Channel Myanmar

Ashley Taylor

Invictus (2009) 7.3
Invictus (2009)  IMDB 7.3/10, RT 76 %, ဆု ၁၂ ဆုနဲ့ ဇကာတင် (အော်စကာဆုအပါအဝင်) ၃၈ ခု ဝင်ခဲ့တဲ့ Sport/Drama အမျိုးအစား ဖြစ်ရပ်မှန်ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဝါရင့်သရုပ်ဆောင်ကြီးတွေဖြစ်တဲ့ Morgan Freeman (The Shawshank Redemption)နဲ့ Matt Damon (The Martian)တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပြီး တောင်အာဖရိကရဲ့ပထမဆုံး လူမည်းသမ္မတ နယ်လ်ဆင်မန်ဒယ်လာရဲ့ လူဖြူ၊ လူမည်း ပြည်သူတစ်ရပ်လုံးကချစ်တဲ့သမ္မတအဖြစ် ကြိုးပမ်းပုံကို ပုံဖော်ရိုက်ကူးထားတာပါ။ဇာတ်လမ်းရဲ့ စ လယ် ဆုံး သုံးပါးလုံးက ခိုင်မာတဲ့ ဖြစ်ရပ်မှန် သမိုင်းနောက်ခံဖြစ်တယ်ဆိုတာနဲ့ အရည်အချင်းပြည့်ဝပြီး ပီပြင်အောင် သက်ဝင်ခံစားနိုင်တဲ့ သရုပ်ဆောင်တွေရယ်၊ ပါဝင်တဲ့ဇာတ်ကောင်တိုင်းက အပြင်လောကမှာ တကယ်ရှိတဲ့ဇာတ်ကောင်တွေကို ပုံဖော်ထားတာရယ်၊ ခမ်းနားကြီးကျယ်တဲ့ ပြိုင်ပွဲရိုက်ချက်တွေရယ်ကြောင့် review ကောင်းများစွာကို ရရှိထားတဲ့ ကားကောင်းတစ်ကားလည်း ဖြစ်ပါတယ်။ဇာတ်ကားရဲ့နာမည် Invictus ...
movie

Invictus (2009)

Flipped(2010) 7.7
Flipped(2010) Flipped(2010)IMDb....7.7လူ့တို့ရဲ့ သဘောဟာ ဆန်းကျယ်တယ်ထင်ပါရဲ့..ချိုဆိမ့်တဲ့အရသာကို ကြိုက်ကြသလို ဖန်ငန်စပ်အရာသာကိုလည်းကြိုက်ကြတာပဲ.. ဒီလိုပဲ အချစ်၊အလှ ၊အလွမ်းဆိုတဲ့ သိမ်မွေ့နူးညံတဲ့ ခံစားမှုစည်းစိမ်ကိုနှစ်သက်ကြသလို ကြမ်းတမ်းထိတ်လန့်စရာ စည်းစိမ်ကိုလည်း နှစ်သက်ကြတာပါပဲ...မည်သို့ပင်ဆိုစေအချစ်၊အလှ ၊အလွမ်းဖွဲ့ဇာတ်ကားလေးတွေခံစားချင်တဲ့သူတွေအတွက် ဒီကားလေးတင်ပေးလိုက်ပါတယ်...၂တန်းကလေးအရွယ် ဘရိုက်စ်ဆိုတဲ့ကောင်လေးတို့မိသားစုက ဂျူလီဆိုတဲ့ကောင်မလေးရှိတဲ့ အိမ်နားကိုပြောင်းလာတယ်... ကောင်မလေးကတော့ပထမဆုံးတွေ့တွေ့ချင်းကောင်လေးရဲ့ တောက်ပတဲ့မျက်လုံးတွေနဲ့အကြည့်ချင်းဆုံမိပြီး သဘောကျသွားတယ်.. ဖြစ်ချင်တော့ကောင်လေးက သူ့ကိုတစ်စက်ကလေးမှသဘောမကျ စိတ်ပျက်စရာကောင်မလေးအမြင်ကပ်စရာလေးလို့ပဲမြင်နေတာပါပဲ...ဒီကားက ကောင်မလေးရဲ့ အမြင်ရယ် ကောင်လေးရဲ့အမြင်ရယ်ကို အချိုးကျပြသသွားတယ်...ဆယ်ကျော်သက်ရွယ် ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်ရဲ့အချစ်နဲ့ပတ်သက်ပြီးတွေ့ကြုံခံစားသိမြင်ပုံလေးတွေကို လှလှပပလေးရိုက်ပြသွားတာပါ ...တစ်ချို့သောသူတွေအတွက် ပျော်ရွှင်ဖွယ်ရာ စိတ်ကူးယဉ်ကမ္ဘာထဲကိုရောက်နေသလိုတောင်ခံစားရနိုင်တယ်...အယ် တစ်ချို့သောသူတွေအတွက် ငယ်ဘဝ ငယ်ချစ်ဦးကို ပြန်လွမ်းဆွတ်တမ်းတပြီးအလွမ်းပြေစရာတစ်ခုခုဖန်တီးသွားလောက်တယ်...ဥပမာ ငယ်ငယ်ကချစ်ဖူးခဲ့တဲ့သူအတွက်ရည်စူးရေးစပ်ထားဖူးတဲ့ကဗျာစာအုပ်အဟောင်းလေးတွေကိုတောင်ပြန်ဖတ်သွားတာမျိုးပေါ့...အယ် ဆယ်ကျော်သက်လူငယ်တွေအတွက်တော့ ဆင်ခြင်စရာလေးတွေအတုယူစရာလေးတွေရသွားမှာပေါ့ဗျာ....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  JtheKoalaဖြစ်ပါတယ်...File Size : (2.1GB) and (730MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…01:30:00 Genre :  Comedy, Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by JtheKoala Encoded by Phyo Pyae
movie

Flipped(2010)

2010