Channel Myanmar

Fredric Lehne

Fast Charlie (2023)
Fast Charlie (2023)  ဒီကားက ၂၀၂၃ အသစ်စက်စက်ထွက်ထားတဲ့ အက်ရှင်ကားပါ။IMBb 6.1, rotten tomato 81% ရထားတာဆိုတော့ ကြည့်ပျော်ပါတယ် ဇာတ်လမ်းမှာ ချာလီဆွစ်ဆိုတဲ့ဘဲကြီးက လက်မြန်တယ်၊ တိကျပြီး ဉာဏ်ပြေးတဲ့ကြေးစားလူသတ်သမား။ သူ့ကို သူ့သူဌေးစတန်က ရိုလိုဆိုတဲ့လူကို ဘလိတ်ဆိုတဲ့ချာတိတ်ကောင်လေးနဲ့ ပေါင်းသတ်ခိုင်းတယ်။ အဲ့မှာ ဘလိတ်ကကြိုမပြောဘဲပေါက်ကရလုပ်လိုက်တာ ရိုလိုကသေပေမဲ့ခေါင်းပျောက်သွားတော့ သေတဲ့လူကရိုလိုဖြစ်ကြောင်း သူဌေးကိုတင်ပြနိုင်ဖို့ သက်သေခံပေးမယ့်လူတစ်ယောက်လိုသွားပါတယ်။ဆိုတော့ သက်သေခံပေးမယ့် ရိုလို့ရဲ့ ဇနီးဟောင်း မာစီနဲ့တွေ့ပြီး အလုပ်လက်စသတ်ကြပါတယ်။ ဖြစ်ချင်တော့ ရိုလို့ကိုသတ်လိုက်တာကကိစ္စရှင်းသွားတာမဟုတ်ဘဲ ပိုရှုပ်သွားအောင်လုပ်တဲ့အရာဖြစ်နေတော့ စတန်ဂိုဏ်းနဲ့ ဘက်ဂါ ဂိုဏ်းနှစ်ခုကြား သစ္စာဖောက်တာတွေလက်စားချေတာတွေ ၊ ပရိရာယ်၊ စတာတွေကို ကြမ်းသင့်ချိန်ကြမ်း၊ နုသင့်ချိန်နုနဲ့ မြို့ပတ်ရထားစီးရသလိုဇာတ်သိမ်းခေါ်သွားမယ့်ဇာတ်ကားလေးပါFile size…(1.4 GB)/(760 MB)Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mia
movie

Fast Charlie (2023)

The Greatest Showman (2017) 8.0
The Greatest Showman (2017) The Greatest Showman (2017)IMdb Rating (7.5)ဒီ Musical Drama ရုပ်ရှင်ကားကြီးက ခြူးတစ်ပြားမှမရှိသူတစ်ယောက်အဖြစ်ကနေ ကမ္ဘာသိ ဆပ်ကပ်တည်ထောင်သူ ဆပ်ကပ်ဆရာကြီး P. T. Barnum ရဲ့ ဘဝဇာတ်ကြောင်းအခြေခံရိုက်ကူးထားတဲ့ Biography ရုပ်ရှင်လည်းဖြစ်ပါတယ်။မင်းသားကြီး Hugh Jackman က P.T.Barnum အဖြစ်အဓိကပါဝင်ထားပြီး Michelle Williams, Zac Efron, Zendaya, Rebecca Ferguson စတဲ့နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်ထားပါတယ်။ဘတ်ဂျက် $84 million သာရှိခဲ့ပေမယ့် ရုံတင်ဝင်ငွေ $435 million ထိ ပြန်လည်ရရှိခဲ့ပြီး ဝေဖန်ရေးဆရာတွေ တစ်ကမ္ဘာလုံးက Musical ပရိတ်သတ်တွေရဲ့ ကောင်းချီးကိုပါ ရရှိခဲ့ပါတယ်။စိတ်ဓာတ်ကျနေချိန်တိုင်း နားထောင်ကြရမယ့် သီချင်းတွေပါဝင်တယ်လို့ နာမည်ကြီးသလို နားဆင်မိသူတိုင်း ရင်ထဲစွဲငြိအောင် ကြိုက်ရတဲ့သီချင်းတွေလဲပါဝင်ပါတယ်။ဇာတ်လမ်းကတော့..... မိဘမဲ့တစ်ယောက်ဖြစ်တဲ့P.T.Barnum ဆိုတဲ့ကောင်လေးအနေနဲ့ ကြိုက်မိတဲ့ကောင်မလေးကကျ ရွှေဘုံပေါ်က သူဌေးသမီးဖြစ်နေပါတယ်။ ဒါပေမယ့်သူဟာ ရည်မှန်းချက်ကြီးတဲ့လူဖြစ်ပြီး စကားပြောကောင်းသူ..ဇွဲကောင်းသူ...အနုပညာအမြင်ရှိသူဖြစ်ပါတယ်။ရည်မှန်းချက်ကြီးသူဖြစ်တဲ့အတိုင်း သူ့စိတ်ကူးထဲက ကြီးကျယ်ခမ်းနားတဲ့ ...
movie

