Channel Myanmar

Anthony Reynolds

Walden (2023) 5.7
Walden (2023)  ဝေါလ်ဒန်ဆိုသူကတော့ တရားရုံးမှာ ကြားနာသမျှအမှုတွေကိုလက်ရေးတိုစက်လေးနဲ့ မှတ်တမ်းတင်ရေးမှတ်ရတဲ့ လက်ရေးတိုသမားလေးပေါ့...။ဒီအလုပ်ကို ၁၄နှစ်လုံးလုံးလုပ်လာခဲ့ပြီး တရားခွင်မှာ ဘယ်လိုပြစ်ဒဏ်တွေပဲချမှတ်ချမှတ်၊ တရားခံကပဲလွတ်သွားသွား၊ သူ့တာဝန်က ရေးမှတ်နေဖို့ပါပဲ...။တကယ်တမ်း အပြစ်ရှိတဲ့သူတွေ ပြစ်ဒဏ်ကျခံရတာလည်းမြင်ရသလိုရက်စက်ပါပေ့ဆိုတဲ့ ရာဇဝတ်သားတွေ ကွင်းလုံးကျွတ်လွတ်သွားတာလည်းမြင်တွေ့ဖူးသူပါ ဒီလိုသာမန်ဘဝကို ဖြတ်သန်းရင်းနဲ့ ဝေါလ်ဒန်ဟာ ဦးနှောက်အကျိတ်ဝေဒနာကိုခံစားရပြီး သေဆုံးရမယ့်ရက်ကိုနီးလာခဲ့ပါတယ်...။ဘဝမှာ လက်ရေးတိုရေးတာကိုသာ စွဲစွဲမြဲမြဲလုပ်ခဲ့ပြီး အခြားဘာတစ်ခုမှထူးထူးခြားခြားမလုပ်ဖူးခဲ့တဲ့ ဝေါလ်ဒန်တစ်ယောက် သေခါနီးပြီဆိုတာသိလိုက်တော့ အသစ်အဆန်းတစ်ခုကို လက်တည့်စမ်းမိသွားပါတယ်...။အဲ့ဒါကတော့ ရာဇဝတ်သားတွေကို သူတို့ပြစ်မှုအတိုင်းခံစားရအောင်တိတ်တဆိတ်လက်တုန့်ပြန်တာပါပဲ...။သေခါနီးလူတစ်ယောက်မို့ ဘာမှကြောက်စရာမရှိတဲ့ ဝေါလ်ဒန်ဟာတရားခွင်ကလွတ်သွားတဲ့ရာဇဝတ်သားတွေကို ဘယ်လိုပြစ်ဒဏ်တွေလိုက်ပေးမလဲဆိုတာကိုမြင်တွေ့ရမယ့် Thrillerကားလေးတစ်ကားဖြစ်ပါတယ် File size…1.31 GB / 613 MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 42m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Walden (2023)

Buried in Barstow (2022) 7
Buried in Barstow (2022) Buried in Barstow (2022)~ IMDb rating - 7/10 ~"အမေတစ်ယောက်က သူ့ကလေးကို ဘေးရန်တွေကနေကာကွယ်ဖို့ မလုပ်ရဲတဲ့အရာမရှိဘူး"ဟုတ်ပါတယ်။ Single Mother တစ်ယောက်ဖြစ်တဲ့ Hazel King ဟာ နယ်မြို့လေးတစ်ခုမှာ စားသောက်ဆိုင်လေးတစ်ဆိုင်ဖွင့်ထားပြီး သမီးလေးနဲ့အတူ ဘဝကို သိုသိပ်စွာနေပါတယ်။ ဇာတ်ကားအစက Hazel King က သွေးမသေးတဲ့သူဆိုတာ ခင်ဗျားကတော့ သိလိုက်ရပေမယ့် သူ့အသိုင်းအဝိုင်းလေးနဲ့ သူ့သမီးအပါအဝင် သူဇာတ်မြှုပ်နေထိုင်တဲ့ဘဝမှာ သူဟာ သာမန်ဆိုင်ဖွင့်ထားသူ တစ်ဦးပါပဲ။တစ်ခုခုလုပ်ပြီးရင် သွေးအေးစွာနေတတ်တဲ့ တုန်လှုပ်မှုမရှိတဲ့ Hazel ဟာ အပေါ်ကပြောသလိုပဲ သူ့သမီးအတွက် အရာရာကို ပြေးကာကွယ်မယ့်သူပါ။ သမီး ဖြစ်သူ Joy ဟာ ဆယ်ကျော်သက်မနူးမနပ်အရွယ်မှာ အချစ်ကို ပညာရေးထက်ပိုအလေးထားခဲ့တယ်ပဲဆိုကြပါစို့။ Joy နဲ့ သူရဲ့ ကောင်လေးဖြစ်တဲ့ Travis နဲ့ Hazel တို့ သုံးယောက် ...
movie

