Channel Myanmar

Emma Tremblay

Aliens Abducted My Parents and Now I Feel Kinda Left Out (2023) 5.8
Aliens Abducted My Parents and Now I Feel Kinda Left Out (2023) Aliens Abducted My Parents and Now I Feel Kinda Left Out (2023)~ Rotten Tomatoes - 87% ~နာမည်အတိုင်းပဲ မိဘတွေကို ဂြိုဟ်သားတွေ ဖမ်းသွားတာလို့ ယုံနေတဲ့ကောင်လေး ဇာတ်လမ်းဖြစ်ပါတယ်။ကယ်ဗင်က အာကာသသိပ္ပံကို စိတ်၀င်စားပြီး သူ့အဖေနဲ့အတူ ကြယ်တံခွန်လာတာကို စောင့်မျှော်တတ်တဲ့ ကောင်လေး... တစ်ညမှာ ကြယ်တံခွန်လာတာစောင့်နေတုန်း မိဘတွေကို ဂြိုဟ်သားတွေဖမ်းသွားတာ မြင်လိုက်ရလို့ နယ်မြို့လေးမှာပဲနေနေပြီး မိဘတွေသူ့ဆီပြန်လာတာကို စောင့်နေတဲ့သူ။အစ်စီက ဂျာနယ်လစ်ဖြစ်ချင်ပေမဲ့ မိဘတွေကြောင့် နယ်မြို့လေးကို ပြောင်းလာရတဲ့ မြို့ကြီးသူ။ အခြေအနေပေးတာနဲ့ မြို့ကိုပြန်သွားဖို့ အခွင့်အလမ်းရှာနေတဲ့သူ... သူနဲ့ အားလုံးက ထူးဆန်းတယ်ဆိုပြီး မပေါင်းသင်းကြတဲ့ ကယ်ဗင်တို့ အတန်းထဲမှာ ဘေးချင်းကပ်ထိုင်မိတဲ့အခါ.. . နယူးယောက်ကိုသွားနိုင်မယ့် စာရေးပြိုင်ပွဲအတွက် အတန်းဖော်က ကယ်ဗင့်အကြောင်းရေးဖို့ လာဆွယ်တဲ့အခါ အစ်စီက ကယ်ဗင်နဲ့ရင်းနှီးအောင်ပေါင်းပြီး ဒေတာစုရပါတော့တယ်။ကယ်ဗင်ယုံနေသလို သူ့မိဘတွေကို တကယ်ပဲ ဂြိုဟ်သားတွေ ...
movie

Aliens Abducted My Parents and Now I Feel Kinda Left Out (2023)

2023
Elysium (2013) 6.6
Elysium (2013) IMDb Rating (6.6) / Rotten Tomatoes (64%)2013 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ မင်းသား မက်ဒေမွန်ရဲ့ Elysium ရုပ်ရှင်ကားဟာ Box Office အမေရိကန်ဒေါ်လာ 286 သန်း အထိရရှိခဲ့ပြီး ဝေဖန်ရေးဆရာတွေလဲ အကြိုက်တွေ့ခဲ့တဲ့ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။Action,Sci-fi ပုံစံတင်ဆက်ထားပေမယ့် လူဦးရေထူထပ်လာခြင်း၊ လူသားဆန်မှုလျော့နည်းလာခြင်း၊ ခေတ်သစ်ကျန်းမာရေးစောင့်ရှောက်မှု၊ အလုပ်သမားခေါင်းပုံဖြတ်မှု၊ တရားစီရင်ရေးစနစ်နဲ့ လူတန်းစားဆိုင်ရာပြသနာတွေ အနာဂတ်မှာဖြစ်လာမှာတွေကို မီးမောင်းထိုးပြထားပါတယ်...၂၁ ရာစုရဲ့အဆုံးသတ်မှာ ကမ္ဘာကြီးဟာ လူဦးရေလွန်ကဲမှု အဆိပ်သင့်မှု ကပ်ရောဂါတွေ ဖုံးလွှမ်းလာပါတယ် ...ဒီလိုအချိန်မှာ အချမ်းသာဆုံးလူတွေဟာ ကမ္ဘာကြီးမှာ မနေကြတော့ဘဲ သူတို့ရဲ့လူနေမှုအဆင့်အတိုင်း သီးသန့်တည်ဆောက်ထားတဲ့ အိုခြင်းမရှိ နာဖျားခြင်းမရှိတဲ့ ဂြိုလ်တစ်ခုဆီကို ထွက်ခွာသွားကြပါတယ်...သမိုင်းနဲ့ချီလာတဲ့ထုံးစံအတိုင်း ငမွဲလေးတွေ နင်းပြားလေးတွေကတော့ ကမ္ဘာကြီးရဲ့ဆိုးညစ်မှုတွေကြား ပိတ်လှောင်ခံရစမြဲပေါ့...သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်ဇာတ်လမ်းဆိုပေမယ့် လက်တွေ့ဘဝတွေနဲ့လဲ ဆင်တူတာမလို့ ခံစားကြည့်ကြပါဦး။ File size…(4.9 GB)/(1.8 GB) /(1 GB) Quality….BluRay 4K HEVC/1080p ...
movie

