Channel Myanmar

Flynn Allen

The Honeymoon (2022) 5.2
The Honeymoon (2022) The Honeymoon(2022)ဘတ်ဗ်နဲ့ အဒမ်ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ ကလေးဘဝ ချာတိတ်အရွယ်ထဲက သွားအတူလာအတူ စားအတူပေါင်းလာခဲ့တဲ့ကောင်တွေ ဖြစ်တယ်အဲ့တော့ တစ်ကောင်နဲ့တစ်ကောင်က ပြောမနာဆိုမနာ အားမနာလျှာမကျိုးကောင်တွေပေါ့ သူတို့နှစ်ယောက်ဟာ ပုံပန်းသွင်ပြင်ရော စိတ်ထားချင်ပါ တစ်ယောက်နဲ့တစ်ယောက် တက်တက်စင်အောင်မတူပေမယ့် သိပ်ကိုချစ်ကြတဲ့ သူငယ်ချင်းတွေဖြစ်တယ်အရမ်းပူးကပ်လွန်းလို့တောင် ပတ်ဝန်းကျင်က ဒီနှစ်ကောင်ခွဲမရပါဘူးကွာလို့ ပြောကြတဲ့ထိပဲဒီလိုနဲ့ ၂ကောင်သားအသက်တွေကြီးလာပြီး အဒမ်တစ်ယောက် မိန်းမယူဖို့ဖြစ်လာတဲ့အချိန်မှာ ဘတ်ဗ်တစ်ယောက် ဘယ်လိုအူတိုမလဲဆိုတာ ကြည့်ရမှာပါဘယ်လောက်အူတိုလဲဆိုရင် အဒမ်နဲ့ သူ့မိန်းမရဲ့ ဟန်းနီးမွန်းခရီးစဥ်ထိပါ လိုက်ရှုပ်တဲ့အထိပဲ အဲ့လိုနဲ့ကြားထဲမှာသောက်တလွဲတွေလဲ အများကြီးဖြစ်တာပေါ့ပြောရရင် Hangover ထဲကဖက်တီးရဲ့ vibe မျိုးတောင်ပြန်ရတယ်ပြောရမယ် တော်တော်လေးလဲရီရပြီး ကြည့်ပျော်တဲ့ကားတစ်ကားပါ ကျွန်တော်ကတော့ကြည့်ပြီးလို့ အတော်လေးကြိုက်ပါတယ် တကယ်မိုက်တဲ့ကားပါ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hein That Naing ပါ ) File Size__(1.7GB) / (950MB) Quality__WEB-DL_1080p, 720p IMDb Rating__5.2/10 Format__mp4 Duration__02:12:00 Type__Comedy, Romance Subtitle__Myanmar Subtitle (Hardsub) Translated by Hein ...
movie

The Honeymoon (2022)

The Last Boy (2019) 6.9
The Last Boy (2019) ဒီကားလေးကတော့rating 6.9တောင်ရထားတဲ့စွန့်စားခန်းတွေနဲ့ကားကောင်းလေးတစ်ကားပါကမ္ဘာကြီးပေါ်မှာ ရူပဗေဒဓါတ်ပြုပြောင်းလဲစဉ်တစ်ခုကြောင့်လေလုံးကြီးတွေကလူတွေကိုဝါးမြိုတဲ့ဖြစ်ရပ်တစ်ခုပေါ်ပေါက်လာပါတယ်အဲဒီလေလုံးကြီးတွေကိုရေထုကြီးကြီးမားမားကသာကာကွယ်ပေးနိုင်ပါတယ်ဆိုင်ရာဆိုတဲ့ကောင်လေးဟာမိခင်ဆီကနေအဲဒီလေလုံးကြီးတွေကိုတားဆီးနိုင်တဲ့စက်လေးတစ်ခုရခဲ့ပြီးသူ့အမေမှာခဲ့တဲ့အတိုင်းဆုတောင်းတွေဖြည့်ပေးတဲ့နေရာကိုရောက်အောင်သွားဖို့တစ်ယောက်တည်းခရီးဆက်လာခဲ့ပါတယ်ဒါပေမယ့်လမ်းမှာသူ့ကိုဒုက္ခပေးမယ့်လူတွေသူ့ရဲ့စက်ကိုလိုချင်တဲ့သူတွေနဲ့တွေ့တဲ့အခါမှာသူဘယ်လိုကျော်ဖြတ်မလဲလေလုံးကြီးတွေရဲ့အန္တရာယ်ကနေလွတ်မြောက်ပြီးတော့ရောသူ့အမေမှာတဲ့နေရာကိုရောက်အောင်သွားနိုင်ပါ့မလားအဲဒီနေရာမှာရောတကယ်ဆုတောင်းတွေပြည့်မလားသူဘာဆုကိုတောင်းမလဲဆိုတာ စွန့်စားခန်းတွေနဲ့အတူကြည့်ရမှာဖြစ်ပါတယ် File Size : (817 GB , 240 MB)Quality :  WEB-DL 720pRunning Time : 1 hr 27 minFormat : Mp4Genre : Drama , Sci-FiSubtitle : Myanmar Subtitle (Hard Sub)Translated by  PhueEncoded by Moe Myint Lwin
movie

