Channel Myanmar

Deirdre Lovejoy

The Post (2017) 7.3
The Post (2017) The Post(2017) ************** IMDb....7.3,,,,,Rotten ....88 ဒါရိုက်တာက Steven Spielberg ....အဓိက သရုပ်ဆောင်တွေကMeryl Streep, Tom Hanks နဲ့  Sarah Paulson  ....Rating တွေ မြင့်တာတွေ အော်စကာဆုတွေမှာ စာရင်းဝင်ခဲ့တာတွေအခြားဆုပေါင်းများစွာ ရတာတွေ အသာထား ...ဒီဒါရိုက်တာ နဲ့ ဒီသရုပ်ဆောင်တွေနဲ့တင် ထွေထွေထူးထူး ညွှန်းဆိုဖွဲ့စရာ မလိုဘူးထင်တယ်....အမေရိကန်ရဲ့ထိပ်တန်းသတင်းစာတိုက်တစ်ခုဖြစ်တဲ့ The Washington Post မှာပထမဆုံးအမျိုးသမီးပုံနှိပ်ထုတ်ဝေသူဟာKatherine Graham (မင်းသမီးကြီး Meryl Steep) ပါ...အယ်ဒီတာကတော့Ben Bradlee (မင်းသားကြီးTom Hanks) ဖြစ်ပါတယ်..သူတို့ဟာ အစိုးရရဲ့နှစ်ပေါင်းသုံးဆယ်တိုင်တိုင်  ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေပြည်သူတွေကိုညာခဲ့တာတွေကို ပြိုင်ဘက်သတင်းစာတိုက်ဖြစ်တဲ့The Nw York Times နဲ့အပြိုင် ထုတ်ဖော်ကြတယ်...အစိုးရကိုလျှို့ဝှက်ချက်တွေ ထုတ်ဖော်ပြီဆိုမှာတော့  သူတို့တွေ ကြုံရတဲံ အခက်အခဲတွေအန္တရယ်တွေဟာ ဘေးပတ်လည် ဝိုင်းနေပါတယ်...အစိုးရရဲ့ လျှို့ဝှက်ချက်တွေ လိမ်ညာမှုတွေက ဘာလဲ...သူတို့တွေကရော ရင်ဆိုင်နိုင်ပါ့မလား...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ ညီမငယ် JtheKoala  ဖြစ်ပါတယ်...File Size :(2.6GB) &(994MB) Quality ...
movie

The Post (2017)

2017
Step Up (2006) 6.5
Step Up (2006)  Channing Tatum ဆိုတဲ့ဘဲကြီးဆို မသိတဲ့သူ မရှိလောက်ပါဘူး။ဒီဘဲကြီး ငယ်စဉ်ကရိုက်ခဲ့တဲ့ အကဖက်စပ် လူငယ်ကားတွေပေါ့။ဒီကားက Step up Franchise ရဲ့အစပါ။ ၂၀၀၀ ခုနစ်ကနာမည်ကြီးခဲ့တဲ့teenage ကားတွေထဲကတစ်ခုပေါ့။အမေရိကန်အကရုပ်ရှင်တွေရဲ့ခေတ်ကဒီကားတွေက စတာပေါ့။အကကြိုက်တဲ့သူတွေ၊ အကအခုန် ဝါသနာကြီးသူတွေတော့ လက်လွှတ်မခံသင်တဲ့ ဇာတ်ကားတွေပါပဲ။မင်းသမီး Jenna Dewan ဆိုတာကလည်း ခန္ဓာကိုယ်အချိုးအစားပြေပြစ်တဲ့သူမို့ သူ(မ)ရဲ့ ရင်ခုန်စရကကွက်လေးတွေနဲ့တင်ဇာတ်ကားကကြည့်ရတာတန်နေပါပြီ။ ပထမကားရဲ့အစကတော့ ဒီလိုပါ။တစ်ကားစီဖြတ်ကြည့်လို့ရပေမဲ့ ဇာတ်လမ်းအားလုံးကို ကြည့်ထားတာအကောင်းဆုံးပါ။ဖြစ်နိုင်ရင် အစဉ်လိုက်ကြည့်ဖို့ recommend ပေးပါတယ်။ပထမဆုံးအနေနဲ့ မယ်ရီလန်းအနုပညာကျောင်းက မြို့ထဲကကျောင်းကြီးတွေထဲက တစ်ကျောင်းပါ။အဲ့ကျောင်းမှာ တက်နေတဲ့ ကျောင်းသူမလေးနိုရာကတော့ အကကိုဝါသနာပါပြီး ဘဝတစ်ခုလုံး ရင်းနှီးပုံအပ်ထားတဲ့စိတ်အားထက်သန်တဲ့ အကကျောင်းသူလေးပေါ့။သူ(မ) သူ(မ)အတွက်အရေးအကြီးဆုံးဖြစ်တဲ့ ကျောင်းရဲ့ Senior Showcase မှာ အကောင်းဆုံးဖျော်ဖြေတင်ဆက်နိုင်ဖို့ အားခဲနေတာပါ။တစ်ဖက်က တိုင်လာကတော့သူငယ်ချင်းတွေနဲ့ လမ်းမထက်မှာ ပျော်ပါးအချိန်ကုန် ဖြတ်သန်းနေရင်းအကပညာမှာပါရမီပါလာတဲ့ အညတရသားလေးပါ။သူတို့နှစ်ဉီးရဲ့ဇာတ်လမ်းကတော့ သူ့သူငယ်ချင်းတစ်စုနဲ့ မယ်ရီလန်းကျောင်းပိုင်ပစ္စည်းတွေကို ဖျက်ဆီးကျောင်းထဲခိုးဝင် လက်သရမ်းမြူးထူးမှုဖြစ်ရပ်ကနေ စတင်ခဲ့ပါတယ်။ တရားရုံးကနေ ပြစ်ဒဏ်ချမှတ်ခံရပြီးလူမှုအကျိုးဆောင်အနေနဲ့ ...
movie