The Greatest Showman (2017)

2017
4K HEVC
Men in Black (1997) 7.3
Men in Black (1997) CM Fan တွေ အတွက် Men In Black ရဲ့ပထမ အစ ကားကို ပြန်တင်ပေးလိုက်ပါတယ်ဒီရုပ်ရှင်ကားမှာဆိုရင် လူသားတွေ နဲ့အတူမသိမသာ နေထိုင်နေတဲ့ ဂြိုလ်သားတွေကိုစည်းကမ်းထိန်းသိမ်းပြီး စောင့်ကြည့်နေတဲ့ MIB အဖွဲ့ အကြောင်း ပါဂျေ ဟာ နယူးရော့ခ် ရဲဌာနက သာမန် အရာရှိတစ်ယောက်ပါတစ်ရက်မှာတော့ ရာဇဝတ်သား တစ်ဦးကို မရမက လိုက်ဖမ်းရင်းရာဇဝတ်သားက သတ်သေသွားပါတယ် ဂျေ လဲ ဒီကိစ္စကို လိုက်လံစုံစမ်းရင်းMIB က အေးဂျင့် ကေ နဲ့ စသိပါတယ်...ပုံမှန်အနေနဲ့ကတော့ ကေ ဟာ အမှုကိစ္စတွေ လက်စသတ်ပြီးရင်လူတွေရဲ့ မှတ်ဉာဏ်ကို ဖျောက်ပြီး ဘာမှမဖြစ်ခဲ့သလို ပုံစံဖန်တီးတက်ပေမဲ့ဂျေ ကိုတော့ MIB ကို လာပြီး အလုပ်လုပ်ဖို့ စည်းရုံးခဲ့ပါတယ်...အဲဒီအချိန်မှာပဲ ကမ္ဘာကို ဖျက်ဆီးချင်တဲ့ ပိုးဟပ်ဂြိုလ်သား တစ်ကောင်ကလဲကမ္ဘာပေါ်ကို ရောက်လာခဲ့သော အခါမှာတော့...အေးဂျင့် ကေ ...
movie

Men in Black (1997)

1997
4K HEVC
The Dark Knight Rises (2012) 8.5

The Dark Knight Rises (2012)

2012
4K HEVC IMAXHDR
The Eyes of Tammy Faye (2021) 6.9
The Eyes of Tammy Faye (2021) The Eyes of Tammy Faye (2021)======================IMDb Rating - 6.9/10Televangelism ဆိုတာကို အဓိပ္ပါယ်အပေါ်လွင်ဆုံးဖြစ်အောင် ရှင်းတမ်းထုတ်ရရင် ရုပ်မြင်သံကြားကနေတစ်ဆင့်တရားဟောခြင်းပေါ့ဗျာ။ televangelist ကတော့ ရုပ်သံတရားဟောသူပေါ့။ဒီဇာတ်လမ်းဟာ တစ်ခါက အောင်မြင်ကျော်ကြားခဲ့တဲ့ ရုပ်သံတရားဟောသူ Tammy Faye နဲ့ သူ့ဘ၀အကြောင်းကိုရိုက်ကူးတင်ဆင်ထားတဲ့ Drama/ biography film တစ်ပုဒ်ပါ။ မင်းသမီး Jessica Chastain နဲ့ မင်းသား AndrewGarfield တို့က အဓိကပါ၀င်သရုပ်တောင်ထားပြီး rating ကလည်း မခေလှပါဘူး။ဇာတ်လမ်းအကျဉ်း ------------------------------Tammy Faye နဲ့ Jim Bakker ဆိုတဲ့ လူသားနှစ်ဦး ကံကြမ္မာအကြောင်းဖန်လာတော့ ချစ်သူတွေဖြစ်သွားခဲ့ကြတယ်။၂ ယောက်လုံးက ဘာသာရေးအယူအဆတွေ အတွေးအခေါ်တွေ တူလွန်းကြပြီး အသွင်တူတဲ့ ကြင်သူတွေဖြစ်ခဲ့သည်လို့ဆိုရပေမယ်ပေါ့။ ခင်ပွန်းဖြစ်သူ Jim ဟာလည်း ဘ၀ရည်ရွယ်ချက်တွေကြီးမားပါပေတယ်။ ဒီလိုနဲ့ နှစ်ယောက်သားလက်ထပ်ပြီးတဲ့နောက်မှာ ကိုင်းရှိုင်းသက်၀င်ရာ ဘာသာအယူအဆတွေနဲ့ ...
movie

