Channel Myanmar

Carrie Fleming

Good Luck Chuck (2007)
Good Luck Chuck (2007)  ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၀၇ ခုနှစ်ထွက် အချစ်ဟာသဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကပေါ့ပေါ့ပါးပါးနဲ့ စိတ်ကိုလွတ်လပ်ပေါ့ပါးစေမဲ့ကားလေပါ။ဆု‌တွေလည်းရရှိထားပါတယ်။ဇာတ်လမ်းရဲ့အဓိကဇာတ်ဆောင်တွေကတော့ Dane Cook၊ Dan Foglerနဲ့ မင်းသမီးကတော့ Fantastic four ဇာတ်ကားထဲကမင်းသမီး Jessica Alba ကသရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းကတော့ဆန်းဆန်းလေးနဲ့ရီရပါတယ်။ သွားဆရာဝန် ဒေါက်တာချာလီလိုဂန်ဟာ ငယ်စဉ်ကလေးဘဝတုန်းက ဆော့ကစားရင်နဲ့ ကလေးတစ်‌ယောက်ရဲ့ကျိန်စာအတိုက်ခံခဲ့ရပါတယ်။ သူနဲ့တွဲတဲ့မိန်းကလေးတိုင်း နောက်ကောင်တစ်ယောက်ဆီပါသွားစေရမယ်ဆိုပြီး ကျိန်စာတိုက်ခံလိုက်ရတာပါ။ အသက်ကြီးလာတော့ ရည်စားအများကြီးတွဲခဲ့ဖူးပေမဲ့လည်း အချစ်စစ်ကိုမခံစားဖူးခဲ့ပါဘူး။သူဟာသူရည်းစားဟောင်းရဲ့မင်္ဂလာဆောင်ကိုသွားရင်းနဲ့ အမျိုးသမီးတွေကြားနာမည်ကျော်ကြားသွားပါတယ်။ သတို့သမီးကချာလီနဲ့ပြတ်ပြီးတော့မှ သူ့ရဲ့အချစ်စစ်ကိုတွေ့ရှိခဲ့ကြောင်းပြောလိုက်တဲ့အတွက် ချာလီကိုလာဘ်ကောင်လေး‌ဆိုပြီးအမျိုးသမီးတွေကထင်မှတ်လာကြပါတယ်။ ဒီတော့အမျိုးသမီးတွေကချာလီနဲ့အတူအိပ်ခွင့်ရဖို့ကြိုးစားလာကြပါတယ်။ ချာလီကတော့ ဒီကိစ္စကိုအယုံအကြည်မရှိပေမဲ့လည်း သူ့သူငယ်ချင်း ‌ဒေါက်တာစတူရဲ့မြှောက်ပင့်ပြောဆိုမှုကြောင့် မိန်းကလေးတွေကိုပါရမီဖြည့်ပေးတဲ့အနေနဲ့ သူတို့နဲ့အတူအိပ်ပေးခဲ့ပါတယ်။ (အတော်ကံကောင်းတဲ့လူပါ) ကြာလာတဲ့အခါချာလီဟာဒီကိစ္စကိုစိတ်ကုန်လာပါတယ်။ အချစ်မပါတဲ့လိင်ဆက်ဆံရေးလည်းဖြစ်၊ဒီမိန်းကလေးတွေကလည်းသူနဲ့အတူဆက်ဆံနေချိန်မှာတောင် သူ့အပေါ်စိတ်မရောက်နေပဲ အချစ်စစ်ဖြစ်လာမဲ့ နောက်ကောင်တစ်ယောက်အကြောင်းတွေးနေကြလို့ပါ။ချာလီဟာဒီလိုလာဘ်ကောင်ကိစ္စဖြစ်ပြီးတဲ့နောက်မှာ သူဟာအမျိုးသမီး‌တွေရဲ့အသုံးချခံပဲဖြစ်နေတယ်လို့ထင်မှတ်လာပြီး အချစ်စစ်ကိုလိုချင်လာပါတော့တယ်။ သူကသူရဲ့လက်တွဲဖော်ဟာ မင်္ဂလာဆောင်မှာတွေ့ခဲ့တဲ့ ပင်ဂွင်းစောင့်ရှောက်ရေးမှာအလုပ်လုပ်တဲ့ ကမ်ဝက်ဇ်လာလို့ထင်မှတ်ပါတယ်။ကမ်ဝက်ဇ်လာကတော့ချာလီရဲ့လာဘ်ကောင်ကိစ္စကြောင့်ချာလီကိုမတွဲချင်ခဲ့ပါဘူး။ ဒါပေမဲ့ ချာလီရဲ့ကြိုးစားမှုကြောင့်ကမ်ဝက်ဇ်လာကချိန်းတွေ့ကြဖို့သဘောတူလိုက်ပါတယ်။ အဲ့ဒီမှာပြဿနာစတာပါပဲ။ ချာလီဟာကမ်နဲ့အတူအိပ်လို့မရပါဘူး။ အိပ်လိုက်တာနဲ့နောက်ကောင်တစ်ယောက်ဆီကိုပါသွားမှာပါ။ ဒီတော့ချာလီနဲ့ကမ်တို့နှစ်ယောက် ဘယ်လိုဆက်ဖြစ်မလဲ...ပေါင်းဆက်ဖြစ်မလားဆိုတာကိုဆက်လက်ခံစားကြပါခင်ဗျာ။ဒီဇာတ်လမ်းလေးကမထင်မှတ်ထားတဲ့အချိန်မှာ မထင်မှတ်ထားတဲ့ဟာသပြကွက်လေးတွေနဲ့ဆို‌တော့ကြည့်ပျော်ပါတယ်။ မင်းသမီးရဲ့နမော်နမဲ့နိုင်ပုံလေး‌တွေကလည်းချစ်ဖို့ကောင်းပါတယ်။ ...
movie

