Channel Myanmar

Antonio Cupo

Elegy (2008) 6.7
Elegy (2008) IMDB မှာ rating 6.7 ရရှိထားပြီး လူတွေရဲ့ကြားကဆက်ဆံရေး သံယောဇဥ် မေတ္တာတွေကိုဖြည်းဖြည်းချင်းကြည့်ရှုခံစားမြင်သာလာစေမယ့်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ Iron Man 3 ထဲကဟန်ဆောင်အကြမ်းဖက်သမားကြီးအနေနဲ့လူသိများပြီး Shang Chi ထဲမှာလည်း ပါဝင်ထားတဲ့မင်းသားကြီး Ben Kingsley နဲ့ Pirates of the Caribbean 4 ထဲကCaptain Black Beard ရဲ့သမီးအဖြစ်သရုပ်ဆောင်ထားတဲ့မင်းသမီးချော Penelope Cruz တို့ ၂၀၀၈ခုနှစ်ကပါဝင်သရုပ်ဆောင်ထားတဲ့ကားဖြစ်ပြီးအမေရိကန် romance/drama အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။အဖော်အချွတ် ဇာတ်ဝင်ခန်းများ အနည်းငယ်ပါဝင်တဲ့အတွက်ကြောင့် မိသားစုနဲ့အတူကြည့်ဖို့အတွက်ဆို သတိချပ် စေလိုပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်အိမ်ထောင်ကွဲဘယ်သူနဲ့မှအတည်တကျရှိဖို့စိတ်မကူးခဲ့တဲ့တက္ကသိုလ်ကပရော်ဖက််ဆာ ဒေးဗစ်ကစ်ပစ်ရှ်(Ben Kingsley)တစ်ယောက် သူ့ထက်အသက် ၃၀ လောက်ငယ်တဲ့ခွန်ဆွယ်လာ(Penelope Cruz) ဆိုတဲ့ကျောင်းသူလေးနဲ့ချစ်ကျွမ်းဝင်မိသွားခဲ့ကြပါတယ်။ အဲ့ဒီနောက် သူတို့၂ ယောက်ကြားက သမီးရည်းစားပဋိပက္ခတွေချစ်ခြင်းမေတ္တာတွေ အရင်အိမ်ထောင်က ဒေးဗစ်နဲ့သူ့ရဲ့သားတို့ကြားကသားအဖမေတ္တာတွေ သူ့ရဲ့တစ်ဦးတည်းသော ရင်ဖွင့်ဖော်သူငယ်ချင်းတို့ရဲ့ကြားက သူငယ်ချင်းမေတ္တာတွေ အားလုံးကိုတစ်ဖြည်းဖြည်း နားလည်မြင်သာလာအောင်ကြည့်ရှုခံစားရမယ့် ရသဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်။  File size…    2.3 GB ...
movie

Elegy (2008)

Christmas at the Golden Dragon (2022) 6.6
Christmas at the Golden Dragon (2022) Christmas at the Golden Dragon (2022) =============================ဒီဇာတ်ကားကလေးကတော့ ခရစ်စမတ်ဟာသ ကားလေးပဲ ဖြစ်ပါတယ်။ Romy နဲ့ Rick ဆိုတဲ့ မောင်နှမနှစ်ယောက်နဲ့ သူ တို့မိသားစုဟာ ခရစ်စမတ်တိုင်း မပိတ်ပဲဖွင့်တဲ့ Golden Dragon ဆိုတဲ့စားသောက်ဆိုင်ကြီးရဲ့ ပိုင်ရှင်တွေပဲ ဖြစ်ပါတယ်။ ခရစ် စမတ်ဆိုရင် Wichita ကအခြားဆိုင်တွေက ပိတ်ထားတော့ လူတွေက Golden Dragon ကိုပဲလာကြတော့ သူတို့အတွက် ခရစ်စမတ်ဟာ အလုပ်အရှုပ်ဆုံးအပတ်ဆိုတာအသေချာပါပဲ။ဒါပေမယ့် တစ်နေ့ Romy သူ့ကောင်လေးမိဘတွေနဲ့  သွားတွေ့ဖို့ ရပ်ခြားကိုရောက်နေတဲ့ အချိန် မထင်မှတ်ထားတဲ့ သတင်းတစ်ခု ကို ကြားလိုက်တဲ့အခါ ဘာတွေ ဖြစ်လာမလဲ၊ ဘာအလွဲလေးတွေ ဖြစ်မလဲဆိုတာကို ဟာသဆန်ဆန်လေး‌ ဖော်ပြထားပါတယ်။ မိသား စုနှင့်အတူကြည့်သင့်တဲ့ကားလေးဖြစ်ပြီးတော့ ကြည့်ရတာ ပျော်စရာ ကောင်းသလို Wichita မြို့လေးကလူတွေ ဖော်ရွေကြပုံ တစ်ယောက် ကို တစ်ယောက် ဘယ်လောက်ရိုင်းပင်းကြပုံက ရင်ကိုနွေးထွေးစေ မှာပါ။ IMDBအနေနဲ့လဲ 6.6/10 ရထားတာမလို့ မဆိုးလှပါဘူး။ ပိတ်ရက်မှာ မိသားစုနဲ့အတူ ကြည့်ဖို့သိပ်ကိုကောင်းတဲ့ ဇာတ်ကား‌ လေးတစ်ခုဖြစ်လို့ ကြည့်ကြည့်ကြပါလို့ပဲ ...
movie

