Channel Myanmar

Ellen Page

The Cured (2017) 5.4
The Cured (2017) ဒီဇာတ်လမ်းကတော့ Drama/Science Ficiton အမျိုးအစားဖြစ်ပြီးတော့ IMDB 5.4 ၊ Rotten Tomatoes 64% ရထားတဲ့ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Zombie ပုံစံလို ဇာတ်လမ်းမျိုးဖြစ်ပေမယ့် တစ်ယောက်နဲ့ တစ်ယောက် ပြေးလွှားကိုက်ဖြတ်ပြီး ပြီးသွားတာမဟုတ်ပဲ ကိုယ့်ကို အတွေးတစ်ခုနဲ့ကျန်ခဲ့စေနိုင်တဲ့ ဇာတ်လမ်းမျိုးဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ The Maze Virus ဆိုတဲ့ ရောဂါပိုးဟာ ပြန့်နှံ့လာခဲ့ပြီး ကူးစက်ခံရတဲ့ လူတွေဟာ Zombie ပုံစံဖြစ်သွားပြီး လူတွေကို လိုက်တိုက်ခိုက်တာနဲ့ အစပြုထားပါတယ်။ ဆရာဝန်တွေဟာ အဲ့ဒီ Virus ကို ပျောက်အောင်ကုနိုင်တဲ့ ဆေးကုထုံးကို တွေ့ခဲ့ပြီး ကူးစက်ခံရသူ ၇၅% ကို ကုသနိုင်ခဲ့ပေမယ့် အဲ့ဆေးရဲ့ အကျိုးရလဒ်ကတော့ ရောဂါပျောက်ကင်းသွားတဲ့သူတွေဟာ သူတို့ ကူးစက်ခံခဲ့ရတဲ့ အချိန်တုန်းက လုပ်ခဲ့သမျှတွေကိုပြန်မှတ်မိနေတာပဲဖြစ်ပါတယ်။ အဲ့တော့ ကျန်နေတဲ့ ၂၅%ကို ဆက်လက်မကုသတော့ပဲ အစိုးရက သုတ်သင်ရှင်းလင်းဖို့အမိန့်ပေးခဲ့တာပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာ အစိုးရတွေကို ဆေးကုသမှုခံယူပြီး ပျောက်ကင်းသွားတဲ့သူတွေက အရင် ...
5.4
IMDB: 5.4/10 2,368 votes
movie

The Cured (2017)

2017
Blu-Ray 720p
Super(2010) 6.8
Super(2010) Super(2010) IMDb.....6.8 2010 မှာထွက်ရှိခဲ့တဲ့ အလန်းစား Superhero ဇာတ်လမ်းပဲဖြစ်ပါတယ် Superhero Comedy ဇာတ်ကားဖြစ်ပြီး ဘာဖြစ်လို့ IMDB 6.8 အထိတောင်ရခဲ့တာလဲ ..ဒီဇာတ်ကားကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကတော့ Guardian of the Galaxy ကိုပုံဖော်ပေးခဲ့တဲ့ ဒါရိုက်တာ James Gunn ပဲဖြစ်ပါတယ်... ဒီဇာတ်လမ်းထဲမှာတော့ ဟာသမင်းသားကြီး Rainn Wilson က ခေါင်းဆောင်မင်းသားအဖြစ်ပါဝင်ထားပြီး နာမည်ကြီးမင်းသမီးတွေဖြစ်တဲ့ Ellen Page နဲ့ Liv Tyler တို့လည်းပါဝင်သရုပ်ဆောင်ထားပါတယ် ငယ်စဉ်ကလေးဘဝတည်းက လူတွေရဲ့အနှိမ်ခံဘဝနဲ့နေထိုင်လာရတဲ့ ဖရန့်ခ်ဒါဘို (Rainn Wilson)ရဲ့ မသိစိတ်ထဲမှာတော့ psycho အသေးစားလေးတစ်ခုစွဲကပ်ခဲ့ပါတယ်... အရွယ်ရောက်လာတဲ့အခါမှာလည်း မိန်းမဖြစ်သူ'ဆာရာ'(Liv Tyler)ဟာ သူ့ကိုစွန့်ပစ်ပြီး 'ဂျော့ခ်'ဆိုတဲ့လူနောက်ကိုလိုက်သွားခဲ့ပါတယ် 'ဂျော့ခ်'ဆိုတဲ့သူဟာလည်း ဒုစရိုက်မှုတွေလုပ်နေတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ် ဒီတော့ဖရန့်ခ်ရဲ့စိတ်မှာ စွဲကပ်နေတဲ့ psycho တွေဟာကြီးမားလာပြီး သူဟာ ဘုရားသခင်ရဲ့ရွေးချယ်ခြင်းကိုခံရတဲ့လူတစ်ယောက်လို့ ထင်ယောင်ထင်မှားဖြစ်ကာ ရာဇဝတ်မှုတွေကို နှိမ်နင်းပါတော့တယ် သူ့လုပ်ရပ်တွေကိုသဘောကျနေတဲ့ 'လစ်ဘီ'(Ellen Page)ဆိုတဲ့ ချာတိတ်မတစ်ယောက်နဲ့တွေ့ဆုံခဲ့ပြီး နှစ်ယောက်အတူပူးပေါင်းမိခဲ့ပါတယ် အဲ့နောက်မှာတော့ ဖရန့်ခ်နဲ့လစ်ဘီဟာ 'ဆာရာ့'ကိုကယ်ဖို့ကြိုးစားရင်း ...
6.8
IMDB: 6.8/10 67,480 votes
movie

