Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Dawn Olivieri
7.2
American Hustle (2013)
ဒါရိုက်တာကြီး David O. Russell ရိုက်ကူးထားပြီး Christian Bale, Amy Adams, Bradley Cooper, Jeremy Renner, Robert DeNiro နဲ့ Jennifer Lawrence တို့ သရုပ်ဆောင်ထားတဲ့ ၂၀၁၃က ရုပ်ရှင်လေးတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ......IMDb - 7.2, RT - 92% ထိရရှိခဲ့တဲ့ ဇာတ်ကားလေးတစ်ကားပါ။ အဲဒီလောက်ရလို့ ဆုအနေနဲ့ကြည့်ရင်လည်း အော်စကာ နိုမီက ၁၀ခု တကယ်ရရှိသွားတဲ့ ဆုက ၇၀ နဲ့ နိုမီချည်းပဲကို စုစုပေါင်း ၂၂၇ခုထိ ရရှိခဲ့တဲ့ကားလေးပါပဲ.....ဇာတ်လမ်းလေးကတော့ မာဖီးယားဂိုဏ်းနဲ့ ရဲတွေရဲ့အရှုပ်တော်ပုံအကြောင်းပါပဲ ဇာတ်လမ်းကို သိပ်ညွှန်းစရာမလိုလောက်အောင် ဒါရိုက်တာတွေနဲ့ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကိုကြည့်လိုက်တာနဲ့ "မီးလက်ဝါး"လိုကားတောင် ကြည့်ကောင်းသွားမယ်ဆိုတာ ရဲရဲကြီးအာမခံရင်းနဲ့ပဲ စောင့်မျှော်နေသူတွေရော တကယ့် ရုပ်ရှင်ကားကောင်းကိုကြည့်ချင်သူတွေရောပါ လက်မလွှတ်တမ်းကြည့်လိုက်ကြပါဦးလို့............. File size…(2 GB)/(1 GB) Quality….Webrip ...
movie
American Hustle (2013)
5
Double Threat (2022)
Double Threat (2022)ဇာတ်လမ်းလေးကတော့ ဂျင်မီရူးဒေါ့ဖ် ဆိုတဲ့ မှုခင်း စာရင်းကိုင်တစ်ယောက်ဟာ ဆုံးသွားတဲ့ သူ့အစ်ကိုရဲ့ အရိုပြာကို ကမ်းခြေမှာ ရေမျှောဖို့ သွားရင်း လမ်းဘေး စတိုးဆိုင်လေးတစ်ခုမှာ မုန့်ဝင်ဝယ်တာကနေ စတာပေ့ါ။စတိုးဆိုင် ကောင်တာက ကောင်မလေးက ဂျင်မီကလွဲပြီး အခြား ဆိုင်ထဲ ဝင်လာတဲ့ သူအားလုံးကို သေနတ်နဲ့ပစ် ဓားနဲ့ပေါက်ပြီး သတ်ပစ်လိုက်တာကြောင့် ဂျင်မီတစ်ယောက်လည်း ကြောင်တောင်တောင်ဖြစ်သွားပြီ ကျသင့်ငွေကို ကောင်တာပေါ်တင်ပေးကာ ဆိုင်ထဲက ပြန်ထွက်လာခဲ့ပါတယ်။ဂျင်မီတစ်ယောက် ကြောင်တိကြောင်တောင်နဲ့ သူ့ကားပေါ်တက်ပြီး ပြန်မောင်းထွက်လာခဲ့ပေမဲ့ ခုနက ကောင်တာက ကောင်မလေးက သူ့ရဲ့ကားထဲမှာ လိုက်ပါလာခဲ့ပါတယ်။ နောက်တော့ သိလိုက်ရတာက ကောင်မလေးနာမည်က နတ်တာရှာဖြစ်ပြီး ကိုယ်တူစိတ်ကွဲစိတ်ရောဂါ DID ခံစားနေရတဲ့ ကြေးစားတစ်ယောက်ပါတဲ့။ ဆိုလိုတာက နတ် နဲ့ တာရှာ ဆိုပြီး စိတ်နှစ်ခွရှိနေပြီး ပြဿနာရှာလွန်းတဲ့ တာရှာ့ရဲ့ အရှုပ်ထုပ်တွေကို ဉာဏ်ကောင်းတဲ့ နတ်က ...
