Channel Myanmar

Alex Sharp

One Life (2023) 7.7
One Life (2023)  Sir Nicholas Winton သို့မဟုတ် ဒုတိယကမ္ဘာစစ်အတွင်းစစ်ရှောင်ကလေးငယ် ၆၆၉ဦးအားကယ်တင်ခဲ့သူ...ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းလေးဟာတီဗီအစီအစဥ်တစ်ခုမှ လူသိများပြီးအစပျိုးလာခဲ့တာပါ...။ဇာတ်လမ်းအကြောင်းကို ပြောပြရရင် Nicholas Wintonဆိုတဲ့လန်ဒန်မှ လူငယ်stockbrokerလေးတစ်ယောက်...ဒုတိယကမ္ဘာစစ်မဖြစ်မီ ၁၉၃၈ခုနှစ် ဒီဇင်ဘာလထဲမှာချက်ကိုစလိုဗားကီးယားနိုင်ငံရဲ့မြို့တော် ပရော့ဂ်ကိုအလည်သွားရာကစခဲ့ပါတယ်...။အဲ့ဒီခေတ်အချိန်က ဒုတိယကမ္ဘာစစ်ဖြစ်ရန်တာဆူနေပြီးဟစ်တလာဟာ မဟာမိတ်တွေဆီကနေ ချက်ဇ်နိုင်ငံရဲ့ပြည်နယ်တစ်ခုကိုတောင်းပါတယ်...။စစ်ကိုရှောင်လွှဲချင်တော့ ဟစ်တလာရဲ့တောင်းဆိုချက်ကိုလိုက်လျောပြီး နယ်မြေပေးလိုက်ရတဲ့အခါ နာဇီဂျာမဏီတွေရဲ့ရန်ကိုကြောက်တဲ့ ဂျာမဏီ၊ သြစတီးနဲ့ ချက်ဇ်ဒေသခံဂျူးလူမျိုးတွေဟာ ပရော့ဂ်ကိုတိမ်းရှောင်လာခဲ့ကြပါတယ်။ကလေးတစ်ပွေ့တစ်ပိုက်နဲ့မိသားစုတွေဟာ နေစရာမဲ့ စားစရာမဲ့အတိဒုက္ခရောက်နေရတဲ့အပြင် နာဇီတို့ကျူးကျော်လာမယ့်အန္တရာယ်ကိုပါကြောက်လှန့်နေခဲ့ရကာ ပြေးစရာမြေမရှိဖြစ်နေခဲ့တာပါ။ဒီအခြေအနေကို ကြုံတွေ့မြင်တွေ့ခဲ့ရတဲ့ Nicholas Wintonဟာစစ်ကြောင့်နယ်စပ်တွေပိတ်မသွားမီ ကလေးငယ်တွေကိုစစ်ဘေးလွတ်ရာ အင်္ဂလန်သို့ပို့ဖို့ကြံဆောင်ပါတော့တယ်...။ဘယ်အချိန်ထဖြစ်မယ်မသိတဲ့စစ်မီးစင်ကိုကြည့်ရင်း အချိန်လုပြီးအသက်ကယ်ရတဲ့အခါ အသက်ဘယ်နှစ်ချောင်းကို ဘယ်လိုကယ်တင်နိုင်မှာလဲ....။Nicholas Wintonတစ်ယောက်ဒီလိုစွမ်းဆောင်ခဲ့ပုံတွေကိုတော်ရုံလူမသိခဲ့ကြဘဲ နှစ်ငါးဆယ်အကြာတီဗီအစီအစဥ်လေးတစ်ခုမှာမှ လူအများသိခဲ့ရပါတယ်။ဘာလို့ဆို အဲ့ဒီအစီအစဥ်မှာလာကြည့်တဲ့ ပရိသတ်တိုင်းဟာNicholas Wintonကယ်တင်ခဲ့ဖူးတဲ့ကလေးငယ်များဖြစ်နေကြောင်း အံ့သြစွာသိရှိခဲ့ရလို့ပါပဲ...။သူ့ရဲ့ဇာတ်လမ်းလေးက ဘယ်လိုမျိုးဖြစ်မလဲဆိုတာ ဒီတစ်ခါတော့ရုပ်ရှင်အတိုင်းသားကြည့်ရှုခွင့်ရတော့မှာပဲဖြစ်ပါတယ်ဗျာ...။ File size…2.02GB / 720MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 50m Genre ….. Biography , Drama , ...
movie

One Life (2023)