Step Up (2006)

The Talented Mr. Ripley (1999)
The Talented Mr. Ripley (1999)  နာမည်ကျော် ဆယ်လဘရီတီအမှုတစ်ခုဖြစ်တဲ့ ဂျွန်နီဒပ် နဲ့ အမ်ဘာဟက် တို့ တရားခွင်မှာ အမ်ဘာဟက်ဟာ ဒီရုပ်ရှင်ထဲက စကားလုံးတွေကို ခိုးယူပြောကြားခဲ့တဲ့အတွက် လူရယ်စရာဖြစ်သွားခဲ့ပါတယ်။ ဒေါ်လာသန်း ၁၀၀ တန် တရားခွင်ကြီးမှာတောင် အတုယူပြောရလောက်တဲ့ စကားလုံးတွေက ဘာတွေဖြစ်မလဲ ကြည့်လိုက်ရအောင်။Ripleyဟာပါတီတစ်ခုမှာ ပီယာနိုတီးနေတုန်း သူငှားထားတဲ့ဂျာကင်ကြောင့် လူကုံထံသူဌေးကြီးဖြစ်သူ Herbert Greenleaf ကသူ့ကိုပရင့်စတန်ကျောင်းထွက်လို့ထင်ပြီး သူ့သားသူငယ်ချင်းဖြစ်မယ်လို့ထင်နေပါတယ်Herbert ကTom ကိုအီတလီမှာလေလွင့်နေတဲ့ သူ့သားဖြစ်သူ Dicky ကိုသွားခေါ်ဖို့စည်းရုံးပါတယ်။ငွေလိုနေတဲ့ Tom ကလည်းလက်ခံလိုက်ပြီး အီတလီကိုသွားကာ Dicky ကို သူဟာDicky မမှတ်မိတဲ့ကျောင်းနေဘက်သူငယ်ချင်းဖြစ်ကြောင်းအယုံသွင်းပြီး မိတ်ဖွဲ့နိုင်ခဲ့ပါတယ်။တွမ်ဟာ အီတလီက Dicky ရဲ့ဇိမ်ကျတဲ့ ဘ၀ကိုအားကျပြီး အခွင်သင့်တိုင်း Dicky လိုဟန်ဆောင်တတ်တယ်။Dicky ကိုယ်တိုင်တွမ်ကိုငြီးငွေ့လာချိန်မှာတော့ အထက်တန်းစားဘ၀ကိုစွဲလမ်းနေပြီဖြစ်တဲ့ တွမ်ဟာသူ့အလိမ်အညာကိုဖုံးဖိနိုင်ဖို့အစွမ်းကုန်ကြိုးစားပါတော့တယ်။ဟန်ဆောင်ဘ၀တစ်ခုကို ထိန်းသိမ်းနိုင်ဖို့ ဘယ်အထိသွားနိုင်မလဲ1999 ကထွက်ရှိထားတဲ့ Thriller လေးပါ။ဒိတ်ဒိတ်ကျဲသရုပ်ဆောင်တွေဖြစ်တဲ့ Matt Damon,Jude Law, Gwyneth Paltrow,Cate Blanchett, ...
movie

The Talented Mr. Ripley (1999)

