Channel Myanmar

Cha Seung-won

The Suck Up Project (2012)
The Suck Up Project (2012) The Suck Up Project (2012)အိုဒုံရှစ်က အာမခံစီမံရေးကုမ္ပဏီဝန်ထမ်းတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာတော့ သူ့ကို ဌာနက အရောင်းပိုင်းကို လွှတ်လိုက်လို့ အလုပ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့ သူလည်း အိမ်ပြန်အရောက် မွစာကြဲနေတဲ့ အိမ်နဲ့ သူ့အမေကို တွေ့လိုက်ရပါတယ်။ အကြောင်းအရင်းက သူ့အမေဟာ သူ့အဖေ လူရိုးလူမှန် ဒုကျောင်းအုပ်ကို သူ့အဖေမသိဘဲ လာဘ်ထိုးကာ ကျောင်းအုပ်ဖြစ်အောင် လုပ်ပေးဖို့အတွက် လူမိုက်တွေဆီက အကြွေးတွေ ယူခဲ့တာကြောင့် အကြွေးလာတောင်းရင်း လာသောင်းကျန်းသွားခဲ့ပါတယ်။ဒုံရှစ်ကတော့ သူ့အဖေလည်း မသိအောင် သူ့ဘာသာ အကြွေးပြန်ဆပ်မယ်ဆိုပြီး အာမခံအရောင်း အလုပ်ကိုပဲ ပြန်ဝင်လုပ်ခဲ့ပါတယ်။ပြဿနာက သူများကို မဖားတတ် အပြောမချို အနေအေးတဲ့ အိုဒုံရှစ်လိုလူက အာမခံရောင်းရတယ်ဆိုတော့ ဘယ်သူက သူ့လိုလူဆီ အာမခံဝယ်တော့မလဲ... သူ့မှာလည်း အကြွေးဆပ်ချိန်က တစ်လပဲ ရှိတာမလို့ အာမခံရောင်းတဲ့သူတွေရဲ့ လက်စွဲစာအုပ်ကို ရေးတဲ့ အဖားမာစတာကို ရှာဖွေရပါတော့တယ်။အဖားမာစတာကို ရှာတွေ့တဲ့အခါ သူ့ကို တပည့်အဖြစ် လက်ခံပေးအောင် ပြောပြီး လူတွေကို ဖားနည်းကို အခြေခံကနေစပြီးတော့ သင်ယူပါတော့တယ်။အဖားမာစတာဆီက ...
movie

The Suck Up Project (2012)

Believer 2 (2023) 8.8
Believer 2 (2023) Believer 2 (2023) (အညွှန်း) ====================2018 ခုနှစ်ကထွက်ရှိခဲ့တဲ့ Believer ရဲ့ sequel ထွက်ရှိလာပါပြီ။စုံထောက် Won Ho အပူတပြင်းလိုက်ရှာနေတဲ့ အာရှရဲ့အကြီးဆုံး မူးယစ်ဆေးဂိုဏ်းခေါင်းဆောင် ဆရာ အီက ဘယ်သူဖြစ်နေမှာလဲ .. ပျောက်ဆုံးနေတဲ့ Seo Young Rak ကရော ဘယ်ကိုရောက်သွားတာလဲ။ ဘရိုင်ယန့်ကို ဆရာအီအဖြစ်ဖမ်းဆီးခဲ့ပေမယ့် ဆရာ အီ မဟုတ်တဲ့ ဘရိုင်ယန်က Big Knife နဲ့လက်တွဲပြီး တကယ့်ဆရာ အီအစစ်နဲ့တွေ့ရဖို့ကြိုးစားလာတဲ့အခါ ဘာတွေဆက်ဖြစ်ဦးမှာလဲ။ဒီတစ်ခေါက်မှာတော့ main cast အနေနဲ့ မမ Han Hyo Joo က “Big Knife” အဖြစ်ကြမ်းပြဦးမှာဖြစ်သလို Seo Young Rak နေရာမှာ အရင် cast ဟောင်း Ryu Joon Yeol အစား Oh Seung Hoon က ပါဝင်သွားမှာပဲဖြစ်ပါတယ်။ သွေးထွက်သံယိုဇာတ်ဝင်ခန်းတွေလည်းပါဝင်သလို မမ ...
movie