The Eyes of Tammy Faye (2021)

2021
Dream Lover (1993) 6.2
Dream Lover (1993) IMDb Rating (6.2) / Rotten Tomatoes (57%)မိန်းမတွေရက်စက်လို့ ဘဝပျက်သူတွေ ဒီကမ္ဘာမှာ ဘယ်လောက်များရှိမလဲ...ကိုးတောင်ဝတ်ယောကျ်ားလေးတွေ အချစ်အတွက် ဘဝပျက်ခံကြပုံတွေဟာ တရားရစရာပါပဲ...အချစ်မှာရိုးသားသူက ကြေကွဲရသူပဲမလား....လူနှစ်ယောက်ပေါင်းစည်းခြင်းမှာ တစ်ဦးစီရဲ့အတ္တတွေရှေ့တန်းတင်လာတဲ့အခါဒီဇာတ်ကားဖြစ်လာတာပါပဲ...၁၉၉၀ ခုနှစ်များဆီက ရုပ်ရှင်တချို့ဟာ မင်းသမီးတွေရဲ့ လှပကျော့ရှင်းမှုကိုရှေ့တန်းတင်ဆွဲဆောင်ပြီးတော့စိတ်ဝင်စားစရာ Crime Thriller ဇာတ်လမ်းမျိုးတွေ အတော်ရိုက်ကြခဲ့တာပဲ...မင်းသမီးရှရွန်စတုန်းရဲ့ Basic Instinct , မင်းသမီးမက်ဒေါနားရဲ့ Body of Evidence စသည်ဖြင့်ပေါ့...ခုကတော့ မင်းသမီး Mädchen Amick ပေါ့...သူကလဲ ငယ်ငယ်တုန်းက Jennifer Connelly တို့လို ညှို့အားပြင်းမင်းသမီးတစ်လက်ဆိုတာ ခုဇာတ်ကားမှာ မျက်မြင်ကိုယ်တွေ့ရပါမယ်...ဇာတ်လမ်းကတော့..‌သာမန်ယောကျ်ားလေးတွေလိုပဲ ကိုယ်နဲ့အသက်ထက်ဆုံး ပျော်ရွှင်ကြည်နူးပြီး ခိုင်မြဲလက်တွဲဖို့အိပ်မက်ထဲက စိတ်ကူးယဉ်မိန်းမလှလေးနဲ့တွေ့ချင်ခဲ့တဲ့ ရေးတစ်ယောက် ...သူ့ရဲ့စိတ်ကူးထဲကမိန်းမလှလေးလို့ထင်ခဲ့တဲ့ ပထမမိန်းမရဲ့ဖောက်ပြန်မှုကိုကြုံပြီးတဲ့နောက်မှာနောက်ထပ် သူ့စိတ်ကူးအိပ်မက်မိန်းကလေးဆိုတာ တကယ်ရှိနိုင်ပါ့မလားလို့ ယုံမှားသံသယတွေပြည့်နေခဲ့ပါတော့တယ်...သူဟာလုပ်ငန်းလဲရှိတယ်..ငွေလဲရှာနိုင်တယ်..စိတ်ကောင်းလဲရှိတယ်..မိတ်ဆွေတွေလဲရှိတယ်..သူ့မှာမရှိတာ သူ့အိမ်မက်ထဲကလို ယုံကြည်ရတဲ့ချစ်ခြင်းပဲ...ဒါပေမဲ့ လီနာ‌ ဆိုတဲ့ မိန်းမလှလေးနဲ့ မတော်တဆတွေ့ဆုံပြီးတဲ့နောက်မှာ သူ့ဘဝတစ်ဆစ်ချိုးပြောင်းလဲလာပါတယ်..ယောကျ်ားလေးတို့ထုံးစံအတိုင်းပဲ အလူးအလဲကျရှုံးခဲ့တဲ့ ...
movie

