Channel Myanmar
Bobby Schofield
Black Sea (2014) 6.4
Black Sea (2014)  ၂၀၁၄ ခုနှစ်ကထွက်ခဲ့တဲ့ ဒီရုပ်ရှင်ဟာ နာမည်ကြီးမင်းသား Jude Law ပါဝင်သရုပ်ဆောင်ထားတဲ့ ရေငုပ်သင်္ဘောကိုအဓိက အခြေခံထားတဲ့ Thriller ဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ်.Jude Law ဟာဆိုရင် ကျွန်တော်တို့ရဲ့ Ironman မင်းသားကြီး Robert Downey Jr. ရဲ့ Sherlock Holems ရုပ်ရှင်တွေမှာ နောက်ထပ် အဓိကဇာတ်ကောင်ဖြစ်တဲ့ Dr.Watson နေရာကနေ သရုပ်ဆောင်သူဖြစ်ပြီး အခြားနံမည်ကြီး ရုပ်ရှင်တွေဖြစ်တဲ့ Enemy at the Gates, Rise of the Guardians အပြင် Fantastic Beasts ရုပ်ရှင်တွေမှာ သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်.ဇာတ်လမ်းအကျဉ်းရေတပ်ကပ္ပတိန်ဟောင်းဖြစ်သူ ရော်ဘင်ဆင်ဟာ သူလက်ရှိအလုပ်လုပ်နေတဲ့ အာဂိုရာဆိုတဲ့ ကုမ္ပဏီကနေ အလုပ်ထုတ်ခံခဲ့ရပြီး သူ့ရဲ့ ဇနီးနဲ့လည်း ကွာရှင်းထားခဲ့တဲ့သူဖြစ်ပါတယ်. နောက်တော့ သူ့ရဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ ကာစတန်က ဂျော်ဂျီယာရေပိုင်နက်ထဲက ပင်လယ်နက်ထဲမှာ နစ်မြုပ်နေတဲ့ ဒုတိယကမ္ဘာစစ်က ပျောက်ဆုံးနေတဲ့ ...
movie
Black Sea (2014)
The Covenant(2023) 8.0
The Covenant(2023) The Covenant(2023)*******************Sherlock Holmes 2009 တို့ Alladin 2019 တို့ကိုရိုက်ခဲ့တဲ့ ဒါရိုက်တာ Guy Ritchie ရဲ့ ဖြစ်ရပ်မှန်အခြေခံ စစ်ကားအသစ်လာပါပြီ။ဇာတ်ကားနာမည် Covenant ဆိုတာကတော့ ကတိတစ်ခု သစ္စာတစ်ခုကို ဆိုလိုတာပါပဲ။ မင်းသားကတော့ ဂျိတ်ယီလင်ဟောပါပဲ။ အဖြစ်အပျက်ကတော့ အာဖဂန်စစ်ပွဲတွင်းကိုပဲ အခြေတည်ထားတာပါ။ အောက်တိုဘာ ၇ ရက်၊၂၀၀၁ ခုနှစ်မှာ ၉/၁၁ တိုက်ခိုက်မှုကိုတုံ့ပြန်တဲ့အနေနဲ့ အမေရိကန်တပ် ၁၃၀၀ ကို အာဖဂန်မှာတာဝန်ချထားခဲ့ပေမဲ့ ၂၀၁၁ ဒီဇင်ဘာမှတေ့ာ အမေရိကန်တပ်သား ၉၈၀၀၀ အထိ တာဝန်ပေးတပ်စွဲစေခဲ့ပါတယ်။အဲဒီတပ်တွေနဲ့အတူ အာဖဂန် စကားပြန်ပေါင်း ၅၀၀၀၀ လောက်ကို အမေရိကန်မှာ ခိုလှုံခွင့်ပေးဖို့ သဘောတူညီချက်နဲ့အမေရိကန်စစ်တပ်က တာဝန်ပေးခဲ့ပါတယ်။ အဲဒီကာလအတွင်းမှာ တပ်ကြပ်ကြီး ဂျွန် ကန်န်လီနဲ့ စကားပြန် အာမက်တို့အသက်လုပြီးတိုက်ပွဲဝင်ခဲ့ရပုံတွေကို တစ်ဝက်လောက်အထိပြထားတာပါ။ အာဖဂန်ကနေ ၂၀၂၁ ခုနှစ်မှာအမေရိကန်တွေတပ်ဆုတ်ပြီး တာလီဘန်တွေ အာဏာရသွားချိန်မှာ စကားပြန်ပေါင်း ...
