Channel Myanmar
Callan Mulvey
Batman v Superman: Dawn of Justice (2016) 6.4
Batman v Superman: Dawn of Justice (2016) DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်.....DCEU ရုပ်ရှင်အားလုံးကို ဒီမှာ ...
movie
Batman v Superman: Dawn of Justice (2016)
2016
4K HEVC
High Ground (2020) 6.5
High Ground (2020)  ဒီရုပ်ရှင်လေးကတော့ သြစတြေးလျနိုင်ငံမြောက်ပိုင်းမှာသွားရောက်ရိုက်ကူးထားပြီး ပထမကမ္ဘာစစ်နှောင်းပိုင်းကာလမှာအခြေတည်ထားပါတယ်....။သြစတြေးလျဒေသခံလူမည်းမျိုးနွယ်တစ်ခုဖြစ်တဲ့ AboriginalAustraliansလူမျိုးတို့ရဲ့ယဥ်ကျေးမှုတွေ ဓလေ့တွေကိုလည်းမြင်တွေ့ရဦးမှာပါ...။ရိုက်ကွင်းတွေ ရှုခင်းတွေက လှပအရိုင်းဆန်လွန်းပြီးသရုပ်ဆောင်ပီပြင်တာကြောင့် ဆုတံဆိပ်တွေလည်းရရှိထားတဲ့ဇာတ်ကားပါ...။ဇာတ်လမ်းအကြောင်းလေးကိုပြောရရင် လူဖြူတွေကြီးစိုးပြီးနောက်မိသားစုတစ်ကွဲတပြားဖြစ်သွားရတဲ့ Aboriginalမျိူးနွယ်လူမည်းလေး ဂူဂျူရဲ့ဘဝကို အခြေခံရိုက်ကူးထားပါတယ်။လူဖြူတွေရဲ့ကျူးကျော်မှုကြောင့် ငယ်ဘဝမိသားစုအသိုက်အမြုံလေးပြိုကွဲခဲ့ရပြီးနောက် ဂူဂျူကိုယ်တိုင်လည်း လူဖြူတွေရဲ့စခန်းမှာငယ်ကျွန်သာသာဘဝကိုရောက်ရှိသွားပါတယ်။၁၂နှစ်တာကာလကုန်လွန်သွားပြီးနောက် ဂူဂျူရဲ့ဦးလေးဖြစ်သူဟာသူတို့မိသားစုအတွက် လူဖြူတွေကို လက်စားပြန်ချေပါတော့တယ်...။လူဖြူတွေနဲ့ရင်းနီးပြီးသားဖြစ်တဲ့ လူမည်းလေးတစ်ယောက်အနေနဲ့မိသားစုအတွက်ပဲလက်စားပြန်ချေမလား လက်နက်အင်အားအရာရာသာလွန်တဲ့ လူဖြူတွေကို ဘယ်လိုပြန်ရင်ဆိုင်သွားမလဲဆိုတာကိုဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုနိုင်ပါပြီ။ File size…2.29GB / 1.43GB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 44m Genre ….. Action , Thriller , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
High Ground (2020)
Miss Meadows (2014) 5.8
Miss Meadows (2014) Miss Meadows(2014)IMDb rating- 5.8ဇာတ်လမ်းအညွှန်း မယ်ရီမဲဒိုးစ်ဟာ ငယ်ရွယ်ပြီး ချစ်စရာလည်းကောင်း၊ယဉ်ကျေးမှုလည်းရှိတဲ့အမျိုးသမီးလေးတစ်ယောက်ပါ။ အိမ်သေးသေးလေးမှာ တစ်ယောက်တည်းနေထိုင်ပြီးသူ့ရဲ့တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို သူ့အမေဆီအမြဲဖုန်းဆက်ပြောပြတတ်ပါတယ်။ အခုကတော့ ပထမတန်းကလေးတွေအတွက်ယာယီဆရာမလေး လုပ်ပေးနေပါတယ်။ဒီလိုအမျိုးသမီးလေးက အပြင်ပိုင်းမှာ တည်ငြိမ်ချစ်စရာကောင်းနေပေမယ့်သူ့ရဲ့တကယ့်သရုပ်မှန်ကိုတော့ ဘယ်သူမှမသိကြဘူးပါဘူး။လူဆိုးတွေ၊ရာဇဝတ်ကောင်တွေ၊လူ့အဖွဲ့အစည်းအတွက်အန္တရာယ်ရှိတဲ့သူတွေကို သတ်ပစ်တဲ့သူ (vigilant)တရားဘက်တော်သားအနေနဲ့ ရှင်သန်နေသူတစ်ဦးပါ။ လောကကြီးမှာ လူဆိုးတွေရှိနေလို့မဖြစ်ဘူးလို့ စိတ်သွင်းထားတဲ့သူ့အတွက်ဘယ်လိုအတိတ်ဆိုးတွေများ ရှိနေမလဲ။ဒီလိုနဲ့ တစ်နေ့တော့ ရဲမှူးနဲ့မစ်မဲဒိုးစ်တို့နှစ်ဦးသားတွေ့ဆုံချစ်ကြိုက်ကြပါလေရော။အဲဒီနောက် ဘာတွေဆက်ဖြစ်လာမလဲပေါ့။ ကိုယ်ပိုင်စိတ်ကူးယဉ်ဆန်တဲ့ကမ္ဘာလေးမှာ နေထိုင်နေတဲ့မယ်ရီမဲဒိုးစ်လေးတစ်ယောက် လက်တွေ့လောကကြီးဆီရုန်းထွက်လာနိုင်မယ့်ပုံလေး ရိုက်ကူးထားတာပါ။ဒါပေမဲ့ လက်တွေ့လောကကြီးဆီ သူ တကယ်ပဲနီးစပ်လာနိုင်ခဲ့လားဆိုတာကတော့ တွေးစရာလေးအဖြစ်ကျန်ရှိနေစေမယ့် ဇာတ်လမ်းမျိုးလေးပါ။ မစ်မဲဒိုးစ်အဖြစ် နာမည်ကြီးမင်းသမီးကြီး Kate Holmes ကသရုပ်ဆောင်ထားပါတယ်။ ကလေးဆန်တဲ့ချစ်စရာအသွင်အပြင်လေးတွေ ညွှန်းပြစရာမလိုလောက်အောင်အပီအပြင်သရုပ်ဆောင်ထားတာ တွေ့ရမှာဖြစ်ပါတယ်။ဆက်လက်ကြည့်ရှုကြပါဦး။ ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ်။ File size…    2 GB /  844 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 28m Genre ..... Drama/Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit ...