Believer 2 (2023)

2023
Believer (2018) 5.9
Believer (2018) Believe (2018)ဝန်ဟိုကတော့ ဆရာအီလို့ခေါ်တဲ့လူတစ်ယောက် ဦးစီးနေတဲ့ အာရှရဲ့ အကြီးမားဆုံး မူးယစ်ဂိုဏ်းကို ဖြိုခွင်းဖို့ ကြိုးစားနေတဲ့ စုံထောက် တစ်ယောက်ပါ။ ဒါပေမဲ့ ခက်နေတာက ဆရာအီ ဆိုတဲ့လူကို ဘယ်သူကမှ မမြင်ဖူးကြပါဘူး။ အဲဒါအပြင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူ တော်တော်များများကလည်း မူးယစ်ဆေးဝါးတွေကို တရားမ၀င် ရောင်းဝယ်ဖောက်ကားဖို့အတွက် ဆရာအီအဖြစ် ဟန်ဆောင်နေကြပါသေးတယ်။ ဆရာအီရဲ့ ဂိုဏ်းက အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ ရာ့ ဆိုတဲ့သူကတော့ သူ့အမေကို သတ်ခဲ့တဲ့ ဆရာအီ့ကို လက်စားချေဖို့ကြိုးစားနေတဲ့သူပါ။ စုံထောက်ဝန်ဟိုနဲ့ ရာ့ တို့ဟာ တူညီတဲ့ရည်မှန်းချက်တွေနဲ့ နှစ်ယောက်အတူပူးပေါင်းပြီး ဆရာအီ့ကို ဖမ်းဆီးဖို့ကြိုးစားကြပါတော့တယ်။ နှစ်ယောက်သား ဘယ်လိုပူးပေါင်းပြီး စိတ္တဇဆန်ဆန် အန္တရာယ်များတဲ့ မူးယစ်ဂိုဏ်းခေါင်းဆောင်ကို ဘယ်လိုဖော်ထုတ်ပြီး ဖမ်းဆီးကြမလဲ တစ်ဇာတ်လုံးမြှုပ်ထားတဲ့ ဆရာအီကရော ဘယ်သူဖြစ်မလဲဆိုတာ စိတ်ဝင်တစား ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးမို့ လက်မလွှတ်သင့်ပါဘူး​နော်အညျွန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Shin, Cali, Thae, Laii တို့ပဲ ဖြစ်ပါတယ်။Genre..... Action, Crime Quality…. 1080p | 720p File size…  ...
movie

Believer (2018)