movie
The Covenant(2023)
4K HEVC
Don’t Breathe 2 (2021) 6.3
Don’t Breathe 2 (2021) IMDb Rating (6.3)Don't breath(2016) ထဲက မျက်မမြင်အဘိုးကြီးက ကြမ်းတုန်းပါပဲ။ ဒီကားမှာတော့ပိုကြမ်းတယ်လို့ပြောလို့ရတယ်။အရင်က အိမ်ကိုဖောက်တဲ့သူခိုးလေးတွေကိုတွယ်တာ... အခုကမူးယစ်ဆေးနဲ့ ကိုယ်အင်္ဂါကုန်ကူးတဲ့လူတွေကိုတွယ်မှာပါ။ Don't breath ဆိုတဲ့အတိုင်း အသက်ရှူဖို့တောင် မနားနိုင်အောင် ကြမ်းပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Don't breath(2016)ရဲ့အဖြစ်အပျက်ဖြစ်ပြီး ၈ နှစ်အကြာကာလမှာ ဇာတ်အိမ်တည်ထားပါတယ်။ မျက်မမြင်အဘိုးကြီးက ကလေးမလေးတစ်ယောက်နဲ့နှစ်ယောက်တည်း သီးသန့်နေပြီး ကလေးမလေးကို မိမိကိုယ်ကိုခုခံကာကွယ် အသက်ရှင်နိုင်ဖို့ သင်ခန်းစာတွေပို့ချထားပါတယ်။တစ်နေ့ ကလေးမလေးကို မြို့ထဲအလည်အပတ်လွှတ်လိုက်တဲ့အချိန် ဂေါက်တောက်တောက်လူနဲ့တွေ့ပြီး အဲဒီလူနဲ့အပေါင်းအပါတွေက ကလေးမလေးနောက်ကလိုက်လာရာက မျက်မမြင်ဘိုးတော်နဲ့ တွေ့ကြတဲ့အခါ...မျက်မမြင်ထင်ပြီး လျှော့တွက်ကြမယ့်ကောင်တွေနဲ့ မျက်စိသာမမြင်ပေမယ့် အသတ်အပုတ်ရှယ်ကြမ်းတဲ့ ဘိုးတော်တို့ ဘယ်လိုစခန်းသွားကြမလဲဆိုတာ...။Horror, Thriller ဇာတ်ကားလို့ သတ်မှတ်ထားပေမဲ့ Action ဖက်ကိုပိုပြီးသွားပါတယ်။ဇာတ်လမ်းကလည်းသွက်တယ်။သတိပြန်ပေးရဦးမယ် အသက်ရှူဖို့မမေ့ပါနဲ့ဦး။  File size…(1.7 GB) / (980 MB) / (500MB) Quality…WEB-DL 1080p/720p/480p Format…mp4 Duration….01:38:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by d3m0n Lynn
movie
Don’t Breathe 2 (2021)
Cherry (2021) 6.5
