Channel Myanmar

Chow Yun-fat

The Corruptor (1999) 6.1
The Corruptor (1999)  ဖဲမင်းသားကြီး ချောင်ယွင်ဖတ်နဲ့ အက်ရှင်မင်းသားကြီး Mark Wahlbergတို့ပူးတွဲသရုပ်ဆောင်ထားတဲ့ ရဲစုံထောက်ကားဖြစ်တာမို့ မကောင်းမှာမပူရဘူးဗျ...။ဇာတ်လမ်းဇာတ်အိမ်ကိုတော့ နယူးယောက်က ရာဇဝတ်ဂိုဏ်းသားတွေခြေဆန့်ရာ တရုတ်တန်းမှာ ဇာတ်အိမ်တည်ထားပါတယ်....။ရဲသားတစ်ဦးဖြစ်တဲ့ ချန်းဟာ တရုတ်တန်းမှာတာဝန်ကျရင်း နေ့စဥ်ပဲလူမိုက်ဂိုဏ်းတွေရဲ့ နေ့စဥ်နယ်မြေလုမှုတွေ၊မူးယစ်ဆေးမှုတွေဒုစရိုက်မှုအစုံကို တိုက်ဖျက်နေရတယ်ပေါ့....မှန်မှန်ကန်ကန်နေထိုင်တာလည်းရှိသလို အခြေအနေအရ လူမိုက်တွေနဲ့တွဲဖက်ပြီး အမှုလိုက်ရတာလည်းရှိတဲ့ တရုတ်တန်းကရဲဘဝကို မြင်တွေ့ရမှာပါ...။ဒါကြောင့် ဇာတ်လမ်းနာမည်က The Corruptor(ချစားသူ)ဖြစ်နေတာပါ...။ဒါပေမဲ့ ဒီအခြေအနေတွေက တရုတ်တန်းကို လူဖြူရဲအရာရှိတစ်ယောက်တာဝန်ကျလာတဲ့အချိန်မှာပြောင်းလဲသွားပါတော့တယ်...ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာကြည့်ရှုလို့ရပါပြီ...။  File size…2.38 GB / 1 GB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 50m Genre ….. Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

The Corruptor (1999)

One More Chance ( 2023 ) 6.2
One More Chance ( 2023 ) ဟောင်ကောင် မင်းသားကြီး Chow Yun-fatရဲ့2023မှာ နောက်ဆုံးထွက်ထားတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်တစ်နေကုန် လောင်းကစားဝိုင်းမှာပဲ အချိန်ဖြုန်းလေ့ရှိပြီး အကြွေးပတ်လည်ဝိုင်းနေတဲ့ အားဟွေးဆီကို တစ်နေ့မှာတော့ သူ့ရည်းစားဟောင်းဖြစ်သူ လီရှီးဟာ သားဖြစ်သူ လီရန်ကို ခေါ်ပြီးရောက်လာခဲ့ပါတယ်။အားဟွေးဟာ လီရန်ရဲ့ ဖခင်အရင်းဖြစ်ကြောင်း၊ လီရန်ကို တစ်လခေါ်ထားပြီး စောင့်ရှောက်ပေးထားဖို့နဲ့ တစ်လပြည့်ရင် ပြန်လာခေါ်မှာဖြစ်ကြောင်း၊ စောင့်ရှောက်စရိတ်အတွက် ဟောင်ကောင်ဒေါ်လာ တစ်သိန်းပေးမှာဖြစ်ကြောင်း လီရှီးက ပြောပြတဲ့အခါမှာတော့ အားဟွေးဟာ အကြွေးဆပ်ဖို့ ငွေလိုနေတာဖြစ်လို့ လီရန်ကို လက်ခံထားခဲ့ပါတယ်။ဒီလိုနဲ့ လီရန်နဲ့ ပြောဆိုဆက်ဆံကြည့်တဲ့အခါ လီရန်ဟာ သာမန်ကလေးတစ်ယောက်မဟုတ်ဘဲ အော်တစ်ဇင်ကလေးတစ်ယောက်ဖြစ်ပြီး အထူးလိုအပ်ချက်တွေလည်း ရှိတာကြောင့် ပြုစုပျိုးထောင်ရာမှာ အခက်အခဲရှိကြောင်း သိသွားခဲ့ပါတယ်တစ်လပြည့်လို့ ချိန်းဆိုထားတဲ့နေ့မှာ လီရှီးပေါ်မလာတဲ့အခါကျမှ အားဟွေးတစ်ယောက် လီရှီးက လီရန်ကို သူ့ဆီမှာ ဘာဖြစ်လို့အပ်ခဲ့လဲဆိုတာ သဘောပေါက်သွားခဲ့ပါတယ်ဒီတော့ လီရှီးက ဘာဖြစ်လို့ သားဖြစ်သူကို အားဟွေးဆီမှာထားခဲ့ပြီး ပေါ်မလာတာလဲ အော်တစ်ဇင်သားလေးနဲ့ အားဟွေးတစ်ယောက် ဘဝကို ဘယ်လိုဆက်ပြီး ဖြတ်သန်းမှာလဲ ဒီအတိုင်းပဲ လောင်းကစားအလုပ်ကို စွဲလမ်းနေပြီး ဘဝကို ဖြစ်သလိုဖြတ်သန်းနေဦးမှာလားဆိုတာ...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Family , Drama Runtime : 1h 54 ...
movie

