Channel Myanmar

Brenda Bakke

Under Siege 2: Dark Territory(1995) 6.9
Under Siege 2: Dark Territory(1995) Under Siege 2: Dark Territory(1995)**********************************မင်းသားကြီး Steven Seagal ရဲ့ Under Siege အက်ရှင်ဇာတ်ကားတွဲရဲ့ ဒုတိယမြောက်ကားပဲဖြစ်ပါတယ်။ရေတပ်အရာရှိဘဝကနေ အနားယူထားတဲ့ကေစီရိုင်းဘတ်ဟာ တူမဖြစ်သူနဲ့အတူ ခရီးအတူထွက်ဖို့ရထားစီးလာခဲ့ကြပါတယ်။ အကြမ်းဖက်သမားအဖွဲ့တစ်ခုက ဖျက်စီးအားပြင်းတဲ့ ဂြိုလ်တုတစ်ခုကိုထိန်းချုပ်ဖို့အတွက် ရထားကိုအနုကြမ်းစီးပြီး ခရီးသည်တွေကိုဓားစာခံအဖြစ် ဖမ်းသွားတဲ့အခါမှာ ကေစီရိုင်းဘတ်အနေနဲ့ အကြမ်းဖက်သမားတွေကို ဘယ်လိုတားဆီးသွားမလဲ ဓားစာခံအဖြစ်ဖမ်းခံရတဲ့သူတွေကိုရော ဘယ်လိုကယ်တင်သွားမလဲဆိုတာ...အပစ်အခတ် အတိုက်ခိုက်တွေနဲ့ အက်ရှင်ချစ်ပုရိတ်သတ်ကြီး အကြိုက်တွေ့မယ့် ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File Size :(2.9GB)(966MB) and (340 MB) Quality : Blu-Ray1080P5.1CH, 720p Format…mp4 Duration…01:44:00 Genre : Action, Thriller, Adventure Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by Phyo Pyae
movie

Under Siege 2: Dark Territory(1995)

