Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Cho Seong-ha
5.4
Cinderella (2006)
Sinderella (2006)စင်ဒရဲလားပုံပြင်အဖြေရှာရမယ့် ကိုရီးယားသည်းထိတ်ရင်ဖိုကား လာပါပြီ။တစ်ဦးတည်းသော သမီးဖြစ်တဲ့ အထက်တန်းကျောင်းသူလေး ဟျွန်းဆုဟာ ပလက်စတစ်ဆာဂျရီဆရာဝန်ဖြစ်တဲ့ မိခင်လက်အောက်မှာ မင်းသမီးတစ်ပါးလို ကြီးပြင်းလာရပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ အလှအပကို ဦးစားပေးပြီး ခွဲစိတ်ပြုပြင်နေကြတဲ့ သူငယ်ချင်းတွေကြားထဲမှာမှ သူကတော့ ပြစ်မျိုးမှဲ့မထင် အလှမျိုးနဲ့ သဘာဝအတိုင်း လှလို့နေတာပါပဲ။ဒါပေမဲ့ မကြာခင်မှာပဲ သူ့အမေဆီမှာ ခွဲစိတ်မှုခံယူခဲ့တဲ့သူငယ်ချင်းတွေ သံသယဝင်ဖို့ကောင်းတဲ့ အကြောင်းရင်းတွေနဲ့ တစ်ယောက်ပြီးတစ်ယောက် သေဆုံးကုန်ကြပါတော့တယ်။ တစ်ချိန်တည်းမှာပဲ သူနဲ့မျက်နှာချင်းတူတဲ့ ကလေးမလေးတစ်ယောက်ရှိတဲ့အကြောင်း ရှာတွေ့သွားတဲ့အခါ...။မိခင်ဖြစ်သူ ဖုံးကွယ်ထားတဲ့လျှို့ဝှက်ထားတဲ့ လျှို့ဝှက်ချက်... စင်ဒရဲလားညီအစ်မ ဇာတ်မှာ ဘယ်သူက,မလဲဆိုတာကို အခန်းတိုင်း မျက်တောင်မခတ်ဘဲ ကြည့်ရမှာပဲ ဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Su Myat ပဲ ဖြစ်ပါတယ်။Genre..... Horror, Thriller Quality…. 1080p | 720p File size… 1.6GB | 598MB Format… mp4 Duration…. 1h 34min Subtitle…. Myanmar Subtitle (Hardsub) Translator .....Su Myat Encoder ..... Aaron
movie
Cinderella (2006)
4.2
[18+] Bewitching Attraction (2016)
Bewitching Attraction (2006)CM ပရိသတ်ကြီးအတွက် ဒီတစ်ခါတင်ဆက်ပေးချင်တာကတော့ မဲပြာပုဆိုး ဇာတ်လမ်းထပ်နေတဲ့ ကိုရီးယားအမှောင်ကားတွေကို ကြည့်ရတာ စိတ်ကုန်နေတဲ့သူတွေအတွက် အရင်ခေတ် ၂၀၀၆ တုန်းက ထွက်ရှိခဲ့တဲ့ old but gold လေးပဲ ဖြစ်ပါတယ်ဇာတ်လမ်းကတော့ ပရော်ဖက်ဆာ မမကြီးရဲ့ ဘဲများနဲ့အရှုပ်တော်ပုံလေးပဲဖြစ်ပါတယ်ပရော်ဖက်ဆာမမကြီးက လှလဲလှတယ် ပညာလဲတတ်တယ် ကောက်ကြောင်းလေးကလည်း လှသလို ပွင့်လင်းတတ်တဲ့ အလှပဂေးတစ်ယောက်ပါမမကြီးရဲ့ဘဝမှာ လုပ်ဖော်ကိုင်ဖက် ဘာညာ ခင်လို့တွဲတာ စသည်ဖြင့် ငယ်ငယ်တုန်းက ကျောင်းသူဘဝမှာတင် ညီအကို နှစ်ယောက်ကို ပြိုင်တွဲပစ်တာတို့ ဘာတို့ လုံးဝကို သိပ်ကြမ်းတဲ့ မမပါမမတစ်ယောက် နောက်ဆုံးသူ့အရှုပ်တွေက နောက်ကိုအရိပ်လိုလိုက်တာတဲ့အခါမှာတော့ ဘာတွေဘယ်လိုဖြစ်ကုန်မလဲဆိုတာ ရှုစားကြပါဦး ညိုကီတို့ File size…2GB / 596MB Quality…1080p AMZ WEB DL /720p Format…mp4 Duration….1h 44m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Andrew Mason
movie
[18+] Bewitching Attraction (2016)
2006
6.6
The Recipe (2010)
Genre – Drama, Romance, Mystery IMDB – 6.6/10 အမြီး ၉ ချောင်း မြေခွေးအလန်းစားကြီး Lee Dong-Wook ရဲ့၂၀၁၀ ခုနှစ်တုန်းက လွမ်းဆွတ်ကြည်နူးဖွယ်ရာ ဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်ပေးလိုက်ချင်ပါတယ်။ အတိအကျပြောရမယ်ဆို ပဲပိစပ်ဟင်းရည် ဒွမ်ဂျန်ဆိုတဲ့ ရိုးရာ ဟင်းတစ်ခွက်ကိုအသုံးချပြီး Marketing ကောင်းကောင်းထည့်ပြီး ဖန်တီးထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းကလည်း အစပိုင်းမှာ စိတ်လှုပ်ရှားဖွယ်မှတ်တမ်းရုပ်ရှင်အထာနဲ့ တဖြည်းဖြည်းချင်း ဇာတ်ကို ပံ့ပိုးထားပြီးနောက်ပိုင်းမှ လျှို့ဝှက်ချက်တွေကို ဇာတ်ထုပ်ပြန်ဖြည်တဲ့ စတိုင်မျိုးပါ။ ဇာတ်လမ်းလေးကတော့ တောင်ကိုရီးယားမှာ လူ ၁၂ ယောက်ကိုသွေးအေးအေးနဲ့သတ်ဖြတ်ပြီး အာဏာပိုင်တွေလက်အောက်ကနှစ်ပေါင်းကြာရှည်စွာ ထွက်ပြေးတိမ်းရှောင်နေတဲ့ လူသတ်သမားကြီးကတောထဲတောင်ထဲက စားသောက်ဆိုင်လေးထဲ ရဲတွေလာဖမ်းတာကိုအသာတကြည်နဲ့ ပြန်မခုခံပဲ အေးဆေး အဖမ်းခံခဲ့ပါတယ်။ အဲဒါနဲ့သေဒဏ်ပေးခါနီး နောက်ဆုံးဆန္ဒကို ပြောပါဆိုတော့ ဘာပြောတယ်ထင်လဲ…”အဲဒီဆိုင်က ဒွမ်ဂျန်ဟင်းရည် သောက်ချင်တယ်” တဲ့ဗျာ။အဲဒါနဲ့ သေခါနီးလူတစ်ယောက်ရဲ့နောက်ဆုံးဆန္ဒက ထူးထူးခြားခြားဒီဒွမ်ဂျန်ကို သောက်ချင်ရအောင် ဘာတွေများ ထူးခြားနေလို့လဲဆိုပြီးသတင်းထောက်ကြီးဟာ အဖြေကိုလိုက်ရှာတဲ့အချိန် နောက်ကွယ်ကလွမ်းဆွေးဖွယ် ...