Living (2022) 7.5
Living (2022) Living (2022)~ IMDb - 7.5/10, Rotten Tomatoes - 96% ~ဒီနှစ်ထွက်လာမယ့်ကားတွေထဲ အမျှော်ခဲ့ဆုံးကားက Living ဖြစ်သလို တကယ်ထွက်လာတော့လည်း မျှော်မှန်းထားတာထက်တောင် ပိုကောင်းတယ်လို့ ပြောရမှာပါပဲ။ ဒါဆို ဒီကားကို ဘာလို့မျှော်ရလဲဆိုတဲ့အကြောင်းရင်းက စပြောရမှာပဲ။ ပထမဆုံးအချက်ကတော့ Kazuo Ishiguro ပါ။ သူ့ကို ဒီကလူတော်တော်များများ ရင်းနီးပြီးသားပဲဖြစ်ပါလိမ့်မယ်။ သူက ကျွန်တော်တော်တော်ကြိုက်တဲ့စာအုပ်တွေထဲပါတဲ့ An Artist of the Floating World ခေါ်  မြင့်သန်းဘာသာပြန်တဲ့ " လွင့်မျောနေသော ကမ္ဘာကြီး၏ အနုပညာသည်တစ်ဦး " စာအုပ်ကို ရေးခဲ့တဲ့ စာရေးဆရာလည်းဟုတ်တယ်။ ၂၀၁၇မှာ နိုဘယ်ဆုရထားတဲ့ စာရေးဆရာလည်းဖြစ်သလို သူ့သိပ္ပံစိတ်ကူးယဉ်ဝတ္ထုဖြစ်တဲ့ Never Let Me Go ကို ရုပ်ရှင်အဖြစ် ပြန်အသက်သွင်းတာမှာလည်း တော်တော်လေးအောင်မြင်ခဲ့တယ်။ ဒီကားကိုလည်း သူကိုယ်တိုင် ဇာတ်ညွှန်းရေးထားတာပါ။ ...
movie

Living (2022)

2022
To the Bone (2017) 6.8
To the Bone (2017) To The Bone (2017) ~ IMDb - 6.8/10, RT - 70%, Meta - 64% ~ လူရယ်လို့ဖြစ်လာရင် အကြောက်တရားနဲ့ ဆင်းရဲဒုက္ခဆိုတာ ယှဥ်တွဲလာစမြဲပါပဲ။​တချို့က ဝလာမှာကြောက်တယ်။ တချို့က ​အသက်ရှင်ရတာကိုတောင် ကြောက်လာကြတယ်။အမျိုးမျိုးသော အကြောက်တရားတွေကြားမှာ ဒီ အယ်လန်ဆိုတဲ့ ကောင်မလေးကတော့ ဝိတ်တက်မှာကို ကြောက်တာပါ...Broken Family ​ဖြစ်သွားတဲ့ အယ်လန်တစ်ယောက် မိထွေးလက်အောက် ဂေးမိခင်တစ်ယောက်လက်အောက်မှာ မိသားစုအရှုပ်အထွေးတွေကြားမှာ သနားစရာ ကြီးပြင်းလာခဲ့ပါတယ်။အဲ့ကြားထဲကမှ အနုပညာကိုဝါသနာပါတဲ့ အယ်လန်ဟာ ကိုယ့် artwork ကြောင့် လူတစ်ယောက်နစ်နာသွားတာကို သိလိုက်ရတဲ့အချိန်မှာ ပြိုလဲပြီး အစာသိပ်မစားဘဲ အငတ်ခံလို့ စိတ်သက်သာရာ ရှာပါတော့တယ်။အဲ့လို အယ်လန်ဟာ အကြောက်တရားကနေ ဘယ်လိုရုန်းထွက်မလဲ။အယ်လန့်ကို ကူညီပေးတဲ့ဆရာဝန် ဒေါက်တာဘက်ခမ်းကရော ဘယ်လိုကုထုံးတွေနဲ့ ​အယ့်လန့်ဘဝကို အဖက်ဆယ်ပေးမလဲ။အယ်လန့်သူငယ်ချင်းလုခ်ကရော အယ်လန့်ကိုဘယ်လိုပျော်အောင်လုပ်ပြီး အယ်လန့်ဘဝကို ဘယ်လိုအသက်ဝင်လာစေမလဲဆိုတာကို ဒီ '' To ...
movie

To the Bone (2017)

