Channel Myanmar

Dakota Fanning

The Secret Life of Bees (2008) 7.2
The Secret Life of Bees (2008)    လီလီဆိုတဲ့ကောင်မလေးက သူမအရမ်းငယ်သေးတဲ့အချိန်မှာလုပ်မိတဲ့မတော်တဆမှုတစ်ခုကြောင့် အမေဖြစ်သူဆုံးပါးသွားခဲ့ပါတယ်။ အဖေဖြစ်သူနဲ့လည်းမတည့်တဲ့မိန်းမငယ်လေး လီလီဟာ အဖေဖြစ်သူဆီကနေ အမေ့အကြောင်းတွေမေးပေမယ့် အဖေဖြစ်သူကမပြောပြတာမို့ လူမည်းအိမ်အကူအမျိုးသမီးတစ်ယောက်နဲ့အိမ်ကနေထွက်ပြေးလာပြီး အမေ့အကြောင်းရှာပုံတော်ဖွင့်ပါတော့တယ်.....ဒီဇာတ်လမ်းကလေးဟာ 1900 ခုနစ်တွေမှာ လူဖြူလူမည်းလူတန်းစားခွဲခြားမှုတွေ လူမည်းတွေမတရားခံရမှုတွေကို မြင်တွေ့ရပြီး ဘဝရဲ့လောကဓံရိုက်ချက်တွေကို ပြသထားတာမို့ အများကြီးညွှန်းစရာမလိုဘဲ ကြည့်ကောင်းမဲ့ကားကောင်းလေးတစ်ကားပါပဲရှင်............ File size…(1.6 GB)/(790 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:54:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lycoris
movie

The Secret Life of Bees (2008)

Man on Fire (2004) 7.7
Man on Fire (2004) Man on Fire (2004) IMDb-(7.7) The Equalizer 3 ထဲမှာပြန်လည်ဆုံတွေ့ကြတဲ့ Denzel Washington နဲ့ Dakota Fanning တို့ ငယ်ငယ်တုန်းကရုပ်ရှင်ဇာတ်ကားကြီးကို Quality အမိုက်စားနဲ့ပြန်လည်တင်ဆက်လိုက်ပါတယ်။ဇာတ်လမ်းကတော့....နှုတ်ခမ်းမွေး မုတ်ဆိတ်မွေး ဗရပွနဲ့ လူတစ်ယောက်...သူက အတိတ်က လုပ်ခဲ့တဲ့ ကိစ္စတစ်ရဲ့ အမှားတစ်ချို့ ကိုမေ့ပျောက်ဖို့ အတွက်အရက်ကို အချိန်ပြည့်နီးပါးအဖော်ပြုနေတဲ့သူ....တစ်နေ့တော့ သူ့သူငယ်ချင်းတစ်ယောက်က လာပြောတယ် ဒီအတိုင်းနေမယ့်အတူတူ အပြုအမူလေးတွေဆင်ခြင်ပြီးတော့ ချမ်းသာတဲ့ အသိုင်းအဝန်းက အိမ်မှာ ဘော်ဂီဂတ်လုပ်ဖို့ အကြံပေးလာတယ်...သူဟာ အတိတ်တုန်းက စစ်မှုထမ်းခဲ့ပြီး စစ်မှုထမ်းသက်လည်း အတော်ရှိခဲ့ပြီး ထူးချွန်ခဲ့တဲ့သူတစ်ယောက်...ဘော်ဒီဂတ်လုပ်ရမှာကပြန်ပေးမှုအများဆုံးဖြစ်နေတဲ့ မက္ကဆီကို ..သူဒီအလုပ်ကိုလက်ခံလိုက်တယ်...ဒီကားက တော်တော်များများကြားဖူး ကြည့်ဖူးပြီးသားဖြစ်မှာပါ...ဒါရိုက်တာTony Scott ရိုက်ကူးပြီးကျွန်တော်တို့ရဲ့ အသည်းစွဲမင်းသားကြီး  Denzel Washington, ပါဝင်သရုပ်ဆောင်ထားပါတယ်....ပရိယာယ်များပြီး ဘယ်ကိစ္စမဆို ယုံကြည်လို့မရတဲ့ ဒီလောကကြီးမှာ ကျွန်တော်ကတော့  Denzel Washington ရိုက်တဲ့ ကားတွေကို ချွင်းချက်ထားလိုက်ချင်တယ်...သိတဲ့အတိုင်း သူ့ကားတွေဟာ မကောင်းတဲ့ကားတောင်မရှိသလောက်ရယ်...ဒီကားမှာလည်း တိုတိုပြတ်ပြတ်ပြောပြီးအလုပ်ကိုတာဝန်ကျေတဲ့သူတစ်ယောက်...သူစောင့်ရှောက်ရတဲ့ ...
movie