movie
Double Threat (2022)
2022
7.3
The Last Witch Hunter (2015)
The Last Witch Hunter ================== လွန်ခဲ့တဲ့နှစ်ပေါင်း ၈၀၀ လောက်က လူသား တွေ ကသူတို့ဖာသာ အိုးအိမ်တွေမြို့သစ် တွေတည်ပြီး စည်ပင်ထွန်းကားခဲ့ကြတယ် တန်ခိုးသြဇာ ကြီးမားခဲ့ကြတယ် ဒါပေမယ့် သူတို့ မေ့လျော့နေခဲ့တာက မွေးရာပါပါရမီ ထူးပါလာပြီး ဆရာ မလို လမ်းကြောင်းမယ့် သူမလိုပဲအောက်လမ်းပညာတွေမှော်အတတ် အစီမံတွေ ကျွမ်းကျင်နေတဲ့ လူတစ်စုပဲ တစ်နည်းအားဖြင့် စုန်းတွေပေါ့ စုန်းတွေနဲ့ လူ တွေကြားက ပဋိပက္ခတွေဟာအချိန်နဲ့အမျှ လှိုက်စားကြီးထွားလာတယ် အမုန်းအာဃာ တတွေကလဲ လမ်းဆုံးမရှိတဲ့ခရီးလမ်းလို များပြားထွေလီရှည်လျားခဲ့တယ် ဒီလိုနဲ့ သေမြေကြီးရှင်ရွှေထီးဆိုပြီး ထင်ရာစိုင်း တဲ့ဗိုက်ကင်းတွေ မိမိတိုင်းပြည်လူမျိုးအတွက် အသက်စွန့်တိုက်ခိုက်မယ့်ရဲရဲတောက် သူရဲကောင်းတွေ သူတို့ အသက်ကအရေး မပါဘူူး သူတို့မှာဖက်တွယ်စရာအိုးအိမ် တွေလဲ မရှိရှာတော့ဘူူး ဒီကြမ္မာငင်ဇာတ် လမ်းဆိုးကို ပြန်နားထောင်ပေးမယ့်သားမြေး မြစ်တွေလဲ မရှိတော့တဲ့အချိန် ရော်ရင့်နေတဲ့ သစ်ပင်အိုကြီး မကောင်းမှုတို့ အလုံးစုံအတိ ပြီးတဲ့ စုန်းအသိုက်မြုံထဲ ချဉ်းနင်းဝင်ရောက် ကြတယ် ဗင်ဒီဇယ် တဖြစ်လဲ ကော်ဒါ ဦး ဆောင်တဲ့ တပ်စုလေး အောက်လမ်းစုန်း တွေရဲ့ ခြောက်ခြားမှုတွေအောက်မှာသွေး မပျက်အောင်ကြိုးစားထိန်းနေရတယ် တစ်ယောက်ပြီးတစ်ယောက် တစ်သက်ပြီး တစ်သက်ပေးဆပ်လိုက်ရတဲ့ သွေးသောက် ညီကိုတွေကိုကြည့်ပြီး သံထည်နဲ့မီးတောက် အားကို ပြု ပီး ကော်ဒါတစ်ယောက် မိစ္ဆာမရင်ဝကို ဒီလူမျိုးတုန်းသတ်ဖြတ်တဲ့ ပုလိပ်ရောဂါကပ်ဆိုးကြီးဖန်တီးရှင်ရဲ့ အသဲ အူတည့်တည့်ကို အမုန်းဓားတစ်ဆင်းထိုး စိုက်လိုက်နိုင်ခဲ့တယ် စုန်းဘုရင်မကြီး နိဌိတံပြီး ပုလိပ်ရောဂါဆိုး ကြီးလဲ ချုပ်ငြိမ်းပြီ ဒါပေမယ့် ...