2018
Secret(2009) 7.0
Secret(2009) Secret(2009)***********အဓိကဇာတ်ဆောင်တွေအနေနဲ့ Cha Seung Won, Song Yoon A, Ryoo Seung Ryong တို့ ပါဝင်ထားကြပါတယ်။စုံထောက် ကင်ဆောင်းယော (Cha Seung Won) ဆိုတဲ့သူမှာ သိပ်လှတဲ့ ဇနီးချောလေးတစ်ယောက်ရှိတယ်..သူဟာ အလုပ်မှာတာဝန်ကျေတယ်လို့ဆိုရပေမဲ့ ဇနီးဖြစ်သူအပေါ်တော့ ခင်ပွန်းဝတ္တရားကျေပုံမရဘူး...ဒါ့ကြောင့် သူတို့လင်မယားရဲ့ အိမ်ထောင်ရေးဟာအဆင်ပြေလှတယ်ရယ်တော့မဟုတ်ဘူး...ဒါပေမဲ့ သူဟာ နည်းလမ်းအမျိုးမျိုးနဲ့ဇနီးဖြစ်သူနဲ့အဆင်ပြေဖို့ကြိုးစားရှာတယ်...တစ်နေ့တော့ လူမိုက်ဂိုဏ်းခေါင်းဆောင်တစ်ဦးသတ်ခံရတယ်..ဒီအမှုကိုလိုက်ဖို့ သူ့ကိုပဲ စခန်းမှူးက တာဝန်ပေးလိုက်တယ်...အမှုမှာ သက်သေတွေလိုက်စစ်တဲ့အခါမှာ သက်သေအဖြစ်ကျန်ခဲ့တဲ့ ကြယ်သီးတစ်လုံးနဲ့နားကတ်တစ်ဖက်ဟာ သူ့မိန်းမရဲ့ပစ္စည်းတွေဖြစ်နေတယ်...ဒီလိုနဲ့ တရားခံဖြစ်ဖို့ရာခိုင်နှုန်းများတဲ့ မိန်းမရဲ့ သက်သေခံပစ္စည်းတွေဖြစ်နေတဲ့အတွက်ကြောင့်သူဟာ ဒီသက်သေတွေကိုဖျောက်ပြီး အမှုကို တလွဲတွေလုပ်ဖို့ကြံစည်ပါတော့တယ်.. အဲ့ဒီနောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့....File Size :(2.8GB) and (855MB) Quality :NF.WEB-DL.1080P5.1Ch,720p Format…mp4 Duration…01:45:00 Genre : Crime , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Mya Thet Encoded by Phyo ...
movie

Secret(2009)

The Map Against The World (2016) 5.8
The Map Against The World (2016) The Map Against The World (2016) IMDb 5.8နာမည်ကြီးမင်းသားမင်းသမီးတွေတစ်စုတစ်စုတည်းပါဝင်တဲ့ တစ်ခေတ်တစ်ခါက ဖြစ်ရပ်မှန်သမိုင်းဝင်ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်GPS တွေမပေါ်သေးတဲ့နန်းတွင်းခေတ်မှာဆိုရင် မြေပုံတွေကိုပဲအားကိုးအားထားပြုကြရပါတယ် ဒါပေမယ့် အားကိုးရတဲ့မြေပုံကသာမှားယွင်းရေးဆွဲထားပါက လူကိုသတ်တာနဲ့အတူတူပါပဲဒီကားထဲမှာဆိုရင်လည်း မြေပုံဆွဲဆရာ ကင်ဂျောင်းဟိုငယ်စဉ်အချိန် သူပုန်တွေခေတ်ထတော့ နန်းတွင်းအရာရှိတွေက ကုန်သည်တွေကိုသွားတိုက်စေခဲ့ပါတယ် ဒီကုန်သည်‌‌တွေထဲမှာ ဂျောင်းဟိုအ‌ဖေလည်းအပါအဝင်ပေါ့အာဏာရှိလူတွေကခိုင်းတာကြောင့် မတတ်သာပဲ မြေပုံလေးတစ်ခုနဲ့ ထွက်လာကြတဲ့ကုန်သည်တွေဟာ မြေပုံအမှားကြောင့် နှင်းတောထဲလမ်းပျောက်ကာ မရှူမလှသေခဲ့ရပါတယ် ဖခင်သေဆုံးခဲ့ရလို့စိတ်နာခဲ့တဲ့ကင်ဂျောင်းဟိုလေးကြီးပြင်းလာတော့ ကမ္ဘာအနှံခြေဆန့်ပြီး ကမ္ဘာ့အရှေ့ခြမ်းမြေပုံကိုနှစ်နဲ့ချီရေးဆွဲခဲ့ပါတော့တယ်တခြားနေရာမှာသာဉာဏ်မကောင်းတဲ့ဂျောင်းဟိုက မြေပုံဆိုရင်တော့ သစ်ပင်ကအစမလွဲဘဲဆွဲနိုင်တာကြောင့် အရူးမြေပုံဆွဲသမားလို့လည်း ခေါ်ကြပါသေးတယ် ဒီလိုနဲ့ တစ်နေ့ နန်းတွင်းအင်အားကြီးနှစ်ဖွဲ့ကြား အရှုပ်အရှင်းတွေပေါ်ပေါက်လာခဲ့ပြီး ဒီမြေပုံကိုမဖြစ်မနေရရမယ့်အနေအထားပေါ်လာခဲ့ရမှာတော့... ဘာတွေဆက်ဖြစ်သွားမလဲ အသက်ထက်တန်ဖိုးထားရတဲ့ဒီမြေပုံကို‌ကင်ဂျောင်းဟိုကာကွယ်နိုင်မလားဆိုတာ အခုပဲဒေါင်းကြည့်လိုက်ကြပါတော့ရှင် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Yunni ပါ )File Size__(3.2GB) / (1.5GB) Quality__HD_1080p, 720p IMDb Rating__5.8/10 Format__mp4 Duration__02:10:00 Type__Drama, History Subtitle__Myanmar Subtitle (Hardsub) Translated by Yunni Encoded by Naing Aung Latt
movie