2017
The Trial of the Chicago 7 (2020) 8.0
The Trial of the Chicago 7 (2020) တရားမမှုအတွက် တရားခွင်နဲ့ ရာဇဝတ်မှုအတွက် တရားခွင် ဆိုတာပဲရှိတယ်။ နိုင်ငံရေး တရားခွင်ဆိုတာ မရှိဘူးဗျ။ ဟိ...ဟိ...နိုင်ငံရေးလှည့်ကွက် အနေနဲ့ အသုံးချဖို့ တရားခွင်ကို အသုံးချတာလေ။ မကြားဖူးဘူးမလား။ ဘယ်ကြားဖူးမလဲ။ တကယ်မှမရှိတာကိုး။ဟား...ဟား.... ဆောရီးဗျာ။ နည်းနည်းတော့ရယ်မိတယ်။ အဲဒါနဲ့ နိုင်ငံရေးတရားခွင်ဆိုတာ မရှိဘူးနော်။ ကျွန်တော်ပြောရင် ယုံလိုက်။ ငိငိ xD...၁၉၆၈ ခုနှစ် အမေရိကန်နိုင်ငံ ချီကာဂိုမြို့မှာ အမျိုးသားဒီမိုကရက်တစ်ညီလာခံကို ကျင်းပခဲ့ပါတယ်။၁၉၅၅ ခုနှစ်က အစပြုခဲ့တဲ့ ဗီယက်နမ် စစ်ပွဲက အားကောင်းနေဆဲကာလလည်းဖြစ်ပါတယ်။ဒီလို အကျိုးမရှိဘဲ အပျက်ပျက်နဲ့နှာခေါင်းသွေးထွက်ရတဲ့ စစ်ပွဲကို တားစီးနိုင်ဖို့ရည်ရွယ်ချက်နဲ့ တစ်နိုင်ငံလုံးအာရုံစိုက်နေကြတဲ့ ညီလာခံရှိရာချီကာဂိုမြို့ကို စစ်ပွဲကို ဆန့်ကျင်သူတွေကို ဦးဆောင်ပြီး စစ်ပွဲဆန့်ကျင်ရေးတက်ကြွ လှုပ်ရှားသူ ၇ ယောက် ချီကာဂိုမြို့ကို ငြိမ်းချမ်းစွာ ချီတက်လာခဲ့ပါတယ်။ဒီလို ဆန့်ကျင်ဆန္ဒပြရာမှာ ဆန္ဒပြသူတွေနဲ့ ...
movie

The Trial of the Chicago 7 (2020)

2020
The Sunlit Night(2019) 6.0
The Sunlit Night(2019) The Sunlit Night(2019)မိသားစုတစ်စုထဲမှာ လမ်းခွဲခြင်း၊ ကွာရှင်းခြင်း၊ လက်ထပ်ခြင်း သုံးမျိုးစလုံး တပြိုင်နက်ဖြစ်သွားတဲ့အချိန်မှာစိတ်ထွက်ပေါက်က ဘယ်ဟာဖြစ်လာမယ်ထင်မိပါသလဲ။ဝါသနာနဲ့ အသက်မွေးမှုအလုပ် ထပ်တူမကျခဲ့တဲ့ လူတစ်ယောက်ကရော ပျော်ရွှင်နိုင်ပါ့မလား။အဲဒီလို အိမ်တွင်းရေးပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့တိုင်ပတ်‌နေတဲ့ နယူးယောက်ကပန်းချီဝါသနာရှင်မလေး Frances၊ တရက်မှာတော့ အိမ်နဲ့ဝေးတဲ့နေရာဖြစ်ရင် ပြီးရောဆိုပြီး အာတိတ်ဒေသက အလုပ်တစ်ခုကို လက်ခံလိုက်ပါတယ်။ အဲဒီလို ကမ္ဘာ့အစွန်းဖျားဒေသတစ်ခုမှာ ‌နောက်ထပ် အထီးကျန်သူတစ်ယောက်နဲ့ ဖူးစာဆုံရလိမ့်မယ်ဆိုတာ ဘယ်သူများကြိုသိခဲ့မှာလဲ။ဆုံးရှုံးခြင်းပန်းချီကားထဲက သူတို့ရဲ့ဘဝတွေက လိုက်လို့ပြေးနေတာလား ပြေးလို့လိုက်နေတာလား။...အစရှိတဲ့ အချိုးအကွေ့တွေနဲ့ ဘဝပန်းချီကားသစ်တစ်ချပ်ကို ဘယ်လိုတွေ ခြယ်မှုန်းကျမလဲဆိုတာချစ်ရာကောင်းအောင် ပုံဖော်ရိုက်ကူးထားတာဖြစ်လို့ ဆက်လက်ရှူစားကြည့်ကြပါဦး..ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thit Htoo Zaw ပဲဖြစ်ပါတယ်...File Size : (800 MB) and (304 MB) Quality : WEB-DL 720p Format…mp4 Duration…01:46:00 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

The Sunlit Night(2019)