Buried in Barstow (2022)

2022
Mona Lisa and the Blood Moon (2022) 6.2
Mona Lisa and the Blood Moon (2022)  ဒီတစ်ခါ ပရိသတ်ကြီးကို တင်ဆက်ပေးမှာကတော့ စိတ်အမောပြေစေမဲ့ ကားလေးတစ်ကားပါပဲ မွန်နာလီဆာ ဆိုရင် မသိတဲ့သူမရှိသလောက်ပါပဲ ဒီကားထဲက မွန်နာလီဆာလေးကတော့ ကိုရီးယားသူလေးဖြစ်နေတာပါ ထူးခြားတာက သူ့မှာ လူတွေရဲ့စိတ်ကို ထိန်းချုပ်ပြီး သူလိုချင်တာကို ခိုင်းနိုင်တဲ့ အစွမ်းသတ္တိရှိနေတာပါပဲ သူ့ကို ဆယ်ကျော်သက် စိတ္တဇရောဂါသည် ထိန်းသိမ်းရေး ဆေးရုံမှာ ၁၂နှစ်ကြာ ထိန်းသိမ်းထားရာကနေ လပြည့်နေ့တစ်ညမှာ သူ့ကို လက်သည်းခြေသည်းညှပ်ပေးတဲ့သူကို စိတ်နဲ့ထိန်းချုပ်ပြီး ကိုယ့်ကိယ်ကို ဓားနဲ့ထိုးအောင်လုပ်ခဲ့တာပါ အဲဒီဆေးရုံးကနေ သူလွတ်သွားလို့ ခြေဦးတည့်ရာလျှောက်သွားရင်း ဖော်ချွတ်ကလပ်က အကမယ် ဘွန်နီဘဲလ်ဆိုတဲ့ တစ်ယောက်ကို ဘာဂါဆိုင်တစ်ဆိုင်မှာ ကူညီပေးရာကနေ အကမယ်က သူ့ကို အိမ်ခေါ်သွားခဲ့တာပါ သူ့ရဲ့ အစွမ်းကိုသိသွားတဲ့ အကမယ် ဟာ သူ့အစွမ်းတွေသုံးပြီး ပိုက်ဆံတွေ လိုက်လိမ်ပါတော့တယ် အဲဒီလိုနဲ့ အလိမ်ခံလိုက်ရတဲ့သူတွေက ရဲစခန်းကိုလာတိုင်တဲ့အချိန်မှာပဲ သူကပျောက်သွားတဲ့ စိတ်ရောဂါသည်ဆိုတာကို သိသွားပြီး ရဲတွေကအသည်းအသန်လိုက်ဖမ်းတော့တာပါပဲ အဲဒီလိုလိုက်ဖမ်းတဲ့အချိန်မှာ သူလွတ်အောင်ပြေးနိုင်မလား အကမယ်ကရော ...
movie

Mona Lisa and the Blood Moon (2022)