The Map Against The World (2016)

Ghost House (2004) 6.1
Ghost House (2004) Ghost House (2004)လောကမှာ လူတွေလောက် ကြောက်စရာကောင်းတာ မရှိဘူးသရဲကတောင် လူတွေလောက်ကြောက်စရာမကောင်းဘူးဆိုတဲ့ ဒီကားလေးထဲ စကားကို တကယ်သဘောကျမိသလို လက်လည်းလက်ခံမိပါတယ်အဖေတစ်ခု သားတစ်ခုဘဝနဲ့ အိမ်ပိုင်မရှိ ခဏတိုင်း အိမ်ပြောင်းနေထိုင်ခဲ့ကြရတဲ့ ပတ်ပီဂီတို့သားအဖ...တစ်နေ့ ပတ်ပီဂီ ငယ်ငယ်မှာပဲ အဖေဖြစ်သူ ဆုံးပါးခါနီး နောက်ဆုံးဆန္ဒဟာ သားဖြစ်သူကို ကိုယ်ပိုင်အိမ်ရှိစေချင်ခဲ့တာပါဒီလိုနဲ့ ပီဂီတစ်ယောက် ကြီးပြင်းလာတဲ့အခါ သဘောၤသားအဖြစ် အလုပ်ကြိုးစား ငွေစုပြီး ကိုယ်ပိုင်အိမ်လေးတစ်လုံးကို ဝယ်ယူပိုင်ဆိုင်ခဲ့ပေမယ့်ကံဆိုးချင်တော့ ဝယ်လိုက်တဲ့အိမ်မှာ မကျွတ်လွတ်သေးတဲ့ အိမ်စွဲသရဲမလေး ယွန်းဟွါရှိနေတဲ့အခါ...ရယ်ရခက် ငိုရခက် ပီဂီ့ခမျာ သရဲခြောက်လို့ ထံက်ပြေးရင်း မိုးကြိုးပစ်ခံရပြီး သေရွာပြန်ရာက သရဲတွေပါမြင်သွားရတော့သရဲနဲ့ အမောင်ပီဂီ ဘယ်လိုနှစ်ပါးသွားမလဲယွန်းဟွာ မကျွတ်လွတ်သေးတဲ့ အကြောင်းရင်းကို ဘယ်လိုဖော်ထုတ်ပေးမလဲဆိုတာ အခွီလေးတွေပါရောရင်း ကြည့်ရှုလိုက်ရအောင်ပါ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hay Mann Thitsar ပါ )File Size__(2.2GB) / (1GB) Quality__1080p, 720p IMDb ...
movie

Ghost House (2004)