movie
The Recipe (2010)
7.4
The Night Owl (2022)
The Night Owl (2023)ဒီတစ်ခေါက် တင်ဆင်ပေးမှာကတော့ နန်းတွင်းဇာတ်ကားကိုမှ ဇာတ်အိမ်ကောင်းကောင်းနဲ့ ကြည့်ရမယ့် ရာဇဝတ်ဇာတ်လမ်းဖြစ်ပါတယ်ချောင်နိုင်ငံရဲ့လက်အောက်ခံဖြစ်နေတဲ့ ဂျိုဆွန်းမင်းဆက် အင်ဂျိုဘုရင်လက်ထက်မှာ ဇာတ်အိမ်တည်ထားပါတယ် ချောင်းဂယောင်းဆူဟာ ညီလေးဖြစ်သူရဲ့ ရောဂါကိုကုပေးချင်တဲ့အတွက် နန်းတွင်းသမားတော်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် အပ်စိုက် အထူးကျွမ်းကျင်တဲ့ ဂယောင်းဆူကတော့ အလင်းထဲမှာ မမြင်ရပေမဲ့ ညဘက်အမှောင်ထဲမှာဆိုရင်တော့ ရှင်းလင်းစွာ မြင်ရပါတယ် ဒါပေမဲ့နန်းတွင်းထဲမှာ မမြင်ချင်သလို မကြားသလို နေရမှာဖြစ်တဲ့အလျောက် အဲဒါကို ဖုံးကွယ်ထားခဲ့ပေမဲ့... ၈ နှစ်ကြာမှ ချောင်နိုင်ငံဓားစာခံအဖြစ်ကနေ ပြန်လာတဲ့ အိမ်ရှေ့စံရဲ့ သေဆုံးမှုကို မျက်မမြင်လို့သိထားကြတဲ့ ဂယောင်းဆူဟာ မျက်မြင်သက်သေအဖြစ် ထွက်ဆိုရပါတော့တယ်မျက်မမြင်တစ်ယောက်က မျက်မြင်သက်သေအဖြစ် ထွက်ဆိုမယ့်ကိစ္စဟာ မယုံနိုင်စရာဖြစ်တဲ့အပြင် ဘုရင်ကိုလိမ်ထားတဲ့ ပြစ်မှုလည်း မြောက်နေပြန်တော့ ဘယ်လိုတွေ ရှေ့ဆက်ပြီး ဖြေရှင်းမလဲဆိုတာကို အတူကြည့်ရှုရမှာပါဂယောင်းဆူအဖြစ် Ryu Joon Yeol နဲ့ မင်းသားကြီး Yu Hae Jin က အင်ဂျိုဘုရင်အဖြစ် သရုပ်ဆောင်ထားပါတယ် ဝါရင့်မင်းသားကြီးနှစ်လက်ရဲ့ ဇာတ်လမ်းဆိုတော့ သရုပ်ဆောင်ပိုင်းတော့ အထူးပြောစရာမလိုတော့ပါဘူးနော် ရာဇဝင်ဇာတ်လမ်း ကြိုက်တတ်တဲ့သူတွေအတွက် ...
movie
The Night Owl (2022)
2023
5
Good Deal (2022)
Good Deal (2022)(1080p ရပါပြီ)ဇာတ်ကားလေးရဲ့ နာမည်က Good Deal ဆိုတဲ့အတိုင်း အပေးအယူ အရောင်းအဝယ်တွေ လုပ်ကြတဲ့ ကားလေးပေါ့။ဘယ်သူတွေက ဘာအတွက်ကြောင့် ရောင်းပြီး ဘယ်သူတွေက ဘာလို့ ဝယ်ခဲ့ကြတာလဲ ဆိုတဲ့ အချက်က ဒီဇာတ်ကားကို စိတ်ဝင်စားစရာ ကောင်းစေတယ်။အပေးအယူ အရောင်းအဝယ်လုပ်ကြတဲ့ ပစ္စည်း ၅မျိုးအကြောင်းကို တစ်ခန်းပြီး တစ်ခန်းစီ ပြပေးထားတာက သာမန် ဒရာမာတွေနဲ့ မတူဘဲကွဲပြားနေတဲ့အချက်ဖြစ်ပြီး မတူကွဲပြားတဲ့ ပုံစံမျိုးနဲ့ ရိုက်ကူးထားတာကြောင့် အပေးအယူတစ်ခုပြီးသွားတိုင်း စိတ်ထဲ တစ်မျိုးလေး ခံစားရစေမယ့် ဇာတ်ကားမျိုးပါ။ပုံမှန်နဲ့ မတူညီတဲ့ ပြောပြရခက်တဲ့ ရသတစ်မျိုးကို အသစ်အဆန်း ခံစားကြည့်ချင်တဲ့သူတွေအနေနဲ့ ဒီကားကို သေချာပေါက် ကြည့်သင့်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Miri ပါ။)File Size : 2.1GB, 723MB, 364MB Quality ...