Good Luck Chuck (2007)

Felon(2008) 7.4
Felon(2008)  အိပ်မက်ကောင်းလေး မက်နေတုန်း. ဆွဲကိုင်လှုပ်နှိုးခံလိုက်ရသလို ဘဝမှာ မျှော်မှန်းထားသမျှတွေ ဖြစ်လာရုံရှိသေးကြမ္မာဆိုးဝင်ကာ မရည်ရွယ်ဘဲ သတ်ခဲ့မိတဲ့ လူသတ်မှုတစ်ခုကြောင့် ဘယ်သူ့ကိုမှ ရှင်းပြခွင့်မရဘဲ ထောင်ထဲဝင်ကာ အချိန်နဲ့ပေးဆပ်ခဲ့ရတဲ့ ဝိတ်ဒ်.ဖြစ်လာသမျှကို အ‌ကောင်းဆုံး ရင်ဆိုင်ကျော်လွှားမယ် စိတ်ကူးရင်းကိုပဲ ဆုံးဖြတ်ချက်အမှားတွေ ထပ်ခါထပ်ခါ ကျူးလွန်မိရင်း အဆိုးဘက်ကို ရောက်လာခဲ့ပါတယ်။ ချစ်ဇနီး၊ သမီးတို့ကို ဆုံးရှုံးထားရပြီး လက်စားချေခြင်းကို ကိုယ််တိုင် အေးစက်စွာ စားသုံးပြီးတဲ့နောက် မှာတော့ထောင်ထဲမှာ ရှင်လျက်သေနေရတဲ့ဘဝမျိုးနဲ့ ဖြတ်သန်းနေခဲ့တဲ့ ဂျွန်စမစ် နဲ့ ဆုံမိတဲ့အချိန်မှာတော့. သာမန်စီးပွားရေးသမားဘဝကနေ အကျဉ်းထောင်ကျောင်းကြီးရဲ့ ပညာပို့ချပေးမှုတွေကြောင့် သတိမထားမိခင်မှာဘဲ ဒုစရိုက်သမား ဂိုဏ်းစတားဘဝကို တဖြည်းဖြည်း ပြောင်းလဲလာနေတဲ့ ဝိတ်ဒ်ရဲ့ စိတ်ခံစားချက်တွေအကျဉ်းထောင်အတွင်းက လူမိုက်ဂိုဏ်းတွေနဲ့ ထောင်စောင့်ရဲတွေကြားထဲက ပဋိပက္ခတွေ.ဝိတ်ဒ်ရဲ့ ဇနီးဖြစ်သူ လော်ရာတစ်ယောက် ယောကျ်ားဖြစ်သူကို အားကိုး၍ မရတော့သည့်အချိန် အပြင်လောကအခက်အခဲများကို ကိုယ်တိုင်ဖြေရှင်းရင်း Single Mother ဘဝနဲ့ ရုန်းကန်ရပုံများ.စသည် လက်တွေ့လူ့ဘောင်လောကကို အနီးစပ်ဆုံး ထင်ဟပ်ပြသထားတဲ့ ဇာတ်ကားကောင်းလေး တစ်ပုဒ်ကိုCM မှ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်. File size…2.28GB / ...
movie

