Channel Myanmar

Dina Morrone

Armageddon (1998) 6.7
Armageddon (1998) Armageddon (1998) (Disaster Film/Thriller) နာမည်ခပ်ဆန်းဆန်းဆိုတော့ ကြည့်ဖူးပြီးသားသူတွေက မှတ်မိနေမှာဖြစ်ပေမယ့် မကြည့်ဖူးသေးတဲ့ သူတွေအတွက် တော့ အနည်းငယ် ခေါ်ရခက်နေမယ်ထင်ပါတယ်။ Armageddon ဆိုတာက သမ္မာကျမ်းစာထဲက စကားလုံးဖြစ်ပြီး End of the things အရာအားလုံးရဲ့ အဆုံးသတ်လို့ အဓိပ္ပာယ်ရပါတယ်။ Armageddon ရဲ့ အစက …. NASA လွန်းပျံယာဉ် Atlanti က အာကာသမှာ စူးစမ်းရေးလုပ်နေစဉ်မှာပဲ ဥက္ကာပျံ ထိမှန်ပြီး ပျက်စီးသွားခဲ့ပါတယ်။ NASA သူတို့ယာဉ်ပျက်စီးတဲ့အကြောင်းရင်းကို ရှာဖွေရင်း ယာဉ်ပျံကို Texas ပြည်နယ်နီးပါးကြီးမားတဲ့ ဥက္ကာပျံ က ဝင်တိုက်မိပြီး ပျက်ဆီးသွားခြင်းဖြစ်တယ်ဆိုတာကို သိရှိခဲ့ပါတယ်။ ဒါပေမယ့် ဥက္ကာပျံက အာကသယာဉ်ကို ပျက်စီးသွားစေရုံပဲလားဆိုတော့ မဟုတ်ပါဘူး။ ဒီဥက္ကာပျံရဲ့ လမ်းကြောင်းက ကမ္ဘာမြေကို ဦးတည်နေပြီး လက်ရှိ အရှိန်နှုန်းနဲ့ အရွယ်အစားအရ ကမ္ဘာကို တိုက်မိမယ်ဆိုရင် ကမ္ဘာကြီးတစ်ခုလုံးပျက်စီးသွားပြီး ဒိုင်နိုဆောတွေ မျိုးတုန်းသလို လူသားတွေမျိုးတုန်းသွာမယ်လို့ တွက်ချက်ခန့်မှန်းရပါတယ်။ ...
movie

Armageddon (1998)

1998
4K HEVC
Only You (1994) 6.5
Only You (1994)  မင်းသားကြီး Robert Downey Junior နဲ့ အန်တီမေတို့ဇာတ်ကားလေးဖြစ်တာကြောင့် Marvel universeမှာ ဆုံစေချင်လျက်မဆုံလိုက်ရတဲ့ ပရိတ်သတ်များအတွက် စိတ်ကျေနပ်စေမှာပါ။Spidermanကားတွေထဲမှာတောင် သိပ်လှနေတဲ့အန်တီမေငယ်ငယ်ရွယ်ရွယ် ဖလန်းဖလန်းအချိန်မှာ ဘယ်လောက်တောင်လှမလဲတွေးကြည့်ရုံတင်မဟုတ် မျက်မြင်ပါကြည့်လို့ပါပြီ။ဇာတ်ကြောင်းကတော့ Faithဟာ ငယ်ငယ်က နာမည်ဖော်ရတဲ့Ouija boardနဲ့ ဗေဒင်ဆရာမဟောပြောချက်ကြောင့် Damon Bradleyနာမည်နဲ့လူဟာ သူ့ဖူးစာရှင်ဖြစ်တယ်ဆိုပြီး ဒီနာမည်ကို တစ်သက်လုံးစောင့်လာပါတယ်။ သူလက်ထပ်ခါနီးအချိန်မှာတင် ဒီနာမည်နဲ့လူကို ရှာဖို့အီတလီကိုလိုက်သွားပါတယ်။ အီတလီမှာ သူဖူးစာရှင်ကို ရှာတွေ့ပါ့မလား၊ဒီနာမည်နဲ့လူကရော သူ့ဖူးစာရှင်အစစ်ဖြစ်ပါ့မလား၊ မင်းသားကြီးRobert Downey Junior နဲ့ရော ဘယ်လိုဆက်စပ်နေမလဲဆိုတာရင်ခုန်စွာ ကြည့်လိုက်ကြရအောင်ဗျာ။  File size…2.36GB / 1.06GB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 49m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane
movie