Man on Fire (2004)

2004
The Equalizer 3 (2023) 7.1
The Equalizer 3 (2023) The Equalizer 3 (2023)IMDb Rating (7.1) / Rotten Tomatoes (75%)"မင်းက အငြိမ်းစားပါ" "ဒါပေမဲ့ တစ်နေ့နေ့မှာ တစ်ယောက်ယောက်က တစ်ယောက်ယောက်ကို ရက်ရက်စက်စက်တစ်ခုခုလုပ်လိုက်တာကို မြင်ရင် မင်း တစ်ခုခုပြန်လုပ်ပေးလိုက်မိလိမ့်မယ်၊ ဘာလို့လဲဆိုတော့ မင်းမှာလုပ်နိုင်စွမ်းရှိလို့ပဲ" "မင်းဟာ ဒီလိုလူစားပဲ၊ အမြဲတမ်း ဒီလိုလူစားပဲ"မင်းသားကြီး ဒန်ဇယ်ဝါရှင်တန်ရဲ့ ကမ္ဘာကျော် Equalizer ရုပ်ရှင်တွေဟာဘာအကြောင်းလဲဆိုတာ ဒီဒိုင်ယာလော့တွေနဲ့တင် ဖော်ပြသွားခဲ့ပါတယ်။ မက်ကောဆိုတဲ့ စီအိုင်အေရဲ့ အတော်ဆုံးတွေထဲက တစ်ယောက်။ အငြိမ်းစားယူပြီး အေးဆေးနေနေခဲ့ပြီ။ ဒါပေမဲ့ သူ့ရှေ့မှာ မတရားမှုမြင်လာတိုင်း မပါဖို့ကြိုးစားပေမဲ့ ဝင်ပါမိသွားတယ်။ သူပြန်ယူပေးတဲ့ တရားမျှတမှုက သွေးအေးအေးနဲ့ ရက်ရက်စက်စက်ပါပဲ။ ဘဝမှာအရေးကြီးဆုံးက အချိန်ကိုက်ဖို့ပဲလို့ ခံယူထားတဲ့လူတစ်ယောက်။ မတိုက်ခိုက်ခင် နာရီလေးနဲ့ အချိန်ကိုက်တဲ့အကွက်ဟာ အားလုံးမှတ်မိနေမဲ့အချက်ပါပဲ။ အခုရုပ်ရှင်ကတော့ ၃ ကားမြောက်ဖြစ်ပြီး ပထမနှစ်ကားကိုလည်း ချန်နယ်မြန်မာမှာ ကွာလတီအကြည်အသစ်၊ ဘာသာပြန်ကောင်းကောင်းနဲ့ ကြည့်လို့ရပါတယ် ။ဒီရုပ်ရှင်အစမှာတော့ ...
movie

The Equalizer 3 (2023)

