှင်းဖို့ရာ Boss Baby တို့ ညီအစ်ကို ၂ ယောက်အသက်ငယ်ဆေး ဖော်မြူလာကို သောက်ပြီး ကလေးဘ၀ကို ပြန်ရောက်သွားချိန်မှာတော့ ...........ဘာတွေဆက်ဖြစ်မလဲ အဖြေရှာရင်း ဘယ်ပြဿနာတွေ ထပ်တက်ဦးမလဲ ...
movie

The Boss Baby: Family Business (2021)

2021
The Boss Baby (2017) 6.3
The Boss Baby (2017) The Boss Baby (2017)________IMDb - 6.3/10    မိဘနှစ်ပါးရဲ့ အလိုလိုက်ချင်းကိုခံထားရတဲ့ တင်ဆိုတဲ့ကလေးလေးဘဝထဲကို ညီလေးတစ်ယောက် ယောက်လာခဲ့တယ်။ အဲဒီကလေးပေါက်စကို မနာလိုလည်းဖြစ် မသင်္ကာတဲ့အစ်ကိုဖြစ်သူ တင်မ် ဟာ လျို့ဝှက်ထောက်လှမ်းရင်းဘော့စ်ဘေဘီလေးရဲ့ လျိုှုဝှက်ချက်ကို သိသွားခဲ့ပါတယ်။ သူ့ညီမြန်မြန်ထွက်သွားစေဖို့အတွက် သူ့ညီရဲ့လျို့ဝှက်စစ်ဆင်ရေးကို လိုက်ကူညီရင်း ကမ္ဘာပေါ်က ကလေးတွေရဲ့ ချစ်ခြင်းကို လုယူမယ့် ဗီလိန်ကြီးတစ်ယောက်နဲ့ ရင်ဆိုင်လာရတဲ့အခါ.....။ဒါရိုက်တာ Tom McGrath က ရိုက်ကူးပြီး ဇာတ်ညွှန်းရေးသူကတော့ Michael McCullers ပါကာတွန်းဇာတ်ကောင်တွေရဲ့ နောက်ခံစကားပြောသူတွေအနေနဲ့ကတော့ Boss Baby အဖြစ် Alec Baldwin နဲ့ Older Tim အဖြစ်Patton Wswalt တို့က အဓိကပါဝင်အားဖြည့်ပေးထားပါတယ်။ 20th Century Foxကုမ္ပဏီက ရိုက်ကူးပြီး မတ် ၃၁ ရက်မှာ ထွက်ရှိထားတဲ့ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဘာသာပြန်ကတော့ ဝေယံမောင် နဲ့ မျိုးမြင့်မောင်ဖြစ်ပါတယ်File Size - 765 MB Translated By - Wai ...
movie

The Boss Baby (2017)

2017
Rise of the Guardians (2012) 7.3
Rise of the Guardians (2012) Director: Peter Ramsey ရိုက်ကူးတင်ဆက်ထားပြီးNovember 21, 2012 (USA) မှာ ရုံတင်ခဲ့တဲ့ လူကြီးရော ကလေးပါ ကြည့်သင့်တဲ့ယုံကြည်မှု စိတ်ဓါတ်ရေးရာ မြင့်တင်ပေးပြီး စိတ်ဓါတ်ခွန်အား ရရှိစေမယ့် နတ်သမီး ပုံပြင်အခြေခံကာတွန်းဇတ်လမ်းလေး ဖြစ်ပါတယ်....==================================ဇတ်လမ်းပုံစံကတော့ ကြင်နာတက်တဲ့ စိတ်ထားရှိတဲ့ ဂျက်ဖရော့ဒ်ဟာ လူသား ဘ၀ မှာ သူရဲ့ ညီမလေးကို ကယ်ဆယ်ဖို့ သူ့အသက်ကိုစွန့်လွှတ်ခဲ့ပြီး ရေခဲပြင်ထဲမှာ သေဆုံးသွားပါတယ်...တစ်ရက်သော လပြည့်ညမှာတော့ လနတ်သား ဟာ ဂျက်ဖရော့ဒ် ကိုသေရွာကနေ နှိုးယူပြီး လူသားကလေးတွေ ရဲ့ ပျော်ရွှင်မှုကို ဆောင်ကျဉ်းပေးမယ့်နှင်းလူသား အဖြစ် ဖန်တီး ပေးလိုက်ပါတယ်....ဂျက်ဖရော့ဒ် ရဲ့ အတိတ်ဘ၀ မှတ်ဉာဏ်ကို ဖျောက်ထားခဲ့တဲ့အတွက်၎င်း ကိုယ်တိုင် စိတ်ထားကောင်းမွန်တဲ့ ကောင်လေး တစ်ယောက်ဆိုတာ မသိခဲ့ပါဘူးဒါကြောင့် သူ့ကိုသူ နတ်ဆိုး တစ်ယောက်လို့ မှတ်ယူပြီး လေလွင့်နေတုန်းဆန်တာကလော့ တို့ အက်စတာဘန်နီ ...
movie