One More Chance ( 2023 )

The Replacement Killers (1998)
The Replacement Killers (1998)  ဇာတ်လမ်းအကျဥ်းလေးကတော့ မူးယစ်မှောင်ခိုဂိုဏ်းခေါင်းဆောင် တာရန့်စ်ဝေရဲ့ သားဖြစ်သူဟာ ရဲတစ်ယောက်ကြောင့် အသတ်ခံခဲ့ရတယ်။ တာရန့်စ်ဝေက ရဲကို လက်စားချေဖို့အတွက် ဂျွန်လီ့ကို တာဝန်ပေးခဲ့တယ်။ ဂျွန်လီဆိုတာကတော့ တာရန့်စ်ဝေ ခိုင်းတဲ့ မစ်ရှင်၃ခုကို ဆောင်ရွက်ပေးဖို့အကြွေးရှိတဲ့သူပေါ့။ပထမမစ်ရှင်နှစ်ခုကို အဆင်ပြေပြေလုပ်နိုင်ခဲ့ပေမဲ့ နောက်ဆုံးမစ်ရှင်ကို ဂျွန်လီတစ်ယောက် မလုပ်နိုင်ခဲ့ဘူး။ နောက်ဆုံးမစ်ရှင်ဆိုတာကလည်း ရဲရဲ့၇နှစ်အရွယ်သားလေးကို ရဲရဲ့လက်ထဲမှာပဲသတ်ဖို့ပါ။ ဟုတ်ပါတယ် တာရန့်စ်ဝေက အဲလောက်ထိရက်စက်တာပါ။ သားသမီးကို ဆုံးရှုံးရတဲ့နာကျင်မှုကို ရဲကို ထပ်တူနာကျင်စေချင်တာပါ။ ရဲနဲ့ သူ့ရဲ့သားလေးအတူရှိနေတဲ့အချိန်ကလွဲရင် ကျန်တဲ့အချိန်တွေက သူတို့အတွက် ဘေးကင်းပါတယ်။မစ်ရှင်မအောင်မြင်တဲ့အချိန်ကနေစပြီး ဂျွန်လီက တာရန့်စ်ဝေရဲ့ပစ်မှတ်ဖြစ်သွားတော့တာပါပဲ။ တာရန့်စ်ဝေက ဂျွန်လီရဲ့မစ်ရှင်ကို အပြီးသတ်ဖို့ အစားထိုးလူသတ်သမားတွေကို ထပ်ဌားခဲ့ပြီး အဲဒီလူသတ်သမားတွေကပဲ ဂျွန်လီ့အပြင် ရဲရဲ့သားလေးကိုသတ်ပေးရမှာပါ။ ဂျွန်လီ့ရဲ့စကေးနဲ့ဆိုရင် အသာလေး လွတ်မြောက်နိုင်ပေမဲ့ မိသားစုကို ကာကွယ်ဖို့နဲ့ ရဲရဲ့သားလေးကို ကာကွယ်ဖို့ဆိုတဲ့ ရွေးချယ်မှုကြုံလာတဲ့အခါ ဂျွန်လီ့အနေနဲ့ မဆိုင်တဲ့သူကို လျစ်လျူရှုထားနိုင်မလား အပြစ်မဲ့တဲ့သူတွေကို ကယ်တင်နိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလို့ရပါပြီနော်။File size…(2.4 ...
movie

The Replacement Killers (1998)

An Autumn’s Tale (1987) 7.6
An Autumn’s Tale (1987) An Autumn's Tale ( 1987 ) ================== IMDb Rating 7.6/10An Autumn's Tale ဟာ Hong Kong Film Awards ကနေပြီး ဟောင်ကောင် , ထိုင်ဝမ် နဲ့ ပြည်မ သုံးခုလုံးက ကားကောင်းတွေကို အကုန်လုံးကို Best 100 Chinese Motion Pictures ဆိုပြီး စာရင်း လုပ်ထားတဲ့အထဲ နံပါတ် ၄၉ ချိတ်ထားတဲ့ရုပ်ရှင်။ 49 လို့ဆိုပေမဲ့ ဒီကားကရိုမန့်ကားစစ်စစ် အဲဒီစာရင်းထဲ သူ့အထက်ကရှိနေတဲ့ ရိုမန့် ကားစစ်စစ်တွေက Comrades: Almost a Love Story , Chungking Expressနဲ့ Days of Being Wildပဲရှိတယ်။ ရိုမန့်ကားတွေပေါပေမဲ့ ရိုမန့်ကားကို မာစတာပိစ်ကားဖြစ်အောင် ရိုက်ဖို့ဆိုတာလည်း အခက်ဆုံး လို့တောင်ပြောချင်ပြောလို့ရတယ်မလား။ ဒီရုပ်ရှင်က အပေါ်က သုံးကား လုံးထက် ရှေးကျသလို အပေါ်ကကားတွေထက်လည်း ရိုမန့်အငွေ့အသက် စစ်စစ်ကိုတော့ ရတယ်။ ပိုသာတယ်လို့ ...
movie