Christmas at the Golden Dragon (2022)

2022
Guiding Emily (2023)
Guiding Emily (2023) Guiding Emily ဆိုတဲ့စာအုပ်လေးကိုအခြေခံရိုက်ကူးထားတာဖြစ်ပြီး IMDb 7.8 အထိရရှိထားတဲ့အပြင် ကြည့်ရှုနှုန်းတွေဆက်တိုက်တက်နေတဲ့ ဒရမ်မာကားကောင်းလေးတစ်ကားဖြစ်ပါတယ် ခွေးလေးတွေက လူတွေရဲ့အကောင်းဆုံးအဖော်အဖြစ်သတ်မှတ်ခံထားရတာပါ ကူညီပေးတတ်ပြီးနာခံတတ်တဲ့ခွေးလေးတွေကို လူတွေကအိမ်မွေးတိရိစ္ဆာန်အဖြစ်အပြင် မျက်မမြင်နဲ့မသန်စွမ်းတွေကို ကူညီပေးဖို့အတွက်လည်းမွေးတတ်ကြပါသေးတယ် ဒီဇာတ်လမ်းလေးကတော့ ဂါ့သ်ဆိုတဲ့ခွေးလေးရဲ့အိပ်မက်ဖြစ်တဲ့ မျက်မမြင်လမ်းပြခွေးဖြစ်လာပုံနဲ့ သူချစ်ရတဲ့သူနဲ့အတူ ဘယ်လိုနေထိုင်သွားကြမလဲဆိုတာကိုကြည့်ရှုရမှာပါ ဇာတ်လမ်းအကျဉ်း..... အမ်မလီရဲ့ဘဝဟာအရာရာပြည့်စုံနေခဲ့ပြီး သူကပျော်ပျော်ပါးပါးအလုပ်လုပ်ရင်း စွန့်စားရတာကိုလည်းကြိုက်တဲ့သူတစ်ယောက်ပါ တစ်နေ့မှာတော့ မတော်တဆမှုတစ်ခုကြောင့်အမ်မလီဟာ မျက်စိကွယ်သွားခဲ့ရပြီး သူ့ဘဝကြီးကလည်းဇောက်ထိုးမိုးမျှော်ဖြစ်သွားသလို စိတ်ဓာတ်တွေလည်းအောက်ဆုံးထိထိုးကျသွားရပါတော့တယ် ဒါပေမဲ့ ချစ်ရတဲ့သူတွေကဘေးမှာရှိနေပေးပြီး အားပေးကြတာကြောင့်အမ်မလီတစ်ယောက် ကြိုးစားရုန်းကန်ရင်း သူ့ရဲ့ဘဝလေးကိုဘယ်လိုဖြတ်သန်းမလဲ ဂါ့သ်ကရော သူချစ်ရတဲ့ကောင်မလေးအမ်မလီနဲ့ဘယ်လိုဆုံတွေ့ကြမလဲ ဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ်File size…(1.8 GB)/(976 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre...Comedy, Drama, romance, Tv Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

Guiding Emily (2023)

