Channel Myanmar

Andrea Powell

Suncoast (2024) 6.6
Suncoast (2024) Suncoast (2024)~ IMDb - 6.6/10, RT - 75%, Meta - 61% ~ဒီကားလေးကတော့ အခုနှစ်အစပိုင်းမှာ ထွက်ရှိလာတဲ့ ဟာသဒရာမာကားကောင်းလေးပါပဲ။ သရုပ်ဆောင်အနေနဲ့ဆိုရင် True Detective, Now You See Me, Zombieland တို့နဲ့ လူသိများတဲ့ မင်းသားကြီး Woody Harrelson ပါ၀င်ထားပါတယ်။ဆန်းကို့စ်ဆိုတာ နာတာရှည်လူနာတွေအတွက် ဆေးရုံပါ။ ဒိုးရစ်ရဲ့အစ်ကိုဖြစ်သူက စကားလည်းမပြောနိုင် အသိစိတ်လည်းမရှိတော့ဘဲ သေဖို့အချိန်ကို ထိုင်စောင့်နေရတဲ့သူပါ။ သူ့အမေကလည်း သူ့အစ်ကိုကိုပဲ ဂရုစိုက်လို့ ဒိုးရစ်က သိပ်အချစ်မခံရသလိုခံစားနေရတဲ့အတွက် အစ်ကိုဖြစ်သူကို မုန်းတီးနေတဲ့သူပါ။ ငယ်ငယ်ကတည်းက နာမကျန်းဖြစ်တဲ့အစ်ကိုကိုပြုစုခဲ့ရတဲ့ ဒိုးရစ်တစ်ယောက် သူလိုချင်တာက သာမန်ဆယ်ကျော်သက်ဘ၀လေးပါပဲတဲ့။ သူ့အမေက သူ့အစ်ကိုကိုအဖော်ပြုပြီး ဆန်းကို့စ်ဆေးရုံမှာ သွားအိပ်တဲ့အခါမှာတော့ ဒိုးရစ် သာမန်ဆယ်ကျော်သက်ဘ၀မှာ ပျော်ဖို့ကြိုးစားပါတော့တယ်။ဒီကားလေးကတော့ ဒိုးရစ်ဖက်က ခံစားချက်တွေ မိခင်ဖြစ်သူရဲ့ခံစားချက်တွေကို အချိုးညီညီပေါင်းစပ်ပြီး ကွဲပြားတဲ့အမြင်နဲ့ ...
movie

Suncoast (2024)

2024
4K HEVC
Cabin Fever 2: Spring Fever (2009)
Cabin Fever 2: Spring Fever (2009)  Cabin fever 2 မှာဆိုရင်လည်း Cabin fever series တို့ရဲ့ ထုံးစံအတိုင်း ကူးစက်ရောဂါ ကူးစက်မှုအပေါ်ဇာတ်လမ်းအခြေတည်၍ ရိုက်ကူးထားခြင်းဖြစ်ပါတယ်။အထက်တန်းကျောင်းပြီးဆုံးခါနီးမှာ အထက်တန်းကျောင်းသားတိုင်း ကိုယ်စီအတွဲများနှင့် ရင်ခုန်စွာတက်ရောက်ရတဲ့အထက်တန်းကျောင်း အိမ်မက်ဖြစ်တဲ့ကျောင်းကပွဲကို ကူးစက်ရောဂါကျရောက်လာပြီးနောက်မှာ ကျောင်းသား၊ကျောင်းသူများနှင့် ဆရာ၊ဆရာမများ ဘယ်လိုရင်ဆိုင်ကြမလဲ၊ ဒီအိမ်မက်ဆိုးရောဂါကြီးကရော ဘာရောဂါလဲ၊ ဘယ်သူတွေအသက်ရှင်လွတ်မြောက်နိုင်မလဲကို စောင့်စားကြည့်ရှူရမယ့် ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…(1.7 GB)/(917 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:27:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice
movie

Cabin Fever 2: Spring Fever (2009)