Felon(2008)

In the Name of the King: A Dungeon Siege Tale (2007) 3.8
In the Name of the King: A Dungeon Siege Tale (2007) In the Name of the King: A Dungeon Siege Tale (2007)======================================Jason Statham ကအက်ဘ် တိုင်းပြည်မှာ ဇနီးသည်သားတစ်ယောက်နဲ့အတူလယ်လုပ်ငန်းလုပ်ပါတယ်။ တစ်နေ့သူ့ဇနီးနဲ့သား မြို့ကိုဈေးရောင်းထွက်တဲ့အချိန်မှာ သူ့လယ်ကို ခရပ်ချ်ဆိုတဲ့ သတ္တဝါဆန်းကြီးတွေ လာတိုက်ခိုက်တာခံရပြီးနောက် မြို့ကိုတက်ပြီး ဇနီးနဲ့သားကိုရှာဖို့ သူ့မွေးစားအဖေနဲ့အတူထွက်အလာမှာ မှော်ဆရာတစ်ယောက်ဖြစ်တဲ့ ဂါလီယန်က ခရပ်ချ်သတ္တဝါတွေကိုထိန်းချုပ်ခိုင်းစေပြီး သူ့သားကိုသတ် သူ့ဇနီးကိုဖမ်းခေါ်သွားတာကို သိလိုက်ရပါတယ်။ မှော်ဆရာဂါလီယန်ဟာ သူတို့ဘုရင်ရဲ့ မဟာရန်သူတော်ဖြစ်ပြီး ဘုရင့်တူနဲ့အတူ နန်းလုဖို့ပူးပေါင်းကြံစည်နေသူပါ။ ဒီလိုနန်းတွင်းဇာတ်ရှုပ်မှာ သာမန်အညတရလယ်သမားတစ်ယောက်ဖြစ်တဲ့သူဟာ အဓိကကျတဲ့နေရာက ပါဝင်ပတ်သက်နေတယ်ဆိုတာ ဘုရင့်အတိုင်ပင်ခံနတ်ဆရာက အစောကြီးကြိုမြင်ခဲ့ပြီး သူ့ဆီချဉ်းကပ်လာတဲ့အခါ..။ သူမသိခဲ့တဲ့သူ့နောက်ခံဇာတ်ကြောင်းက ဘာလဲ၊ ဘာကြောင့်သူဟာ ဒီဇာတ်လမ်းမှာအဓိကကျနေလဲ အစရှိတဲ့ မေးခွန်းတွေနဲ့အတူ မှော်ပညာတွေ သတ္တဝါဆန်းတွေနဲ့ စွန့်စားခန်းတွေကြုံဆုံရပါတော့တယ်။ In the Name of the King မှာ လယ်သမားအဖြစ် Jason Statham ကဦးဆောင်ပါဝင်ထားပါတယ် ဒီကားဟာ တစ်ချိန်က နာမည်ကျော်ဗီဒီယိုဂိမ်းတစ်ခုဖြစ်တဲ့ Dungeon Siege ကိုအခြေခံထားတာဖြစ်ပြီး နန်းတွင်းဇာတ်ရှုပ်တွေ မှော်ဆရာတွေ၊ သတ္တဝါဆန်းတွေ နဂါးတွေနဲ့ ...
movie

