Channel Myanmar

Brianna Womick

The Curious Case of Benjamin Button (2008)
The Curious Case of Benjamin Button (2008)  အချိန်တွေသာ နောက်ပြန်လည်သွားခဲ့ရင် အဲဒီဖြစ်စဉ်ရဲ့နောက်ဆက်တွဲတွေက လူတွေရဲ့ဘဝကို ဘယ်လိုအကျိုးသက်ရောက်မှု‌တွေရှိစေမလဲ။ နာရီလက်တံတွေ ဆန့်ကျင်ဘက်လည်ပတ်ကုန်မလား။ အနောက်အရပ်က နေထွက်ပြီး အရှေ့အရပ်မှာ နေဝင်သွားမလား။ ကမ္ဘာကြီး ပြောင်းပြန်လည်သွားမလား။ လူသားတွေရဲ့ဘ‌ဝတွေ ကမောက်ကမဖြစ်ကုန်မလား။ အသက်‌တွေကြီးရာကနေ တဖြည်းဖြည်းငယ်ကုန်မလား။ အချိန်ရဲ့ရက်စက်မှုတွေကို ဘယ်လိုလူမျိုးကမှ အနိုင်မယူနိုင်၊ ‌မကျော်လွှားနိုင်။ဇာတ်လမ်းအကျဉ်း- ဘန်ဂျမင်ဘက်တွန်ဆိုတဲ့ကောင်လေးဟာ အသက် ၈၀ အရွယ်အဘိုးကြီးတစ်ယောက်ရဲ့ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေနဲ့အတူ မွေးဖွားလာတယ်။ သူ့အမေကလည်း သူ့ကိုမီးဖွားပြီးချိန်မှာပဲ ဆုံးပါးသွားခဲ့တယ်။ ဒါနဲ့ သူ့အဖေ သောမတ်ဘက်တွန်က ဒီလို အဘိုးကြီးခန္ဓာကိုယ်နဲ့ကောင်လေးကို မကောင်းဆိုးဝါးအထင်နဲ့ ဘိုးဘွားဂေဟာမှာ သွားပစ်ထားခဲ့တယ်။ အဲဒီဂေဟာက အမျိုးသမီးက ကလေးကိုတွေ့သွားပြီး မွေးစားဖို့ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ ဒီကောင်လေးကို ဘယ်သူကမှ ကြာကြာခံမယ်လို့မထင်ကြဘူး။ ဒါပေမဲ့ ဘန်ဂျမင်ဟာ အချိန်တွေတရွေ့ရွေ့ကုန်ဆုံးလာတာနဲ့အမျှ အသက်ကြီးရာကနေ တဖြည်းဖြည်းချင်း နုပျိုလာခဲ့တယ်။ဒီဇာတ်ကားဟာ ဟောင်းပေမဲ့ ရွှေလို့ပြောလို့ရတဲ့ဇာတ်ကားတစ်ကားဖြစ်တယ်။ ဇာတ်လမ်းဟာ အချိန်အားဖြင့် ၃ နာရီနီးပါးကြာမြင့်ပြီး ဝတ္ထုရှည်တစ်ပုဒ်ကို ...
movie

The Curious Case of Benjamin Button (2008)

Alvin and the Chipmunks (2007)
Alvin and the Chipmunks (2007) ငယ်ဘဝတုန်းက တိရစ္ဆာန်​လေး​တွေနဲ့ လူ​တွေ တွဲဖက်ရိုက်ခဲ့ကြတဲ့ရုပ်ရှင်​တွေ အများကြီးကြည့်ဖူးခဲ့မှာပါ။အဲဒီတုန်းက​ 3D effectဘာညာလည်းမသိနားမလည်​သေးတဲ့ အရွယ်ဆို​တော့ တိရစ္ဆာန်အစစ်​လေး​​တွေကို သေချာသင်​ပေးပြီး ရိုက်ထားသလို ထင်ခဲ့ရတဲ့အကြိမ်​ရေလည်း မနည်းပါဘူး။ ဒီလိုဇာတ်ကား​​တွေထဲမှာ Alvinတို့ရှဉ့်​လေးသုံး​ကောင်ရဲ့ ဇာတ်ကား​တွေလည်း အပါအဝင်ပါပဲ။သူတို့ရဲ့ င​မွှေထိုးလုပ်ပုံ​၊ ဗရုတ်ကျပုံ​တွေ၊ သူတို့အသံနဲ့ ဆိုထားတဲ့သီချင်း​တွေက ငယ်ဘဝရဲ့အမှတ်တရ ဖြစ်ခဲ့သလို ​နောက်ပိုင်းမှာနာမည်ကြီးသီချင်းအ​များစုကို Chipmunks versionလို့ ပြန်ပြီးဖန်တီးလာတဲ့အထိ ဒီရှဉ့်​လေး​တွေရဲ့ လွှမ်းမိုးမှုက တစ်ကမ္ဘာလုံးအတိုင်းအတာထိ ရှိခဲ့တာပါ။ ဒီဇာတ်ကားက Alvin, Simonနဲ့ Theodoreဆိုတဲ့ chipmunkရှဉ့်​လေးသုံး​ကောင်ကို စတင်မိတ်ဆက်​ပေးခဲ့တဲ့ ဇာတ်ကားပါ။မ​အောင်မြင်တဲ့ ​တေး​ရေးဆရာ ​​ဒေးဗစ်ဆီဗီးလ်ဆီကို ဒီရှဉ့်​လေးသုံး​​ကောင်က ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့တာပါ။ဖိအားများ​နေတဲ့ ​ဒေ့ဗ်တစ်​ယောက် ရှဉ့်​လေး​တွေနဲ့ စ​တွေ့ချိန် သူတို့ရဲ့​သောင်းကျန်းမှုကို မခံနိုင်လို့ ​မောင်းထုတ်ခဲ့​ပေမဲ့ မထင်မှတ်ဘဲသူတို့ရဲ့ talentဖြစ်တဲ့ သီချင်းဆိုတာကို ကြားလိုက်ရပြီး​နောက်Chipmunkတွေအတွက် ပင်တိုင်သီချင်း​ရေး​​ပေးသူ ဖြစ်လာပြီး​အောင်မြင်မှု​တွေ ရလာခဲ့ပါတယ်။ ဒါကိုမနာလိုတဲ့ ​တေးသံသွင်းပိုင်ရှင်က ​ဒေ့ဗ်ဆီက​နေ ရှဉ့်​တွေကိုလုယူဖို့ အမျိုးမျိုးအဖုံဖုံကြိုးစားခဲ့ပြီး သူ့​ရဲ့ကိုယ်ကျိုးအတွက်ပဲကြည့်ကာ ရှဉ့်​လေး​တွေကို အသုံးချဖို့ ...
movie

Alvin and the Chipmunks (2007)

2007