Runaway Jury(2003) 7.1
Runaway Jury(2003) Runaway Jury(2003) အညွှန်း*************************IMDb - 7.1 / Rotten 🍅 - 75%Money cannot buy everything လို့ ကျွန်တော်တို့ဘယ်လောက်ပဲအပြိုင်အဆိုင်ငြင်းခုန်နေကြပါစေ ပိုက်ဆံဟာ လူသားတွေကိုလိုရာခိုင်းစေနိုင်တဲ့ Mighty Godတစ်ပါး ဖြစ်နေဆဲပါပဲ။ရေများရေနိုင်သလို ငွေများငွေနိုင်တဲ့လောကကြီးမှာ ဓနရှင်တွေရဲ့လွှမ်းမိုးနိုင်မှုဟာလည်းပြောစရာမလိုတဲ့အရာတစ်ခုပါဘဲ။ အခုဒီရုပ်ရှင်လေးကတော့ သာမန်မုဆိုးမတစ်ယောက်နဲ့သေနတ်ကုမ္ပဏီသူဌေးကြီးတွေကြားက အားပြိုင်မှုကို ရိုက်ကူးထားတဲ့ ပုံမှန်နဲ့မတူ တမူထူးခြားတဲ့ ဇာတ်ကားပါ..မျက်စိမပါတဲ့သေနတ်တစ်လက် နှလုံးသားမရှိတဲ့လူတစ်ယောက်လက်ထဲ ကျရောက်သွားချိန်ဟာအဆုံးမဲ့ဝမ်းနည်းကြေကွဲမှုတွေရဲ့ကနဦးအစပါပဲ။ ဒါပေမဲ့ သေနတ်လုပ်ငန်းတွေကတော့ ဘယ်သူသေသေငတေမာရင်ပြီးရောဆိုတဲ့မူကို ဆက်လက်ကျင့်သုံးပြီး သေနတ်တွေကိုအလွယ်တကူထုတ်ရောင်းလို့ ဥပဒေနဲ့အညီရောင်းချပါသည်ဆိုတဲ့ငွေနဲ့ဖန်တီးထားတဲ့ဒိုင်းကာနဲ့ ကာထားကြပါတယ်။ ခေတ်အဆက်ဆက်တရားစီရင်မှုတွေမှာလည်း ဂျူရီအဖွဲ့ဝင်တွေဟာ ငွေရဲ့ကျေးကျွန်ဖြစ်နေတာကြောင့်သေနတ်လုပ်ငန်းတွေကို မတွန်းလှန်နိုင်ခဲ့တဲ့အပြင် ဖရန်ကင်ဖစ်ခ်ျလိုငွေမျက်နှာတစ်ခုပဲကြည့်တဲ့ ဂျူရီအတိုင်ပင်ခံ ဒါမှမဟုတ်ဂျူရီတွေရဲ့အားနည်းချက်ကိုကိုင်လှုပ်ပြီး ကြိုးဆွဲရာကခိုင်းမယ့်ဇာတ်ဆရာတွေကြောင့်သေနတ်လုပ်ငန်းဟာ အဘက်ဘက်က အသာစီးရပါတယ်။သေနတ်ပစ်ခတ်မှုမှာ ခင်ပွန်းဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့လူမမယ်ကလေးတစ်ယောက်နဲ့ ကျန်ရစ်ခဲ့တဲ့ ဆလက်စ်ဝုဒ်ဆိုတဲ့အမျိုးသမီးဟာရှေ့နေဖြစ်သူဝမ်‌ဒေါလ်ရိုဟာနဲ့ပေါင်းပြီးတိုက်ခိုက်ဖို့ကြိုးစားပါတော့တယ်..အဘက်ဘက်ကသာလွန်တဲ့ ဒီအင်အားကြီးတဲ့သူတွေကိုဘယ်လိုတိုက်ခိုက်ကြမလဲ..ဘယ်လိုအကွက်ဆင်ကြမလဲဆိုတာကိုတော့..John Grishamရဲ့ Runaway Juryဝတ္ထုကိုအခြေခံထားတဲ့အပြင်Gene Hackmanနဲ့ Dustin Hoffmanတို့လို Legend ...
movie

Runaway Jury(2003)