Elysium (2013)

4K HEVC
Night Hunter (2019) 5.8
Night Hunter (2019) The Nomis ကို​တော့ဒါရိုက်တာ David Raymond မှရိုက်ကူးထားပြီး Thriller အမျိုးအစားဖြစ်ပါတယ်။ Social Network ကို အသံ ဆယ်​ကျော်သက်အရွယ် အမျိုးသမီးငယ်​လေးများ ဆက်တိုက်​ပျောက်ဆုံးမှု မှုနဲ့ဇာတ်လမ်းကို စတင်ထားပါတယ်။ တရားခံဟု သံသယရှိသူ တစ်ဦး ကို ဖမ်းဆီးမိလာ​သော်လည်း စိတ်​ဝေဒနာရှင် တစ်ဦးဖြစ်​နေပြန်ပါတယ်။ တရားခံအစစ်မိ ဖမ်းမိလာတာလား တကယ့်အစစ်က အခြားတစ်​ယောက်လား ပျောက်ဆုံးသွားတဲ့အမျိူးသမီးလေးတွေကရော ဘာဖြစ်သွားကြလဲ ပျောက်သွားတာကလည်း ဘာလို့ ဆယ်ကျော်သက်အမျိူးသမီးလေးတွေဖြစ်နေတာလဲ တရားခံမှာရည်ရွယ်ချက်ရှိလားတကယ့်ရည်ရွယ်ကရော ဘာလည်း စသည်ဖြင့် မြှုပ်ကွက်များစွာဖြင့်ကား​ကောင်းတစ်ကားဖြစ်ပါတယ်။ IMDb ratingအ​နေဖြင့် 5.8/10 ရှိပြီး Triller ကြိုက်သူများအတွက် ကား​ကောင်းတစ်ကားဖြစ်ပါတယ်File size…(1.55 GB) and (725.26 MB) Quality…1080p Web-dl H264 FGT Format…mp4 Duration…1h 38min Subtitle….Myanmar Subtitle (Hardsub) Encoder…sithu Translator...Htet Htet Myint
movie

Night Hunter (2019)

2018
The Judge (2014) 7.4
The Judge (2014) The Judge (2014)_____IMDb - 7.4/10  ရင်ဘတ်ကြီးကိုဖွင့် နှလုံးသားကို စွင့်ပြီး ခံစားချင်သူတွေအတွက် ဒီဇာတ်ကားဟာ အကောင်းဆုံးကားတစ်ကားဖြစ်ပါတယ်..ပြကွက်တစ်ကွက်ချင်းစီမှာ အရေးကြီးတဲ့ စနစ်တကျခြယ်သမှုတွေနဲ့ တင်ဆက်ထားပါတယ်..ဇာတ်လမ်းကြာချိန်ကလည်း နှစ်နာရီ ခွဲလောက်ဖြစ်တဲ့အတွက် အချိန်ကြာမြင့်စွာအရသာခံကြည့်ရှုရမယ့်ကားတစ်ကားဖြစ်ပြီး ကြည့်ပြီးချိန်မှာ ရင်ဘတ်ထဲ ခံစားချက်တွေကျန်ခဲ့စေမယ့်အပြင် နောက်တစ်ခါထပ်ကြည့်ချင်လောက်အောင် ကောင်းလှပါတယ်..kids တွေက ပါဝါရိန်းဂျား..men တွေက DC တွေ Marvel တွေကြိုက်တယ်ဆိုရင် ဒီကားက Legend တွေကြည့်တဲ့ကားလို့ သတ်မှတ်ပေးပါရစေ…Iron Man မင်းသား Robert Downey Jr က ဒီကားထဲမှာ ထက်မြက်တဲ့ရှေ့နေတစ်ယောက်ပါ..သူ့ရဲ့ထူးခြားတဲ့အကျင့်က အပြစ်ရှိသူတွေဖက်ကပဲ ရှေ့နေလိုက်ပေးတာပါ..သူ့မှာ ဇနီးနဲ့ သမီးတစ်ယောက်ရှိတယ်..တစ်နေ့ တရားရုံးမှာ အမှုတစ်ခုရှေ့နေလိုက်နေရင်း သူ့အစ်ကိုအကြီးဆုံးဆီက သူ့အမေဆုံးပြီဆိုတဲ့ ဖုန်းဝင်လာပါတယ်..ဒါနဲ့သူ့အမေ အသုဘကိစ္စအတွက် သူ့ရဲ့နယ်မြို့လေးကို ပြန်ခဲ့သည်ပေ့ါ..ညီအစ်ကိုသုံးယောက်ရှိတဲ့အထဲမှာမှ အလတ်ကောင်ဖြစ်သူက တရားသူကြီးတစ်ဦးဖြစ်သူ ဖခင်နဲ့မတည့်လို့ အိမ်ကိုမပြန်ခဲ့တာနှစ်ပေါင်းအတော်ကြာပါပြီ..ပြန်ရောက်တဲ့အချိန်ကနေစလို့ အသုဘကိစ္စပြီးလို့ ပြန်မယ့်အချိန်ထိ အဖေနဲ့သား တကျက်ကျက်ပါပဲ..ဒီလိုနဲ့အဖေနဲ့ရန်ဖြစ်ပြီး ...
movie