Only You (1994)

The Fault in Our Stars (2014) 7.6
The Fault in Our Stars (2014) IMDb Rating (7.6) / Rotten Tomatoes (81%)ဒီဇာတ်လမ်းခေါင်းစဉ်လေးကတော့ ရှိတ်စပီးယားရဲ့ ဂျူးလီးယက်ဆီဇာ ပြဇာတ်ထဲက စကားစုတိုလေးဖြစ်တဲ့ "the fault, dear Brutus, is not in our stars but in ourselves" "ဘရူးတပ်စ်ရယ် အပြစ်က ငါတို့ရဲ့ကြယ်တွေထဲမှာ မရှိပါဘူး ငါတို့ဆီမှာပါ" ဆိုတဲ့စကားစုလေးကနေ ယူသုံးလာတယ်ထင်ပါတယ်။ အဲဒီအဆိုဟာလဲ အမြဲမှန်နိုင်ပါ့မလား။ တခါတလေ ဘဝရဲ့ခါးသီးမှုတွေက ကိုယ်တိုင်ဘာမှ လုပ်မယူခဲ့ဘဲ ဘာအပြစ်မှမရှိဘဲ ကြယ်လေးတွေရဲ့အပြစ်(ကံကြမ္မာ)ပဲ ဖြစ်နေနိုင်မလား။"ကျွန်မတို့ရဲ့ ကမ္ဘာကြီးထဲမှာ ဝမ်းနည်းဖွယ်ဇာတ်လမ်းလေးတွေကို ဘယ်လိုပုံစံနဲ့ပြောပြရမယ်ဆိုတာ ရွေးချယ်ခွင့်ရှိတယ်လို့ ယုံကြည်ပါတယ်။တနည်းအားဖြင့် ရှင်တို့ အဲဒီဇာတ်လမ်းကို သကာလောင်းပြီး ပြောပြနိုင်သေးတာပေါ့။ သူတို့ အချစ်စိတ်ကူးယဉ် ရုပ်ရှင်နဲ့ ဝတ္ထုတွေမှာ လုပ်နေကြပုံအတိုင်း လှပတဲ့လူသားလေးတွေက လှပတဲ့သင်္ခန်းစာလေးတွေရပြီး ပီတာဂေဘရီရယ်ရဲ့ သီချင်းလေးတစ်ပုဒ်နဲ့တောင်းပန်လိုက်ရင် မပြေလည်နိုင်လောက်အောင် ပျက်စီးသွားတဲ့ပြသနာမျိုးလဲ မရှိဘူးပေါ့။ ...
movie

The Fault in Our Stars (2014)