An Autumn’s Tale (1987)

1987
Pirates of the Caribbean: At World’s End(2007) 7.1
Pirates of the Caribbean: At World’s End(2007) Pirates of the Caribbean: At World's End(2007) IMDb...7.1 သူရဲကောင်းဆန်ဆန်နဲ့ ကရာကန်ကြီး ပါးစပ်ထဲ ဓားတစ်ချောင်းနဲ့ ဝင်ပြီး အားလုံးကို ပေးဆပ်သွားတဲ့နောက်တော့ ဝီလ်တန်နာနဲ့ အဲလိဇဘက်တို့နှစ်ယောက်သား ကပ္ပတိန် ဘာဘိုဆာနဲ့ ပူးပေါင်းပြီး ဂျက်ကို ဒေဗီဂျုန်းဆီကနေ လွတ်အောင် ကယ်ဖို့ ကြိုးစားရတော့တယ်။ ဒါပေမယ့် နှစ်ယောက်မရှိတဲ့ ဂျက်စပဲရိုးက သူ ဘာကောင်လဲဆိုတာကို ဂဏန်းတွေနဲ့ ပုလဲနက်နဲ့ ပြလိုက်တယ်။ ဒေဗီဂျုန်းကိုလည်း လော့ဒ် ဘက်ကပ်တ်က ထိန်းချုပ်ထားပြီး ပင်လယ်ပြင်တခွင်တစ်ခုလုံးရဲ့ သင်္ဘောတွေအကုန်ကို ဖျက်ဆီးခိုင်းတဲ့နောက်တော့ ဝီလ်၊ အဲလိဇဘက်နဲ့ ဘာဘိုဆာတို့နဲ့ အတူ ကပ္ပတိန် ဂျက်စပဲရိုးပါ တိုက်ပွဲထဲ ဝင်ပါလာရတော့တယ်... --------------------------------------------------------------------------------------  File Size : (8.8GB )(4.24GB) and (1.53GB) Quality : Blu-Ray 4KHEVC, 1080p 5.1CH,720P Format…mp4 Duration…02:49:00 Genre :  Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Encoded by Phyo Pyae  
movie

Pirates of the Caribbean: At World’s End(2007)

2007
4K HEVC
The Monkey King: The Legend Begins ( 2022 ) 6
The Monkey King: The Legend Begins ( 2022 ) The Monkey King ဇာတ်ကားတွေအများကြီးထွက်နေပြီဆိုပြီးရိုးနေပြီဆိုတဲ့ CM ပရိတ်သတ်တွေအတွက် ဒီရှည်လျားတဲ့ဇာတ်ဝတ္ထုကြီးရဲ့ မျောက်ဘုရင် ဘယ်လိုဖြစ်ပေါ်လာကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ The Monkey King: The Legend Beginsဆိုပြီး ယနေ့မှာတော့တင်ဆက်ပြသပေးလိုက်ပြီအားလုံးသိပြီသားအတိုင်း မျောက်ဘုရင် စွန်းဝူခုန်းက ကောင်းကင်ဘုံမှာပြဿနာရှာလို့ ရူလိုင်မြတ်စွာဘုရားက သူ့ကိုလက်ငါးချောင်းတောင်အောက်မှာအပြစ်ဒဏ်ပေးတဲ့အနေနဲ့ တရားကျင့်ကြံခိုင်းထားခဲ့ပါတယ်ဒီဇာတ်ကားလေးမှာ အားယိဆိုတဲ့ ကလေးမလေးတစ်ယောက် မျောက်ဘုရင် စွန်းဝူခုန်းကို ကောင်းကင်ဘုံ နတ်ပြည်ထံခေါ်သွားပေးဖို့ လိုက်ရှာပါတယ် ဒီလိုနဲ့ပဲ ဝူခုန်းနဲ့တွေ့ပြီးနောက်ပိုင်း သူ့မိဘတွေအသတ်ခံလိုက်ရကြောင်းကို ကောင်းကင်ဘုံမှာရှိတဲ့ နတ်အရာရှိတွေကိုတိုင်ကြားချင်လို့ ကောင်းကင်ဘုံကိုခေါ်သွားပေးပါလို့ အားယိကတောင်းဆိုပါတယ်ဝူခုန်းနောက် တကောက်ကောက်ရှုပ်တဲ့ကလေးမက ဝူခုန်းဒုက္ခတွေကြုံလာရင် သူအရင်ဆုံးထွက်ကာကွယ်ပေး ဝူခုန်းကိုပျော်ရွှင်အောင်ထား‌ပေးနဲ့ သူငယ်ချင်းတွေဖြစ်လာရော နောက်ဆုံးမှာ အားယိကို ကောင်းကင်ဘုံခေါ်သွားဖို့ ဝူခုန်းကတိပေးခဲ့လိုက်ပါတယ်ကံမကောင်းစွာနဲ့ ဝူခုန်းရဲ့ ရန်ဘက် နဂါးမင်းသားက ဝူခုန်းကိုလက်စားချေချင်တဲ့စိတ်နဲ့ အားယိကိုဖမ်းကာ လက်စားချေမှုတွေစတင်လှုပ်ရှားခဲ့ပါတယ် အားယိကိုသွားကယ်ရင်းဖြစ်လာမဲ့အကြောင်းအရာလေးတွေကိုတော့ ဆက်ပြီးပြောပြသွားမှာမဟုတ်တဲ့အတွက် :') ဇာတ်ကားလေးကိုပဲကြည့်ရှုလိုက်ရအောင် .. Quality : WEB-DL 1080p ,  480pFormat : mp4Genres : Action , Fantasy , DramaRuntime : 1h 20minSubtitle : Myanmar Subtitle ...
movie