movie
Good Deal (2022)
2022
6.2
Serve the People (2022)
(18+) Serve the people (2022)Thirty Nine ဇာတ်ကားထဲက အရေပြားဆရာဝန်လေးအဖြစ်သရုပ်ဆောင်ထားတဲ့ Yeon Woo Jin ရဲ့ မ နဲ့ မောင် ဇာတ်ကားလေးပါ။ ဒါပေမယ့် အမျိုးသား ၁၈ ယောက် စုကြည့်ရမယ့် ဇာတ်ကားမျိုးပါပဲ။ ဇာတ်လမ်းဇာတ်အိမ်က တမူထူးခြားတာမို့ အများကြီး ရှင်းပြမနေတော့ပါဘူး။ကြည့်ဖြစ်အောင်သာ ကြည့်လိုက်ကြပါ။ ကြည့်မိလို့ ဂေါင်းကြီးတို့ မကြိုက်ဘူး မရှိစေရပါဘူး။ မ အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသမီးရဲ့ ရှိုက်ကြီးဖိုငယ် အသွယ်သွယ်ကိုလည်းအတိုင်းသား မြင်ရမှာမို့ ကြည့်ဖြစ်အောင်သာ ကြည့်လိုက်ကြပါတော့။ သတိပေးချင်တာကတော့ မှောင်ပါတယ် .... အတော့်ကို မှောင်ပါတယ်။ယောကျာ်းလေးတွေတောင် ၁၈ ယောက် စုပြီး ကြည့်ရမယ့်ကားပါပဲ။ကိုရီးယားကားဆိုပြီး လူရှေ့သူရှေ့ သွားမကြည့်မိပါစေနဲ့ဗျာ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Go Dong Won ပဲ ဖြစ်ပါတယ်။သတိပေးချင်တာကတော့ မှောင်ပါတယ် .... အတော့်ကို မှောင်ပါတယ်။ ယောကျာ်းလေးတွေတောင် ၁၈ ယောက် စုပြီး ...
movie
Serve the People (2022)
2022
6.7
Commitment (2013)
Big Bang အဖွဲ့က အဆိုတော် Choi Seung Hyun (T.O.P) ခေါင်းဆောင်ပါဝင်ပြီး Han Ye Ri ၊ နာမည်ကြီးမင်းသမီး Kim Yoo Jung ၊ Yoon Je Moon ၊ Jo Sung Ha နဲ့ မင်းသားကြီး Jung Ho Bin တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Commitment ဇာတ်ကားဟာ အက်ရှင်ဒရမ်မာ ဇာတ်ကြမ်းတစ်ကား ဖြစ်ပါတယ်။ ဒါရိုက်တာ Park Hong Soo ရိုက်ကူးပြီး ကိုရီးယားစစ်ပွဲရဲ့ တတိယမျိုးဆက်တွေ ဘုမသိဘမသိနဲ့ ဓားစာခံဖြစ်ရပုံအကြောင်း ရိုက်ကူးထားတဲ့ IMDb Rating 6.8 ထိရရှိထားတဲ့ ဇာတ်ကားကောင်း ဖြစ်ပါတယ်။ကိုရီးယားကားတွေရဲ့ ထုံးစံအတိုင်း အကြမ်းနဲ့ အလွမ်းကို ရောသမမွှေထားပြီး မတူညီတဲ့ ပတ်ဝန်းကျင်တွေကို သမမျှတအောင် ...