movie
Miss Meadows (2014)
2014
Poor Boy (2021)
Poor Boy (2021) မိသားစုဆိုလို့ သူတို့နှစ်ယောက်လွဲပြီး ဘယ်သူမှမရှိတော့တဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့ သံယောဇဉ်အကြောင်းကို အသားပေးပြီးရိုက်ကူးထားတဲ့ Western, Dramaအမျိုးအစားကားတစ်ကားပါပဲဇာတ်လမ်းအညွှန်းကတော့ ညီအစ်ကိုနှစ်ယောက်ဟာ သူတို့မိဘတွေမရှိတဲ့နောက်မှာ လှေအစုတ်ကြီးတစ်စီးကိုငှားပြီး အိမ်သဖွယ်နေထိုင်ကာ ပိုက်ဆံရဖို့ဆို ဘာမဆိုလုပ်ပြီး ပေပေတေတေပဲနေခဲ့ကြပါတယ် သူတို့ဟာ ပေပေတေတေနေကြပေမဲ့ သူတို့မှာ အမြဲဖြစ်ချင်တဲ့ အိပ်မက်တစ်ခုတော့ရှိပါတယ်။ ထိုအိပ်မက်က လှေအစုတ်ကြီးကို ပြန်ပြုပြင်ပြီး ကယ်လီဖိုးနီးယားကို ရွက်လွှင့်သွားချင်တာပါ။ဖြစ်ချင်တော့ သူတို့လှေကို ပြန်မပြင်နိုင်ခင်မှာပဲ ပိုက်ဆံမရှိရင် လှေကိုလက်လွှတ်ရမဲ့အကြောင်းဖန်လာပါတော့တယ်။ အဲ့ဒါနဲ့ သူတို့လဲ လှေကိုလက်မလွတ်ရဖို့ ပိုက်ဆံအများကြီးကိုဘယ်လိုရှာမလဲ နောက်ဆုံးမှာ ကယ်လီဖိုးနီးယားကို ရောက်သွားမှာလားဆိုတာကို ညီအစ်ကိုသံယောဇဉ်နဲ့ရောနှောပြီး ရိုက်ပြထားပါတယ်။ File size…(1.7 GB)/(800 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Maestro
movie
Poor Boy (2021)
The Hunter (2011) 6.7
The Hunter (2011)  Rotten tomatoes - 72% IMDb - 6.7 မာတင်ဟာ မုဆိုးတစ်ယောက်ဖြစ်ပြီး ကုမ္ပဏီကြီးတွေကလိုချင်တဲ့ အကောင်ကိုမှရွေးပြီး အမဲလိုက်ပေးတဲ့ကြေးစားတစ်ယောက်ပါ။ တစ်နေ့မှာတော့ သစ်ရွက်နီ လို့ခေါ်တဲ့ စက်ဖက်ဆိုင်ရာ ဇီဝနည်းပညာကုမ္ပဏီတစ်ခုက အလုပ်ကမ်းလှမ်းလာ‌တာကြောင့် တက်စမေးနီးယန်း ဒေသကိုသွားခဲ့ပါတယ်။ သစ်ရွက်နီလိုချင်နေတာကတော့ မျိုးသုဉ်းသွားခဲ့ပြီလို့ ယူဆထားကြတဲ့ တက်စမေးနီးယန်း ကျားရဲ့ ဒီအန်အေပါပဲ။ ဒီလိုနဲ့ မာတင်တစ်ယောက် တက်စမေးနီးယန်း တောင်တန်းတွေပေါ်မှာမှာ ရှိဖို့တောင်မှအာမခံချက်မရှိတဲ့ ကျားကို သုတေသနပညာရှင်ဟန်ဆောင်ပြီးလိုက်ရှာရင်း ဒေသခံတွေနဲ့ရင်းနှီးလာခဲ့ပါတော့တယ်။ ဒီလိုနဲ့ သစ်ရွက်နီ ကုမ္ပဏီက တက်စမေးနီး ကျားရဲ့ ဒီအန်အေကို လိုချင်တဲ့အကြောင်းပြချက်နဲ့ ဒေသခံတွေသေဆုံးမှုတစ်ချို့ကို မာတင်သိသွားခဲ့တဲ့အချိန်မှာတော့ မာတင်တစ်ယောက် ဘယ်လိုမျိုးအန္တရာယ်တွေနဲ့ရင်ဆိုင်လာရမလဲဆိုတာကို ဆင်လက်ကြည့်ရှုလိုက်ကြပါဦး။ မာတင်ရဲ့နေရာမှာသရုပ်ဆောင်ထားတာကတော့မင်းသားကြီး Willem Dafoe ဖြစ်ပြီး တောတွင်းအမဲလိုက်ရုပ်ရှင်တွေကို သဘောကျတဲ့သူတွေအတွက် ကြည့်လို့ကောင်းမဲ့ ကားတစ်ကားပါပဲဗျ။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:42:00 Genre...Drama, ...