4K HEVC
Coraline (2009) 7.7
Coraline (2009) Coraline (2009) IMDb - 7.7/10_____Rotten - 90%သည်းထိတ်ရင်ဖို လျှို့ဝှက်ဆန်းကြယ် ကာတွန်းကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ... လူကြီးမင်းတို့ရဲ့ မျက်လုံးကိုဖယ်ထုတ်ပြီး ကြယ်သီးတွေအစားထိုးတပ်ခံထားရတဲ့ ခံစားချက်မျိုး ခံစားဖူးပါသလား ? မခံစားဖူးရင် ဇာတ်လမ်းအကျဉ်းချုပ်လေးဆီသွားရအောင် တကယ်တော့ ဒီဇာတ်ကားလေးဟာ ကျွန်တော်တို့ရဲ့ ငယ်ဘဝမှာ ရင်ထဲထိအမြဲတမ်းစွဲကျန်စေခဲ့တဲ့ ကာတွန်းရုပ်ရှင်ကားလေးတစ်ကားလည်းဖြစ်ပါတယ်... ဒီဇာတ်ကားလေးမှာ ကိုရာလိုင်း (Coraline) ဆိုတဲ့ကလေးမလေးက အဓိကသရုပ်ဆောင်ထားပါတယ်... စူးစမ်းလိုစိတ်အပြည့်နဲ့ သတ္တိရှိတဲ့ ကောင်မလေးတစ်ယောက်အဖြစ်နဲ့ပေါ့... သူမရဲ့မိဘတွေနဲ့ကတော့ အဆင်မပြေပါဘူး အလုပ်ကိုသာလုပ်နေကြတဲ့ ကိုရာလိုင်းရဲ့မိဘတွေဟာ သားသမီးကို ဂရုမစိုက်နိုင်တဲ့အတွက် သူတို့ကြားမှာ အဆင်မပြေမှုလေးတွေရှိနေခဲ့ပါတယ်...တစ်နေ့သူတို့မိသားစုဟာ အိမ်အသစ်ဆီကိုပြောင်းရွှေ့လာခဲ့ရပါတယ်... ထုံးစံအတိုင်း ကိုရာလိုင်း ကတော့ တစ်ယောက်တည်းပဲပေါ့... ဒီလိုနဲ့ တစ်နေ့မှာ အိမ်ရဲ့တစ်နေရာက မှော်ဝင်တံခါးပေါက်တစ်ခုကို တွေ့သွားခဲ့တဲ့အချိန်ကစပြီး ဇာတ်လမ်းစပါပြီ... ဒီမှော်ဝင်တံခါးပေါက်ရဲ့တစ်ဖက်မှာ ဘာတွေရှိနေမလဲ ?? စူးစမ်းတတ်ပြီး သတ္တိရှိတဲ့ ကိုရာလိုင်းတစ်ယောက် ဘာတွေဖြစ်လာမှာလဲ ?? ဆိုတာတွေကိုတော့ စိတ်ဝင်တစားနဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်... IMDb rating 7.7/10 ထိ ရရှိထားတဲ့ ဒီကာတွန်းရုပ်ရှင်လေးဟာ ဘယ်လောက်ထိကောင်းတယ်ဆိုတာကိုတော့ အထူးတလည်ညွှန်းစရာ မလိုတော့ဘူး ထင်ပါတယ်.. အော်စကာဆုအတွက် ဆန်ခါတင်စာရင်းမှာပါခဲ့တဲ့အပြင် ဆုတော်တော်များများကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်... မိဘနဲ့သားသမီးတွေရဲ့ကြားက လိုအပ်ချက်လေးတွေကို ဘယ်လိုဖြည့်ဆည်းရမယ်ဆိုတာကိုလည်း ဒီဇာတ်ကားလေးက ညွှန်ပြပေးသွားပါတယ်... လက်မလွတ်တမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး လေကြောရှည်နေပြီ ဖြစ်တဲ့အတွက် အားပေးခံစားကြည့်ရှုပေးကြပါဦး...ဒီဇတ်ကားအတွက် အညွှန်းကို ကို  Yé ...
movie

Coraline (2009)

2009
4K HEVC
Lilo & Stitch 2: Stitch Has a Glitch (2005) 6.2
Lilo & Stitch 2: Stitch Has a Glitch (2005) Lilo & Stitch 2: Stitch Has a Glitch (2005) ============================== IMDb Rating - 6.2/10Lilo and Stitch (2002) ရဲ့ ဇာတ်သိမ်းမှာ Stitch အပါအဝင် Jumba နဲ့ Pleakly တို့ဟာ နယ်နှင်ဒဏ်အနေနဲ့ ကမ္ဘာမြေမှာထားခဲ့ခံရတာကြောင့် Lilo တို့မိသားစုနဲ့အတူနေလာတာ နှစ်အတော်ကြာလာခဲ့ပါပြီ။ Lilo တို့ ညီအစ်မနဲ့အတူ လူတွေကြားမှာ နေသားကျလာတဲ့ Stitch လည်း အရင်လို တာတေလန်အောင် သောင်းကျန်းတတ်တာမျိုး မရှိတော့ပါဘူး။ ဒီလိုနဲ့ Stitch ရဲ့ တည်ငြိမ်မှုက သက်တမ်းကုန်ဆုံးဖို့ဖြစ်လာတော့မှာပါ။တစ်နေ့ထက်တစ်နေ့ စိတ်ဖောက်သောင်းကျန်းတာတွေများလာပြီး အခြေ အနေပိုပိုဆိုးလာတဲ့ Stitch ကို Lilo တောင် နားမလည်ပေးနိုင်တဲ့အချိန်တွေ ရှိလာပါတော့တယ်။ ပြဿနာအရင်းခံကိုသိနေတဲ့ ဂျမ်ဘာတစ်ယောက် Stitch ကို ပြန်ပြင်နိုင်မယ့်နည်းရှာနေချိန် Lilo နဲ့ Stitch ဆက်ဆံရေးက ပိုပိုဆိုးလာ ပါပြီ။ အကြောင်းမရှိထထဖောက်တဲ့ Stitch ကြောင့် Lilo အရှက်ကွဲပေါင်းများ လာပါတော့တယ်။ ...
movie

Lilo & Stitch 2: Stitch Has a Glitch (2005)

