Channel Myanmar

Bruce Bundy

The Hunger Games: Catching Fire (2013) 7.5
The Hunger Games: Catching Fire (2013) The Hunger Games: Catching Fire (2013)IMDb Rating (7.5) / Rotten Tomatoes (90%)ကတ်နစ်အဲဗားဒင်းနဲ့ ပီတာမယ်လော့ခ်တို့ ၇၄ကြိမ်မြေက်ကစားပွဲမှာ အနိုင်ရခဲ့ပြီးနောက် သူတို့မွေးရပ်မြေကိုပြန်လည်လို့ရောက်ရှိလာပါတယ်။ ဒါပေမယ့် သူတို့ရဲ့တာဝန်တွေကတော့အဆုံးသတ်မသွားပါဘူး။ အနိုင်ရသူတွေအနေနဲ့ နယ်မြေတိုင်းကိုသွားရောက်ပြီးတော့ မိန့်ခွန်းပြော၊ကျန်ရစ်သူမိသားစုတွေနဲ့ စကားပြောပေးရမဲ့အပြင် နောက်ဆုံးခရီးစဉ်အဆုံးသတ်မှာ ကတ်ပီတယ်ကိုပြန်ပြီးတော့ ဥက္ကဌကြီးကျင်းပပေးတဲ့ပါတီပွဲကိုဆင်နွဲရမှာပါ။ ကတ်နစ်ရဲ့ဘဝကလွယ်လွယ်ကူကူနဲ့ ပေါ့ပေါ့ပါးပါးဖြစ်သွားခဲ့တယ်ရယ်လို့တော့ မဟုတ်လှပါဘူး။ တကယ်တမ်းတော့ ကတ်နစ်တို့လို အောင်နိုင်သူတွေဟာ ခရီးစဉ်ရဲ့ရထားပေါ်မှာပဲအချိန်ကုန်ပြီးတော့ဘဝတစ်လျှောက်လုံးကို ဖြတ်သန်းသွားကြရတော့မှာဖြစ်ပါတယ်။ဒီမှာဥက္ကဌစနိုးအရမ်းကိုစိုးရိမ်နေတဲ့ ကိစ္စတစ်ခုတော့ ရှိပါတယ်။ အဲ့ဒါကတော့ တော်လှန်ရေးပါပဲ။ နယ်မြေအသီးသီးကမကျေနပ်ချက်တွေစုပြုံလာတဲ့အချိန်မှာ သူတို့အနေနဲ့ ဒီလိုအနေအထားမျိုးကိုလက်သင့်ခံ မပေးနိုင်တာကြောင့် ကတ်နစ်ကို စနိုးကိုယ်တိုင်သွားရောက်ပြီးတော့နှစ်ဦးသဘောတူပြောကြားခဲ့တာတွေရှိလာပါတယ်။ ဒါပေမယ့် စနိုးရဲ့အကြံကဒီလောက်နဲ့ အဆုံးသတ်လို့မသွားပါဘူး။ ဆိုးရွားတဲ့လုပ်ရပ်ကိုလုပ်ဖို့ဝန်မလေးတဲ့စနိုးတစ်ယောက် ကစားပွဲတစ်ခုကိုစတင်လိုက်ပါတယ်။ဒီတစ်ခေါက်မှာတော့ အရင်ပွဲတွေလိုမျိုးနယ်မြေအသီးသီးကယှဉ်ပြိုင်သူအသစ်တွေကို ရွေးချယ်တော့မှာ မဟုတ်ပဲ အောင်နိုင်သူတွေထဲကနေပြီးတော့ပဲ ထပ်မံရွေးချယ်မဲ့အကြောင်းကိုကြေညာလိုက်ပါတော့တယ်။ ဒီလိုနဲ့ပဲ ကတ်နစ်အဲဗာဒင်းတစ်ယောက် ကစားပွဲထဲကိုထပ်မံဝင်ရောက်ယှဉ်ပြိုင်တဲ့အခါမှာတော့ ဘယ်လိုတွေရင်ဆိုင်ပြီးတော့ ဘယ်လိုလက်လွတ်ဆုံးရှုံးမှုမျိုးတွေကိုကြုံတွေရမယ်ဆိုတာကိုကြည့်ရှုလိုက်ရအောင်ပါ။The Hunger Games ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.org/?s=the+hunger+games ကြည့်ပါ။ File size…(6.1 GB)/(1.8 GB)/(1.2 GB) Quality…BluRay 4K HEVC/1080p HEVC /720p Format…mkv/mp4 Duration….02:26:16 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Wai Zin Wayne
movie

The Hunger Games: Catching Fire (2013)

2013
4K HEVC