Sinkhole (2021) 7
Sinkhole (2021) Sinkhole (2021)ဒီကားလေးကတော့ အားလုံးရဲ့အချစ်တော် Runner ဟောင်းကြီး Lee Kwang Soo ပါဝင်တဲ့ Sinkhole ဆိုတဲ့ကားလေးဖြစ်ပါတယ်။ကိုးရီးယားမှာ ရုံတင်ထားတာ မကြာသေးသလို ပြသတုန်းကလည်း လက်မှတ်တွေအများကြီးရောင်းရတဲ့ နာမည်ကြီးရုပ်ရှင်ကားတစ်ကားပါ။ဇာတ်လမ်းကတော့ ကားနာမည် “Sinkhole” ဆိုတဲ့အတိုင်း တိုက်ကြီးတစ်ခုလုံးမြေပြိုသွားပြီး မြေတွင်းကြီးထဲကျသွားတာ ဘယ်လိုဆက်အသက်ရှင်ကြမလဲ ဘယ်လိုပြန်ထွက်ကြမလဲဆိုတာကို ရိုက်ကူးပြသထားတာပါ.ပတ်ဒုံဝန်း ဆိုတဲ့ ရုံးအလုပ်သမားတစ်ဦးက ၁၁နှစ်အကြာ ပိုက်ဆံစုဆောင်းပြီးမှာတော့ ကိုယ်ပိုင်အိမ်လေးဝယ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဝယ်ပြီးဘယ်လောက်မှမကြာသေးဘူး။ အိမ်ကမြေပြိုသွားတော့တာပါပဲ.သူနဲ့အိမ်နီးနားချင်းတွေဖြစ်တဲ့သူတွေနဲ့လည်း စစချင်းမတည့်ရာကနေ အသက်အန္တရာယ်ကြုံလာကြတဲ့အခါ ဘယ်လိုဖြစ်ကြမလဲ..... Lee Kwang Soo အပြင် ဝါရင့်မင်းသားတွေဖြစ်တဲ့ Cha Seung Won, Kim Sung Kyun တို့ကအိမ်နီးနားချင်းတွေအဖြစ် ပါဝင်ထားပြီး Kingdom ထဲက မိဖုရား Kim Hye Jun နဲ့ နာမည်ကြီးမင်းသား Nam Da Reum တို့လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။သည်းထိတ်စရာကောင်းတဲ့ သဘာဝဘေးအန္တရာယ်ဇာတ်လမ်းမျိုးကို ဟာသလေးတွေ တစ်ဖြတ်တစ်ဖြတ် ထည့်သွင်းထားတာဖြစ်လို့ ပေါ့ပေါ့ပါးပါးလေးနဲ့ကြည့်လို့ကောင်းပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Eaindray ပဲ ဖြစ်ပါတယ်။Quality….WEB-DL 1080p and 720p File size…2.2GB ...
movie

Sinkhole (2021)