2005
Night Moves (2013) 6.0
Night Moves (2013)  IMDb – 6/10 Rotten Tomatoes – 86%အော်ရဂွန်မြစ်ကိုမှီခိုကာလုပ်ကိုင်စားသောက်နေကြတဲ့လယ်သမားတွေ။ စွမ်းအင်အရင်းမြစ်အတွက် မြစ်ပေါ်မှာအထပ်ထပ်ဆောက်ထားတဲ့ရေကာတာတွေဟာ သဘာဝပတ်ဝန်းကျင်နဲ့ တောရိုင်းတိရိစ္ဆာန် ရေနေသတ္တဝါအပေါ်ဆိုးကျိုးများသက်ရောက်နေလျှက်။ ဇာတ်ကြောင်းကသဘာဝပတ်ဝန်းကျင် အရေးလှုပ်ရှားသူသုံဦးဟာ အချိန်ယူပြီး စနစ်တကျစီစဉ်ကာ ရေကာတာတွေထဲမှတစ်ခုကို ဖောက်ခွဲဖို့ ကြံစည်ကြတဲ့အကြောင်းပါ။လိုအပ်တဲ့အချိန်၊ငွေကြေးအင်အား၊ လူအင်အားတွေစိုက်ထုတ်ပြီးဖောက်ခွဲရေးကိစ္စကိုအကောင်ထည်ဖော်လိုက်တဲ့အခါဖြစ်လာတဲ့အကျိုးသက်ရောက်မှုတွေက ထင်သလိုမဟုတ်ဘဲကပြောင်းကပြန်တွေဖြစ်ကုန်တယ်။ ဒီကြားထဲ လုပ်ဖော်ကိုင်ဖက်ထဲကတစ်ယောက်က အကျိုးဆက်တွေကို မခံနိုင်ဘဲ ဂဂျောင်ဖတ်ပြီးမလုပ်သင့်တာတွေဆက်လုပ်မိတယ်။ အဲဒီနောက် မီးခိုးကြွက်လျှောက်ဖြစ်ပြီး ရှောင်ရတိမ်းရတယ်။ ဇာတ်လမ်းက စကားပြောခန်းတွေများပြီး ခပ်အေးအေးတန်ပိုနဲ့ပဲသွားပါတယ်။ကင်မရာရိုက်ချက်တွေကလည်း ငြိမ်လွန်းပြီး ကြီးမားတဲ့နိုင်ငံတော်ပုန်ကန်မှုတစ်ခုကိုခပ်ဝေးဝေးကနေအံကြိတ်ပြီးလှမ်းကြည့်နေရတဲ့ ခံစားချက်မျိုးရပါလိမ့်မယ်။ဘာမှမလုပ်ချင်မကိုင်ချင်တဲ့ ခြေခင်းလက်ခင်းသာတဲ့တစ်နေ့မှာအေးအေးလူလူထိုင်ကြည့်လို့ ကောင်းမယ့်ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။  File size…1.62GB / 619MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 52m Genre ..... Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kaung Paing
movie

Night Moves (2013)

Sweet Home Alabama (2002) 6.2
Sweet Home Alabama (2002)   မယ်လနီဟာ နယူးယော့ခ်ဆိုတဲ့ မြို့ကြီးပြကြီးမှာ အောင်မြင်တဲ့ ဖက်ရှင်ဒီဇိုင်နာ တစ်ယောက်အဖြစ် အသက်မွေး၀မ်းကျောင်းပြုနေတဲ့ မိန်းမချောလေးတစ်ဦးပါ အန်ဒရူးဆိုတဲ့ ချစ်ရတဲ့ကောင်လေး တစ်ဦးလည်းရှိသတဲ့ အန်ဒရူးဟာလည်း မြို့တော်၀န်ရဲ့သားဖြစ်သလို အတွင်း၀န်တစ်ယောက် အန်ဒရူးက မယ်လနီကို လက်ထပ်ခွင့်တောင်းတဲ့အခါမှာတော့ မယ်လနီတစ်ယောက်ရဲ့ဘ၀ဟာ ရှေ့ဆက် ပန်းခင်းတဲ့လမ်းချည်း ဖြစ်တော့မှာပါဒါပေမယ့် ပန်းခင်းလမ်းကိုရှေ့ဆက်ဖို့ဆိုရင်တော့ မယ်လနီဟာ သူမရဲ့အတိတ်ကနေ အရင်လွတ်မြောက်အောင် ထွက်ပြေးရမှာဖြစ်ပြီး သူမအလွတ်မြောက်ချင်ဆုံးအရာကတော့ အထက်တန်းကျောင်းပြီးတော့ သူနဲ့လက်ထပ်ခဲ့တဲ့ ဂျိတ်ဆိုတဲ့ ကောင်လေး ဖြစ်ပါတယ် ဒီတော့ မယ်လနီတစ်ယောက် အတိတ်ကို အပြီးသတ်ဖို့ရာ သူမရဲ့ ဇာတိမြို့လေးကို ပြန်လာရင်း ရှုပ်ထွေးမှုတွေကြား သောကရောက်ရပါတော့တယ် ခင်ပွန်းလောင်းအသစ်နဲ့ ခင်ပွန်းဟောင်းကြား ဗျာများရမယ့် မယ်လနီတစ်ယောက်အကြောင်းကို drama comedy အဖြစ် ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ် File size…(1.77GB)/(1.24GB) / (581MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:48:00 Genre...Comedy / Romance Subtitle….Myanmar ...
movie