The Monkey King: The Legend Begins ( 2022 )

Hard Boiled (1992) 7.8
Hard Boiled (1992) Hard Boiled (1992)IMDb - 7.8, Rotten Tomatoes - 94%John Woo ရဲ့ ပစ္စတိုအော်ပရာတစ်ပုဒ်ကို ကြည့်ချင်တယ်ဆိုပါစို့။ Hard Boiled ဟာ ခင်ဗျားချန်ထားခဲ့လို့မရတဲ့ကားပဲ။ ဂျွန်ဝူးရဲ့ အကောင်းဆုံးတွေအကြောင်းပြောရင် Hard Boiled ကို ကျုပ်တို့တွေ ဖယ်ထားလို့မရဘူး။ ဒီရုပ်ရှင်အပြီးမှာ သူဟာ ခင်ဗျားတို့ ကြိုက်လှပါရဲ့ပြောကြတဲ့ Windtalkers တို့ Face / Off တို့ကို ဟောလိဝုဒ်ထွက်ရိုက်နိုင်တဲ့အထိ ခြေဆန့်နိုင်ခဲ့တယ်။ Mission:Impossible 2 ကိုလည်း သူပဲရိုက်ခဲ့တာပဲ။ဂျွန်ဝူးရဲ့ လက်စွဲတော်ချောင်ယွန်ဖတ်နဲ့အတူ ရှမ်းကြီးအဖေ တိုနီလျောင်ချူဝေကိုလည်း ဒီကားထဲမှာ ခင်ဗျားတို့တွေ့ရလိမ့်မယ်။ ဝါတော့နည်းနည်းနုသေးတာပေါ့။ ချောင်ယွန်ဖတ်ကြီးကတော့ သူ့စတိုင်အတိုင်း သွားကြားထိုးတံကြီးတခဲခဲနဲ့ သေနတ်တွေပစ်ပြနေတာပါပဲ။ ရှားရှားပါးပါးချောင်ယွန်ဖတ် ရဲနေရာက သရုပ်ဆောင်တဲ့ကားဆိုလည်း မမှားဘူး။ Hard Boiled ကိုတော့ ကျွန်တော့်အနေနဲ့ပြောရရင် မာတင်စကောဆေးစိကြီး ကူးချလိုက်ရတဲ့ ...
movie

Hard Boiled (1992)

1992
A Better Tomorrow II (1987) 7.3
A Better Tomorrow II (1987) A Better Tomorrow II (1987)IMDb Rating - 7.3 Directed By John Wooဂျွန်ဝူးရဲ့ ဂန်းကားတွေမှာ ကျွန်တော်အကြိုက်ဆုံး အချက်ကိုပြောရရင် သူ့ထဲက ‌ဇာတ်ကောင်တွေ, အထူးသဖြင့် ချောင်ယွန်ဖတ်ရဲ့ ဇာတ်ကောင်တွေဟာ မိတ်ကောင်းဆွေကောင်း အရမ်းဆန်ပြီး သူတို့မိတ်ဆွေတွေအတွက် အသက်ကိုတောင် မမှုတဲ့လူတွေ ဖြစ်နေတာကိုပါပဲ။ ကျွန်တော်တို့ရော အဲဒီလောက် မိတ်ဆွေကောင်းပီသနိုင်ပါ့မလား,အဲဒီလို မိတ်ဆွေမျိုးရော ရနိုင်ပါ့မလား,မသေချာပေမဲ့ သူတို့တွေရဲ့ မိတ်ဆွေကောင်းပီသမှုကတော့ ကျွန်တော်တို့ရင်ထဲကို အနည်းနဲ့အများတော့ ထိလောက်မှာပါပဲ။ချောင်ယွန်ဖတ်ဟာ လက်တွေ့ဘ၀မှာလည်း ကိုယ်ကျိုးမကြည့်တဲ့ လူကောင်းတစ်ယောက်ပါ။လက်ရှိထိ နာမည်အကြီးဆုံး သက်တမ်းအရင့်ဆုံး မင်းသားကြီးပေမဲ့ ဟောင်ကောင်ရဲ့လမ်းမတွေ မုန့်ဆိုင်တွေမှာ ရိုးရိုးကုတ်ကုတ်ပုံစံနဲ့ပဲ တွေ့ရတတ်တယ်။ သူသေပြီးရင် သူ့စည်းစိမ်တွေအားလုံးကို ပရဟိတအဖွဲ့တွေကို ပေးပစ်ဖို့ပါ အစီအစဉ်ချထားတဲ့သူပါ။ သူရှာထားသမျှတွေကို သူ့ကိုယ်ကျိုးအတွက် သုံးတာ အင်မတန်နည်းတယ်လို့လည်း ငယ်ငယ်က သတင်းစာမှာ ဖတ်ခဲ့ဖူးတယ်။ ဒီလိုသဘောထားကြီးတဲ့ ချောင်ယွန်ဖတ်ဟာ ရုပ်ရှင်ထဲက ...
movie