movie
The Hunter (2011)
Children of the Corn (2020)
Children of the Corn (2020) Children of the Corn (2020)ဒီကားလေးကတော့ ၂၀၂၀ ခုနှစ်တုန်းကထွက်ရှိထားတာဖြစ်ပြီး Horror King လို့တောင်ခေါ်ကြတဲ့ နာမည်ကြီးစာရေးဆရာကြီး Stephen King ရဲ့ ဝတ္တုတိုလေးတစ်ပုဒ်‌အပေါ် အခြေခံရိုက်ကူးထားတဲ့ Horror ကားလေးတစ်ကားဖြစ်ပါတယ်။ နှစ်၄၀‌လောက်အကြာမှ မူလပထမရုပ်ရှင်ကို ပြန်လည်ဆန်းသစ်ပြီးထွက်ရှိလာတာဖြစ်ပါတယ်။ရှပ်ရှင်ထဲမှာတော့ ‌Nebraska ပြည်နယ်၊ Rylstone မြို့လေးက သေခါနီးပြောင်းခင်းတစ်ခုကို လက်လျော့နေကြတဲ့လူကြီးတွေအကြောင်းနဲ့ ပြောင်းခင်းကိုကိုးကွယ်တဲ့ အယူသီးကလေးမ‌လေးတစ်ယောက်ကနေ အပေါင်းအပါတွေနဲ့အုပ်စုလိုက်ဖြစ်လာပြီး ဘယ်လိုယဇ်ပူဇော်မှုတွေကို ရက်ရက်စက်စက်လုပ်ကြမလဲဆိုတာကို စတီဖင်ကင်းဇာတ်လမ်းတွေရဲ့ ထုံးစံအတိုင်း ကြောက်စရာလန့်စရာအပြည့်၊ ချောက်ချားစရာအပြည့်နဲ့ ကြည့်ရှူရမှာဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Jina မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.8GB, 720MB Quality - 1080p, 720p Format - mp4 Duration - 1H 33Min Genre - Drama, Horror, Mystery Subtitle - Myanmar Subtitle (Hardsub) Translated ...
movie
Children of the Corn (2020)
2020
Delirium(2018) 5.7
Delirium(2018) Delirium(2018)===============ဒီတစ်ခါမှာ ပရိသတ်ကြီးတို့ကို မိတ်ဆက်ပေးချင်တာကတော့၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ Delirium ဆိုတဲ့ဇာတ်ကားလေးပါ။ပြသချိန် ၁ နာရီခွဲဝန်းကျင် ကြာပြီးတော့ Horror, Thrillerအမျိုးအစား ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးတို့အနေနဲ့လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားပါပဲ။ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင် Tom Walker ကစိတ်ရောဂါကုဆေးရုံမှာ နှစ် ၂၀ ကုန်ဆုံးပြီးနောက်မှာလွတ်မြောက်လာခဲ့ပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ ရက် ၃၀အကျယ်ချုပ်နေပြီးမှ ပုံမှန်လူတစ်ယောက်လိုသွားလာခွင့်ရမှာပါ။ အဲဒီတော့ သူဟာ သူ့မိဘတွေ ချန်ခဲ့တဲ့အိမ်ကြီးမှာ တစ်ယောက်ထဲ နေရဖို့ အကြောင်းဖန်လာပါတော့တယ်။ အမေနဲ့ အဖေက သူတို့ငယ်ငယ်ကတည်းကကွဲသွားကြတာ ဖြစ်ပြီးတော့ အဖေဖြစ်သူက သူမလွတ်လာခက်ရက်ပိုင်းအလိုမှာ ကိုယ့်ကိုယ့်ကိုယ်သတ်သေသွားတာဖြစ်ပါတယ်။ အစ်ကိုဖြစ်သူ Alex ကလည်း ထောင်ကနေလွတ်မလာသေးပါဘူး။ အိမ်အကြီးကြီးထဲမှာ တစ်ယောက်ထဲနေရတဲ့Tom ဟာ အိမ်ထဲကနေ အသံတွေကြားရတာတွေ၊ ထူးဆန်းတဲ့ဖုန်းခေါ်ဆိုမှုတွေကို ကြုံတွေ့လာရပါတော့တယ်။မိန်းကလေးတစ်ယောက် ရေနစ်နေတာကိုလည်းမြင်မြင်နေရပါသေးတယ်။ တစ်နေ့မှာတော့ Tom ဟာ မုန့်စားချင်လို့ဈေးဆိုင်ကနေ မုန့်မှာရင်း မုန့်လာပို့တဲ့ Lynn ...