Sweet Home Alabama (2002)

American Pastoral (2016) 6.1
American Pastoral (2016) American Pastoral (2016) ================== IMDb Rating - 6.1/10၁၉၈၀၊ ၁၉၉၀ ဖွား‌တွေ အရမ်းသဘောကျခဲ့ကြရတဲ့ အလှဘုရင်မတစ်ပါး (သို့) ဂျန်နီဖာကော်နယ်လီ။ Star Wars ရုပ်ရှင်ကားတွေနဲ့ရုပ်ရှင်ကားပေါင်းများစွာအပြင် Harley Queen 2020 မှာပါ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားချောကြီး အီဝမ်မက် ဂရက်ဂေါ။ I am Sam 2001၊ Coraline 2009 ရုပ်ရှင်ကားတွေမှာပါဝင်ခဲ့၊ အသံ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချောလေး ဒါကိုတာဖန်းနင်း။ ဒီတော့ အခုကားဟာ ဒီနာမည်ကျော်သုံးယောက်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားပါ။အမေရိကန်/ ဗီယက်နမ်စစ်ပွဲခေတ်ကို အခြေတည်ထားပြီး အောက်ခြေအမေရိကန် ပြည်သူတွေကို အထက်ကလူတွေက ပြန်ငုံ့မကြည့်တဲ့အခါ အောက်ခြေက အမေ ရိကန်ပြည်သူတွေ ဘယ်လိုတွန်းကန်တော်လှန်ကြလဲဆိုတဲ့ အငွေ့အသက်တွေပါတဲ့ ရုပ်ရှင်ကားပေါ့။ ချောပေ့၊ ခန့်ပေ့ ပျိုတိုင်းကြိုက်ပါပေ့ဆိုတဲ့ ဆွိဒ်ဆိုတဲ့ကောင်လေးနဲ့ နယူးဂျာစီမယ်ဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့တဲ့ ဒေါင်းလိုလှတဲ့ ဒေါင်းဆိုတဲ့အမျိုး သမီးလေး။ ဒီလိုနှစ်ယောက်က မွေးဖွားလာတဲ့ မယ်ရီဆိုတဲ့ကလေးမလေး။ ဒီတော့ ဇာတ်လမ်းဟာ ဘယ်လိုကနေ ဘယ်လို ဘယ်ကိုဇာတ်ကွေ့သွားမယ်၊ ဘာတွေဟာ ဇာတ်ရှိန်တတ်တာတေွ ဖြစ်လာမလဲ၊ ဇာတ်ရှုပ်ဇာတ်ထွေးတွေနဲ့ ကြုံတဲ့အခါ ...
movie

American Pastoral (2016)

2016
Very Good Girls (2013) 6.0
Very Good Girls (2013) Very Good Girls (2013)IMDb Rating (6/10)မင်းသမီးချောတွေဖြစ်တဲ့ Dakota Fanning နဲ့ Elizabet Olsen တို့ပါဝင်တဲ့ Very Good Girls ဟာ ဆယ်ကျော်သက် မိန်းကလေးတွေရဲ့ အကြောင်းကို ဇာတ်အိမ်ဖွဲ့ထားပါတယ်။သူငယ်ချင်း ၂ ယောက်ဟာ ဆိုးတိုင်ပင် ကောင်းတိုင်ပင်နဲ့ နေလာရာက ကောလိပ်တက်ဖို့ ဖြစ်လာခဲ့တယ်။ အဲဒီမှာ အ​မေရိကန်လူငယ်တို့ရဲ့ထုံးစံအတိုင်း ​ကောလိပ်မတက်ခင် အပျိုစင်ဘဝကို ဆုံးရှုံးချင်ကြပါတယ် ၂ ယောက်လုံးကလည်း ​ယောကျာ်း​လေးတစ်ယောက်တည်းကိုပဲ သွားချစ်မိကြတဲ့အခါ...သူတို့ကြားထဲက အချစ်တွေ၊ ပေးဆပ်မှုတွေ၊ နားလည်မှုအလွဲတွေ၊ ပေါက်ကရလုပ်တာတွေကို ဒီကားထဲမှာ ပေါ့ပေ့ါပါးပါးကြည့်ရှုရပါမယ်။ မင်းသမီးချောလေးတွေကိုလည်းကြည့်ရင်း အချစ် ဒရာမာလည်းဖြစ်တော့ ငြိမ့်ငြိမ့်လေး ခံစားချင်သူတွေအတွက်တော့ အကိုက်ပါပဲ။ကောင်မလေးသူငယ်ချင်းနှစ်ယောက်မှာ ဘယ်သူနဲ့ အဲဒီကောင်လေးနဲ့ ချစ်သူတွေဖြစ်ပြီး ဘာတွေဘယ်လိုဆက်ဖြစ်ကြမယ်ဆိုတော့ကိုတော့ ကြည့်ရှုရင်းနဲ့ပဲ ခံစားကြပါဦးလို့....။ File size…(1.4 GB)/(850 MB) Quality….BluRay 1080p / 720p Format…mp4 Duration….01:32:00 Subtitle….Myanmar Subtitle ...
movie