In the Name of the King: A Dungeon Siege Tale (2007)

Rememory(2017) 6.2
Rememory(2017) ၂၀၁၇ ခုနှစ် စက်တင်ဘာလမှာ Lionsgate Premiere က ဖြန့်ချိရုံတင်ခဲ့တဲ့ Rememory ဇာတ်ကားကို Director Mark Palansky က ရိုက်ကူးထားပြီး Peter Dinklage(Samuel Bloom) , Martin Donovan (Gordan Dunn) တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်အရုပ်ငယ်လေးတွေနဲ့ မော်ဒယ်ပုံသေးသေးလေးတွေတည်ဆောက်တဲ့ပညာရှင် ဆမ်မျူရယ်ဘလွန်းဟာ သူ့ညီနဲ့ အရက်ဘားကနေအိမ်ကိုကားမောင်းအပြန်မှာ ကားမတော်တဆမှုဖြစ်ပွားပြီး သူ့ညီလေးသေဆုံးခဲ့ပါတယ်နောက် နှစ်နည်းနည်းကြာလာတဲ့အချိန်မှာ ဂေါ်ဒန်ဒန်းဆိုတဲ့ သိပ္ပံပညာရှင်တယောက်က ဦးနှောက်ထဲက မှတ်ဥာဏ်တွေကို အတိအကျပြန်လည်တူးဖော်ပေးနိုင်တဲ့ မှတ်ဥာဏ်ဖော်စက်ကို ရှေ့ပြေးပုံစံငယ်တည်ဆောက်နိုင်ခဲ့ပါတယ်ဂေါ်ဒန်ဒန်းမှာ ဂျိန်းလို့ခေါ်တဲ့သမီးလေးတယောက်ရှိပြီး အဲဒီသမီးလေးဟာ ကားမတော်တဆမှုတခုမှာ ဆုံးပါးသွားခဲ့ပါတယ် သမီးလေးဆုံးပါးပြီးတဲ့နောက် ဇနီးဖြစ်သူနဲ့ပါ အဆင်မပြေဖြစ်လာတဲ့ ဂေါ်ဒန်ဟာ သူ့သမီးငယ်လေးရဲ့ပုံရိပ်တွေကို ပြန်လည်မြင်တွေ့နိုင်ဖို့ မှတ်ဥာဏ်ဖော်စက်ကို ဖန်တီးခဲ့တာပါသူ့ကုမ္ပဏီက တာဝန်ရှိသူတွေကတော့ မှတ်ဥာဏ်ဖော်စက်ကို တည်ဆောက်တာက ကိုမာဝင်နေတဲ့လူနာတွေကို ပြန်လည်ကယ်တင်နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ စီးပွားတွက်တွက်ကြပါတယ်အဲဒီ နမူနာပုံစံကို ဈေးကွက်ကိုစတင်မိတ်မဆက်ခင် စက်ကိုစမ်းသပ်တုန်းက စမ်းသပ်ခံအနေနဲ့ ပါဝင်ခဲ့သူတွေဟာ စမ်းသပ်ခံပြီးနောက်မှာတော့ ပြဿနာမျိုးစုံကြုံခဲ့ရပြီး ...
movie

Rememory(2017)

2017