movie
Delirium(2018)
Warcraft: The Beginning (2016) 6.8
Warcraft: The Beginning (2016) Warcraft: The Beginning (2016)အညွှန်း ******************************** ဒီဇာတ်လမ်းလေးကို လူအတော်များမျာ မျှော်လင့်နေကြမယ်ထင်ပါတယ်။သာမန်ရုပ်ရှင်ပရိသတ်တွေလဲ ကောင်းကောင်းကြိုက်ကြပြီးWOW ကစားသမားတွေအတွက်တော့ ရွှေပါပဲ။လက်ရှိမှာတော့ IMDb 6.8 နဲ့ ရပ်တည်နေပါတယ်။ဇာတ်လမ်းလေးကို အကျဉ်းပြောပြရရင် မူလအစမှာ Human တွေနဲ့Orc တွေဟာအချင်းချင်းမသိကြ မဆုံဖူးကြသေးပါဘူး။ဒါပေမယ့် Orc တွေရဲ့ ကမ္ဘာကြီး ပျက်စီးသွားတော့မယ့်အချိန်မှာOrc မှော်ဆရာ Gul'dan ဟာ ဆိုးညစ်တဲ့အစိမ်းရောင်မှော်ပညာ(Fel) ကို သုံးပြီးမှော်မုခ်ဝ(Portal) ကို ဖွင့်လှစ်ပြီးAzeroth ကမ္ဘာ ကို Orc တွေ အားလုံးစုစည်းပြီးမျိုးနွယ်စု(The Horde) ကြီးတစ်ခုလုံးကို ခေါ်လာဖို့ကြိုးပမ်းပါတော့တယ်။အဲဒီ Azeroth ကမ္ဘာမှာတော့ Human တွေလူပု(Dwarf) တွေ နတ်သူငယ်(Elf) တွေဟာတစ်ယောက်ကိုတစ်ယောက်ယုံကြည်မှုမရှိသေး ကြည့်မရကြပေမယ့်ငြိမ်းချမ်းစွာနေထိုင်နေခဲ့တာကြာခဲ့ပါပြီ။ဒါပေမယ့် အခု ကမ္ဘာနှစ်ခုက မျိုးနွယ်တွေ တွေ့ဆုံလာပြီး ကိုယ့်ကိုကိုယ် ရှင်သန်နိုင်ဖို့တိုက်ခိုက်ကြရတော့မယ်အခြေအနေကိုရောက်လာတဲ့အခါ......Human ဘုရင်ကြီး Llane နဲ့ သူရဲကောင်း Lothar တို့ပူးပေါင်းပြီးမှော်ဆရာ(archmage) Khadgar ရဲ့အကူအညီနဲ့ဘယ်လိုရင်ဆိုင်ကြမလဲ....Orc ...
movie
Warcraft: The Beginning (2016)
2016
4K HEVC
The Gray Man (2022) 7
The Gray Man (2022) နက်ဖလစ်ရဲ့ အက်ရှင်ကားအသစ်ကြည့်ရအောင်။ ဒါရိုက်တာကတော့ ရက်ဆို ညီအစ်ကိုနှစ်ယောက်ပါပဲ။ အဗန်ဂျာဒါရိုက်တာတွေပေါ့။ ဇာတ်ညွှန်းဆရာတွေကလည်း အဗန်ဂျာရေးတဲ့သူတွေပါပဲ။ သရုပ်ဆောင်ကတော့ ရိုင်ယန်ဂို့စလင်း၊ ခရစ်စ် အီဗန်တို့နှစ်ယောက်အပြင် No Time to die တို့ Bladerunner တို့ထဲက မင်းသမီး အန်နာ ဒီအာမက်စ်လည်း ပါပါတယ်။ ပြီးတော့ Iron Fist တို့ Love and Monsters တို့မှာ အရမ်းချစ်ဖို့ကောင်းတဲ့ မင်းသမီး ဂျက်ဆီကာဟန်းဝစ်ပါ ပါပါသေးတယ်။ တမီးလ်မင်းသား Dhanush ပါ အားဖြည့်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ကော့ထ်ဂျန်ထရီ (ရိုင်ယန်ဂို့စလင်း)ဟာ လူသတ်မှုနဲ့ထောင်နှစ်ရှည်ကျနေသူဖြစ်ပြီး တစ်နေ့မှာတော့ စီအိုင်အေရဲ့ လျို့ဝှက်တရားမဝင်စစ်ဆင်ရေးတွေမှာ လုပ်ပေးဖို့ အပေးအယူနဲ့ထောင်ကလွတ်မြောက်သွားခဲ့ပါတယ်။ အဲဒီနောက် အေးဂျင့်လောကမှာ Six ဆိုတဲ့နာမည်တစ်လုံးနဲ့ကျော်ကြားလာခဲ့ပါတယ်။ တစ်နေ့မှာတော့ သူလုပ်ကြံရတဲ့ ပစ်မှတ်ဆီကနေ မရသင့်လိုက်တဲ့ အချက်အလက်တွေရသွားပြီး သူ့ရဲ့အဖွဲ့အစည်းကပါ သူ့ကိုပြန်လိုက်သတ်လာတာကြောင့် ထွက်ပြေးရပါတော့တယ်။ သူ့နောက်ကို တရားမဝင်လိုက်သတ်ဖို့ ...