2021
Night in Paradise (2021) 6.6
Night in Paradise (2021) Night in paradise (2020)အက်ရှင်ကားဆို "အသေကြမ်းမှ ဖိုက်တင်ကောင်းမှ ကြည့်ချင်တယ်" ဆိုတဲ့ဘဒိုတွေအတွက် ဒီနှစ် ၂၀၂၁ခုနှစ် ဧပြီလ ၉ ရက်နေ့က လတ်လတ်ဆတ်ဆတ် ထွက်ရှိထားတဲ့ ခပ်ကြမ်းကြမ်း လူဆိုးအက်ရှင်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကိုရီးယား အက်ရှင်ကားထဲမှာ တော်တော် ကောင်းတဲ့ကားလေးတစ်ကားဖြစ်ပြီး သရုပ်ဆောင် ဇာတ်လမ်းဇာတ်ကွက်တွေကလည်း သွေးအေး လူမိုက်ကာရိုက်တာ အရသာကိုထိထိမိမိပေးနိုင်တဲ့ ကားတစ်ကားလည်းဖြစ်ပါတယ်။ဇာတ်လမ်းအကြောင်းကိုပြောရရင်တော့ ပတ်ထယ်ဂူဆိုတဲ့ ကြေးစားလူမိုက်တစ်ယောက်အကြောင်းပါပဲ။ သူက သူ့ခေါင်းဆောင် ယန်းသူဌေးပေါ်မှာ အလွန် သစ္စာစောင့်သိသူတစ်ယောက်ဖြစ်ပြီး တစ်ရက်မှာ သူ့သူဌေးရဲ့ ပြိုင်ဖက်ဖြစ်တဲ့ ဘို့ဆွန်းအဖွဲ့က သူဌေးယန်းဆီက ခွာပြီး သူတို့အဖွဲ့ဝင်အဖြစ် လာခဲ့ဖို့ ပတ်ထယ်ဂူကို ကမ်းလှမ်းလာပါတယ်။ ဒါပေမယ့် သစ္စာရှိလူမိုက် ပတ်ထယ်ဂူက ဘို့ဆွန်းအဖွဲ့ဆီသွားဖို့ငြင်းပယ်ခဲ့တဲ့အတွက် သူ့ရဲ့ခင်တွယ်ရာ မိသားစု ဖြစ်တဲ့ သူ့အစ်မနဲ့တူမလေးက ရန်ငြိုးထားအသတ်ခံလိုက်ရပါတယ်။ဒီအတွက် ထယ်ဂူတစ်ယောက် အစ်မနဲ့တူမလေးအတွက် လက်စားချေဖို ဘို့ဆွန်းဂိုဏ်း ဥက္ကဌဒိုကို တစ်ယောက်တည်းသွားတွေ့ပြီး ရက်ရက်စက်စက် ရှင်းပစ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဂျယ်ဂျူကျွန်းမှာ ထွက်ပြေးတိမ်းရှောင်ရင်းနဲ့ ဂျယ်ယွန်းဆိုတဲ့ အမျိုးသမီးလေးနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဂျယ်ယွန်းမှာလည်း လျှို့ဝှက်ချက်တွေနဲ့ပါပဲ။ အသက်ပြင်းလွန်းတဲ့ ဘို့ဆွန်းဂိုဏ်းခေါင်းဆောင် ဥက္ကဌဒိုက မသေသွားဘဲ ဒဏ်ရာအပြင်းအထန်ရပြီး ...
movie

Night in Paradise (2021)

2021
My Teacher, Mr. Kim (2003) 6.4
My Teacher, Mr. Kim (2003) My teacher Mr.Kim 2003 =====================   ကိုဗစ်ကာလမှာ Heartwarming ဖြစ်စေမယ့် ကိုရီးယားဇာတ်ကားလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။   ကျေးလက်ကဆရာဆိုရင် ဒီဘက်မှာဦးညပုလေးရဲ့မီးအိမ်ရှင်မလေးဆိုတဲ့သီချင်းကိုပြေးမြင်မိမှာပါ။ ဒီထဲကဆရာကတော့   အခုလောက်မရိုးရှင်းပါဘူး ကင်ဘုံဒူဆိုတဲ့ မြို့ပြကဆရာတစ်ယောက်က နာတာရှည်ဖြစ်နေတဲ့အဖေကြောင့်   ကျောင်းသားမိဘတွေဆီက စာအိတ်ကလေးတွေလက်ခံခဲ့ပါတယ်။ တစ်ရက်မှာအလုပ်ထွက်ရဖို့ဖြစ်လာပြီး   အလုပ်လည်းမထွက်ချင်တာကြောင့် လိုအပ်နေတဲ့ကျေးလက်ဘက်က စတိုးဆိုင်တောင်မရှိတဲ့ နယ်ဖျားတစ်နေရာမှာ   ဆရာလုပ်ဖို့ဖြစ်လာပါတယ်။အစကတော့ သူလည်းကျောင်းပြန်ပြောင်းရဖို့အမျိုးမျိုးကြိုးစားပါတယ်။   ဟာသလေးတွေလည်းပါပါတယ်။ ဒီထဲမှာ ဆရာကကလေးတွေကိုသင်ပေးတာထက် ကလေးတွေကပါ   ဆရာ့စိတ်ထားကိုပြုပြင်ပေးသွားတာကို ကြည်နူးဖွယ်တွေ့ရမှာပါ။ ကျေးလက်လူထုနဲ့ စာသင်ကျောင်းတွေ၊   ကျေးလက်ကကျောင်းသားကလေးတွေ၊ အသက်ကြီးပြီး ဇီဇာကြောင်ပေမယ့် သဘောကောင်းတဲ့အဖိုးကြီးတွေ   အထီးကျန်နေတဲ့အချိန်တွေပဲဖြစ်ဖြစ် Heartwarming ဖြစ်စေတာမို့ ကြည့်ကြည့်သင့်တယ်လို့ ထင်ပါတယ်    Translated and reviewed by DoDo Encoded by YK Quality ; 1080p and 720p File Size : 1.2GB and 590MB
movie