A Better Tomorrow II (1987)

1987
A Better Tomorrow (1986) 7.5
A Better Tomorrow (1986) A Better Tomorrow (1986)~ IMDb - 7.5/10, RT - 93%, Meta - 78% ~ကျွန်တော်တို့ ငယ်ငယ်ကတော့ ဂျက်လီတို့ ဂျက်ကီချမ်းတို့ ချောင်ယွန်ဖတ်တို့ကားတွေ ခေတ်စားခဲ့တာပေါ့။ ဘူမသိ ကိုးမသိ ငယ်ဘ၀ကတော့ ချောင်ယွန်ဖတ်ကို ဆရာကျမှန်း မသိခဲ့သေးပေမဲ့ ဆေးလိပ်မီးကို ဒေါ်လာတစ်ရာတန်နဲ့ ဟန်ပါပါညှိပြသွားတဲ့ ချောင်ယွန်ဖတ်ရဲ့ဟန်ကိုတော့ ကျွန်တော်တို့တွေ အတော်ညိခဲ့ကြတယ်။Redcliff 1 2, face/off , Hard boiled, The Killer, Bullet in the Head တို့ကို ရိုက်ခဲ့တဲ့ နာမည်ကျော် အက်ရှင်ဒါရိုက်တာဖြစ်တဲ့ ဂျွန်ဝူးကိုတော့ မသိတဲ့လူ မရှိလောက်ပါဘူး။ ဂျွန်ဝူးဟာ ကိုယ်ပိုင် Themeရှိတဲ့ ဒါရိုက်တာပါ။ သူ့Theme ကိုတော့ Heroic Bloodshed Theme လို့ခေါ်ပါတယ်။ ဒီကားဟာ သူ့Themeရဲ့ ကနဦးကားပါပဲ။ ဒါကြောင့်လည်း သမိုင်းကြီးပါတယ်။(မာဗယ်မှာ မန်ဒရင်းလုပ်မယ့် ...
movie

A Better Tomorrow (1986)

1986
The Killer (1989) 7.8
The Killer (1989) The Killer (1989)ဟောင်ကောင်ရုပ်ရှင်ရဲ့ ရွှေခေတ်... ဂျွန်ဝူးရဲ့ရွှေခေတ်.... ချောင်ယွန်ဖတ်ရဲ့ရွှေခေတ်က အက်ရှင်ကားတစ်ကားပေါ့။ တစ်ချို့ကတော့ ဒီရုပ်ရှင်ကို ချောင်ယွန်ဖတ်ရဲ့ အကောင်းဆုံးကားလို့ သတ်မှတ်ကြတယ်။ဟောင်ကောင်အက်ရှင်တွေရဲ့ ဘုရင်ဟောင်းဂျွန်ဝူးရဲ့ Ratingအကောင်းဆုံးကားဆိုလည်း မမှားဘူး။ အဖွင့်မှာတင်ပါလာတဲ့ နောက်ခံသီချင်းလေးကလည်း တော်တော့်ကို ကောင်းတာပါပဲ။ပုံစံကခပ်အေးအေး အကြည့်က ခပ်စူးစူးနဲ့ တစ်ချက်ပစ်ရင် လူတစ်ယောက်ထိကိုထိတဲ့ နာမည်ကျော်ကြေးစားလူသတ်သမားတစ်ယောက်ရှိတယ်။ စင်တင်စားသောက်ဆိုင်တစ်ခုမှာ ပစ်မှတ်ကို သွားသတ်ရင်း အဆိုတော်မလေးရဲ့ မျက်လုံးကို ကျည်နဲ့ ရှပ်ထိသွားပြီး ကောင်မလေးရဲ့ မျက်လုံးဟာ ကန်းတော့မယ့်လုဆဲဆဲ ဖြစ်သွားခဲ့တယ်။ လူသတ်သမားပေမဲ့ ကိုယ်ပိုင်စည်းမျဉ်းနဲ့ သိက္ခာရှိရှိနေတဲ့ ချောင်ယွန်ဖတ်ရဲ့ ကျည်ဟာ ဘယ်တော့မှ အပြစ်မရှိသူရဲ့ အရေပြားပေါ် မဖိတ်စဉ်ဖူးဘူး။ ဖိတ်စဉ်မိခဲ့ရင်လည်း သူ့တာဝန် သူယူတတ်တဲ့သူဆိုတော့ အနားယူဖို့စီစဉ်ထားပေမဲ့ ကောင်မလေးရဲ့ မျက်လုံးကို ပြန်ကုပေးဖို့ နောက်ဆုံးအလုပ်တစ်ခုကို လက်ခံလိုက်တယ်။ ကံဆိုးချင်တော့ နောက်ဆုံးအလုပ်မှာ သူ့ကိုခိုင်းတဲ့သူတွေက သူ့ကိုပြန်နှုတ်ပိတ်သတ်ဖို့ကြံရာက ရဲတွေရော ရာဇဝတ်ဂိုဏ်းတွေကပါ သူ့နောက်ကိုလိုက်ကြတော့တာပါပဲ။ဇာတ်အိမ်က သူ့ခေတ်က ထူးပေမဲ့ နောက်ပိုင်း ဒီပုံစံတွေ တွေ့ဖန်မြင်ရများလို့ မဆန်းတော့တဲ့ ဇာတ်အိမ်ပါပဲ။ သို့ပေမဲ့ လတ်ဆတ်တုန်းက အပြုံးချိုချိုနဲ့ ချောင်ယွန်ဖတ်နဲ့ လိုက်ဖက်လွန်းနေတဲ့ သိက္ခာရှိတဲ့ ကြေးစားလူသတ်သမားဇာတ်ကောင်က ဒီဇာတ်လမ်းကို ဘယ်တော့မှမဟောင်းမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်သွားအောင် အရောင်တင်ပေးခဲ့တယ်။ သဘောကျစရာကောင်းတာက နောက်ပိုင်းကားတွေထဲက ဇာတ်လိုက်တွေလို လူလွန်မသားတွေ ဖြစ်မနေဘူး။ ကြမ်းတယ် ကျည်တစ်ချက်တစ်ကောင်သေတယ်။ သို့ပေမဲ့ ဒဏ်ရာလည်း အသေရတယ်.. ...
movie