movie
The Gray Man (2022)
4K HEVC Web-DL
Kill Me Three Times (2014) 5.9
Kill Me Three Times (2014) Kill Me Three Times (2014)====================IMDb Rating - 5.9/10နာမည်ဆန်းဆန်းနဲ့ ဒီဇာတ်ကားက Dark Comedy အမျိုးအစားရုပ်ရှင်တစ်ခုဖြစ်ပြီးနာမည်ကြီး comedy သရုပ်ဆောင် Simon Pegg က ကြေးစားလူသတ်သမား ချာလီအနေနဲ့ပါ၀င်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကိုတော့ ကြေးစားလူသတ်သမား ချာလီတစ်ယောက် လဲကျနေရာကနေ အစပြုထားပါတယ်။နောက်ပြီးတော့ တစ်စုံတစ်ခုကို ကြံစည်နေတဲ့ သွားဆေးခန်းက နေသန်နဲ့ လူစီတို့ လင်မယား  သွားဆေးခန်းနဲ့ချိန်းဆိုမှုလုပ်ထားတဲ့ အဲလစ်ဆိုတဲ့ ကောင်မလေးတစ်ယောက်၊ မိန်းမဖြစ်သူအပေါ် အချစ်ကြီးပြီး ခြုပ်ခြယ်လွန်းအားကြီးတဲ့ ဟိုတယ်ပိုင်ရှင် ဂျက်၊ စတိုးဆိုင်ဖွင့်ထားတဲ့ ဒေလန်ဆိုတဲ့ကောင်လေး၊ အဲ့‌ဒီဇာတ်ကောင်တွေရဲ့ ဇာတ်လမ်းတစ်ပုဒ်ချင်းစီကို ပြသထားတယ်။ အဲ့ဒီ ဇာတ်လမ်းတွေ တစ်ခုနဲ့တစ်ခုကြား ဘယ်လိုချိတ်ဆက်မှုရှိမလဲဆိုတာခပ်ဆန်းဆန်းတင်ဆက်ထားတာကြောင့် ပရိတ်သတ်တွေကဒါကို စိတ်၀င်တစား ကြည့်ရှူရမှာဖြစ်ပါတယ်။(သွေးထွက်သံယိုတွေ ဆဲဆိုခန်းတွေ ၀စ်လစ်စလစ်ခန်းတွေပါတာကြောင့် မိသားစုနှင့်ကြည့်ရှုရန်တော့ မသင့်တော်ပါကြောင်း)(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူများကတော့ Chuck Chuck ပဲဖြစ်ပါတယ်။) Quality – 1080p, ...
movie
Kill Me Three Times (2014)
2014
300: Rise of an Empire (2014) 6.2
300: Rise of an Empire (2014) 300: Rise of an Empire (2014) IMDb - 6.2/10_____Rotten - 44%  #ရုပ်ရှင်မိတ်ဆက်ဒီကားကတော့ 2006 ခုနှစ် တုန်းက ထွက်ခဲ့တဲ့ 300 ဇာတ်ကားရဲ့အဆက် အဖြစ် ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီကားက 300 လောက်သိပ်မကောင်းပါဘူး။ အထူးသဖြင့် ဒီကားမှာ စစ် ပွဲကောင်းကောင်းတွေ တွေ့ရမယ်လို့ မျှော်လင့်ထားတဲ့ ကျွန်တော်အတွက်တော့ စိတ်ပျက်စရာဖြစ် ခဲ့ပါတယ်။ဇာတ်လမ်းကတော့ Themistokles ဆိုတဲ့ အေသင် မြို့က စစ်သူကြီး က ပထမဆုံးအကြိမ် Persian တွေ စစ်ချီလာကတည်းက ရင်ဆိုင်တွေ့ခဲ့ဖူးသလို၊ Xerxes ရဲ့ အဖေဖြစ်တဲ့ (အဲ့ဒီအချိန်တုန်းက စစ်ချီလာတဲ့ Persian ဘုရင်) Darius ကို ပါ မြှားနဲ့ပစ်ခွင်းပြီး သတ်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီတုန်းက ဘုရင့်သားတော် Xerxes ကိုတော့ မသတ်ပဲ လွှတ်ပေးမိရာကနေ Xerxes က နောက်တစ်ကြိမ် ပြန်ပြီး စစ်ချီလာတာဖြစ်ပါတယ်။၃၀၀ မှာတုန်းက Sparta ကို Messenger ...