I, Tonya(2017) 7.5
I, Tonya(2017) I, Tonya(2017) IMDb....7.5,,,,Rotten...89  Biography တွေကိုပြန်ရိုက်တဲ့ဇာတ်ကားတွေမှာ အထူးသဖြင့်  ကြည့်ရှှုသူပရိတ်သတ်ကိုပြန်ပြောလေ့ရှိတဲ့ပုံစံမျိုးရိုက်တဲ့ဇာတ်ကားတွေဟာ ကျွန်တော့်အမြင်ပြောရရင် အများအားဖြင့်  အတော်လေးပျင်းရိဖွယ်ကောင်းလှတယ်...ဖြစ်ရပ်မှန်ဆိုတဲ့ ဘောင်ကြီးကွပ်ထားလေတော့ဒါရိုက်တာက မူရင်းနဲ့  သွေဖီမသွားအောင်ရိုက်ရင်း  ကြည့်ရှုသူအနေနဲ့ ပျင်းသွားတတ်တယ်...အဲ့လိုကားတွေထဲမှ ရေခဲစကိတ်စီးအားကစားမယ် Tonya Hardingအကြောင်းကိုရိုက်ထားတဲ့ ယ္ခုဇာတ်ကားကတော့ ပျင်းရိစရာမကောင်းတဲ့အပြင် ဇာတ်လမ်းအစမှ အဆုံးထိ ဆွဲဆောင်မှုရှိလွန်းလှတယ်...Tonya ရဲ့ငယ်ဘဝ၊ မိခင်ဖြစ်သူရဲ့အကြင်နာမဲ့တဲ့ ဆက်ဆံရေးတွေကနေ စရိုက်ဆန်တဲ့ အပျိုပေါက်တစ်ယောက်ဖြစ်လာပုံတွေ၊သူမဘဝတစ်ခုလုံးနီးပါးကို နောင်မှာ ဖျက်ဆီးပစ်လာမဲ့ ယောကျ်ားတစ်ယောက်နဲ့ချစ်ကြိုက်မိပြီး အိမ်ထောင်ကျကာ အိမ်ထောင်ရေးအဆင်မပြေဖြစ်ခဲ့ပုံတွေ၊သူမအားကစားလောကရဲ့ဘဝအနိမ့်အမြင့်တွေ၊ အနိုင် အရှုံးတွေနဲ့သူမဘဝတစ်ခုလုံးကို အပြောင်းအလဲဖြစ်လာစေမဲ့ ဖြစ်ရပ်တစ်ခု ဖြစ်လာပုံတွေကို တင်ပြသွားခဲ့တယ်။ရေခဲစကိတ်အကြောင်းကိုစိတ်မဝင်စား Tonya Harding ဆိုတာလည်းဘယ်သူမှန်းမသိတဲ့ကျွန်တော်ဟာ ဒီကားကြည့်ပြီး သူ့အကြောင်းတွေပြေးဖတ်ရ နီးစပ်ရာသူငယ်ချင်းတွေကိုကားကောင်းမို့ကြည့်ဖို့ ညွှန်းဆိုရနဲ့။ခင်ဗျားဟာ  Drama ကြိုက်သူပဲဖြစ်ဖြစ် ဖိုက်တင်ကားတွေကြိုက်သူပဲဖြစ်ဖြစ် ဘယ်လိုရုပ်ရှင်အမျိုးအစကားကိုပဲကြိုက်ကြိုက်ဒီကားလေးကိုတော့ကြည့်စေချင်တယ်...မင်းသမီးချောMagot Robbie ရဲ့အကောင်းမွန်ဆုံးသောသရုပ်ဆောင်ချက်တွေကြောင့် အော်စကာဆန်ကာတင်စာရင်းလည်းဝင်ခဲ့တယ်...ဇာတ်လမ်းကို ၁၀မိနစ်လောက်လေးပဲမြည်းစမ်းစေချင်တယ်....ဆက်ကြည့်ဖို့မဆွဲဆောင်နိုင်ဘူးဆိုရင်တော့.........ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Ye Pye Sone ပဲဖြစ်ပါတယ်...File Size : (1GB) Quality : ...
movie