movie
The Last Witch Hunter (2015)
7.6
Traffik (2018)
IMDB Rating 7.1 ရရှိထားတဲ့ဇာတ်ကားလေးပါ။Thriller ကားဆိုတဲ့အတိုင်းထိတ်လန့်တုန်လှုပ်စရာတွေပါပါတယ်။Paula Patton နဲ့ Roselyn Sanchez လိုမင်းသမီးတွေသရုပ်ဆောင်ထားတယ်ဆိုတော့ ရင်တုန်တဲ့အခန်းတွေအများကြီးပါတာပေါ့နော်။သတင်းထောက်တစ်ယောက်ဖြစ်တဲ့ Brea ဟာ သတင်းသမားကျင့်ဝတ်နဲ့ ညီအောင်အလုပ်လုပ်နေပေမယ့်လည်း စီးပွားရေးကိုဦးစားပေးနေတဲ့ အရှိန်အဟုန်တပြင်း စီးဆင်းနေတဲ့ခေတ်ကြီးမှာ အချိန်အများကြီးယူပြီး အသိပညာပေးချင်တာကိုဦးစားပေးနေတဲ့ Brea အတွက်နေရာမရှိခဲ့ပါဘူး။အလုပ်ဖြုတ်ခံတော့မယ့်ဆဲဆဲမှာ သူရဲ့ချစ်သူဖြစ်တဲ့ John ကသူ့ကိုလက်ထပ်ခွင့်တောင်းဖို့ အပန်းဖြေခရီးတစ်ခုကိုခေါ်သွားခဲ့ပါတယ်။မမျှော်လင့်တဲ့ဖြစ်ရပ်တွေကြောင့် သူတို့ရဲ့အပန်းဖြေခရီးလေးပျက်စီးသွားပြီး ဘယ်လိုပြဿနာတွေထဲရောက်သွားတယ်ဘယ်လိုကြိုးစားဖြေရှင်းကြတယ်ဆိုတဲ့အကြောင်းကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှု့ခံစားရမှာပါ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ပါ) File Size : (750 MB) and (350 MB) Quality : Blu-Ray 720p Running Time : 1hr 36min Format : Mp4 Genre : Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-DRONES Translated by d3mon Encoded by Thanhtike Zaw
movie
Traffik (2018)
2018
5.8
Darc (2018)
အခုတစ်ခါတော့ အက်ရှင်ကားကောင်းကောင်းကြိုက်တဲ့သူတွေအတွက်Darc ဆိုတဲ့ ၂၀၁၈ ထွက်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ဒီကားလေးက ဒုစရိက်လောကရဲ့ မာယာများပုံတွေတစ်ယောက်နဲ့တစ်ယောက်ကောက်ကျစ်ကြပုံတွေနဲ့ကိုယ်ကောင်းစားဖို့ဆို သူများကိုထိုးကျွေးတာတွေကို ရိုက်ကူးပြထားတာပါဇာတ်လမ်းအကျဉ်းလေးကတော့ခိုဂါခိုင်းဆိုတဲ့ ယာကူဇာဂိုဏ်းဟာ လူကုန်ကူး လူသတ် ပြည့်တန်ဆာလုပ်ငန်းစတဲ့မကောင်းတာအကုန်လုပ်တဲ့ ဒုစရိုက်ဂိုဏ်းပါ တစ်ရက်မှာရဲတစ်ယောက်ရဲ့သမီးလေးကို အဲ့ဒီဂိုဏ်းက ပြန်ပေးဆွဲသွားတဲ့အခါ အဖေဖြစ်သူကကြမ်းပေ့ရမ်းပေ့ ထောင်သား ဂျိတ်ကို စောလွှတ်ပေးပြီး ကယ်ပေးဖို့ အကူအညီတောင်းပါတော့တယ်ဂျိတ်မှာလည်း သူ့အမေနဲ့ပတ်သက်တဲ့ကလေးဘဝက အတိတ်ဆိုးကြီးရှိပြန်ပါတယ်အဲ့ဒီနောက် အခုပြန်ပေးဆွဲဂိုဏ်းဟာလည်း သူ့အမေကို သတ်ခဲ့တဲ့ ယာကူဇာဂိုဏ်းပဲဖြစ်နေပြန်တဲ့အခါ..ဂိုဏ်းခေါင်းဆောင်ရဲ့သားကို ဝင်လုံးပြီး ကောင်မလေးကိုကယ်ဖို့ ကြိုးစားရပါတော့တယ်နောက်ဆုံးကယ်လိုက်နိုင်မှာလား သူ့အမေအတွက်ရောလက်စားချေနိုင်မှာလားကိုတော့ ဆက်လက်ကြည့်ရှုပေးပါဦးIMDB 5.6/10 တောင်ရရှိထားပြီး Julias N.Rasso ကရိုက်ကူးထားပါတယ်Jake အဖြစ် Tony Schinea ကပါဝင်ထားပါတယ်ဂိုဏ်းခေါင်းဆောင်ရဲ့သားအဖြစ် ပါဝင်ခဲ့တဲ့ ဂျပန်မင်းသားရဲ့အိုဗာအိုက်တင်တွေကလွဲလို့ ကြည့်လို့ကောင်းမှာပါဒုစရိုက်လောက သဘောသဘာဝကို ကွက်ကွက်ကွင်းကွင်း ပြထားတာမို့၁၈+ အခန်းတွေတော့ နည်းနည်းပါပါတယ် ဆိုတာကြိုတင်သတိပေးလိုက်ပါတယ် Qty - 720p Web DLDuration - 1hr ...