The Killer (1989)

1989
Crouching Tiger, Hidden Dragon (2000) 7.8
Crouching Tiger, Hidden Dragon (2000)  Crouching Tiger Hidden Dragon (2000)ဝူတန်သိုင်းလို့ပြောလိုက်တာနဲ့ Chinese Fanတွေဆိုရင်းရင်းနှီးနှီးသိကြမှာပါဒီကားမှာတော့ ဝူတန်သိုင်းသမားသူရဲကောင်းလီမူဘိုင်က သိုင်းလောကကနေအနားယူပြီး အေးအေးချမ်းချမ်းနေဖို့ သူ့ရဲ့ကျောက်စိမ်းကံကြမ္မာဓားကို ဆရာတီဆီလက်ဆောင်ပေးရာကနေစတဲ့ဇာတ်လမ်းပါသူရဲကောင်းလီမူဘိုင်ရဲ့ဆရာတောင်ပိုင်းကြိုးကြာ(နာမည်ဝှက်)ဆီက ဝူတန်သိုင်းရဲ့လျှို့ဝှက်သိုင်းကျမ်းကို ကျောက်စိမ်းမြေခွေး(နာမည်ဝှက်)ကခိုးယူကျင့်ကြံပြီး တောင်ပိုင်းကြိုးကြာကိုသတ်ပစ်ခဲ့ပါတယ်ကျောက်စိမ်းမြေခွေးက လျှောက်သွားရင်း ရှောင်လုံဆိုတဲ့ချမ်းသာတဲ့မမလေးကို တပည့်တော်ကာပညာသင်ပေးရင်း ဇာတ်မြှုပ်နေရာမှ တပည့်လေးကြောင့် သူ့ကိုရန်သူတွေသိသွားပါတော့တယ်ရှောင်လုံကလည်း ငယ်ငယ်ထဲကဆရာ့ပြောစကားတွေကြောင့် သိုင်းလောကမှာကျင်လည်ပြီးလျှောက်သွားချင်သူပါ နာမည်ကျော်သူရဲကောင်းတွေလို အစွမ်းထက်လက်နက်တွေနဲ့ ဟိတ်ဟန်ထုတ်ချင်သူပါမမျှော်လင့်ဘဲ ရှောင်လုံနဲ့ရှုလျန်တို့တွေ့ဆုံခင်မင်ရာမှ ကျောက်စိမ်းကံကြမ္မာဓားကိုရှောင်လုံတွေ့သွားသောအခါအရမ်းလိုချင်သွားပါတော့တယ် ရှောင်လုံကလည်းဓားရအောင်ဘယ်လိုလုပ်မလဲ...ရှုလျန်ကလည်း သူ့ချစ်သူအတွက်ဓားကို ဘယ်လိုကာကွယ်ပေးမလဲ...လီမူဘိုင်ကရော သိုင်းလောကကနေအနားယူရပါ့မလား...ကဲဇာတ်လမ်းထဲပဲကြည့်လိုက်ရအောင်နော်ရှုလျန်အဖြစ် Michelle Yeoh (သူ့ကိုတော့ The Ladyကားမှာထဲက သိကြမှာပါ)လီမူဘိုင်အဖြစ် Chow Yun-Fatရှောင်လုံအဖြစ် Zhang Ziyiကျောက်စိမ်းမြေခွေးအဖြစ် Cheng Pei Pei( အညွှန်းရေးသားထားသူကတော့ Hlaing Theint Theint Latt ပါ )Quality__1080p, 720p IMDb Rating__7.8/10 Format__mp4 Duration__02:00:00 Type__Action ,Adventure , Fantasy , Romance Subtitle__Myanmar Subtitle (Hardsub) Translated ...
movie