I, Tonya(2017)

2017
After the Sunset(2004) 6.5
After the Sunset(2004) After the Sunset(2004)(unicode)((ဒီဇာတ်လမ်းက ဘယ်လောက်လန်းလဲဆိုတာကြည့်ဖူးတဲ့သူတွေသိမှာပါ... မကြည့်ရသေးတဲ့သူတွေအတွက်ရော ကြည့်ပြီးသားသူတွေပြန်လည်ခံစားရမှာ ရသအပြည့်အဝရစေဖို့ Blu-Ray 1080p 5.1 CH,720Pတို့ဖြင့် တင်ဆက်ပေးထားပါသည်...) အလစ်သုတ်ရာမှာ ကျွမ်းကျင်လှပါတယ်ဆိုတဲ့ မက်စ် နဲ့ လိုလာတို့ဟာ တစ်​နေ့မှာ​တော့ FBI ​အေးဂျင့် စတန်လေ ကိုယ်တိုင် ​စောင့်​ရှောက်​နေတဲ့ ကြားက​နေ စိန်တုံးတစ်တုံးကို ခိုးယူသွားခဲ့ပါတယ်။ အဲ့စိန်တုံးက နပိုလီယံ ပိုင်ဆိုင်ခဲ့တဲ့ စိန်တုံး သုံးတုံး ထဲက ဒုတိယ​မြောက် အတုံးဖြစ်ပါတယ်။ ဒီကိစ္စ ပြီးတဲ့​နောက်မှာ​တော့ မက်စ်နဲ့ လိုလာတို့ဟာ သူခိုး​လောကက​နေ အနားယူခဲ့ပြီး Bahamas နိုင်ငံက Paradiseကျွန်း​ပေါ်မှာ အပန်း​​ဖြေ​နေခဲ့ကြပါတယ်။ ဖြစ်ချင်​တော့ နပိုလီယံရဲ့ တတိယ​​မြောက် စိန်တုံးဟာ တ​နေ့မှာ Paradiseကျွန်း​ပေါ်ကို ဆိုက်ဆိုက်​​မြောက်​မြောက် ​ရောက်လာပါ​တော့တယ်။ ဒီ​နောက်မှာ​တော့ ဘာ​တွေဆက်ဖြစ်ကြမလဲ။ မက်စ်နဲ့ လိုလာတို့ဟာ တကယ်ပဲအနားယူသွားတာလား။ တတိယ​မြောက် စိန်တုံးကို ထပ်အလစ်သုတ်ဦးမလား။ FBI​အေးဂျင့် စတန်​လေ က​ရော ဒီတ​ခေါက် ဘာအကြံအစည်​တွေများ ရှိ​နေဦးမလဲ။ သူတို့​တွေရဲ့ အားပြိုင်မှု ကြားထဲ ...
movie

After the Sunset(2004)

Trial by Fire (2019) 6.4
Trial by Fire (2019) တကယ်ပဲကလေးတွေကိုမီးရှို့သတ်ခဲ့တာလား၊လွတ်မြောက်ဖို့မျှော်လင့်ချက်တွေထားရင်းတကယ်ပဲသေဒဏ်မှလွတ်မြောက်မှာလားဆိုတာရယ်ဥပဒေလုပ်ထုံးလုပ်နည်းတွေကရောတကယ်ပဲမျှတရဲ့လား၊အဆိုးရွားဆုံးပြစ်မှုကျ ူးလွန်တဲ့သူတွေကရောလူသားတွေဖြစ်တဲ့အတွက်သေဒဏ်ပေးသင့်လား၊အပြင်လောကမှာရောမှားယွင်းပြီးသေဒဏ်ပေးခံရတဲ့လူဘယ်လောက်များရှိနေမလဲဆိုတာတွေကိုဖော်ပြရိုက်ကူးထားတဲ့ တကယ့်ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ကြည့်သင့်တဲ့ကားတစ်ကားလို့ ညွှန်းချင်ပါတယ်။IMDb rating 6.3 Rotten Tomatoesမှာ 61%နှင့်တခြားဝေဖန်မှုကောင်းတွေလည်းရထားပြီးနာမည်ကြီးမင်းသမီးကြီး Laura Dernလည်းပါဝင်ထားပါတယ်။(ရေဒီယိုမှလာတဲ့အမေရိကန်soccerအသုံးအနှုန်းအချို့ကိုအနီးစပ်ဆုံးဘာသာပြန်ထားပါတယ်)File Size : (1 GB) & ( 372 MB)Quality : Web-DL 720pRunning Time : 2 hr 07 minFormat : Mp4Genre : Biography , DramaSubtitle : Myanmar Subtitle (Hard Sub)Translated by Moe LayEncoded by Moe Myint Lwin
movie