Very Good Girls (2013)

Viena and the Fantomes(2020) 5.0
Viena and the Fantomes(2020) Viena and the Fantomes(2020)ဒီဇာတ်လမ်းကတော့ ၁၉၈၀ခုနှစ်များအကျော်က The Fantomes ဆိုတဲ့လမ်းပေါ်မှာနေလမ်းပေါ်မှာအိပ် နယ်လှည့်ဖျော်ဖြေပွဲတွေသွားပြီး Punkဂီတအသစ်ပုံစံတစ်ခုကို ပရိတ်သတ်တွေကိုချပြကာအောင်မြင်မှုရဖို့ကြိုးစားနေတဲ့ Bandတစ်ခုရဲ့အကြောင်းကို ဇာတ်အိမ်တည်ထားပါတယ်...ဗီယာနာဆိုတဲ့ကောင်မလေးကတော့ အဲ့ဒီအဖွဲ့ရဲ့ပရိတ်သတ်ဖြစ်တဲ့အတွက် သူတို့နဲ့နီးနီးကပ်ကပ်နေနိုင်ဖို့အဖွဲ့ရဲ့ဖျော်ဖြေပွဲတွေမှာ လက်တိုလက်တောင်းလုပ်ပေးရတဲ့အလုပ်သမားနေရာကို မရရတဲ့နည်းနဲ့ဝင်ခဲ့ပါတယ် ...အဲ့ဒီလို ဝင်လိုက်ပြီးနောက် သူမ ဘဝအလှည့်အပြောင်းတွေစကြုံတွေ့တော့ပါပဲ...ဘယ်လိုသူမကြုံတွေ့ရမလဲ....ဘဝဟာ သူမ ထင်ထားတာထက်ခက်ခဲနေမလား....... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူက MarTizasပါ...File Size : (980 MB) and (380 MB) Quality : WEB-DL720p Format…mp4 Duration…01:36:00 Genre : Music , Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by MarTizas Encoded by Phyo Pyae
movie

Viena and the Fantomes(2020)

I Am Sam(2001) 7.6
I Am Sam(2001) I Am Sam(2001) IMDb....7.6 လူတစ်ယောက်ဟာ  ဆေးရုံရဲ့ သားဖွားခန်းထဲကို အပြေးအလွှားသွားနေတယ်.... မိန်းမ မီးဖွားခန်းချိန်မို့ပဲလားတော့မသိ...သူ့ပုံစံက သာမန်လူတွေနဲ့အနည်းငယ် ကွဲလွဲနေသလိုပင်... ဂနာမငြိမ်..မိန်းမရဲ့သားဖွားခန်းထဲရောက်တော့လည်း ပါးစပ်က တလှုပ်လှုပ်ရေရွတ်ရင်း ကိုယ်ခန္ဓာကို ပတ်ချာလှည့်နေတယ်... ဂနာမငြိမ်လွန်းနဲ့သူ့ကို ကြက်သေ သေလိုလုပ်နိုင်လိုက်တာက ခုမှ လူ့လောကထဲရောက်လာတဲ့ သမီးလေးရဲ့ငိုသံ.... သူ့ပုံစံက ငါဖခင်တစ်ယောက်ဖြစ်ပြီ ဒါငါ့သမီးလေး ငါတာဝန်ယူရမယ် ငါချစ်ရတော့မယ်ဆိုတဲ့အကြည့်မျိုးနဲ့ သမီးလေးကိုကြည့်နေတယ်... တကယ်တော့ ဆမ်က သာမန်လူတွေထက်ဥာဏ်ရည်နည်းသလို ပေါင်းသင်းဆက်ဆံရေးမှာလည်း အခက်အခဲရှိသူပါ.. အယဉ်ကျေးဆုံးပြောရရင် ဥာဏ်ရည်ချို့တဲ့သူပေါ့....ဒီလိုလူမျိုးနဲ့မှားခဲ့ပြီး ကလေးတစ်ယောက်ရခဲ့တဲ့မိခင်အဖို့ ကလေးမွေးပြီးပြီးချင်းမှာပဲ ဆမ်တို့သားအဖကို ထားခဲ့တယ်...ဆမ်လို လူအတွက် သမီးလေးကိုစောင့်ရှောက်ရတာ တကယ်မလွယ်ပါဘူး... သူ့သမီးလေးလူကလဲသိပ်လိမ္မာတယ် အဖေတစ်ခုသမီးတစ်ခုပါပဲ သူတို့ဘဝက.. .ဒီလိုနဲ့လူစီလေး၇နှစ်လောက်ရောက်လာတော့ ကလေးနဲ့မိသားစုဆိုင်ရာဌာနက လူစီ့ကို သူ့အဖေနဲ့မထားဖို့ တရားရင်ဆိုင်ဖို့တွေဖြစ်လာတယ်... အဓိက ကတော့ ဆမ်ရဲ့ အားနည်းချက်ကြောင့်ပါပဲ.... ဒီလိုနဲ့တရားရင်ဆိုင်မှုတွေဖြစ်လာတယ် သမီးလေးကိုမိသားစုတစ်ခုကလဲမွေးစားချင်နေတယ်... ဆမ့်လိုဉာဏ်ရည်မပြည့်စုံတဲ့သူတစ်ယောက် တရားရင်ဆိုင်တာနိုင်ပါ့မလား? သမီးလေးကို သူပဲစောင့်ရှောက်ခွင့်ရပါ့မလား? ဆမ်နဲ့သူ့သမီးလေးတူတူပြန်နေနိုင်ပါ့မလား? ဆိုတာတွေကိုတော့ ခံစားကြည့်လိုက်ပါဦးဗျို့.....ဇာတ်လမ်းအညွန်းနဲ့ဘာသာပြန်သူကတော့ Cynthia ဖြစ်ပါတယ်... File Size : (1GB) and (395 MB) Quality : Blu-Ray 720p Format…mp4 Duration…02:12:00 Genre ...
movie