movie
300: Rise of an Empire (2014)
2014
Till Death 6.2
Till Death Till Death (2021) Megan Fox ရဲ့ ဇာတ်ကားသစ် ထွက်ရှိလာပါတယ်။ ဒီဇာတ်လမ်းထဲမှာ အဓိကဇာတ်ဆောင် အမ်မာ အနေနဲ့ ပါဝင်ထားတာမို့ အတော်မိုက်ပါကြောင်း အမ်မာဆိုတာ သူ့ကိုအထက်စီးကပဲဆက်ဆံလေ့ရှိပြီး လွှမ်းမိုးချုပ်ကိုင်လွန်းတဲ့ ယောကျ်ားဖြစ်သူမာ့ခ်ရဲ့လက်ကနေ လွတ်မြောက်ချင်နေသူတစ်ယောက်  ပြောရရင် မာ့ခ်ရဲ့လက်အောက်ဝန်ထမ်း တွမ်နဲ့နောက်မီးပါလင်းနေတာပေါ့ဒီလိုနဲ့ အမ်မာတစ်ယောက် မာ့ခ်နဲ့ ၁၁နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်မတိုင်ခင်ညမှာ တွမ်နဲ့လမ်းခွဲခဲ့ပြီး နှစ်ပတ်လည်နေ့မှာ သူတို့မင်္ဂလာဦးတုန်းကတည်းခဲ့ဖူးတဲ့ ရေကန်ဘေးကအပန်းဖြေအိမ်လေးဆီ သွားကြပါလေရောနှစ်ပတ်လည်ညမှာ ပန်းတွေ ဖယောင်းတိုင်တွေနဲ့ ရိုလို့မှမဆုံးသေး နောက်တစ်နေ့မနက်မှာ အသက်ကုန်နေတဲ့​ယောကျ်ားဖြစ်သူရဲ့အလောင်းကြီးနဲ့ လက်ထိပ်ခတ်လျက်သား အမ်မာတစ်ယောက်နိုးထလာရပါတော့တယ်ဇာတ်ကားနာမည် Till Death ဆိုတဲ့အတိုင်းပဲသေအတူရှင်မကွဲပေါ့နော်။ အရိုတစ်လိုင်းတော့မဟုတ်ဘူး Mystery Horror ပါတဲ့။ ဘယ်လိုတွေအမှုပတ်မယ်ဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦးReview by MTA Translated by MTA, JoJoVa Encoded by AugustFile size…1.8 GB and 960MB Quality….WEB-DL 1080p and 720p Format…mp4 Duration….1h 28min Subtitle….Myanmar Subtitle (Hardsub) .
movie
Till Death
2021
Shadow in the Cloud (2020)
Shadow in the Cloud (2020) ဒုတိယ ကမ္ဘာစစ်အတွင်း မုန်တိုင်းထန်တဲ့ ညတစ်ည၊ ပျံတက်လုဆဲဆဲ ဗုံးကြဲလေယာဉ်တစ်စင်းပေါ်ကို ထိပ်တန်းလျှို့ဝှက်ကုန်စည်တစ်မျိုးသယ်ဆောင်လာတဲ့ အမျိုးသမီးလေယာဉ်မှူးတစ်ယောက် တက်လာခဲ့တယ်။ လေယာဉ်ပေါ်က အမျိုးသားတပ်ဖွဲ့ဝင်တွေဟာ အထောက်အထားတွေရော သူတို့ကြောက်ရတဲ့ နာမည်ဆိုးနဲ့အထက်လူကြီးကြောင့်သာ လက်ခံလိုက်ရပေမယ့် အင်တင်တင်ဖြစ်ရုံမက သူ့အပေါ် ရိုင်းရိုင်းပျပျဆက်ဆံတယ်။ ဒါပေမယ့် သူနဲ့ စကားတွေပြောရင်း ဖလှယ်ရင်း ဒီအမျိုးသမီးနဲ့ ဒီကုန်စည်အပေါ်ကိုသံသယတွေကြီးထွားလာပြီး အမှောင်ထဲက တိမ်တွေကြားထဲ အရိပ်တစ်ခုကိုမြင်လိုက်ကြရတဲ့အခါမှာတော့? အဲ့ဒါ ရန်သူ ဂျပန်လေယာဉ်တွေဖြစ်မလား? ဒါမှမဟုတ် လေယာဉ်ကြုံလိုက်တဲ့ မိန်းမကြောင့်ဖြစ်မလား? စစ်အတွင်းကာလ အက်ရှင် နဲ့ အရင်တုန်းက နာမည်ကျော် gremlins မှင်စာတွေနဲ့ Horror ကိုရောမွှေထားတဲ့ကားပါပဲ။ ဇာတ်အစကနေ ပျိုးလာတဲ့ သိချင်စိတ်ကိုအဆုံးထိဆွဲခေါ်နိုင်သလို အထူးပြုလုပ်ချက်တွေလဲ သပ်ရပ်လှပပါတယ်။ မတွေ့ရတာကြာပြီဖြစ်တဲ့ အားလုံးရဲ့ အသည်းကျော်လေး Chloë Grace Moretz ကိုဇာတ်အစကနေအဆုံးထိ တောက်လျှောက်မြင်တွေ့ရမှာဖြစ်ပါတယ်။  File size…(1.7 GB) and (1 GB) Quality….WEB-DL 1080p and 720p Format…mp4 Duration….01:23:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias
movie
Shadow in the Cloud (2020)
Avengers: Endgame (2019) MCU 8.8
Avengers: Endgame (2019) MCU Avengers: Endgame(2019)(function(f,b,n,j,x,e){})();IMDb...8.8,,,,,,Rotten.....95%ဇာတ်လမ်းအကျဉ်းကတော့ သိပ်ပြောစရာမလိုလှပါဘူး။အားလုံးလည်း သိနေကြမှာပါ။ Mad Titan ဖြစ်တဲ့ Thanos ဟာ စကြဝဠာကြီး အဓွန့်ရှည်ဖို့အနန္တကျောက်တုံးတွေကိုသုံးပြီး သက်ရှိ တစ်ဝက်တိတိ ဖျောက်ပစ်ခဲ့ပါတယ်။ဒီအဖြစ်ကို အဗန်ဂျာတွေ ဘယ်လို ပြန်ကယ်တင်မလဲ ဘယ်လို လက်စားချေမလဲဆိုတာ ဒီကားမှာ တွေ့ရပါတော့မယ်။အားလုံးအကြိုက်တွေ့ကြမှာ သေချာပါတယ်။အက်မင်တွေတော့ ရုံမှာ ၃ ခေါက်လောက်ကြည့်ပြီး ဒီဗားရှင်းကိုငါးခေါက်လောက်ကို ပြန်ကြည့်ဖြစ်လောက်အောင် ကြိုက်ပါတယ်။ ခံစားကြည့်ကြပါ။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Little Neo ပဲဖြစ်ပါတယ်...... MCU ဇာတ်ကားအားလုံးကို  https://channelmyanmar.org/category/marvel-universe/ မှာ Download နိုင်ပါသည်။++++++++++++++++++++++++++++Marvel Cinematic Universe Intro=======================Marvel ထုတ်လုပ်ရေးမှ Marvel Cinematic Universe(MCU) ကို လွန်ခဲ့တဲ့ ၁၀ နှစ်က စပြီးတည်ဆောက်ခဲ့ပါတယ်။ ပထမဆုံး ဇာတ်လမ်းဖြစ်တဲ့ Iron Man-1 နဲ့ဖြစ်ပါတယ်။ နောက်ဆုံးအပိတ်ကတော့ Endgame (2019) ဖြစ်ပါတယ်။Marvel Universe မှာ Infinity ...
movie
2019
In Like Flynn (2018) 6.4
In Like Flynn (2018) ကဲ သရဲကားတွေ၊ သိပ္ပံကားတွေ၊ လူစွမ်းကောင်းကားတွေကြောင့် ပျင်းရိနေကြပြီလား။ဒါဆိုရင်တော့ ပူပူနွေးနွေးအသစ်ထွက်ထားတဲ့စွန့်စားခန်းတွေနဲ့ကားလေးတစ်ကားကို ပြောင်းကြည့်လိုက်ကြရအောင်ဗျာ။1930 ကာလ နယူးဂီနီကျွန်းစု (ယခု ပါပူဝါနယူးဂီနီ) မှာရွှေကြောတွေတွေ့တယ်ဆိုတဲ့သတင်းကြောင့်ရွှေရှာပုံတော်စွန့်စားခန်းဖွင့်တဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ကားတစ်ကားဖြစ်ပါတယ်...ဇာတ်လမ်းဇာတ်အိမ်ကောင်းပြီး ရသစုံလင်ကိုပေးနိုင်တဲ့ကားကောင်းလေးတစ်ကားမို့ အထူးညွှန်းမနေတော့ပါဘူး။ကိုယ်တိုင်ကြည့်ရှုရင်းနဲ့ပဲ အားပေးလိုက်ကြပါတော့ဗျာ File Size : ( 851 MB) & ( 222 MB)Quality : WEB DL 720pRunning Time :1hr 46 minFormat : Mp4Genre : Action , AdventureSubtitle : Myanmar Subtitle (Hard Sub)Translated by  Tar Tee PoeEncoded by May Pyae Sone ...