Trial by Fire (2019)

2018
Prisoners (2013) 8.1
Prisoners (2013) Prisoners (2013)IMDb.... 8.1 Rotten Tomatoes.. 82% Cast..... Hugh Jackman, Jake Gyllanhaal" ကျွန်​​တော်​တို့တ​တွေရဲ့ ဘဝ အဓိပ္ပါယ်​ ကျွန်​​တော်​တို့ တန်​ဖိုးထားမြတ်​နိုးရတဲ့ လူ​တွေကို ဆုံးရှုံးရတဲ့အခါ ကျွန်​​တော်​တို့တကယ်​ပဲ မ​ကောင်​းဆိုးဝါး တစ်​ပိုင်​းဖြစ်​သွားကြသလား"ဒီကားရဲ့ Main cast ​တွေက​တော့ Hugh Jackman နဲ့ Jake Gyllanhaalပါ။ သူတို့ ပါ​နေတာနဲ့တင်​ ဘာမှဆက်​ ညွှန်​းဖို့ မလို​လောက်​​အောင်​ပါပဲ။အ​ဖေဇာတ်​ရုပ်​​တွေနဲ့ အ​တော်​စားတဲ့ Hug Jackmanဟာ Logan တို့ Greatest Showman တို့ တို့မှာ အ​တော်​​လေး စျာန်​ဝင်​ခဲ့သလို ဒီကားထဲမှာလည်​း သမီး​ပျောက်​လို့ ပူပန်​​နေရတဲ့ အ​ဖေတစ်​​ယောက်​အ​နေနဲ့ လုံးဝ Perfect ဖြစ်​ခဲ့ပါတယ်​။Jake Gyllanhaal ရဲ့ ဟန်​ကလည်​း အ​တော်​​လေး သ​ဘောကျစရာ​ကောင်​းတာကို ​တွေ့ရမှာပါ။မြို့က​လေးတစ်​မြို့မှာ ဖြစ်​လာမဲ့ အရာရာတိုင်​းအတွက်​ အသင်​့ပြင်​ထားရမယ်​ဆိုတဲ့ အ​တွေးအ​ခေါ်နဲ့ Keller(Hugh)ဆိုတဲ့ လူလတ်​တန်​းစားတစ်​​ယောက်​ ရှိ​ပါတယ်​။​ ​ကျေးဇူး​တော်​​နေ့မှာ တစ်​ဖက်​လမ်​းက အိမ်​ကို စား​သောက်​ပွဲတစ်​ခုသွားရင်​း အိမ်​ရှင်​ရဲ့ သမီး​လေးနဲ့ Kellerအိမ်​ကို ပြန်​သွားရင်​း Keller ရဲ့ သမီး​လေး ​ပျောက်​ဆုံးသွားပါတယ်​။လိုက်​သမျှ အမှု မ​အောင်​မြင်​တာ မရှိ​သေးတဲ့ စုံ​ထောက်​Loki (Jake) ဟာ ဒီအမှုကို ကိုင်​တွယ်​ဖို့ ဖြစ်​လာခဲ့တယ်​။ သမီးအတွက်​ ...
movie

Prisoners (2013)

2013