Dream Lover (1993)

Human Capital (2019) 6.9
Human Capital (2019) နာမည်ကြီး အီတလီရုပ်ရှင်ကားတစ်ကားကို remakeပြန်လုပ်ထားပြီးနာမည်ရှိသရုပ်ဆောင်တွေနဲ့ရိုက်ကူးထားတဲ့ Dramaကားတစ်ကားပါ။IMDb Rating 7.8နဲ့ tomatoesမှာ62%ရထားပါတယ်။တစ်ခုသောညတစ်ညမှာ အလုပ်ကနေအိမ်ကိုစက်ဘီးစီးပြီးပြန်လာတဲ့သူတစ်ယောက်ကားတိုက်ခံလိုက်ရပြီး ယာဉ်မောင်းကတော့ထွက်‌ပြေးသွားပါတယ်။အဲ့အမှုကိုစင်တာထားပြီး ဇာတ်ကားထဲမှာပါဝင်တဲ့ဇာတ်ကောင်တွေရဲ့ကာရိုက်တာ‌၊ အကျပ်အတည်း၊ စရိုက်တွေကို ချပြသွားပါတယ်။သာမာန်စီးပွားရေးသမားရဲ့ အထက်တန်းကျောင်းသူသမီးတစ်ယောက်နဲ့မီလီယံနာသူဌေးရဲ့သားဖြစ်သူတို့အတွဲကြောင့်မိသားစုနှစ်ခုတွေ့ဆုံသွားပြီး စီးပွားရေးကိစ္စတွေပါ ပါဝင်လာဖို့ဖြစ်သွားပါတယ်။နောက်တော့ သူတို့ဟာဒီယာဉ်တိုက်မှုနဲ့ပတ်သတ်လာတဲ့အခါမှာတော့ ....ဘာတွေဆက်ဖြစ်ပြီး ဘယ်လိုတွေရိုက်ကူးတင်ဆက်ထားတယ်ဆိုတာကိုကိုယ်တိုင်ပဲခံစားကြည့်ရှုလိုက်ပါ။ File Size : ( 911 MB , 334 MB) Quality : WEB-DL 720p Running Time : 1 hr 35 min Format : Mp4 Genre : Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

Human Capital (2019)