The Last Boy (2019)

2019
The Last Boy (2019) 6.7
The Last Boy (2019) ရေ မြေ လေ မီး နဲ့ပတ်သတ်ပြီးဇာတ်လမ်းအမြောက်အများထွက်ထားဖူးပါတယ်   ဒီနှစ်ရဲ့ပထမဆုံး ရေ မြေ လေ မီး ကားအဖြစ်ထွက်လာတဲ့ The last boyဟာလည်း ကြည့်လို့ကောင်းတဲ့ကမ္ဘာပျက်ကားထဲမှာပါနေပါတယ်   ​မြေ​ရေ​လေမီးနဲ့ဖွဲ့စည်းထားတဲ့ဒီ​ကမ္ဘာကြီးမှာ​လေကဖောက်ပြီးလူသတ်လက်နက်ဖြစ်လာပါတယ်   ​လေတိုက်ခံရရုံနဲ့ဇီဝိန်ကြွေတဲ့အထိဆိုးဝါးလွန်းတဲ့ခေတ်ပျက်ထဲရောက်နေတာဖြစ်ပြီး ဆီရာနဲ့အမေဖြစ်သူတို့ရဲ့သားအမိဟာလည်းရှင်ကျန်သူတွေထဲကနှစ်ယောက်ဖြစ်ကြပါတယ်   နိယာမအတိုင်းလေရဲ့အားနည်းချက်ဟာရေဖြစ်တာနဲ့အညီရေရှိနေရင်တော့ အန္တရာယ်မရှိနိုင်မှန်းသိသွားတဲ့အခါမှာတော့ လွတ်မြောက်အောင်ဘယ်လိုလုပ်ကြမလဲဆိုတာကို   စိတ်ဝင်စားဖွယ်ကြည့်နိုင်ပါပြီ   ဘာသာပြန်ပေးတာတော့kiwiဖြစ်ပြီး sithuကencodeပေးထားပါတယ်
movie

The Last Boy (2019)

2019
7 Days in Entebbe (2018) 5.8
7 Days in Entebbe (2018) ဒီဇာတ်ကားလေးကတော့လူတိုင်းသိကြတဲ့ ယနေ့အထိပါလက်စတိုင်းနဲ့အစ္စရေးနိုင်ငံကြားကမပြေလည်မှုကြောင့်ဖြစ်ပေါ်လာတဲ့၁၉၇၆ခုနှစ်မှလေယာဉ်ပြန်ပေးဆွဲမှုတစ်ခုကိုရိုက်ကူးပြထားသည့်ဇာတ်ကားလေးဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ဇာတ်ကားလေးဖြစ်သလို rating နည်းပေမယ့်စိတ်ဝင်စားစရာကောင်းပါတယ်။ ၁၉၇၆ခုနှစ်တွင် Tel Aviv မှ Paris သို့သွားမည့် Air France လေကြောင်းလိုင်းမှလေယာဉ်တစ်စီးကို ပါလက်စတိုင်းလွတ်မြောက်ရေးတပ်ဖွဲ့မှပြန်ပေးဆွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ ဓားစာခံပေါင်း ၂၃၉ယောက်ထိန်းချုပ်ဖမ်းဆီးခံခဲ့ရပြီး အဆိုပါဖြစ်ရပ်တွင်ယူဂန်ဒါနိုင်ငံရဲ့အာဏာရှင် Amen ပါပါဝင်နေပါတယ်။အဆိုပါခေတ်ကာလ အစ္စရေးနဲ့ပါလက်စတိုင်းကြားဆက်ဆံရေးတင်းမာမှုတွေ၊ နိုင်ငံတကာဆက်ဆံရေးတွေ၊ အစ္စရေးနဲ့ပါလက်စတိုင်းပြဿနာကိုအခြားသောနိုင်ငံတွေရဲ့သဘောထားတွေ၊ နိုင်ငံရေးပေါ်လစီတွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ ဖြစ်ရပ်မှန် Crime/History ဇာတ်ကားတစ်ကားဖြစ်တာကြောင့်စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်ကားလေးပါ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုသူရပါ) File Size : (850 MB) and (380 MB) Quality : WEB-DL 720p Running Time : 1hr 47min Format : Mp4 Genre : Crime, Drama, History Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB-DL.H264.AC3-EVO Translated by Thura Zarni Aung Encoded by Thanhtike Zaw
movie

7 Days in Entebbe (2018)

2018