Super(2010)

2010
Flatliners (2017) 5.0
Flatliners (2017) ၁၉၉၀ ပြည့်နှစ်တုန်းက နာမည်တူအတိုင်း ထွက်ရှိခဲ့တဲ့ ဇာတ်ကားရဲ့အဆက်အဖြစ် ထွက်ရှိလာတာဖြစ်ပြီးဘယ်သူမှမလုပ်ဖူးတဲ့ စမ်းသပ်မှုမျိုးလုပ်ခဲ့တဲ့ ဆေးကျောင်းသားငါးယောက်ကြုံရတဲ့ ဆန်းကြယ်တဲ့ဖြစ်ရပ်အကြောင်း ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်။ နယ်လ်ဆင်ရိုက်ဆိုသူရဲ့ အသက်နဲ့ရင်းပြီး လုပ်ဆောင်ခဲ့တဲ့ တုန်လှုပ်ချောက်ချားဖွယ်ရာ စမ်းသပ်မှုပြီးဆုံးခဲ့မှု ၂၈ နှစ်ကြာအပြီးမှာတော့ အလားတူစမ်းသပ်မှုမျိုးကို ဒေါက်တာကော်တနေဟုမ်းဦးဆောင်တဲ့ ဆေးကျောင်းသား အဖွဲ့တစ်ဖွဲ့က တိတ်တဆိတ် လုပ်ဆောင်ခဲ့ပါတယ်။  အသက်နဲ့ရင်းရတဲ့ သူတို့ရဲ့စမ်းသပ်မှုက သေသွားပြီးနောက်မှာ ဘာဖြစ်သလဲဆိုတဲ့ အဖြေအတွက် လုပ်ဆောင်တာဖြစ်ပြီး နှလုံးခုန်တာကို ခေတ္တရပ်အောင်လုပ်ပြီး သိမြင်ကြုံတွေ့ရတာတွေကို သုတေသနလုပ်ကြတာဖြစ်ပါတယ်။ဒီလိုနဲ့ ဒေါက်တာကော်တနေအပါဝင် ဆေးကျောင်းသား တွေဟာ တစ်ယောက်တစ်လှည့်စီ နှလုံးခုန်ရပ်အောင်လုပ်ပြီး အန္တရာယ်ရှိတဲ့စမ်းသပ်မှုမျိုးကို လုပ် ဆောင်ခဲ့ကြပါတယ်။ အဲဒီလို စမ်းသပ်ရင်းနဲ့ စိတ်တွေဟိုရောက်ဒီရောက်ဖြစ်ပြီး လက်ရှိဖြစ်နေသလိုလို၊ တမလွန်အခြေအနေမှာဖြစ် နေသလိုလိုနဲ့ ထိတ်လန့်စရာ အခြေအနေတွေနဲ့ ကြုံရပါတော့ တယ်။ လက်ရှိ အခြေအနေမှာကိုဆန်းကြယ်တဲ့ ခြောက်လှန့်မှုတွေက တစ်ဦးချင်းစီကို ဒုက္ခလှလှပေး တဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ ဆက်ကြည့်လိုက်ဦးနော်။ ဒီဇာတ်ကားမှာ အယ်လန်ပေ့ခ်ျ၊ ဒီဂိုလူနာ၊ နီနာဒိုဘရက်ဗ်၊ဂျိမ်းစ်နော်တန်၊ ကီရာဆေးကလီ ...
5.0
IMDB: 5.0/10 6,427 votes
movie

Flatliners (2017)

2017

Genres

Like Us!