My Teacher, Mr. Kim (2003)

2003
Cheer Up, Mr. Lee(2019) 7.7
Cheer Up, Mr. Lee(2019) Cheer Up, Mr. Lee(2019)(unicode)လီချောဆူဟာ ခန္ဓာပိုင်းဆိုင်ရာပြည့်စုံနေပေမယ့် စိတ်ပိုင်းဆိုင်ရာမှာတော့ ချို့တဲ့မှုတွေရှိနေတယ်.... သာမန်လူတစ်ယောက်လို မတွေးတတ်တဲ့အပြင်တစ်ချို့အပြုအမူ အပြောအဆိုတွေဟာ ကလေးငယ်တစ်ယောက်လိုဖြစ်နေတတ်တယ်... ဒီလိုနဲ့ပဲ ပတ်ဝန်းကျင်မှာ အဆင်မပြေမှုများစွာနဲ့ ဖြတ်သန်းနေပေမယ့် သူ့လို လူအတွက်ဖြစ်နိုင်ဖို့ခဲယဥ်းတဲ့ကိစ္စတစ်ခုကြုံလိုက်ရတယ်... အဲ့ဒီက သမီးလေးတစ်ယောက်သူ့မှာရှိခဲ့တဲ့အပြင် အဲ့ဒီသမီးလေးကလည်း သွေးကင်ဆာရောဂါသည်လေး.... ဒီသမီးလေးအတွက်လည်း လက်မခံချင်စရာ အားငယ်ရတဲ့ ဖြစ်ရပ်မျိုးပါပဲ... သူ့အဖေက စိတ်ကျန်းမာရေးချို့တဲ့ သူကိုး.... ဒီသမီးလေးက ဆေးရုံမှာ အချိန်ပြည့်နေရပေမယ့် တစ်နေ့ ဘတ်စကတ်ဘော အကျော်အမော်ဆီကလိုချင်လို့ ဆေးရုံက ခိုးထွက်သွားတယ်... အဖေဖြစ်သူ လီချောဆူလည်း မမျှော်လင့်ဘဲပါသွားလေရဲ့... သူတို့ လက်မှတ်ရမလား..လမ်းတစ်လျှောက် သားအဖ ၂ ယောက် ဘယ်လို အလွဲတွေလုပ်ကြမလဲ....သားအဖ ဆက်ဆံရေးမျိုးရော ပိုင်ဆိုင်ပါ့မလား... မာဝမ်ကြီးဆိုပြီး လူသိများတဲ့ မင်းသားကြီး Cha Seung-Won က လီချောဆုအဖြစ်အဓိက သရုပ်ဆောင်ထားပါတယ်..ခံစားကြည့်ကြပါဦး.. ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hay Thar Oo ပဲဖြစ်ပါတယ်....(zawgyi)လီချောဆူဟာ ခန္ဓာပိုင်းဆိုင်ရာပြည့်စုံနေပေမယ့် စိတ်ပိုင်းဆိုင်ရာမှာတော့ ချို့တဲ့မှုတွေရှိနေတယ်.... သာမန်လူတစ်ယောက်လို မတွေးတတ်တဲ့အပြင်တစ်ချို့အပြုအမူ အပြောအဆိုတွေဟာ ကလေးငယ်တစ်ယောက်လိုဖြစ်နေတတ်တယ်... ဒီလိုနဲ့ပဲ ပတ်ဝန်းကျင်မှာ အဆင်မပြေမှုများစွာနဲ့ ဖြတ်သန်းနေပေမယ့် သူ့လို လူအတွက်ဖြစ်နိုင်ဖို့ခဲယဉ်းတဲ့ကိစ္စတစ်ခုကြုံလိုက်ရတယ်... အဲ့ဒီက သမီးလေးတစ်ယောက်သူ့မှာရှိခဲ့တဲ့အပြင် အဲ့ဒီသမီးလေးကလည်း သွေးကင်ဆာရောဂါသည်လေး.... ဒီသမီးလေးအတွက်လည်း လက်မခံချင်စရာ အားငယ်ရတဲ့ ဖြစ်ရပ်မျိုးပါပဲ... သူ့အဖေက စိတ်ကျန်းမာရေးချို့တဲ့ ...
movie