movie
Darc (2018)
7.0
Den of Thieves (2018)
Den of Thieves (2018) IMDb - 7.0/10_____Rotten - 41% အားလုံးစောင့်မျှော်နေကြတဲ့ Den of Thieves လာပါပြီ။ဒုန်းဒုန်းဒက်ဒက် တုံးလုံးပတ်လက် အဆဲတစ်လိုင်း ခပ်ရိုင်းရိုင်းမှ ကြည့်ချင်သူတွေအတွက် ၂၀၁၈ ရုံတင်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ လက်ရဲဇက်ရဲနိုင်တဲ့ နယ်ထိန်းရဲတပ်ဖွဲ့နဲ့ ရေတပ်စစ်သားဟောင်းတစ်သိုက်တို့ ပညာပြိုင်ကြပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ဓားပြလုံးဝအတိုက်မခံရသေးပါဘူးဆိုတဲ့ ဘဏ်ကို ဒုစရိုက်သမားတွေက ဘယ်လိုဝင်ခိုးကြမလဲ၊ နယ်ထိန်းရဲတွေက ဘယ်လိုတားဆီးမလဲ၊ မြုပ်ကွက်တွေက ဘာတွေလဲဆိုတာ ကြည့်ရှုခံစားရမှာပါ။ဇာတ်လမ်းက အများကြီးချဲ့ပြောလေ၊ မြုပ်ကွက်တွေပေါ်လေ ဖြစ်မှာစိုးတဲ့အတွက် အနည်းငယ်ပဲ ညွန်းထားတာဖြစ်ပါတယ်။ မင်းသားကြီးတွေကလဲ အကြမ်းပတမ်းသမားတွေဖြစ်တာကြောင့် ကြည့်ရတာ တကယ်ကိုအားရတဲ့ ကားကောင်းတစ်ကားဖြစ်မှာပါ။IMDb Rating 7 တောင်ရရှိထားတဲ့အတွက် အက်ရှင်ကားကောင်းတစ်ကားလို့ ပြောလို့ရပါတယ်။ခေါင်းဆောင်မင်းသားဖြစ်သူ Gerard Butler ဟာဆိုရင် 300, Olympus has Fallen လို ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ထားတဲ့မင်းသားကောင်းတစ်ယောက်ဖြစ်ပါတယ်။ဒီဇာတ်ကားမှာ အဆဲအဆိုစကားတွေ အများကြီးပါတဲ့အတွက် ဘာသာပြန်တဲ့နေရာမှာ ဆဲဆိုတဲ့စကားတွေ ပါတဲ့အကြောင်း ကြိုတင်ပြီး ...
movie
Den of Thieves (2018)
2018
6.6
Bright (2017)
ကမ႓ာကြီးရဲ့ Alternate Timeline တစ်ခုမှာ လူတွေဟာOrcs တွေ Elves တွေ အစရှိတဲ့ ဒဏ္ဏာရီထဲကသတ္တဝါတွေနဲ့အတူ ကမ႓ာဦးအစကတည်းက နေထိုင်ပါတယ်။ဒီဇာတ်ကားမှာတော့Ward (Will Smith) ဟာ လော့အိန်ဂျလိစ်က ဝါရင့်ရဲအရာရှိတစ်ယောက်ဖြစ်ပြီး လော့အိန်ဂျလိစ်ရဲဌာနရဲ့ ပထမဆုံး Orcs ရဲအရှာရှိဖြစ်တဲ့ Jakoby နဲ့အတူ တာဝန်ထမ်းဆောင်နေရတာဖြစ်ပါတယ်။လူတွေနဲ့ Orc တွေကလဲ သိပ်မတည့်ကြသလို Jakoby နဲ့လဲ ဘယ်သူကမှ အလုပ်တွဲမလုပ်ချင်ကြပါဘူး။တစ်ညမှာတော့Ward နဲ့ Jakoby တို့ Tikka လို့ခေါ်တဲ့ Elf တစ်ယောက်ကို တွေ့ရှိခဲ့ပြီး သူ့ဆီမှာ ကမ႓ာကို အမှောင်ခေတ်ပြန်ရောက်သွားအောင်လုပ်နိုင်စွမ်းရှိနေတဲ့ မှော်တုတ်တံတစ်ချောင်းရှိနေတာကို သိလိုက်ရပါတယ်။ အဲ့ဒီ မှော်တုတ်တံကို လူမျိုးစုအားလုံး သတ္တဝါအားလုံးကအလိုရှိနေတာဖြစ်ပြီး မှော်တုတ်တံပိုင်ရှင်အစစ်ဖြစ်တဲ့ Leilah ကိုယ်တိုင်ကလဲ လိုက်ရှာဖွေနေတာဖြစ်ပါတယ်။ကမ႓ာကြီး မပျက်စီးအောင်Ward နဲ့ Jakoby တို့ ဘယ်လိုတားဆီးမလဲ ဆိုတာတော့ ရုပ်ရှင်ထဲမှာ ဆက်လက်စီးမျောခံစားလိုက်ပါ။ဒီကားကို ဝေဖန်သူတွေက ...
movie
Bright (2017)
2017