Cherry (2021) Cherry (2021)တွမ် ဟော်လန် ရဲ့ ရုပ်ရှင် အသစ်လေး ကြည့်လိုက်ရအောင်။The Devil All the Time လိုပါပဲ။ ဘဝသရုပ်ဖော် ဝတ္ထုတစ်ခု ဖတ်နေရသလိုပါပဲ။ဆေးတပ်သား အဖြစ် အီရတ်မှာ တိုက်ပွဲဝင် ...... သူရဘွဲ့တွေရ ..... စိတ်ဒဏ်ရာနဲ့ ပြန်လာပြီး ဆေးတွေစွဲ ရုန်းကန်ရတဲ့ ဘဝခပ်နာနာကို တွေ့ရမှာပါ။"ညီမလေးက အချစ်ကို ကိုးကွယ်သတဲ့လား" ဝတ္ထုထဲကလို မိန်းကလေး မျိုးနဲ့အတူ ဘဝကို ဘယ်လိုရုန်းကန်ကြလဲ ပြထားတာပါပဲ။လက်ရှိမှာတော့ တစ်ကြိုစာရင်း နှစ်ကြိမ်ဝင်ခဲ့ပြီးပါပြီ။IMDb - 6.5/10 ရထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ LittleNeo ပဲ ဖြစ်ပါတယ်။File size…1GB and 3.2GB Genre ... Crime, Drama Quality….720p Web-dl and 1080P HEVC Format…mp4 Duration…. 2hr 22min Subtitle….Myanmar Subtitle (Hardsub) Translator ..... LittleNeo Encoder ...
movie
Cherry (2021)
2021
Locked Down (2021) 5.0
Locked Down (2021) Locked Down (2021)================IMDb Rating - 5.0/10 ဒီ Locked Down ဆိုတဲ့ကားလေးက ကြည့်ရှူသူတွေကို ဇာတ်လမ်းခပ်အေးအေး Cast အလန်းစားတွေနဲ့ ဖြည်းဖြည်းချင်းရင်ထဲထည့်သွားစေမဲ့ကားလေး ဒီကားလေးကိုကြည့်ပြီးရင် Covid ကြောင့် ဖြစ်ရတဲ့အခြေအနေတချို့ကို ကွက်ကွက်ကွင်းကွင်းမြင်လာနိုင်မယ်။ဇာတ်လမ်းအကျဉ်းအရတော့ တဖြည်းဖြည်းယိုယွင်းပျက်စီးလာတဲ့ အိမ်ထောင်ရေးကြောင့် ခွာပြဲရတော့မဲ့ Linda နဲ့ Paxton ဟာCovid Lockdown ကြောင့် တစ်အိမ်တည်းမှာ ပိတ်မိနေကြတယ်။ ဘ၀ကိုအရိုင်းဆန်ဆန်ဖြတ်သန်းခဲ့တဲ့ Paxton နဲ့ တော်ပြီးထက်မြက်တဲ့ Linda တို့ အချိုးအကွေ့တစ်ခုမှာ ဆုံခဲ့ကြပေမဲ့ Paxton တစ်ယောက်ကတော့ တစ်ညမှာ သူလုပ်လိုက်တဲ့အမှားတစ်ခုကြောင့်ဒီလိုတွေ သူဘ၀ဆက်တိုက် ကံဆိုး‌နေရတာလို့ ထင်နေတယ်။ Linda ဆိုတဲ့အမျိုးသမီးလေးကလည်း အပြင်ပန်းကကြည့်ရင် အလုပ်အကိုင်ကောင်း ၀င်ငွေကောင်းပေမဲ့ စိတ်ဖိစီးစရာ စိတ်ရှုပ်စရာတွေအပြည့်ရှိနေတာကို အတူနေတဲ့ သူ့ရည်းစား Paxton မပြောနဲ့ တစ်ဦးတစ်လေတောင်မသိ၊ ဒီလိုနဲ့ ကံကြမ္မာကြောင့်ပဲလိုဆိုရမလား သူတို့ရဲ့ ...