The Legend of La Llorona (2022) 5.3
The Legend of La Llorona (2022) The Legend of La Llorona (2022)လာ ရိုရို့နာဆိုတာ မက္ကဆီကိုရဲ့ နိုင်ငံကျော် သရဲပုံပြင်တစ်ခုပါပဲ။ နောက်ခံဇာတ်ကြောင်းကွဲလေးတွေကတော့ အမျိုးမျိုးရှိတာပေါ့။ ဒါပေမဲ့ အကြမ်းဖျဉ်းအားဖြင့်တော့ တူညီကြပါတယ်။လာရိုရို့နာဆိုတာ အင်္ဂလိပ်လိုဆိုရင် "ငိုကြွေးနေတဲ့မိန်းမ" ပါတဲ့။ သူ့ကလေးလေး သေသွားရတဲ့အတွက် ငိုနေပြီး ကလေးတွေကို အစားလိုက်ဖမ်းတတ်တဲ့သရဲပါ။ ဒီရုပ်ရှင်မှာတော့ လာရိုရို့နာနဲ့ပတ်သက်နေတဲ့ မက္ကဆီကိုက တည်းခိုခန်းတစ်ခုကို မသိဘဲနဲ့လာတည်းမိတဲ့ အမေရိကန်လင်မယားနှစ်ယောက်နဲ့ သူတို့ရဲ့သားလေး ကြောက်စရာတွေကို ရင်ဆိုင်ရပုံတွေကို ပြထားတာပါပဲ။ ဟော်ရာကားကြိုက်သူတွေ ခံစားကြည့်လိုက်ပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre.....Horror, Thriller Quality….WEB-DL 1080p and 720p adn 360p File size…1.7GB and 819MB and 273MB Format…mp4 Duration….1h 38min Subtitle….Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... August
movie

The Legend of La Llorona (2022)

2022
Vault (2019) 5.5
Vault (2019) ဒီကားလေးကတော့ဖြစ်ရပ်မှန်ဇာတ်လမ်းကိုပြန်လည်ရိုက်ကူးထားတဲ့ကားကောင်းလေးတစ်ကားပါဒူ့စ်နဲ့ချက်ကီဆိုတဲ့သူငယ်ချင်းနှစ်ယောက်ကအသက်ဆယ့်ငါးနှစ်ထဲကခင်လာပြီးသူခိုးအလုပ်တူတူလုပ်ပြီးအရွယ်ရောက်လာတော့ ဘဏ်တွေကိုဓါးပြတိုက်ကြကံဆိုးချင်တော့တစ်ရက်မှာဘဏ်ဓါးပြတိုက်ပြီးဖမ်းခံလိုက်ရတဲ့အချိန်မှာ....လူမိုက်ဂိုဏ်းကအုပ်စိုးထားတဲ့အကျဉ်းထောင်ကိုပို့ခံလိုက်ရပြီးအဲဒီအချိန်ကစပြီးသူတို့ဘဝရဲ့ကံဆိုးမှုကြီးစတင်တာပဲ...လူမိုက်အဖွဲ့ထဲကတစ်ယောက်ကသူတို့နှစ်ယောက်ကိုသတိထားမိပြီးတော့အပေးအယူတစ်ခုကိုကမ်းလှမ်းလိုက်တယ်အဲဒီအပေးအယူအတိုင်းသူတို့လည်းထောင်ကထွက်ကရောလူမိုက်တွေရဲ့ပိုက်ဆံတွေကိုအစိုးရကမသိအောင်သိမ်းပေးတဲ့ဆိုင်တစ်ဆိုင်ကိုဓါးပြဝင်တိုက်ရပေမယ့်...အပေးအယူအတိုင်းဖြစ်မလာပဲလူတွေတစ်ယောက်ပြီးတစ်ယောက်သတ်ခံလာရတဲ့အခါမှာနောက်ဆုံးအချစ်ဆုံးသူငယ်ချင်းနှစ်ယောက်သစ္စာဖောက်ဖို့အထိတွေပါဖြစ်လာတဲ့အခါနောက်ကွယ်ကအကုန်လုံးကိုကြိုးကိုင်ထားတဲ့လူဆီရောက်နိုင်မလားသူတို့အသက်ရှင်နိုင်မလားဆိုတာတွေကို ကြည့်ရှုလိုက်ပါဦးနော်သူငယ်ချင်းသံယောဇဉ်တွေငွေနောက်ကိုပဲမလိုက်သင့်တဲ့အကြောင်းတွေဘယ်သူ့ကိုမှမယုံကြည်သင့်တဲ့အကြောင်းတွေကိုသေချာရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ကားကောင်းလေးတစ်ကားပါ File Size : (928 MB) & (176MB)Quality : WEB-DL 720pRunning Time : 1 hr 39 minFormat : Mp4Genre : Crime , DramaSubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by Moe Myint Lwin
movie

Vault (2019)

2019