L.A. Confidential (1997) 8.3
L.A. Confidential (1997) L.A. Confidential(1997) IMDb....8.3.....Rotten...99% ဒီကား မှာ အဓိကမင်းသား ၃ယောက်ပါတယ်...Russell Crowe,Kevin Spaceyနဲ့ Guy Pearce ရယ်.. .သူတို့တွေသရုပ်ဆောင်ကောင်းကြသလို နာမည်ကြီးအထင်ကရကားတွေမှာ ပါဝင်ခဲ့တာကို တော်တော်များများသိကြမယ်ထင်တယ် .. သူ့တို့(၃)ယောက်ဟာ စုံထောက်ရဲအရာရှိတွေပါ...ဇာတ်ကားအစမှာ သူတို့(၃)ယောက်ရဲ့ခံယူချက် အလုပ်အပေါ်မှာထားတဲ့စိတ်ထားတွေကို တဖြည်းဖြည်းပြသွားတယ်....အဲ့ဒီ အခန်းတွေပါးပါးလေးပြသပြီးတဲ့နောက်မှာတော့ အစုလိုက်အပြုံလိုက်သတ်ခံလိုက်ရတဲ့ လူသတ်မှု ကြီးဆီရောက်သွားတယ်..လူသတ်မှုကြီးဟာ စုံထောက်ရဲအရာရှိဖြစ်တဲ့ သူတို့(၃)ယောက်ခေါင်းပေါ်ရောက်လာပါတယ်...လူသတ်မှုဟာ ဆိုင်တစ်ဆိုင်ထဲမှာ ရက်ရက်စက်စက်ပစ်သတ်ခံလိုက်ရတာပါ. ..သေဆုံးသူတွေထဲမှာ ရဲစုံထောက်တစ်ယောက်တောင်ပါ ပါတယ်.... ကြည့်ရှူတဲ့သူဟာ ဇာတ်ကောင် ၃ ယောက်နောက်ကိုအပြေးအလွှားလိုက်ရ သလို ဘယ်သူသတ်လဲပါ တစ်ဆက်ထဲ အဖြေထုတ်နေရတ ယ်... လူ(၃)ယောက်ရဲ့အမြင်ကိုခင်ဗျားတစ်ယောက်ထဲ ခံစားရင် အမှုကိုလည်းလက်လှမ်းမှီသလောက်ခင်ဗျားဟာ ကော်ဖီပူပူနွေးနွေးလေးသောက်ရင်း အတွေးတွေ လွန့်လူးနေလိမ့်မယ်. ..နောက်တစ်ခုက ဒီကားကြည့်နေစဉ် ဇာတ်ကောင်တွေနာမည်တွေကို အသေအချာလေးမှတ်ပြီး ကြည့်သင့်ပါတယ်. ..ဘာလို့ဆို အရေးကြီးတဲ့အကြောင်းအရာတော်တော်များနဲ့ဇာတ်ကောင်နာမည်တွေဟာ စကားပြောခန်းတွေနဲ့ပုံဖော်ထားလို့ပါ..ပြီးတော့ ဒီကားထဲက မင်းသမီး kim Basinger က အော်စကာ(ဇာတ်ပို့ဆု)ရရှိခဲ့သလို အကောင်းဆုံးရုပ်ရှင်ဇာတ်ညွန်းဆုလည်းရရှိခဲ့ပါတယ်.. နောက်တစ်ခု ခင်ဗျားတို့ သတိထားမိမှာက Russell Crowe ရဲ့ မျက်လုံးတွေပါပဲ.. .သူ့မျက်လုံးတွေက ယုန်ငယ်လေးဟန်...ပြောရရင် Beautiful mind ကားထဲက ပါမောက္ခတစ်ယောက်ရဲ့ဟန်ပန်..သူ့ရဲ့ ပင်ကိုယ်ဟန်ပဲလား မသိ.. .သို့ပေမယ့် အဲ့မျက်လုံးတွေကနေ အချိန်တော်တော်များများ မုန်ယိုနေတဲ့ ဆင်ရိုင်းတစ်ကောင်လိုပေါက်ကွဲရက်စက်ပြတာ .. ဒီဘဲကြီးသရုပ်ဆောင်တာ ...
movie

L.A. Confidential (1997)

Foster Boy (2020) 5.3
Foster Boy (2020) Foster Boy (2020)==============IMDb Rating - 5.3/10#Unicodeကလေးသူငယ်စောင့်ရှောက်ရေးစင်တာကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အစိုးရဆီက လက်လွှဲယူဖို့ကြိုးစားနေတဲ့ လုပ်ငန်းစုကြီးကို ၁၉ နှစ်ပဲရှိသေးတဲ့ ပေတိပေစုတ် ဓားပြရုပ်ပေါက်နေတဲ့ လူမည်းကောင်လေးက တရားစွဲနေတယ်တဲ့။ ဂျမဲ ရန်ဒေါ့ ဆိုတဲ့ ဒီကောင်လေးက တရားရုံးကို တစ်နှစ် ၅ ခါလောက်ရောက်နေတတ်တဲ့၊ အချုပ်ခန်းကို အိမ်ဦးနဲ့ ကြမ်းပြင်လိုသဘောထားတဲ့ကောင်လေး ဒီကောင်လေးက ဘာကြောင့်များ ဒီလိုကုမ္ပဏီကြီးကို တရားစွဲထားတာလဲ။ တရားစွဲထားတယ်ဆိုပေမဲ့ သူ့ဘက်ကလျှောက်လဲပေးမယ့်ရှေ့နေတောင်မငှားနိုင်ပါဘူး။ ဒီအမှုကို သူနိုင်နိုင်ပါမလား။ ကံကြမ္မာရဲ့ဖေးမမှု ဒါမှမဟုတ် စိတ်ထားမှန်တဲ့လူတစ်ယောက် ဒါမှမဟုတ် ဖြောင့်မှန်တဲ့ တရားသူကြီး တစ်ယောက်ရဲ့ အကူအညီနဲ့ နာမည်ကျော်ရှေ့နေတစ်ယောက်က သူ့အတွက် လျှောက်လဲပေးမယ့်အခွင့်အရေး ရလာတယ်။ သူလို တေလေပုံပေါက်နေတဲ့ဆယ်ကျော်သက်ကောင်လေးနဲ့ လုပ်ငန်းစုကြီးတစ်ခုရဲ့ ရှေ့နေတဖြစ်လဲ သူ့ရဲ့ ရှေ့နေကတော့ တွေ့တွေ့ချင်းဆောက်နဲ့ထွင်း ဆိုသလို မတူတဲ့ လောကကလူနှစ်ယောက် ထိပ်တိုက်တွေ့မိပြီး အဆင်မပြေဖြစ်ကြတယ်။ဂျမဲ ရဲ့ ...
movie