Bad Teacher (2011) 5.6
Bad Teacher (2011) Title ကိုက Bad Teacher ဆရာမအဆိုးလေးတဲ့။Poster ပေါ်မှာလဲ  Eat me ငါ့ကိုစားပါတွေရော.. She doesn't give an "F." တွေရောနဲ့  R-Rated ဇာတ်ကားလေးပါ။မင်းသမီးက ကင်မရွန်းဒိုင်ယာ့ဇ်..သူ့စတိုင်နဲ့ ဆရာမအဆိုးလေးဆိုတော့ ကွက်တိပေါ့...မင်းသားက အဆိုတော် ဂျက်စတင်တင်းဘားလိတ်...အူကြောင်ကြောင်နဲ့လိုက်တယ်..မင်းသားကြီး Jason Segel လဲပါသေးတယ်...သူကတော့အတည်ပေါက်နဲ့နောက်တတ်သူပေါ့။ဇာတ်လမ်းလေးကတော့ ...ဆရာမလေး ကင်မရွန်းဒိုင်ယာ့ဇ်ဟာ အပျင်းလဲထူသလို အရည်အချင်းလဲမရှိတဲ့အပြင်ခြူစားဖို့ကြံစည်ပြီး စေ့စပ်ထားတဲ့ သူဌေးသားလေးရဲ့ စွန့်ပစ်ခြင်းကိုပါခံလိုက်ရသူပါ...ဒါနဲ့ဘူနေတုန်းမှာပဲ...သူ့လိုပူပူနွေးနွေးလမ်းခွဲထားတဲ့ ကျောင်းဆရာ ဂျက်စတင်တင်းဘားလိတ်နဲ့ဆုံပြီးဆွဲစားဖို့ထပ်ကြံပြန်တယ်...ပုရိသတစ်ယောက်ကိုဆွဲဆောင်ဖို့မှာနို့ပြားရင် အဆင်မပြေဘူးဆိုပြီး ရင်သားအစားထိုးကုသဖို့ကြံစည်ရာကနေဘာတွေဆက်ဖြစ်ကြမလဲဆိုတာ....။  File size…(1.7 GB)/ (999 MB)/ (500 MB) Quality…BluRay Unrated 1080p /720p / 480p Format…mkv Duration….01:37:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Nay Lin Thar
movie

Bad Teacher (2011)

The Stepfather (2009) 5.6
The Stepfather (2009) 2009 ခုနှစ်မှာထွက်ခဲ့တဲ့ ဒီ stepfather ဆိုတဲ့ကားဟာ1987 တုန်းက ထွက်ခဲ့တဲ့ကားကို ပြန်ရိုက်ထားတာဖြစ်ပါတယ်။သူက လူကြီးလူကောင်းတစ်ယောက်ပါ ဆိုတာကတော့ ဒီကားထဲမှာ အကြားရများဆုံးစကားပါ။ပြေပြစ်တဲ့အပြုံးတွေရှိမယ် .. စကားလုံးလှလှတွေနဲ့‘မိသားစု’ ဆိုတာကို ပါးစပ်ကမချဘဲ ပြောတတ်မယ် ..အရာရာမှာ နားလည်ဂရုစိုက်ပေးပြီး ကြင်နာတတ်မယ်...ဒါတွေဟာ ဒီကားရဲ့ အဓိကဇာတ်ဆောင် ပထွေးဖြစ်သူရဲ့အများသိစရိုက်လက္ခဏာတွေပေါ့..ဒါတွေအားလုံးရဲ့ နောက်ကွယ်မှာတော့ ‘သိပ်ကိုပြီးပြည့်စုံတဲ့မိသားစု’ လို့သူယူဆသတ်မှတ်ထားတဲ့ စံတစ်ခုကို စွဲကို်င်ပြီးဒီစံနဲ့ မကိုက်လာဘူးထင်ရင် သွေးအေးအေးနဲ့ သတ်ပစ်လိုက်နိုင်တဲ့အမေရိကရဲ့ အလိုရှိဆုံးလူသတ်သမားတစ်ယောက်ဟာခိုအောင်းလို့နေပါတယ်..ဒီကားရဲ့ ဇာတ်ကြောင်းကိုတော့ ပထွေးဖြစ်သူရဲ့ သရုပ်မှန်ကိုကြည့်သူပရိတ်သတ်ကို ဖွင့်ပြပြီးသားအနေအထားပေါ်မှာပဲ ေနာက်ထပ်သားကောင်ဖြစ်လာမယ့် သားအမိတွေနဲ့သူနဲ့ကြားက ဇာတ်လမ်းကိုကြည့်ရမှာဖြစ်ပါတယ်.. ။အထူးသဖြင့်တော့ မိသားစုအသစ်ရဲ့ သားအကြီးဆုံးဖြစ်သူ မိုက်ကယ်နဲ့နာမည်အတည်တကျမရှိသူ လူကြီးလူကောင််းယောင်ဆောင်ပထွေးကြားက သံသယနဲ့ အားပြိုင်မှုကိုပါ။ဒီဇာတ်လမ်းမှာ နောက်ထပ်အသတ်ခံသားကောင်တွေပဲတိုးလာမလား..ပထွေးဖြစ်သူရဲ့ မျက်နှာဖုံးတွေပဲ ကွာကျသွားမလားဆိုတာတော့ ကိုယ်တိုင်ကိုယ်ကျပဲ ကြည့်ကြည့်လိုက်ကြပါဦးTranslated by Sane KhetEncoded by sithu
movie

The Stepfather (2009)

2009