Channel Myanmar

Darryl Henriques

The Thirteenth Floor (1999) 7.1
The Thirteenth Floor (1999) ဒီကားကတော့ သိပ္ပံအက်ရှင် ကိုမှ ဒရာမာနဲ့မှုခင်း ခပ်ပါးပါးထည့်ထားတဲ့ဇာတ်လမ်းမျိုးဖြစ်ပြီး အစကနေအဆုံးထိ ဘာဖြစ်မလဲရင်တစ်ထိတ်ထိတ်နဲ့ ကြည့်ရမယ့်ကားမျိုးပါ။ ဇာတ်လမ်းအကျဉ်း.... ဒေါက်ဂလပ်စ်ဟောဆိုတဲ့ လူငယ်နည်းပညာသမားတစ်ယောက်ဟာ ဟနွန်ဖူလာ ဆိုတဲ့အဖိုးကြီးပိုင်တဲ့ ဒေါ်လာသန်းပေါင်းများစွာတန်ကြေးရှိတဲ့ နည်းပညာကုမ္ပဏီကြီးမှာ အလုပ်လုပ်ပါတယ်။ ဒီနည်းပညာကုမ္ပဏီကြီးက လူသားတွေရဲ့စိတ်နဲ့ သူတို့ပရိုဂရမ်သွင်း ဖန်တီးထားတဲ့ဇာတ်ကောင်ပုံရိပ်တွေရဲ့ ပရိုဂရမ်လင့်ခ်ကို ချိတ်ဆက်ဝင်ရောက်ပြီးတော့ လူသားတွေလုပ်တာမှန်သမျှ အကုန်လုပ်လို့ရတဲ့ ပုံရိပ်ယောင်ကမ္ဘာကြီး(simulation)ကို စမ်းသပ်တီထွင်နေတာဖြစ်ပြီး အောင်မြင်လုဆဲဖြစ်နေပါပြီ။ တစ်နေ့မှာတော့ ဒီကုမ္ပဏီကြီးရဲ့ပိုင်ရှင် အဘိုးကြီးဟနွန်ဖူလာဟာ အသတ်ခံလိုက်ရပါတယ်။ ဒါပေမယ့် အဖိုးကြီးက သူအသတ်ခံရမှာကို ထူးဆန်းစွာ ကြိုသိနေခဲ့ပြီး သူဘာကြောင့်အသတ်ခံရလဲဆိုတဲ့ အကြောင်းအရာကို စာတစ်စောင်ရေးပြီး သူဖန်တီးထားတဲ့ ပုံရိပ်ယောင်ကမ္ဘာ(simulation)ထဲမှာ ထားခဲ့တဲ့အကြောင်း သူ့တပည့် ဒေါက်ဂလပ်စ်ဟောကို voice messageပို့ထားခဲ့ပါတယ်။ ထူးဆန်းတာက ဒေါက်ဂလပ်စ်ဟော ကိုယ်တိုင်ကလဲ အဖိုးကြီး အသတ်ခံခဲ့ရတဲ့ည ရဲ့နောက်တစ်မနက်မှာပဲ သွေးတွေပေနဲ့တဲ့ သူ့အင်္ကျီကို တွေ့ရပြီး ညကဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေကို လုံးဝမမှတ်မိတော့ပါဘူး။ ရဲတွေကလဲ ဒေါက်ဂလပ်စ်ဟာ ကုမ္ပဏီကိုဦးစီးချင်လို့ အဖိုးကြီးကိုသတ်လိုက်တာလို့သံသယဝင်လာကြတာကြောင့် သူကိုယ်တိုင်လဲဇဝေဇဝာဖြစ်နေတဲ့ ဒေါက်ဂလပ်စ်ဟာ အကြောင်းရင်းအမှန်ကိုသိရဖို့ ပုံရိပ်ယောင်ကမ္ဘာထဲကိုဝင်ပြီး အဖိုးကြီးထားခဲ့တဲ့ စာကိုရှာဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီ့အချိန်မှာပဲ အရင်ကတစ်ခါမှ ရှိတယ်လို့မကြားဖူးတဲ့ အဖိုးကြီးရဲ့ သမီးဂျိန်းဖူလာကလဲ ပြင်သစ်ကနေရောက်လာတဲ့အခါ...... ဒါကတော့ ဒီဇာတ်လမ်းရဲ့ အစပိုင်းအကျဉ်းဖြစ်ပြီးတော့ အဘိုးကြီးကို ဘယ်သူသတ်တာလဲ ဘာကြောင့်သတ်ရတာလဲဆိုတာတွေကို တွေးထင်မထားတဲ့ရှုထောင့်တွေကနေ ကြည့်ရမှာပါ။ ဇာတ်အိမ်က တော်တော်လေးကို ကျယ်ပြန့်ကောင်းမွန်ပြီး spoilသလိုဖြစ်မှာစိုးလို့ အများကြီးမပြောတော့ပါဘူး။ science fiction, crime thriller ဇာတ်လမ်းအမျိုးစားကိုကြိုက်တတ်သူတွေ, ဇာတ်လမ်းအမျိုးအစားမရွေးပဲ ဇာတ်အိမ်ကောင်းရင် ကြည့်တတ်တဲ့လူတွေအတွက်တော့ downမိလို့နောင်တမရစေမယ့် ကားမျိုးဖြစ်ပါတယ်။ Translated By : Kaung Khant Win Encoded By ...
movie