movie
Commitment (2013)
HEVC 1080p
5.8
A Millionaire On The Run (2012)
A Millionaire On The Run (2012) ======================အဆိုတော် ၊ သရုပ်ဆောင် ၊ ပရိုဂျူဆာတင်မက ရုပ်သံအစီအစဉ်တွေမှာပါ ဒိုင်လုပ်ပြီး JYP Entertainment ရဲ့Founder ဖြစ်တဲ့ J.Y.Park ( Park Jin-Young ) ရဲ့ ဇာတ်ကားလေးကို CM Fan တွေအတွက် တင်ဆက်ပေးလိုက်ပါတယ် ။ဇာတ်လမ်းကတော့...ယောင်အင်းနဲ့ဆွန်းဒယ်ဟာ နိုင်ငံရေးအကူအညီလိုအပ်ချက်တွေနဲ့ ဘဏ္ဍာရေးကိစ္စတွေအတွက် အလုပ်လုပ်ပေးရတဲ့လုပ်ဖော်ကိုင်ဖက်တွေဖြစ်ပါတယ်သူတို့ရဲ့အထက်လူကြီးဒါရိုက်တာဟန်ခိုင်းတဲ့ တရားမဝင်အလုပ်တွေလုပ်ရင်း အပြစ်မကင်းခံစားလာရတဲ့ဆွန်းဒယ်ဟာ ယောင်အင်းကိုဖွင့်ပြောပြီး ရဲတိုင်ဖို့စီစဉ်ခဲ့ပါတယ်အဲ့မတိုင်ခင်မှာပဲ ဆွန်းဒယ်ဟာ သေတမ်းစာရေးပြီး တံတားပေါ်ကခုန်ချသတ်သေသွားပြီးနောက်...ဒါရိုက်တာဟန်က ဒေါ်လာ၅သန်းပို့ခိုင်းလိုက်တဲ့ယောင်အင်းကလည်း မထင်မှတ်ဘဲ ဒါရိုက်တာဟန်ရဲ့ယုတ်မာမှုကိုသိသွားပြီး ဒေါ်လာ၅သန်းကိုယူပြီးပြေးပါတော့တယ်ဒါရိုက်တာဟန်လည်း သူ့ပိုက်ဆံတွေဆုံးမှာကြောက်ပြီး လူမိုက်တွေနဲ့လိုက်ရှာရင်း အလွဲလွဲအချော်ချော်ဖြစ်ကြပုံကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ် ။( အညွှန်းရေးသားထားသူကတော့ Htet Nandar Aung ပါ ) File Size_1.9 GB , 1 GB Quality__1080p, 720p, 360p IMDb ...
movie
A Millionaire On The Run (2012)
7.8
Always (2011)
IMDb Rating (7.8) / Rotten Tomatoes (81%)ဆိုဂျီဆပ်ပရိတ်သတ်တွေဆို လုံးဝလက်လွတ်ခံလို့မဖြစ်တဲ့ဇာတ်ကားပါ...သူ့ရဲ့ရီဝေဝေမျက်ဝန်းတွေက ဒီဇာတ်ကားရဲ့ အုံ့မှိုင်းလွမ်းမောဖွယ် Theme နဲ့ သက်ဝင်လွန်းနေခဲ့တာပါ။အပြောအဆိုနည်းနည်း အေးတိအေးစက်နဲ့ ပကာသနခုံမင်မှုမရှိတဲ့ ကောင်လေးတွေမှာ အချစ်ကပိုရှင်သန်တတ်တယ်...ဒီလိုအမူအရာနဲ့ မင်းသားဆိုဂျီဆပ် ထပ်တူကျနေတာက စပျစ်ဝိုင်လို ထိရှိနေပါရော..မင်းသမီး Han Hyo‑joo ကလဲ လိုက်ဖက်ညီစွာ ပံ့ပိုးထားတာကြောင့် ပြည့်စုံတဲ့ပန်းချီကားတစ်ချပ်လိုပါပဲ...ဇာတ်လမ်းလေးကတော့ ရိုးရှင်းပါတယ်...လက်ဝှေ့လောကထဲက အနားယူထားတဲ့ကောင်လေးနဲ့ မျက်မမြင်ကောင်မလေးတို့ရဲ့ မေတ္တာတရားအကြောင်းကိုရိုးရိုးလေးရိုက်ပြထားတာပါ...ဒါပေမယ့် အဲ့ဒီရိုးရှင်းမှုကပဲ ကြည့်ရှုသူရဲ့ ရင်ကို ဝုန်းဒိုင်းဝင်ချလာတာပါ....အချစ်ဆိုတာ စောက်ပိုတွေမပါတဲ့ ရိုးသားမှုပဲ မဟုတ်လား။ချစ်တတ်တဲ့သူတိုင်း ဒီဇာတ်ကားကို ရင်ထဲသိမ်းထားတတ်ကြတယ်။ဒါကြောင့်လဲ ကိုရီးယား Drama Romance ကားတွေထဲမှာနိုင်ငံတကာ Rating အမြင့်ကြီးကို ရှားရှားပါးပါး ရရှိထားတာပါ။ File size…(2 GB) and (1.2 GB) Quality…BluRay 1080p and 720p 5.1 CH Format…mp4 Duration….01:45:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya ...