Cheer Up, Mr. Lee(2019)

2019
71: Into the Fire (2010) 7.3
71: Into the Fire (2010) မင်းသားKwon Sang-wooနဲ့ bigbangထဲမှ မင်းသား Choi Seunghyun တို့ ပါဝင်သရုပ်ဆောင်ထားပြီး IMD ratting 7.4 အထိရရှိထားတဲ့ စစ်ကားတကားဖြစ်ပါတယ် ဒီရုပ်ရှင်ဟာ ကိုရီးယား စစ်ပွဲအတွင်း ၁၉၅၀ သြဂုတ် ၁၁ ရက်နေ့ ပိုဟန်တိုက်ပွဲ မှာ ကျဆုံးခဲ့တဲ့ တောင်ကိုရီးယားရဲ့ လက်နက်မဲ့ပြီ လေ့ကျင့်မှု မရှိသေးတဲ့ ကျောင်းသား ၇၁ ယောက်ရဲ့ အကြောင်း ဖြစ်ရပ်မှန်ကို တည်ပြီး ရိုက်ထားတဲ့ ဇာတ်လမ်းပါ တစ်ခါမှ သေနတ်မကိုင်ခဲ့ဖူးတဲ့ ကျောင်းသား ၇၁ ယောက်ဟာ  မြောက်ကိုရီးယားရဲ့ ကြောက်စရာအကောင်းဆုံး တပ်ရင်း ၇၆၆ ရဲ့ တိုက်ခိုက်မှုကို ၁၁ နာရီ ကြာ တောင့်ခံထားနိုင်ခဲ့ပါတယ် မြောက် ဂျောင်ဆန်းခရိုင် ယောင်ဒွတ်နယ် ဘက်က လုပ်အားပေး စစ်သားလေးအိုဂျောင်ဘွန် ..သူဟာ ဒဏ်ရာရ စစ်သားတွေကို သယ်ပိုးပေးရ အကူအညီပေးရတဲ့ နေရာမှာ ချထားပေးခံရတယ် မြောက်ကိုရီးယားဘက်က မြို့ကိုသိမ်းပြီးတဲ့အခါ ဗိုလ်မှူး ကင်ဂျွန်ဆု က ခေါ်လာခဲ့ပြီး ...
movie

71: Into the Fire (2010)