Foster Boy (2020)

2020
Hot Shots! Part Deux (1993) 6.6
Hot Shots! Part Deux (1993) Unicodeမနေ့ကတင်ပေးခဲ့တဲ့ Hot Shot Part 1 ရဲ့အဆက်လာပါပြီ။ ဒီကားကတော့ ရုပ်ရှင်ပရိသတ်တွေရဲ့အချစ်တော် စတားလုံးရဲ့ Rambo ဇာတ်ကားကို သရော်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဆာဒမ်ဟူစိန်ကိုလဲသရော်ထားပြီး Basic Instinct ကိုပါ ဟာသအဖြစ်ထည့်ထားပါသေးတယ်။ဒီ Part 2 မှာတော့ သူရဲကောင်းကြီး တော်ပါဟာလေဟာ ချစ်သူ ရမန်ဒါနဲ့ကွဲကွာသွားပြီး အာရှမှာ ဇာတ်မြုပ်နေခဲ့ပါတယ်။ တစ်ဖက်မှာလဲ အမေရိကန်အစိုးရက အရှေ့အလယ်ပိုင်းဒေသမှာ ဖမ်းခံထားရတဲ့ အမေရိကန်ဓားစာခံတွေကို ကယ်ထုတ်တာ လုံးဝမအောင်မြင်ဘူးဖြစ်နေခဲ့ပါတယ်။ အဲ့ဒါကြောင့် ထုံးစံအတိုင်း တော်ပါဟာလေကို ပြန်ခေါ်ဖို့ကြိုးစားခဲ့ရပြီး ဓားစာခံတွေကို ဘယ်လိုကယ်ထုတ်မလဲ၊ တော်ပါဟာလေနဲ့ ရမန်ဒါတို့ကရော ဘာကြောင့်ကွဲကွာသွားရတာလဲ၊ ဆာဒမ်ဟူစိန်ကိုရော ဘယ်လိုရှင်းကြမလဲဆိုတာတော့ ဆက်လက်ခံစားကြည့်ရှုကြပါ။ဒီကားမှာ နာမည်အကြီးဆုံးကတော့ ကြက်နဲ့မြားပစ်တဲ့အခန်းပါ။ ဒါ့အပြင် နာမည်ကြီးရုပ်ရှင်တွေထဲက ဇာတ်ဝင်ခန်းတွေကိုပါ သရော်ထားပြီး Part 1 တုန်းကထက်တောင် ပိုပြီးရယ်ရပါသေးတယ်။ Part 1 ကြည့်ပြီးတဲ့သူတွေအတွက်တော့ Part 2 နဲ့ဆို အချိတ်အဆက်ပိုမိသွားပြီး ပိုရယ်နေရမှာပါ။ အခု ...
movie

Hot Shots! Part Deux (1993)

1993