Crouching Tiger, Hidden Dragon (2000)

Project Gutenberg ( 2018 ) 6.9
Project Gutenberg ( 2018 ) IMDb Rate 6.9 နဲ့အတူ နာမည်ကြီးမင်းသား ချောင်ယွမ်ဖတ်ကလည်းပါဝင်သရုပ်ဆောင်ထားပြီး ဂျင်းကားမဟုတ်တာတော့ 100 %ကျိန်းသေနေတာပါပဲဇာတ်လမ်းအကျဉ်းလေးကတော့လွန်ခဲ့တဲ့  နှစ်တွေက ချစ်သူ ၂ယောက် …အတူပန်းချီဆွဲကြတယ်..ကောင်မလေး က လက်ရာမှာပါရမီပါတယ်ကောင်လေးကတော့ သူ့လောက်ပါရမီမထူးပေမယ့်ပုံတူဆွဲနေတဲ့နေရာမှာလည်း သူက ပါရမီပါတယ်ကံကြမ္မာလှည့်ကွက်တွေကြောင့်၂ယောက်သားဝေးပြီးတော့ ပြန်လည်ဆုံတွေ့တဲ့အခါမှာတော့ကောင်လေးက လူသတ်တရားခံအဖြစ်အဖမ်းခံထားရတယ်ကောင်မလေးကတော့ နိုင်ငံတကာအသိအမှတ်ပြုပန်းချီပညာရှင်တစ်ယောက်….ရဲစခန်းကဟွကျားလို့ခေါ်တဲ့လူတစ်ယောက် အကြောင်းကိုကောင်လေးကိုမေးတယ်..ကောင်မလေးပါတော့မှပဲကောင်လေးက ဟွကျားအကြောင်းကိုဖွင့်ပြောတော့တယ်ကောင်မလေးနဲ့ဝေးပြီးတဲ့နောက် ကောင်လေးဟာဟွကျားဦးဆောင်တဲ့ ငွေတုဂိုဏ်းတခုကိုရောက်သွားတာကနေအစပြုပြီး မြုပ်ကွက်များစွာပါဝင်တဲ့ ဇာတ်လမ်းလေးတပုဒ်ဖြစ်တည်လာပါတော့တယ်ထိုင်ရာကမထချင်ပဲ အဆုံးထိ စိတ်ဝင်စားပြီးစောင့်ကြည့်သွားရမယ့် ဇာတ်ကားမျိုးဖြစ်လို့ရုပ်ရှင်ချစ်သူတွေ လက်မလွှတ်သင့်တဲ့ဇာတ်ကားဖြစ်ပါတယ် Quality : Bluray 1080p 5.1 CH ( HEVC )& Bluray 720p 5.1CHFormat : mkv for ( 1080p HEVC ) & mp4 for ( 720p )During : 2h 10 minSubtitle : Myanmar Subtitle ...
movie

Project Gutenberg ( 2018 )

2018
Bulletproof Monk 5.5
Bulletproof Monk အက်ရှင်ကားလေးတွေကြိုက်နှစ်သက်တွေအတွက်သဘောကျမယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ဒုတိယကမ္ဘာစစ်တွင်းမှာ တိဘတ်တောင်တန်းပေါ်မှာ အနန္တစွမ်းအင်တွေရနိုင်မယ့်ပေလိတ်ကိုစောင့်ရှောက်တဲ့ဘုန်းကြီးတွေနေထိုင်ပြီးအနှစ်၆၀တစ်ခါ စောင့်ရှောက်သူလွှဲပြောင်းပါတယ်နာဇီစစ်ဗိုလ်တစ်ယောက်ဟာအဲ့ဒီစွမ်းအင်ကိုတပ်မက်လွန်းလို့ အနှစ်၆၀တိုင်တိုင်ဇွဲကြီးကြီးနဲ့လိုက်နေပါတယ် နာဇီရဲ့အကြံကတော့သူစွမ်းအားတွေရရင်နိမ့်ကျတယ်လို့သူယူဆရဲ့တဲ့လူမျိုးစုတွေ အပြတ်ရှင်းပြစ်ပြီးသူ့စိတ်တိုင်းကျကမ္ဘာတည်ထောင်မှာဖြစ်ပါတယ် ဒါကိုကာကွယ်ဖို့ဘုန်ကြီးဟာအနှစ်၆၀ထွက်ပြေးရင် နှစ်၆၀ပြည့်တဲ့အချိန်မှာဘယ်သူ့ကိုစောင့်ရှောက်သူအဖြစ်လွှဲအပ်မလဲ နာဇီစစ်ဗိုလ်ကိုဘယ်လိုဖြေရှင်းမလဲဆိုတာ ပေါ့ပေါ့ပါးပါးအက်ရှင်ကားကောင်းတစ်ကားအနေနဲ့ကြည့်ရမှာပါပေလိတ်ကိုစောင့်ရှောက်သူဘုန်းကြီးအဖြစ်အားလုံးရင်နှီးမှာဖြစ်တဲ့ဟောင်ကောင်မင်းသားကြီးChow Yun Fatကပါဝင်သရုပ်ဆောင်ထားပါတယ် Translated & Review By Nu MonEncoded By LK
movie