I Am Sam(2001)

2001
Charlotte’s Web (2016) 6.3
Charlotte’s Web (2016)  ကျွန်တော်တို့ ငယ်ငယ်က စကားပြောတက်တဲ့ တိရိစ္ဆာန်လေးတွေ ရုပ်ရှင်ကားတွေ စကြည့်ရတုန်းက အတော်သဘောကျတာပါ အပြင်မှာပါ အဲ့ဒီလို လိုက်ပြောမလား ဆိုပြီး နားထောင်မိတဲ့ အထိပဲ အဲ့ဒီ သတ္တ၀ါလေးတွေ စကားပြောတဲ့ ရုပ်ရှင်လေးတွေကို ပြန်တင်ဆက်ပေးမယ် စိတ်ကူးပြီး ဟိုးအရင်က ကလေးတွေ အသဲစွဲ ခဲ့တဲ့ ၀ီလ်ဘာ ဆိုတဲ့ ၀က်ကလေး အကြောင်း ပြန်တင်ပေးလိုက်ပါတယ် ငယ်ငယ်ကဆိုရင် Video တိပ်ခွေဆိုင်တွေမှာ ၀က်လိမ္မာကား ဆိုပြီး နာမည်ကြီးခဲ့သေးတာ မှတ်မိတဲ့သူတွေလဲ မှတ်မိမှာပါ တစ်ရက်သော နေ့မှာ လယ်သမားကြီး တစ်ဦးရဲ့ စပါးကျီထဲမှာ ၀က်မကြီး တစ်ကောင်ဟာ ကလေးလေးတွေ မွေးခဲ့တယ်ပေါ့ အဲ့ဒီထဲမှာ နို့မစို့ နိုင်တဲ့ ကလေး အသေးဆုံး တစ်ကောင်ကို သတ်ပြီး စွပ်ပြုတ် လုပ်သောက်ဖို့ စိတ်ကူးခဲ့ပေမယ့် လယ်သမားကြီးရဲ့ သမီးအငယ်ဆုံး ဖန်း ဟာ ၀က်ကလေးကို သူမ အသက်ရှင်အောင် တာဝန်ယူပါ့မယ်ဆိုပြီး မွေးခဲ့တယ်.... တစ်ဖြေးဖြေး ၀က်ကလေး ကြီးလာတော့ အိမ်ထဲမှာ ထားလို့မဖြစ်တော့ဘူး ဒီတော့ကာ အိမ်နဲ့ တစ်လမ်းကျော်က ဖန်း ရဲ့ ဦးလေး ဂိုဒေါင်မှာ ဘဲတွေ သိုးတွေ မြင်းတွေ နဲ့ ...
movie

Charlotte’s Web (2016)