2014
Avatar (2009) 7.8
Avatar (2009) Avatar (2) ထွက်ဖို့ရှိတာမလို့ Avatar(2009) ကို Quality Update လိုက်ပါတယ်...Extended Version ကိုမှ 4K IMAX HDR/SDR အရည်အသွေးတွေနဲ့ တင်ဆက်လိုက်ပါတယ်။ (HDR ကိုတော့ ခေတ်ပေါ်ဖုန်းတချို့နဲ့ Android TV တချို့မှာသာ ကာလာစုံမြင်ရမှာဖြစ်ပါတယ်။) Avatar ကတော့ Titanic ဒါရိုက်တာကြီး James Cameron ရိုက်ထားတဲ့ ရုပ်ရှင်သမိုင်းရဲ့ မှတ်တိုင်ဇာတ်ကားတစ်ကားပါ… ဇာတ်လမ်းအကျဉ်းကတော့ ... လူတွေနေတဲ့ကမ္ဘာအပြင်ဘက်ကပင်ဒိုရာလို့ခေါ်တဲ့နေရာမှာ လူထက်နှစ်ဆကျော်လောက်မြင့်တဲ့မျက်နှာအပြာရောင်၊ နှာခေါင်းပြားပြား၊ မျက်လုံးပြူးပြူး၊ အမြီးပါတဲ့ နာဗီလို့ခေါ်တဲ့လူနဲ့တူတဲ့ဂြိုလ်သားခေါ်မလား၊ တခြားကမ္ဘာကသက်ရှိတွေလို့ခေါ်မလား သူတို့နေကြတယ်။သူတို့တွေမှာ သီးခြားဘာသာ စကားရှိပေမယ့် ရုပ်ရှင်ရိုက်လို့ကောင်းအောင်တချို့တွေကိုတော့ အင်္ဂလိပ်စကားပြောတတ်အောင် ဒါရိုက်တာက ခိုင်းထားတယ်။နာဗီတွေနေတဲ့နေရာက သိပ်လှတယ်။ ဒါရိုက်တာစိတ်ကူးကြောင့်ဒီလိုမြင်ကွင်းတွေ မြင်ခွင့်ရတာဖြစ်တယ်။ မြန်မာတွေအတွက်တော့ ဒီစိတ်ကူးတွေက သိပြီးသားပါ။ဘာသာရေးဆိုင်ရာစာအုပ်ဖတ်တဲ့သူတွေဆိုရင် ဝိဇ္ဇာ၊ ဇော်ဂျီ၊ တပသီတွေတရားမွေ့လျော်ရာ နေရာမျိုးတွေပေါ့။ သစ်ပင်တွေ၊ ပန်းမာလ်တွေ၊ ကျေးငှက်သာရကာတွေနဲ့သိပ်ပျော်မြူးဖို့ကောင်းတဲ့နေရာပေါ့။ဒါရိုက်တာကတော့ အမေရိကန်မို့ သူ့စိတ်ကူးထဲက အရုပ်တွေ၊ ...
movie

Avatar (2009)

2009
4K HEVC IMAXHDR
The Bad Guys (2022) 7
The Bad Guys (2022) The Bad Guys (2022)ဒီနှစ်ရဲ့အကောင်းဆုံး အနီမေးရှင်းရုပ်ရှင်တွေထဲက တစ်ခုဖြစ်တဲ့ လူဆိုးကြီးများအဖွဲ့ လာပါပြီ။ ဇာတ်လမ်းကတော့ သူငယ်ချင်းစိတ်ဓာတ်၊ အကောင်းနဲ့အဆိုး စိတ်လွန်ဆွဲပွဲကို ဇာတ်လမ်းကောင်းကောင်းနဲ့ ဟာသတွေ ရောယှက်ပြီး ဖန်တီးထားတာပါပဲ။ လူတွေအများစု ကြောက်လန့်ကြတဲ့ သတ္တဝါမျိုးစိတ်တွေကို လူဆိုးတွေအဖြစ်ပုံဖော်ပြထားပြီး၊ အဲဒီလူဆိုးအဖွဲ့ကို လူကောင်းပြန်ဖြစ်လာအောင်ကူညီနေတဲ့ ပူးကလေးရယ်ပါတာပေါ့။ လှည့်ကွက်တွေများများကြည့်ရအောင် ဇာတ်လမ်းတော့ပြောမပြတော့ပါဘူး။ နောက်ခံသီချင်းတွေကလည်းအတော်ကောင်းပြီး လှုပ်ရှားမှုတွေရော အသံသရုပ်ဆောင်တွေရော ကောင်းတာမို့ ကိုယ်တိုင်ခံစားကြည့်လိုက်ပါဦး။အညွှန်းကိုတော့ Mr.Anderson က ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့ Mr.Anderson, Chcuk နဲ့ Yoon တို့ပဲ ဖြစ်ပါတယ်Genre.....Animation, Adventurd, Comedy Quality….WEB-DL 1080p and 720p and 480p File size…1.5GB and 750MB and 300MB Format…mp4 Duration….1h 40min Subtitle….Myanmar Subtitle (Hardsub) Translator ..... Mr.Anderson, Chuck, Yoon Encoder ..... August
movie

The Bad Guys (2022)

2022