movie
Locked Down (2021)
2021
How to Build a Girl (2019) 6.0
movie
How to Build a Girl (2019)
2019
The Catcher Was a Spy (2018) 5.9
The Catcher Was a Spy (2018) ဒုတိယကမ္ဘာစစ်ကြီးဟာ တစ်ကမ္ဘာလုံးကို ပူဆွေးသောကနဲ့ ပြာပုံတွေသာ ချန်ခဲ့ပေမယ့် လူ့သမိုင်းမှာ အဆန်းကြယ်ဆုံး ဖြစ်ရပ်တွေ ရင်ခုန်စရာစွန့်စားခန်းတွေကိုလည်း ပေါ်ပေါက်ခဲ့စေပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာ ရက်စက်တဲ့စစ်ဝါဒီတွေ သူရဲကောင်းတွေ ဉာဏ်ကြီးရှင်တွေ အံ့မခန်းလူစွန့်စားတွေ ပေါ်ပေါက်ခဲ့ပြီး သူတို့ရဲ့စွန့်စားခန်းတွေ အတွေ့အကြုံ ဖြစ်ရပ်စုံတွေဟာ ဒီနေ့ထိတောင် ပြောမကုန်အောင် ဖြစ်နေဆဲပါပဲ။ ဒါပေမဲ့ ဘေ့စ်ဘော်မေဂျာ်လိဂ်ရဲ့ ဘော်စတွန်အခြေစိုက်ကလပ်ရက်ဒ်ဆောက်အသင်းမှာ ကစားတဲ့ ဘောဖမ်းသမားတစ်ယောက်ဟာ ထိပ်တန်းသူလျှိုတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ ဘယ်သူကမှ ထင်ထားမှာ မဟုတ်ဘူး။ Moeလို့ အများက ခေါ်လေ့ရှိတဲ့ မောရစ်ဘာ့ဂ်ဟာ ဘေ့စ်ဘော မေဂျာလိဂ် သမိုင်းတစ်လျှောက်မှာတော့ ထူးချွန်တဲ့ကစားသမားစာရင်း မဝင်တဲ့သူပါ။ ဒါပေမဲ့ ဘာသာစကား ၇ မျိုးလောက်ကို ရေရေလည်လည် ပြောတတ်ပြီး ဗဟုသုတလည်း ကြွယ်လွန်းလှသူမို့ ဉာဏစွမ်းအမြင့်ဆုံး ဘေ့စ်ဘောသမားလို့ အများက သတ်မှတ်ထားကြပါတယ်။ ပရင်စတန်တက္ကသိုလ်က ဘွဲ့ရထားသူဖြစ်ပြီး တစ်နေ့ကို သတင်းစာ ဆယ်စောင်ဖတ်ပြီး စာအုပ်တစ်အုပ်ကို တစ်ခါဖတ်ပြီး အားလုံးမှတ်မိတဲ့အထိ မှတ်ဉာဏ်စွမ်းရည် မြင့်မားပါတယ်။ ပုလဲဆိပ်ကမ်းကို ဂျပန်တွေ ဗုံးကြဲအပြီးမှာ Moeဟာ နောင်တစ်ချိန်မှာ CIA   ဖြစ်လာမယ့် Office of Strategic Service (OSS) မဟာဗျူ ဟာအကောင်အထည်ဖော်ရေး ဌာနမှာ ဘာသာပြန်အဖြစ် ရာထူးတစ်နေရာရခဲ့ပြီး CIAဖွဲ့စည်းချိန်အထိ ဆက်လက် တာဝန် ထမ်းဆောင်ခဲ့တယ်။ CIAက ထွက်လာပြီးချိန်မှာတော့ တစ်ကိုယ်တည်းလူပျိုကြီးဘဝနဲ့ ဘေ့စ်ဘောနည်းပြ လုပ်ရင်း စာကြည့်တိုက်မှာ အချိန်ကုန်ရင်း ဆွေမျိုးတွေရဲ့ အထောက်ပံ့ခံဘဝနဲ့ ...
movie
The Catcher Was a Spy (2018)
2018