Channel Myanmar

Frank Clem

The Rainmaker(1997) 7.2
The Rainmaker(1997) The Rainmaker(1997) အညွှန်း**************************IMDb...7.2Rating တွေကောင်းသလို ဆုကြီး ၂ ဆုနဲ့အခြားဆု (၁၀) ဆုလည်းဆန်ကာတင်စာရင်း ဝင်ခဲ့လို့ ဒီကားက ကောင်းမှာတော့မပူနဲ့ဗျို့...ခြူးတပြားမရှိလို့ နာမည်ရ ဥပဒေအကျိုးဆောင်ရုံးတစ်ခုမှာ ရရာအလုပ်ဝင်လုပ်ခဲ့ရတဲ့ကျောင်းပြီးခါစ လိုင်စင်တောင်မရှိသေးတဲ့ရှေ့နေပေါက်စလေး ရူဒီဘေလာနဲ့ရှေ့နေစာမေးပွဲကို ခြောက်ကြိမ်တိတိ ကျရှုံးထားတဲ့ ဒက်ရှစ်ဖလက်တို့ တွဲဖက်ပြီးအကျင့်ပုတ်ပြီး ရိုက်စားလုပ်သွားတဲ့ အာမခံကုမ္ပဏီကြီးတစ်ခုကို အပီဗျင်းဖို့ အကြောင်းဖန်လာပေမယ့်ဟိုဘက်မှာက နာမည်ကျော် အတွေ့အကြုံရှိရှေ့နေကြီးလီယိုတို့အဖွဲ့က အမှုလိုက်ပေးကြတဲ့အခါ သူတို့နှစ်ယောက်အဲဒီအဖွဲ့ကို ဘယ်လိုရင်ဆိုင်ကြမလဲ အမှုက နိုင်ရောနိုင်ပါ့မလားဆိုတာ….  File Size : (2.05GB) (726MB) and (200MB) Quality : Blu-Ray 720p Format…mp4 Duration…02:15:00 Genre : Crime ,Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae
movie

The Rainmaker(1997)

Austin Powers: The Spy Who Shagged Me (1999) 6.6
Austin Powers: The Spy Who Shagged Me (1999) James Bondကားတွေကို ပြောင်တဲ့ရုပ်ရှင်တွေ၊ ဟာသကားတွေ (ဥပမာ Mr.Beanရဲ့Johny Englishလိုကားမျိုး)အများကြီးထွက်ဖူးပေမယ့် ဒဲ့ကြီးပြောင်ထားတဲ့ကားဆိုလို့ Austin Powers Trilogyပဲ ရှိမယ်ထင်ပါတယ်။ဘယ်လောက်တောင် ဒဲ့ကစ်ထားလဲဆိုရင် ဘွန်းရုပ်ရှင်တွေထဲမှာ နာမည်အကြီးဆုံးဘွန်းရဲ့ရန်သူတော်ကြီးဖြစ်တဲ့Ernst Stavro Blofeld (You Only Live Twice [1967])ကို Dr.Evilဆိုပြီး ဒဲ့ကစ်တာမျိုး။ကစ်တာဘယ်လောက်အထိလဲဆိုရင် Ernst Stavro Blofledရဲ့ထုံးစံအတိုင်း မီးခိုးရောင်ဝတ်စုံကိုဝတ်ပြီးကြောင်ပိုက်ထားတဲ့ဂတုံးပုံစံနဲ့မျက်လုံးမှာ အမာရွတ်ရှိတဲ့ပုံစံအတိုင်း Dr.Evilကလိုက်ဝတ်တာမျိုး၊ဘွန်းဇာတ်ကားထဲမှာ လူဆိုးOddjoဟာ ဦးထုပ်နဲ့တိုက်ခိုက်တာကို ပြောင်ထားတဲ့အနေနဲ့ဒီကားထဲမှာလည်းRandom Taskဆိုတဲ့လူဆိုးဟာ ဖိနပ်နဲ့တိုက်ခိုက်တတ်တဲ့ပုံပြပြီး ဒဲ့ကစ်တာမျိုး၊ ဘွန်းဟာ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်တယ်ဆိုတာ ရုပ်ဖြောင့်လို့အပြင် ယောက်ျားပီပီသသရင်ဘတ်မွှေးရှိပြီး ဆွဲဆောင်မှုရှိတာကိုပြောင်တဲ့အနေနဲ့ရင်ဘတ်မွှေးတင်မက ခန္ဓာကိုယ်ရှေ ့ဘက်ခြမ်းတစ်ခုလုံး မျောက်တစ်ကောင်လိုအမွှေးတွေရှိတယ်ဆိုပြီး ပြထားတာမျိုးနဲ့ဒဲ့တွေကစ်ထားတဲ့ကားတွေပါ။အဲ့လိုဒဲ့ကစ်လွန်းလို့လည်း ဂျိန်းဘွန်းမင်းသားကြီး Danial Craigဟာ ဂျိန်းဘွန်းကားတွေနဲ့ပတ်သတ်ပြီး အင်တာဗျူးဖြေထားတာရှိပါတယ်။ဂျိန်းဘွန်းဇာတ်ကားတွေကိုပြောင်ထားတဲ့ Austin Powersဇာတ်ကားတွေ အရမ်းအောင်မြင်ခဲ့တာကြောင့် ဂျိန်းဘွန်းဇာတ်ကားတွေကိုထုတ်လုပ်တဲ့ရုပ်ရှင်ကုမ္ပဏီဟာအရင်လိုစော်ကြည်ဘဲကြီး လက်နက်အဆန်းတွေသုံးပြီး လူဆိုးကိုအနိုင်ယူလေသတည်းဆိုတဲ့ဇာတ်လမ်းမျိုးကို ထပ်မထုတ်ရဲတော့ပဲ Danial Craigရဲ့ဂျိန်းဘွန်းဇာတ်ကောင်ကစပြီးပိုပြီးကြမ်းတမ်းပြီး ဇာတ်လမ်းပိုင်းဘက်မှာလည်း ...
movie