movie
Always (2011)
6.5
Time to Hunt(2020)
Time to Hunt(2020)စီးပွားပျက်ကပ် ကြုံနေရတဲ့ ကိုးရီးယားနိုင်ငံရဲ့ ခေတ်ပျက်ကြီးထဲမှာ အကုန်လုံးလုံးလိုလိုခက်ခဲစွာရုန်းကန်နေရတယ်....ဒီလို ရုန်းကန်နေထိုင်နေရတဲ့ ဘဝကြီးထဲကနေ လွတ်မြောက်ဖို့ လူငယ်လေး သုံးယောက်အကြံကြီးတစ်ခုကို အကောင်အထည်ဖော်ပါတော့တယ်...နာမည်ကြီး လောင်းကစားရုံကို ဓားပြတိုက်ဖို့ပဲပါပဲ....ဒီဓားပြမှုကြီးကို လုပ်နေစဉ်မှာပဲ သူတို့(၃)ယောက်မမျှော်လင့်တဲ့ ဖြစ်ရပ်ဆိုးတွေဆိုက်တိုက်ကြုံပါတော့တယ်...မမျှော်လင့်ပဲ ... IMDB rating 6.5 အထိရထားပြီး Parasite ထဲက မင်းသားလည်းသရုပ်ဆောင်ထားသည့်သည်းထိတ်ရင်ဖို ဇာတ်ကားမို့ CM ပရိသတ်ကြီးကို တင်ဆက်ပေးလိုက်ပါတယ်..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Kinnov ပဲဖြစ်ပါတယ်..File Size : (1.04 GB) and (380 MB) Quality :WEB-DL720p Format…mp4 Duration…01:30:00 Genre : Crime , Drama, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by Kinnov Encoded by Phyo Pyae zawgyiTime to Hunt(2020)စီးပွားပျက်ကပ် ကြုံနေရတဲ့ ကိုးရီးယားနိုင်ငံရဲ့ ခေတ်ပျက်ကြီးထဲမှာ ...
movie
Time to Hunt(2020)
6.0
R2B: Return to Base (2012)
R2B: Return to Base (2012) IMDb - 6.0/10_____Rotten - 60% ဒီကားကတော့ အများကြီးမိတ်ဆက်ပေးစရာမလိုတော့တဲ့ ကိုရီးယားမင်းသားချော Rain ပါဝင်ထားတဲ့ နာမည်ကျော် Return To Base (ဌာနချုပ်သို့အပြန်)ကိုရီးယား စစ်ကားပဲဖြစ်ပါတယ်.. စစ်သားတွေရဲ့ဘဝဟာ အမိန့်ဆိုတာကိုအသက်အဖြစ်နဲ့နေနေကြတဲ့ လူတွေထဲကလူတွေပဲဖြစ်ပါတယ်... တစ်ခါတလေကိုယ်ချစ်တဲ့သူ ကိုယ်တန်ဖိုးထားရတဲ့လူတွေ အထက်အမိန့်မရလို့ မိမိမျက်စိရှေ့မှာသေသွားရတာတွေကို ဘာမှမလုပ်နိုင်ပဲကြည့်နေရတာတွေလည်းရှိပါတယ်..... စစ်သားတစ်ယောက်ဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး....တိုင်းပြည်အပေါ်အနစ်နာခံတဲ့စိတ် ကိုယ့်မိသားစုထက်ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကို အရင်ဆုံးအဓိကထားတတ်တဲ့စိတ်တွေကြောင့်လည်း စစ်သားတွေရဲ့ဘဝဟာ အမြဲခါးသက်လွန်းလှပါတယ်.... ကြည်းတပ်ပဲဖြစ်ဖြစ် ရေတပ်ပဲဖြစ်ဖြစ် လေတပ်ပဲဖြစ်ဖြစ် စစ်သားကစစ်သားပါပဲ.... ဒီကားမှာတော့ တိုက်လေယာဉ်မောင်းတဲ့လေသရဲတွေရဲ့ဘဝကို ရိုက်ပြထားပါတယ်.... လေသူရဲတွေရဲ့ ဒုတိယအသက်က သူတို့မောင်းတဲ့လေယာဉ်တွေပဲဖြစ်ပါတယ်.... လေယာဉ်တွေတစ်ခုခုအပစ်ခံရလို့ ပျက်ကျခဲ့ရင်တောင်မှ မတတ်သာတဲ့အခြေနေမှသာ ခုန်ဆင်းခွင့်ရှိပါတယ်....