movie
In Like Flynn (2018)
2018
Outlaw King (2018) 7.2
Outlaw King (2018) Outlaw/King "အင်္ဂလိပ်တွေအတွက်တော့ သူပုန်။ စကော့တွေအတွက်တော့ ကျေးဇူးရှင် ဘုရင်မင်းမြတ်။" ရန်သူတွေကို စစ်ရှုံးခဲ့ရလို့ ဂူတစ်ဂူထဲမှာ ခြေရာဖျောက်ပုန်းခိုနေရတဲ့ ဘုရင်ကြီးတစ်ပါးဟာ အကြီးအကျယ် စိတ်ဓာတ်ကျဆင်းနေတယ်။ ရန်သူတွေဟာ အင်အားကြီးလွန်းလို့ သူဘယ်လိုတိုက်တိုက် နိုင်မှာမဟုတ်ဘူး သူ့နိုင်ငံကိုစွန့်ပြီး ရေမြေခြားမှာ သွားခိုလှုံတာ အကောင်းဆုံးပဲလို့တောင် တွေးနေမိတယ်။ အဲဒီအချိန်မှာ ဂူအမိုးမှာ ပင့်ကူလေးတစ်ကောင်ဟာ ပင့်ကူအိမ်ကို ခက်ခက်ခဲခဲတည်ဆောက်နေတယ်။ ပိုးမျှင်တစ်တန်းဖြစ်လာဖို့ တွယ်တက်လိုက် ပြုတ်ကျလိုက် အားမလျှော့ဘဲ ဆက်တက်လိုက် လုပ်နေရင်းနဲ့ အချိန်တစ်ခုကြာတဲ့အခါ ပင့်ကူအိမ်တစ်ခုဖြစ်လာတယ်။ ဒါကိုစိတ်ဝင်တစားကြည့်မိနေတဲ့ ဘုရင်ကြီးဟာ ကြည့်ရင်းနဲ့ စိတ်ဓာတ်ခွန်အားတွေရလာတယ်။ ဘယ်လောက်ခက်ခဲတဲ့ အလုပ်ဖြစ်ပါစေ မလျှော့တဲ့ဇွဲလုံ့လနဲ့ ကြိုးစားရင် အောင်မြင်မှာပဲဆိုတဲ့ သဘောတရားကို ဆုပ်ကိုင်မိသွားတယ်။ မကြာမီမှာပဲ ဘုရင်ကြီးဟာ သူပုန်းအောင်းနေတဲ့ဂူကနေထွက်လာပြီး ရန်သူတွေကို တိုက်ခိုက် ခြေမှုန်းပစ်တော့တယ်။ ဒီ ဘုရင်ကြီးနဲ့ ပင့်ကူငယ်ပုံပြင်ကို လူတိုင်း ကြားဖူးကြလိမ့်မယ်။ ဒီပုံပြင်ထဲက ဘုရင်ကြီးဟာ King Davidလို့ဆိုကြသလို စစ်သူရဲကောင်း Black Douglasလို့လည်း ဆိုကြတယ်။ ဒီပုံပြင်ကို အင်္ဂလန်နဲ့စကော့တလန်မှာရှိတဲ့ ကလေးတိုင်း အလွတ်ရနေပြီး ပုံပြင်ထဲက ဘုရင်ကြီးဟာ ဘယ်သူလဲဆိုတာ သူတို့ကောင်းကောင်းသိပါတယ်။ စကော့တလန်ရဲ့လွတ်လပ်ရေးကို အင်္ဂလန်လက်က ပြန်တိုက်ယူပေးခဲ့တဲ့ ဘုရင်ကြီး Robert the Bruceပဲ။ စစ်ပညာရှင်တွေကတော့ Robert the Bruceကို ပြောက်ကျားစစ်ဘုရင်လို့ခေါ်ကြတယ်။ Robertဟာ သူ့ထက်အင်အား နှစ်ဆသာတဲ့ရန်သူကို ပြောက်ကျားနည်းနဲ့ အမြဲတိုက်ခိုက် အနိုင်ယူခဲ့လို့ ဖြစ်ပါတယ်။ ၁၂၈၆ ခုနှစ်မှာ စကော့ပြည်ရဲ့ဘုရင် Alexander ...
movie
Outlaw King (2018)
2018
Zero Dark Thirty (2012) 7.4
movie
Zero Dark Thirty (2012)
2012
Bleeding Steel (2017) 5.5
Bleeding Steel (2017) 2018 ခုနှစ်ထွက် အခုမှ ပူပူနွေးနွေး ရုံတင်နေတဲ့ မင်းသားကြီးဂျက်ကီချန်းရဲ့ ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်ဇာတ်ကားလေးက တော့ သိပ္ပံ အက်ရှင်ဒရမ်မာကားလေးပါဇာတ်ကားထဲမှာတော့ ဂျက်ကီချန်းက တာဝန်ကျေလွန်းတဲ့ ရဲ ၀န်ထမ်းအဖြစ်သရုပ်ဆောင်ထားပြီးတော့ သူဟာ သူ့ရဲ့ တာဝန်ကို အပျက်ကွက်လုံးဝ မခံပဲ သူ့သမီးလေး ဆေးရုံမှာ အရေးပေါ်ဖြစ်နေတာတောင်ကျရာတာဝန်ကို မပျက်မကွက်ထမ်းဆောင်ခဲ့ပါတယ်ဇာတ်လမ်း အကျဉ်းလေးကတော့ ရဲ အရာရှိ လင်း ဟာ သူ့သမီးလေး အရေးပေါ်ဖြစ်နေလို့ဆေးရုံကိုသွားနေတဲ့ အချိန်မှာ သှူု အထက်အရာရှိက သူ့ကို ဖုန်းဆက်ပြီး တာဝန်ပေးလိုက်လို့အရေးကြီး သက်သေကို ကာကွယ်ဖို့အတွက် သွားလိုက်ပါတယ်ဒါပေမဲ့ သက်သေကော သူပါလုပ်ကြံခံခဲ့ရပြီး အဲ့ဒီသိပ္ပံပညာရှင် စမ်းသပ်ခဲ့တဲ့ နျူကလီးယားရောင်ခြည်သင့် လူသားကလာရောက်လုပ်ကြံခဲ့တာဖြစ်ပြီး တော့ ဂျက်ကီချန်းတယောက် သတိလစ်သွားပါတော့တယ်အဲ့ဒီနောက်မှာတော့ ဘာတွေဘလိုဆက်ဖြစ်ကြမလဲဆိုတာတော့ပရိတ်သတ်ကြီးကပဲ ဆက်လက်ကြည့်လိုက်ကြပါတော့ဗျာ  File Size : (950 MB) and (470 MB) Quality : HCWEBRip 720p Running Time : ...
movie
Bleeding Steel (2017)
2017