The Judge (2014)

2014
Wonder (2017) 8.0
Wonder (2017) Wonder (2017) IMDb - 8.0/10_____Rotten - 85%   ကျွန်တော်တို့ငယ်စဉ်ကတည်းကလူ့အသိုင်းအဝိုင်းနဲ့စတင်ထိတွေ့ချိန်မှာ အခက်အခဲမျိုးစုံကြုံတွေ့ရလေ့ရှိပါတယ်။အခြေအနေအလိုက် ပိုမိုရုန်းကန်ရတဲ့သူတွေရှိသလို သက်တောင့်သက်သာရဲ့ဖြတ်သန်းသွားရသူတွေလည်းရှိပါတယ်။ဒါပေမယ့် လူတိုင်းဟာကိုယ့်အပူနဲ့ကိုယ်၊ ကိုယ်ပိုင်ဖြေရှင်းစရာပြဿနာတစ်ခုခုကတော့ရှိနေတတ်တာပါပဲ။ဒါတွေကို သေချာမြင်အောင် ကြည့်နိုင်မယ်ဆိုရင်တော့ အားလုံးသာသူ့နည်းသူ့ဟန်နဲ့တိုင်ပတ်နေတာဖြစ်ပြီး ဘယ်သူရယ်မှ သူဟာပုံမှန်လူ သူဟာပုံမှန်မဟုတ်တဲ့လူရယ်လို့ ရှိတော့မှာမဟုတ်ပါဘူး။ဒီဇာတ်ကားလေးဟာ လူတိုင်းကြည့်သင့်တဲ့ဇာတ်ကားလေးပါ။အဓိကဇာတ်ကောင်လေးဖြစ်တဲ့ အော်ဂီဟာမွေးရာပါချို့ယွင်းချက်တွေနဲ့ခွဲစိပ်မှုပေါင်းများစွာပြုလုပ်ခဲ့ရတဲ့ ကလေးတစ်ယောက်။ပုံမှန်လူတွေရယ်လို့သတ်မှတ်ထားတဲ့သူတွေရှိတဲ့ မျက်နှာအသွင်အပြင်မရှိရှာတဲ့သူတစ်ယောက်။သူ့မိသားစုလေးမှာ တစ်မိသားစုလုံးကို ရယ်မောပျော်ရွှင်စေပြီး အမြဲတမ်းအားပေးတတ်တဲ့အဖေ၊ ကိုယ့်သားသမီးတွေကို အရာအားလုံးစွန့်လွှတ်ပြီး ဂရုစိုက်တတ်တဲ့အမေ၊ ကိုယ့်မိသားစုကိုပြန်ထောက်ကြည့်တတ်တဲ့ အစ်မဖြစ်သူအိုလစ်ဗီယာ ဆိုပြီးမိသားစုသုံးယောက်ရှိပါတယ်။ဒီဇာတ်ကားမှာ မွေးဖွားလာစဉ်ကတည်းကချို့ယွင်းရှာတဲ့သားဖြစ်သူကို အားလုံးထက်ပိုဂရုစိုက်တတ်တဲ့မိခင်၊ ဘယ်တော့မှလက်မလျှော့ပဲ ကိုယ့်သားသမီးအပေါ်ယုံကြည်စိတ်မပျက်တတ်တဲ့ မိဘတွေရဲ့စိတ်၊ ကိုယ့်သားသမီးတွေတစ်ခုခုလိုအပ်နေပြီဆိုရင် အမြဲပြန်လည်ဖြည့်ဆည်းပေးဖို့ကြိုးစားတတ်တဲ့ မိဘတွေရဲ့မေတ္တာ၊ ကိုယ့်မောင်လေးအတွက် မိဘတွေရဲ့မေတ္တာကို ကြည်ကြည်ဖြူဖြူခွဲဝေပေးတဲ့ အစ်မတစ်ယောက်ရဲ့မေတ္တာ၊ သည်းခံစိတ်၊ စွန့်လွှတ်စိတ်၊ မိဘမောင်နှမတွေရဲ့ အားပေးမှု၊ ကူညီရိုင်းပင်းထောက်ပံ့မှုတွေနဲ့ အားတင်းအရှုံးမပေးတတ်တဲ့ အော်ဂီ၊ သူ့အတွက်ထိုးနှက်မှုများစွာနဲ့ ကြိုဆိုနေတဲ့ လောကကြီးထဲ ရဲရဲဝင့်ဝင့်မိသားစုရဲ့အင်အားနဲ့ ကြံကြံခိုင်ရပ်တည်နိုင်တဲ့ အော်ဂီ၊ စသည်ဖြင့် မိသားစုတစ်ခုမှာရှိရမယ့် မိသားစုစိတ်ဓာတ်ကိုအပြည့်အဝဖော်ညွှန်းပြထားပါတယ်။ဒါပေမယ့် လူဆိုတာမျိုးဟာ ...
movie

Wonder (2017)

2017