Rise of the Guardians (2012)

2012
HEVC 1080p 5.1
To Rome with Love (2012) 6.3
To Rome with Love (2012) [Unicode]To Rome With Love (2012)Directed By Woody Allenဒီရုပ်ရှင်ဟာ သိပ်အောင်မြင်ခဲ့တဲ့ ရုပ်ရှင်တော့ မဟုတ်ပါဘူး။ လှပတဲ့ ဖန်တီးမှုအများစုရဲ့ဖြစ်တတ်တဲ့ မအောင်မြင်ရခြင်းအကြောင်းရင်းကတော့ ဖန်တီးသူဟာ ပရိတ်သတ်ဘက်ကို ငဲ့မကြည့်လို့ပါပဲ။ ပဲ့ကိုင်ရှင် ဝူဒီအယ်လန်က သူရုပ်ရှင်ဟာ ငွေကြေးအရ လူအများစုနှစ်ခြိုက်မှုအရ အနုတ်ပြနေခဲ့ရင် အနုပညာအစစ်တစ်ခု သူလုပ်လိုက်တာပဲလို့ ပြောဖူးပါတယ်။ ဘယ်သူကြိုက်ကြိုက်မကြိုက်ကြိုက် ဇာတ်အိမ်အက်ကြောင်းထပ်ထပ်မထပ်ထပ် သူ့ရုပ်ရှင်ကားတွေမှာ အနုပညာပီသမှုတော့ကိန်းအောင်းနေတယ်။ ဒါက ဝူဒီအယ်လန်ပါပဲ။To Rome with Loveဟာ ဝူဒီရဲ့ ရောမက ဗိသုကာတွေကို ချစ်စိတ်ကဖြစ်လာတယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမဲ့ သူချစ်တာက ကိုလိုင်ဆီယံလို အပြိုအပျက်တွေကိုတော့မဟုတ်ဘူး။လှပနေဆဲအဆောက်အဦးတွေကိုပေါ့။ ဒီလိုပြောလိုက်လို့ ဒီကားကို သိပ်ခမ်းနားမယ်ထင်ရင်လည်းမှားမယ်။ ဒီရုပ်ရှင်ဟာ တစ်လောကလုံးကို သရော်ထားတဲ့သရော်ရုပ်ရှင်ပါပဲ။ ‌ဘယ်လောက်ထိသရော်သလဲဆို စစ္စတင်းဘုရားကျောင်းကမျက်နှာကျက်မှာ မိုက်ကယ်အိန်ဂျလိုဆွဲထားတဲ့ပန်းချီတွေကို ငြမ်းစင်ပေါ် ပက်လက်အိပ်ပြီးတစ်နေကုန်ဆွဲတယ်လို့လူတစ်ယောက်ကပြောတော့ မိန်းမတစ်ယောက်က သူဆိုလုပ်နိုင်မှာမဟုတ်ဘူး ပြောတယ်။ ဒီမှာ ပခြုပ်သည်မက ကျွန်မတော့ တစ်နေကုန်ပက်လက်အလုပ်လုပ်နိင်တယ်ဆိုပြီး ထပြောတဲ့ အခန်းတောင်ပါပါတယ်။ သောက်တလွဲမီဒီယာတွေ ကဗျာဆရာတိုင်းရဲ့ ...
movie

To Rome with Love (2012)