Bulletproof Monk

2003
Prison on Fire (1987) 7.3
Prison on Fire (1987) Prison on Fire (1987) IMDb - 7.3/10_____Rotten - 87%     IMDB 7.3 ရထားတဲ့ ဒီကားလေးကတော့ တရုတ်ကားလေးပါ၊ Action Drama အမျိုးအစားပါ ၁၉၈၇ ခုနှစ်ကရိုက်ထားတာကြောင့် အခုခေတ်ထောင်ကားတွေနဲ့နည်းနည်းကွဲပြားနေပါတယ် ထောင်ထဲမှာမိတ်ဆွေဖြစ်သွားပြီး ထောင်ထဲရင်ဆိုင်ရတဲ့အခက်အခဲတွေကိုရိုက်ပြထားတာပါ ဒီကားထဲမှာ တရုတ်နိုင်ငံရဲ့မင်သားကြီး ချောင်ရွန်ဖတ်နဲ့နောက်တစ်ယောက်က Leung Ka-fai ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဉ်းကတော့ လူငယ်လေးတစ်ယေက်မတော်တဆလူသတ်မိပြီးထောင်ကျသွားတယ် လူသစ်ဆိုတော့ ဝိုင်းအနိုင်ကျင့်တယ် အဲ့ဒါကို ချောင်ရွန်ဖတ်က ကာကွယ်ပေးတာပါ ဒီလူငယ်လေး ဘယ်လိုအနိုင်ကျင့်ခံရတယ် ချောင်ရွန်ဖတ်ကလဲ ဘယ်လိုကာကွယိပေးတယ်ဆိုတာကို ပရိသတ်ကြီးဆက်လက်ကြည့်ပေးကြပါဦး     Quality - 720p Web DL Format - Mp4 Gern - Action/Crime/Drama Duration - 1hr 44min Translator - Tin Myo Lwin Encoder -Kyaw Ye Aung
movie

Prison on Fire (1987)

1987
Let the Bullets Fly (2010) 7.3
Let the Bullets Fly (2010) Let the Bullet Fly (2010) ရုပ်ရှင်ဟာ ၂၀၁၀ခုနှစ်ကစတင်ဖြန့် ချိခဲ့တဲ့တရုတ်အက်ရှင်ဇာတ်ကားဖြစ်ပါတယ် IMDB အနေနဲ့ 7.3/10 ကိုရယူထားပြီး Rotten Tomato မှာတော့ 72%ပါ အဓိကဇာတ်ကောင်တွေအဖြစ်နာမည်ကြီးသရုပ်ဆောင်နှစ်ယောက်ဖြစ်တဲ့  Chow Yun-fat(ချောင်ယွန်ဖတ်) Jiang Wen(ကျန်းဝမ်)တိုပါဝင်သရုပ်ဆောင်အားပြိုင်ထားပါတယ် ဇာတ်လမ်းကြာချိန်ကတော့ ၂ နာရီပါ ဇာတ်လမ်းအကျဉ်းကတော့ ၁၉၂၀ပြည့်နှစ်အချိန်ကာလတရုတ်နိုင်ငံတွင်ကျာက်ပေါက်မာဓားပြကျန်းခေါင်းဆောင်တဲ့ဓားပြအဖွဲ့ ရှိခဲ့ပါတယ် တစ်နေ့ အရာရှိမင်းမာပန်းတယ်စီးနင်းလိုက်ပါလာသောရထားအားလုယက်မှုပြုရင်း ဓားပြဗိုလ်မှအရာရှိယောင်ဆောင်ကာအနီးနားရှိအယ်ချန်မြို့ လေးသို့ သွားရောက်ကာမြို့ ဝန်မင်းရာထူးရယူပြီးကြီးပွားချမ်းသာဖို့ ကြံစည်ပါတယ် သို့ သော်ထိုမြို့ တွင်ကြီးစိုးနေသော သူဌေးဟွမ်စစ်လန်နှင့်ရင်ဆိုင်ရပါတော့တယ် သူတို့ နှစ်ယောက်အပြန်အလှန် အကောက်ဥာဏ်တွေနဲ့ ရင်ဆိုင်တိုက်ခိုက်ရင်း ဘယ်လိုတွေဖြစ်ပျက်လာမလဲ ဘယ်သူရှုံးနိမ့်ပြီးဘယ်သူနိုင်သွားမလဲဆိုတာ........ အက်ရှင် ဟာသ ဒရာမာပေါင်းစပ်ထားသောဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ် (ဘာသာပြန်သူကတော့ Kuran ပါ)File Size : (950 MB) and (480 MB) Quality : Bluray 720p Running Time : 2hr 12min Format ...
movie


2010