The Hustle (2019) 5.4
The Hustle (2019) 2019 ထဲမကြာသေးမီကမှ လောလောလတ်လတ် ထွက်ရှိထားတဲ့ the Hustle ဆိုတဲ့ ဇာတ်ကားလေးတင်ဆက်ပေးချင်ပါတယ် …Crime/Comedy ဇာတ်လမ်းအမျိုးအစား ဖြစ်ပြီးတော့ မပြုံးဘဲဝါးလုံးကွဲ ရယ်ချင်သူများနဲ့ဂျိမ်းစ်ဘွန်းဆန်ဆန် စုံထောက်ဆန်ဆန် ရုပ်ရှင်ကားတွေကို နှစ်သက်သူတွေအတွက် ကြည့်ရမယ့်စာရင်းထဲ ထည့်ဖို့ဇာတ်ကားလေးပါ …ပန်နီ ရပ်စ်ဆိုတဲ့ ဝတုတ်တုတ်ကောင်မလေးဟာ အွန်လိုင်းမှာ ခပ်မိုက်မိုက်ကောင်မလေးတွေရဲ့ပုံတွေတင်ပြီးတော့အပြင်မှာ ဒိတ်ချင်တဲ့ ယောက်ျားတွေကို လိမ်စားနေတဲ့ ကြုံရာကျပန်း လူလိမ်မလေးတစ်ယောက်ပေါ့ …ဂျို့စ်ဖင်း ချက်စ်တာဖီးဒ် ဆိုတဲ့ ချောမောလှပတဲ့ အမျိုးသမီးကတော့ သန်းကြွယ်သူဌေးတွေကိုမှ ပစ်မှတ်ထားလေ့ရှိတဲ့နိုင်ငံတကာပတ်ပြီး အကွက်ချလိမ်လည်တတ်တဲ့ လူလိမ်အကြီးစားတစ်ယောက်ပေါ့တစ်နေ့တော့ ခပ်ဝဝ လူလိမ်မလေးတစ်ယောက်နဲ့ ခပ်လှလှ လူလိမ်မကြီးတစ်ယောက်တို့ဟာရထားတစ်စီးပေါ်မှာ အမှတ်မထင် ဆုံတွေ့ခဲ့ကြပါတော့တယ်…ရယ်မောရင်းရင်ခုန်ရမယ့် ဒီဇာတ်ကားလေးကို နာမည်ကြီးဟောလိဝုဒ် စတားတွေဖြစ်ကြတဲ့Anne Hathaway နဲ့ Rebel Wilson တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြလို့ ကိုယ်တိုင်ပဲ ကြည့်ရှူခံစားတော်မူကြပါ(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုဇွဲခန့်သွင်ပါ) File Size : (750 MB) ...
movie

The Hustle (2019)

2019
How to Talk to Girls at Parties (2017) 6.0
How to Talk to Girls at Parties (2017) ဒီတစ်ခါမှာတော့ How to Talk to Girls at Parties ဆိုတဲ့ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားမှာတော့ အားလုံးရဲ့အချစ်တော် မင်းသမီးချောလေး Elle Fanning နာမည်ကျော်မင်းသမီးကြီး Nicole Kidman အပြင် မင်းသား Alex Sharp တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။Enn တို့သူငယ်ချင်းတစ်သိုက်ဟာ ထိုအချိန်က ခေတ်စားနေတဲ့ ပန့်ဂီတနဲ့ ယဉ်ကျေးမှုကို ရူးသွပ်ကြတဲ့သူတွေဖြစ်ပါတယ်။တစ်ရက် ပန့်ဂီတပွဲကိုသွားပြီးအပြန်မှာထူးဆန်းတဲ့ ဂီတသံတွေကြားတာကြောင့် လိုက်လံစပ်စုရာမှ ထူးဆန်းတဲ့လူတွေ နေထိုင်တဲ့ အိမ်ကြီးတစ်အိမ်ဆီကိုရောက်ရှိသွားပါတယ်။တကယ်တော့ အဲဒီလူတွေဟာ လူအစစ်မဟုတ်ဘဲ ကမ္ဘာမြေကို မကြာသေးခင်ကမှရောက်ရှိလာတဲ့ ဂြိုလ်သားတွေပဲဖြစ်ပါတယ်။အဲဒီလို Enn တို့သူငယ်ချင်းတွေ ထိုအိမ်ကြီးကိုရောက်ရှိသွားရာက ဂြိုလ်သားမလေးZen နဲ့ တွေ့ဆုံခဲ့ရပါတယ်။ကမ္ဘာမြေနဲ့လူတွေအကြောင်းကို အရမ်းစိတ်ဝင်စားတဲ့ ဂြိုလ်သားမလေး Zen ဟာ အတွေ့အကြုံအသစ်တွေကို ရှာဖွေချင်တာကြောင့် သူတို့ဂြိုလ်သားမျိုးရိုးတွေဆီကနေ ထွက်ပြေးပြီး Enn နောက်ကိုကောက်ကောက်ပါအောင် လိုက်သွားပါတော့တယ်။အဲဒီလိုနဲ့သူတို့နှစ်ယောက်သား ချစ်ကျွမ်းဝင်သွားတဲ့ အခါမှာတော့......။ဒီဇာတ်ကားမှာ ပန့်ယဉ်ကျေးမှု ဂီတတွေအပြင် ...
movie


2017