Ender’s Game (2013) 6.6
Ender’s Game (2013) Ender's Game (2013) IMDb - 6.6/10_____Rotten - 62%  Ender's Game (2013)ကတော့ ၁၉၈၅ ခုနှစ် ထုတ် စိတ်ကူးယဉ် သိပ္ပံ ဝတ္ထု ကို ရုပ်ရှင် ပြန်ရိုက်ကူးထားတာပါ။ ဇာတ်လမ်းကတော့ ၂၀၈၆ ခုနှစ်မှာ ကမ္ဘာကို Formics လို့ခေါ်တဲ့ ဂြိုလ်သားတွေက တိုက်ခိုက်လာပါတယ်။ အဲ့ဒီစစ်ပွဲမှာ လေတပ်ဗိုလ်ချုပ်တစ်ယောက်ရဲ့ စွမ်းဆောင်မှုကြောင့် ဂြိုလ်သားတွေရဲ့ အားနည်းချက်ကိုသိလိုက်ပြီး သူတို့ကို အနိုင်တိုက်နိုင်ခဲ့ပါတယ်။ လူသားတွေ အနိုင်ရခဲ့ပေမယ့် လူသန်းပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ နိုင်ငံတကာ လေတပ်အဖွဲ့ကနေပြီး လူကြီးတွေအစား လူငယ်တွေကို လေ့ကျင့်ပေးပြီး Formics တွေပြန် ပြီးတိုက်ခိုက်လာရင် ကာကွယ်နိုင်အောင်ဖြစ်ပါတယ်။ လေ့ကျင့်ပေးရာမှာလည်း Simulation တွေ ဂိမ်းတွေ အပေါ် အခြေခံပြီး လူငယ်တွေကို ရွေးချယ်တာဖြစ်ပါတယ်။ နှစ်ငါးဆယ် ကြာသွားပြီးတဲ့အချိန်မှာ Formics တွေရဲ့ဂြိုလ်ပေါ်မှာ စစ်တပ်အင်အား အဆမတန် တိုးပွားလာကို လူတွေက သတိထားမိပြီး သူတို့ နောက်တစ်ကြိမ် ကမ္ဘာကို လာပြီး ရန်မစရဲအောင် သူတို့ ရဲ့ ဂြိုလ်အထိ လိုက်ပြီး တိုက်ခိုက် နှိမ်နင်းဖို့ ကြိုးပမ်းနေကြပါတယ်။ အဲ့ဒီမှာ Ender Wiggin လို့ခေါ်တဲ့ လူငယ်လေးတစ်ယောက် ကို Colonel Hyrum Graff ...
movie

Ender’s Game (2013)

2013
Rings (2017) 4.5
Rings (2017) Rings (2017)_____IMDb - 4.5/10ငယ်ငယ်က တီဗီထဲက ထွက်လာတဲ့ သရဲမကား၊ ဒါမှမဟုတ် ရေတွင်းထဲက ထွက်လာတဲ့ သရဲမကားကို ရုပ်ရှင်ချစ်သူတွေ သိကြမယ်ထင်ပါတယ်။ ဒီသရဲကားကို စတင်သိခဲ့ရတာကတော့ ၂၀၀၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ "The Ring" ဆိုတဲ့ အမေရိကန်ဇာတ်ကားဖြစ်ပေမဲ့ သူ့ရဲ့မူလအခြေခံကတော့ Ring ဆိုတဲ့ ဂျပန်စာအုပ်နဲ့ Ring ဆိုတဲ့ အမည်နဲ့ပဲ ထွက်တဲ့ ဂျပန်သရဲကားတို့ပဲ ဖြစ်ပါတယ်။ ဂျပန်ကဇာတ်ကားကို မကြည့်ဖူးပေမဲ့ အမေရိကန်က ပြန်ရိုက်တဲ့ The Ring ကတော့ သရဲကားတွေထဲမှာ နာမည်ကြီးအောင်မြင်ခဲ့တဲ့ ဇာတ်ကားတစ်ကား ဖြစ်ခဲ့ပါတယ်။ အဲဒီကားရဲ့အဆက် ၂၀၀၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ The Ring Two ကလည်း ပထမဆုံးကားရဲ့စံချိန်ကို မမီပေမဲ့ ကြည့်လို့ကောင်းဆဲပါပဲ။ ဒီလိုမျိုး သရဲကားကောင်းကောင်းမျိုးဆို ကြည့်ချင်ကြတဲ့ ရုပ်ရှင်ပရိသတ်တွေအတွက် ဟောလိဝုဒ်က တတိယမြောက် Rings ကားကို ဆယ်နှစ်ကျော် အကြာမှာ ရိုက်ကူးပြီး တီဗီထဲကသရဲမကို ပရိသတ်တွေနဲ့ ထပ်မံတွေ့ဆုံစေလိုက်ပါတယ်။ ဒီဇာတ်ကားတွေမှာ အဓိကကျတဲ့အရာတစ်ခုကို ပြောရမယ်ဆို ကျိန်စာသင့်နေတဲ့ ...
movie

Rings (2017)

2017