Austin Powers: The Spy Who Shagged Me (1999)

1999
HEVC 1080p 5.1
Sleight (2016) 5.9
Sleight (2016)   အခု ဇာတ်ကားလေးကတော့ ၂၀၁၆ ခုနှစ်မှာထွက်ခဲ့တဲ့ Sleigh ဆိုတဲ့ ဇာတ်ကားလေးပါ ဒီထဲမှာ ဘိုဆိုတဲ့ကောင်လေးဟာ မိဘ၂ပါးဆုံးပါးသွားတဲ့နောက် ကျောင်းဆက်မတက်တော့ဘဲ မျက်လှည့်ပညာနဲ့ အသက်မွေးရင်း သူ့ရဲ့တစ်ဦးတည်းသောညီမလေးတီနာကို စောင့်ရှောက်နေခဲ့ပါတယ် ပြီးတော့ ညပိုင်းတွေမှာ မူးယစ်ဆေးရောင်းဝယ်တဲ့လုပ်ငန်းကို လုပ်ကိုင်ခဲ့ပါတယ် မျက်လှည့်ဆရာဖြစ်တဲ့သူ့အနေနဲ့ ရဲတွေမိတဲ့အခါ ရဲတွေကိုလှည့်စားဖို့လွယ်ကူပေမယ့် သူ့ခေါင်းဆောင်နဲ့ထိပ်တိုက်ရင်ဆိုင်ဖို့ ကြိုးစားမိတဲ့အခါမှာ ဘယ်လိုအန္တရာယ်တွေကိုရင်ဆိုင်ရတယ် သူဘယ်လိုဖြေရှင်းမယ် ဆိုတာတော့ကြည့်ရှုကြပါလို့ သူ့ကောင်မလေးဟိုလီကရော သူ့အကြောင်းတွေသိသွားတော့ သူ့ကိုဆက်ချစ်ပြီး သူ့အနားမှာ အခက်အခဲတွေကို တူတူရင်ဆိုင်ဖြေရှင်းပေးမှာလား သူ့ကိုပစ်သွားမလား သူတို့ရည်းစားနှစ်ယောက် ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမယ့်အပြင် ဘိုရဲ့ အံ့ဩစရာမျက်လှည့်တွေကိုလဲ ရှုစားရမှာဖြစ်လို့ မျက်လှည့်ကြိုက်တဲ့ပရိတ်သတ်တွေ တကယ့်ကိုသဘောတွေ့မယ် ဇာတ်ကားလေးပါ ပြီးရင် ဘိုပြတဲ့မျက်လှည့်ပြကွက်တွေရဲ့ နောက်ကွက်ကတကယ့်အကြောင်းကိုလဲ သိရမှာမလို့ အားပေးကြပါဦးလို့   (ဘာသာပြန်သူကတော့ မေသရဖီလွင် ပါ)  File Size : (650 MB) and (200 MB)Quality : Bluray 720pRunning ...
movie

Sleight (2016)