2006
Ocean’s 8 (2018) 6.2
Ocean’s 8 (2018) Ocean's 8 (2018) IMDb - 6.2/10_____Rotten Tomatoes - 69%   Rihanna တို့လို အဆိုကျော်တွေအပြင် Sandra Bullock ,Cate Blanchett, Anne Hathaway စတဲ့ ဝါရင့်ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေနဲ့ Ocean ဇာတ်ကားတွေရဲ့ အရသာကိုပုံဖော်မယ့်ရုပ်ရှင်ပါ။ဒီရုပ်ရှင်က ရှေ့ကရင်းနှီးပြီးသား ဂျော့ကလူနေးတို့ ဘရတ်ပစ်တို့ရဲ့ Ocean 11,12,13 ဇာတ်ကားသုံးကားကို ဆင့်ပွားခံယူထားတဲ့ ဇာတ်ကားဖြစ်ပြီး Theme ပုံစံလဲ တူညီပါတယ်...မတူတာကတော့ ရှေ့ကဇာတ်ကားတွေမှာ အမျိုးသားသရုပ်ဆောင်ဒိတ်ဒိတ်ကြဲတွေဖြစ်ကြပြီး အခု Ocean 8 မှာတော့ အမျိုးသမီးသရုပ်ဆောင်တွေပါ။Anna Wintour, Zayn Malik, Katie Holmes, Maria Sharapova, Serena Williams, Kim Kardashian, Kylie Jenner, Kendall Jenner, Gigi Hadid စတဲ့နာမည်ကြီးတွေလဲ Cameo အဖြစ်ပါဝင်တာကို တွေ့မြင်ရဦးမှာဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ...
movie

Ocean’s 8 (2018)

2018
Please Stand By (2017) 7.3
Please Stand By (2017) ၂၀၁၈ခုနှစ်ထွက်ပေါ့ပေါ့ပါးပါးနဲ့ဇာတ်မြူးမြူး Comedy/Drama ဇာတ်ကားလေးတစ်ခုဖြစ်ပါတယ်။Wendy ဟာအရာရာတိုင်းကိုရှုထောင့်တစ်မျိုးနဲ့မြင်တတ်တဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။သူစိတ်ရှိသလိုပြောဆိုနေထိုင်လေ့ရှိပြီး ဉာဏ်ထက်တဲ့ကောင်မလေးတစ်ယောက်ဖြစ်သည့်အပြင် သူဟာအာရုံကြောဆိုင်ရာ ပြဿနာရှိသူဖြစ်ပါတယ်။ဒါကြောင့် သူ့ကိုအကြံပေးဆွေးနွေးပေးတဲ့သူတစ်ယောက်ထားရှိပေးထားရပါတယ်။သူ့အတွက်တော့ လူတွေဟာအလွန်ပွေလီရှုပ်ထွေးတဲ့စကားဝှက်တစ်ခုဖြစ်ပြီး ကမ္ဘာကြီးဟာလည်း ရှုပ်ထွေးလှသည့်နေရာတစ်ခုပဲဲဖြစ်ပါတယ်။သူ့ကိုဆွေးနွေးအကြံပြုနေသူရဲ့လွှမ်းမိုးမှုအောက်မှာပဲ တစ်နေ့သာပုံမှန်လုပ်ဆောင်စရာလေးတွေကိုလုပ်ရင်းပဲ အရွယ်ရောက်လာပြီးနောက် တစ်နေ့မှာပဲသူနေ့စဉ်ကြည့်လေ့ရှိတဲ့ တီဗီအစီအစဉ်တစ်ခုကနေ ဇာတ်ညွှန်းရေးပြိုင်ပွဲတစ်ခုကို သူကြည့်ရှုလိုက်ရပါတယ်။အဲဒီကစပြီး သူဉာဏ်ကွန့်မြူးပြီး သီကုံးဖန်တီးထားတဲ့ စာမျက်နှာ၅ဝဝပါ ဝထ္တုလေးကို ဝင်ပြိုင်ဖို့ ဆုံးဖြတ်ချက်ချပြီးနောက် အားလုံးမသိအောင်ထွက်ပြေးပြီး ပြိုင်ပွဲရှိရာဆီသွားဖို့ စီစဉ်ပါတော့တယ်။ဇာတ်လမ်းလေးဟာ ဟာသလေးတွေနဲ့ ပေါ့ပေါ့ပါးပါးမြူးမြူးကြွကြွလေးမို့ ကြည့်ရတာအပန်းပြေစေမှာပါ။Rating အနေနဲ့လည်း 6.7 ထိရထားတဲ့အတွက် ပေါ့ပေါ့ပါးပါးဇာတ်ကားလေးတွေကြည့်ပြီး အလုပ်အားချိန်လေး အနားယူချင်သူများအတွက် ကြည့်လို့ကောင်းမယ့် ဇာတ်ကားလေးတစ်ကားလည်းဖြစ်ပါတယ်။ File Size : (750 MB) and (276 MB) Quality : WEB-DL 720p Running Time :1hr  33min Format : Mp4 Genre :Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Source ...
movie

Please Stand By (2017)

2017