Con Air(1997) 6.9
Con Air(1997) Con Air(1997)အညွှန်း*******************Blu-Ray 1080p5.1ch, 720p တို့ဖြင့်တင်ဆက်ပေးထားပါသည်....(unicode)နီကိုးလတ်စ်ကေ့စ်ချ် ရဲ့ ဒီဇာတ်လမ်းကို တော်တော်များများကြည့်ဖူးကြမယ် ထင်ပါရဲ့.... စစ်ပြန်ကြီးတစ်ယောက်ဖြစ်တဲ့ ရိန်းဂျားတပ်သားဟောင်း ကမ်မရွန်းပိုး(နီကိုးလတ်စ်ကေ့စ်ချ်)ဟာသူအိမ်ပြန်ရောက်တဲ့နေ့မှာပဲ အရက်သမားတွေကကိုယ်ဝန်သည်မိန်းမကို ထိကပါးရိကပါးပြောတာကိုကာကွယ်ရင်း လူသတ်မိသွားပြီးထောင်ကျသွားပါတယ်.. ထောင်နှစ်ရှည်ကျပြီးတော့နောက်ဆုံးမှာတော့ Jail Baird ဆိုတဲ့ ထောင်သားရွေ့ပြောင်းမယ့်လေယာဥ်ကြီးကိုစီးပြီး အိမ်ပြန်ရတော့မှာပါ... ဒါပေမယ့်လေယာဥ်ပေါ်မှာပါတဲ့အဆိုးတစ်ကာ့အဆိုးဆုံးထောင်သားတွေပါပါလာတဲ့အခါမှာတော့... ရိန်းဂျားတပ်သားဟောင်း ကမ်မရွန်းပိုးတစ်ဖြစ် နီကိုးလတ်စ်ကေ့စ်ချ် ဟာ ကျွန်တော်တို့ ရဲ့ ဟီရိုးဖြစ်ခဲ့တယ်....မတော်တဆကြောင့် ထောင်ကျသွားရလို့ မချင့်မရဲ ဖြစ်ခဲ့ရပြီး ထောင်ထဲမှာ ဆံရှည် မုတ်ဆိတ်ကျင်စွယ်ဗရပွနဲ့အေးစက်စက်စကားတွေပြောတတ်တဲ့ ဒီဘဲကြီးကို ဇာတ်လမ်းအစမှ အဆုံးထိ အားပေးခဲ့ရတာတွေ ပြန်ကြည့်လည်း ဒီအရသာကို ခံစားနေရတုန်းပါပဲ....ရသအပြည့်အ၀ခံစားရအောင် BLU-RAY 1080P5.1CH နဲ့ အပြည့်အစုံပြန်လည်တင်ဆက်ပေးထားပါတယ်... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ဒီဇာတ်လမ်‌လေးကတော့ မင်းသားကြီးနီကိုးလတ်စ်ကေ့စ်ချ်ရဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ် သူ့ခေတ်သူ့အခါမှာတော်တော်အောင်မြင်ခဲ့တဲ့ကားလေးလဲဖြစ်ပါတယ် ဇာတ်ကားအကြောင်းကတော့.. စစ်ပြန်ကြီးတစ်ယောက်ဖြစ်တဲ့ ရိန်းဂျားတပ်သားဟောင်း ကမ်မရွန်းပိုး(နီကိုးလတ်စ်ကေ့စ်ချ်)ဟာသူအိမ်ပြန်ရောက်တဲ့နေ့မှာပဲ အရက်သမားတွေကကိုယ်ဝန်သည်မိန်းမကို ထိကပါးရိကပါးပြောတာကိုကာကွယ်ရင်း လူသတ်မိသွားပြီးထောင်ကျသွားပါတယ် ထောင်နှစ်ရှည်ကျပြီးတော့နောက်ဆုံးမှာတော့ Jail Baird ဆိုတဲ့ ထောင်သားရွေ့ပြောင်းမယ့်လေယာဥ်ကြီးကိုစီးပြီး အိမ်ပြန်ရတော့မှာပါ ဒါပေမယ့်လေယာဥ်ပေါ်မှာပါတဲ့အဆိုးတစ်ကာ့အဆိုးဆုံးထောင်သားတွေပါပါလာတဲ့အခါမှာတော့ သူ့အိမ်ပြန်ခရီးလေးဘယ်လိုဖြစ်သွားမလဲ အခက်အခဲတွေအများကြီးနဲ့ကိုဖြတ်ကျော်ပြီးအိမ်ပြန်နိုင်ပါ့မလားဆိုတာတွေကိုကြည့်ရှုရမှာဖြစ်ပါတယ် ရှေ့တန်းပြန်ရိန်းဂျားတပ်သားဟောင်းတစ်ယောက်ရဲ့စိတ်ဓာတ်ကိုပါကွက်ကွက်ကွင်းကွင်းနဲ့တင်ပြထားပါတယ်..ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Pyae Moe Han ပဲဖြစ်ပါတယ်.... (zawgyi)နီကိုးလတ်စ်ကေ့စ်ခ်ျ ရဲ့ ဒီဇာတ်လမ်းကို တော်တော်များများကြည့်ဖူးကြမယ် ထင်ပါရဲ့.... စစ်ပြန်ကြီးတစ်ယောက်ဖြစ်တဲ့ ရိန်းဂျားတပ်သားဟောင်း ကမ်မရွန်းပိုး(နီကိုးလတ်စ်ကေ့စ်ခ်ျ)ဟာသူအိမ်ပြန်ရောက်တဲ့နေ့မှာပဲ ...
movie

Con Air(1997)

1997