The Thirteenth Floor (1999)

1999
The Rocketeer (1991) 6.4
The Rocketeer (1991) [ Unicode ]The Rocketeer (1991)Dark Horse Comicက ထုတ်ဖူးခဲ့တဲ့ Rocketeer comic စီးရီးကို Period SuperHero ကားတစ်ကားအဖြစ် ၁၉၉၁မှာ Disneyက ပြန်အသက်သွင်းထားခဲ့ပါတယ်။ဇာတ်ကြောင်းအကျဉ်းကတော့...1938ခုနှစ်မှာ နာမည်ကျော် လေယာဉ်ထုတ်လုပ်သူ Howard Hughesဟာ ကျောမှာတပ်ဆင်ပြီးပျံသန်းလို့ရစေမဲ့ ဒုံးပျံကို အချိန်အင်အား ငွေအင်အား လူအင်အားများစွာသုံးပြီး တီထွင်ခဲ့ပါတယ်။ဒီဒုံးပျံရဲ့ ရှေ့ပြေးပုံစံကို နာဇီတွေလည်း စမ်းသပ်တီထွင်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ဇာတ်လမ်းအစမှာတော့ ဒုံးပျံဝတ်ကွန်မန်ဒိုတွေနဲ့ ကမ္ဘာကိုသိမ်းချင်တဲ့ နာဇီတွေဟာ Howardရဲ့ဒုံးပျံကို ခိုးယူပြီး နည်းပညာခိုးဖို့ကြံစည်နေပါပြီ။FBIက ဒီဒုံးပျံသူခိုးတွေနောက်ကိုလိုက်ရင်း သူခိုးတွေချောင်ပိတ်မိနေချိန်မှာတော့ သူခိုးတွေဟာ လေယာဉ်ရုံတစ်ခုထဲမှာ ပစ္စည်းလဲထည့်ခဲ့ကြပြီးပါပြီ။ဒီပစ္စည်းကိုတွေ့သွားတဲ့ စတန့်ပိုင်းလော့ Cliff Secordနဲ့ သူ့ အဖော်စက်ပြင်ဆရာ Peevyတို့နှစ်ယောက်သား ဒီဒုံးပျံကို ပြင်ဆင်စမ်းသပ်ခဲ့ပါတယ်။FBIက ပျက်စီးသွားပြီထင်နေတဲ့ ကြေးစား လူဆိုးတစ်အုပ် မရမနေရှာနေတဲ့ ဒုံးပျံဟာ သတင်းစာရဲ့ ခေါင်းကြီးသတင်းကနေပါလာတဲ့အခါနာဇီတွေနဲ့ FBIအပြိုင်ကြဲရှာကြမယ့်ကြားက မြေစာပင်တွေကတော့ Cliff ...
movie

The Rocketeer (1991)

1991
Jumanji (1995) 6.9
Jumanji (1995)    ကျနော်တို့ ကလေးဘ၀ ကတည်းက ကြည့်ရှု့နှစ်ခြိုက် ခဲ့ရတဲ့ Jumanji ဇာတ်ကားလေး တင်ဆက် ပေးလိုက်ရပါတယ်။ ကလေးငယ်လေး နှစ်ယောက် ဟာ မမျှော်လင့်ဘဲ ဒီ ဂျုမန်ဂျီလို့ခေါ်တဲ့ ကစားကွက် ကိုတွေ့ရှိခဲ့ပါတယ်။ ဒီတော့လည်း ကလေးတို့ ထုံးစံ အတိုင်း ကစားကြည့်တာပေါ့ အဲ့အချိန်မှာမှ သိလိုက်ရတာက ဒီကစားနည်းမှာ ကျတဲ့ အတိုင်း အပြင်လောက မှာ တစ်ကယ်ဖြစ်လာတယ် ဆိုတာပါပဲ တောရိုင်းတိရိစ္ဆာန်တွေ ထွက်လာတာ ခြင်တွေက ဒုက္ခပေးတာ မုဆိုးတစ်ယောက်က သင့်ကို လိုက်သတ် လိမ့်မည် ဆိုတာမျိုးတွေပေါ့ ဒါပေမဲ့ စည်းကမ်း ချက် တစ်ခု ရှိပါတယ် ဒီကစားနည်း ကို အပြီး အထိ ကစားမှသာ ကစားနည်းကြောင့် ကြုံနေရတဲ့ အန္တရာယ်တွေ ပျောက်ကွယ်သွားမှာပါ။ ဒီလို အန္တရာယ်တွေ ကြားထဲမှာ သူတို့ ဘယ်လိုများ ဒီ ...
movie

Jumanji (1995)

1995