ဒါပေမယ့် တာဝန်သိတဲ့ လေသူရဲအများစုကတော့ မိမိရဲ့လေယာဉ်ကို လူနေအရပ်တွေနဲ့လွတ်တဲ့နေရာတွေမှာသာ အသက်ကိုပဓာနမထားပဲပျက်ကျခံကြပါတယ်.... စစ်သားတိုင်းကအိမ်ကိုပြန်ချင်ကြပါတယ်....အိမ်မှာသူတို့ကိုစောင့်မျှော်နေကြတဲ့ အိမ်သူဇနီးမယားတွေနဲ့ သားသမီးတွေရှိကြပါတယ်....တကယ်လို့ အိမ်ပြန်မလာနိုင်တော့တဲ့ စစ်သားတွေအဖို့ သူတို့ရဲ့ မိဘတွေဇနီးတွေရဲ့ နာကျင်မှု့တွေက မပြောပြတတ်လောက်အောင်ပါပဲ... ဒါကြောင့် Return To Base (ဌာနချုပ်)သို့ အပြန်ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ရင်း ကမ္ဘာပေါ်မှာရှိတဲ့ စစ်သားတိုင်းအိမ်ပြန်နိုင်ကြပါစေ....အများကြီးကောင်းမွန်တဲ့ Old But Gold ကားလေးမို့ လေသူရဲများကိုဂုဏ်ပြုရင်း မကြည့်ရသေးသောပရိတ်သတ်များနဲ့ကြည့်ပြီးသားသူများလည်း မှန်ကန်တဲ့မြန်မာစာတန်းထိုးနဲ့ကြည့်ရလေအောင် တင်ဆက်ပေးလိုက်ပါတယ်.... Quality…..BluRay 1080p Duration…..01:53:00 Format…Mp4 File Size…(824 MB) Translator…..Myanmar Gyi Encoder…..Moe Myint Lwin
movie
R2B: Return to Base (2012)
2012
6.7
Helpless (2012)
IMDb Rating (6.7) ရရှိထားတဲ့ ဒီကိုရီးယားဇာတ်ကားထဲမှာ The Handmaiden ဇာတ်ကားရဲ့ မင်းသမီး Kim Min-hee နဲ့ မင်းသား Lee Sun Gyun တို့မှ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။Psychological mystery/thriller အမျိုးအစားဇာတ်ကားဖြစ်ပြီးတော့ နာမည်ကျော်ဂျပန်စာရေးဆရာမ Miyuki Miyabe ရဲ့ နာမည်ကြီးဝတ္ထု "Kasha" ကို အသက်သွင်းရိုက်ကူးထားတာဖြစ်ပါတယ်။ အတော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းပါ။ဝတ္ထုကနာမည်ကြီးသလို ဒီဇာတ်ကားကလဲ ကိုရီးယားဝါရင့်သရုပ်ဆောင်တွေကြောင့် ဝေဖန်မှုကောင်းတွေရရှိထားပါတယ်။~ သင့်မှာလက်ထပ်တော့မယ့် ချစ်သူတစ်ယောက်ရှိတယ်။~ အဲ့ဒီချစ်သူဟာ နောက်ကြောင်းမရှင်းတဲ့သူ ... လျှို့ဝှက်သူ... ကုန်ကုန်ပြောရရင် အစားထိုးခံထားရသူဆိုတာ သင်သိလာခဲ့ရင်...........။ဇာတ်လမ်းလေးကို ဆက်လက်ရှုစားကြရအောင်နော်။ File Size…(900MB) and (380MB)Quality…BluRay Rip 720pFormat…mp4 Duration…01:57:00 Subtitle…Myanmar Subtitle(Hardsub) Encoder…Nyeinsaeya Aung
movie
Helpless (2012)
2012
7.3
The Yellow Sea (2010)
movie
The Yellow Sea (2010)