2016
The Lost City of Z (2017) 6.6
The Lost City of Z (2017) The Lost City of Z (2017) IMDb - 6.6/10____Rotten - 86%  လောလောလတ်လတ်ပူပူနွေးနွေးထွက်ထားတဲ့ရုံတင်ကားလေးတကားမိတ်ဆက်ပေးချင်ပါတယ်။နာမည်ကြီးမင်းသားတွေဖြစ်တဲ့Robert Pattinson, Charlie Junnamတို့အပြင် ကျွန်တော်တို့ရဲ့Spider ManလေးTom Hollandလည်းပါဝင်တဲ့Advanture/Dramaကားလေးတကားဖြစ်ပါတယ်။ဒီကားလေးဟာ၂၀ရာစုနှစ်အစောပိုင်း၁၉၀၆ခုနှစ်ဗြိတိသျှစူးစမ်းရှာဖွေသူတဦးဖြစ်တဲ့Percy Fawcettဆိုတဲ့သူရဲ့တကယ့်အဖြစ်အပျက်ကိုရိုက်ကူးထားခြင်းဖြစ်ပါတယ်။Percy Fawcettဆိုတာကဗြိသျှတပ်မတော်ကအရာရှိတဦးဖြစ်တဲ့အပြင်ရှေးဟောင်းသုတေတနပညာရှင်၊ပထဝီပညာရှင်တဦးဖြစ်ပါတယ်။၁၈၆၇ခုနှစ်ဖွားအင်္ဂလန်နိုင်ငံသားတဦးပါ။သူ့ဖခင်ဖြစ်သူဟာလည်းRoyal Geographical Society(RGS)အဖွဲ့ဝင်တဦးဖြစ်ပါတယ်။နောက်ပိုင်းသူဟာလည်းအဲဒီအဖွဲ့ဝင်ဖြစ်လာခဲ့ပြီးတောင်အေမေရိကတိုက် အမေဇုံဒေသကိုနိုင်ငံရေးကိစ္စကြားဝင်စေ့စပ်မှုတခုအတွက်စေလွှတ်ခြင်းခံရသူဖြစ်ပါတယ်။အဲဒီမှာနယ်မြေတိုင်းတာမှုတွေစစ်တမ်းကောက်ရင်းအမှတ်မထင်တောကြီးမျက်မည်းထဲမှာရှေးလူ့အသုံးအဆောင်ပစ္စည်းတွေကိုတွေ့ရှိခဲ့ပါတယ်။အဲဒီကစပြီးအဲဒီဒေသမှာပျောက်ဆုံးကွယ်ပျောက်နေတဲ့သူကိုယ်တိုင်Zလို့နာမည်ပေးထားတဲ့ရှေးဟောင်းမြို့ကြီးတမြို့ရှိလိမ့်မယ်လို့ယုံကြည်ခဲ့ပါတယ်။သူဟာ၁၉၀၆ခုနှစ်ကနေ ၁၉၂၄ခုနှစ်အတွင်းစူးစမ်းရှာဖွေမှု၇ကြိမ်တိုင်တိုင်ကြိုးစားခဲ့ပါတယ်။တျောက်လျောက်သူလိုချက်တဲ့ရည်မှန်းချက်မအောင်မြင်ခဲ့ပေမယ့်သူလုံးဝစိတ်မပျက်ခဲ့ပါဘူး။ဒါပေမယ့်သက်သေအထောက်အထားတွေတော့ပြနိုင်ခဲ့ပါတယ်။နောက်ဆုံးတခေါက်၁၉၂၅ခုနှစ်မှာသူ့သားဖြစ်သူJack Percy Fawcettနဲ့အတူတူသွားခဲ့ပြီးတဲ့နောက်မှာတော့သတင်းအစအနပျောက်သွားပါတယ်။သူတို့ကိုအဲဒီအချိန်ကစပြီးနောက်ထပ်မတွေ့ရတော့ပါဘူး။အဲဒီကိစ္စဟာပဟေဠိတခုလိုဖြစ်နေခဲ့ပါတယ်။သူတို့အဲဒီမြို့ကိုတွေ့ခဲ့ကြသလား။ဘာတွေဖြစ်ခဲ့ကြလဲဆိုတာတော့သူတို့ကိုယ်တိုင်ပဲသိနိုင်မှာပါ။ဒီကားလေးဟာလည်း၁၉၀၅ခုနှစ်ကနေစပြီးသူ့ရဲ့ကြိုးစားခဲ့မှုတွေအမေဇုံလိုတောကြီးမျက်မည်းထဲမှာအန္တာရာယ်အမျိုးမျိုးရဲ့ကြားရုန်းကန်ခဲ့ရမှုတွေကိုရိုက်ပြထားတဲ့ကားကောင်းလေးတကားဖြစ်ပါတယ်။လူတယောက်ရဲ့ဇွဲလုံလ၊အဲဒီခေတ်အခါကရူးသွပ်မှုတွေစွန့်စားမှုတွေကိုမြင်တွေ့ရမှာပါ။တကယ့်ဖြစ်ရပ်မှန်ဇာတ်ကားအနေနဲ့ဇာတ်ရှိန်အေးအေးလေးနဲ့ဆွဲခေါ်သွားမယ့်ကားလေးဖြစ်ပါတယ်။အေးအေးဆေးဆေးနားနားနေနေကြည့်သင့်တဲ့ကားလေးဖြစ်ပါတယ်။Ratingအနေနဲ့လည်း  6.6/10 ထိရထားတဲ့ကားလေးဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ. ဘာသာပြန်သူကတော့ Thura Zarni Aung ပဲဖြစ်ပါတယ်)   File Size : (853 MB) Quality : 720p Bluray Running Time : 2hr 21minutes Format : Mp4 Genre : Biography, Drama, History Translated By Thura Zarni Aung Encode By Thanhtike Zaw
movie

The Lost City of Z (2017)

2017