Channel Myanmar

Geraldine Hughes

Rocky Balboa(2006) 7.1
Rocky Balboa(2006)  လက်ဝှေ့ကားကြိုက်သူတွေအတွက် မင်းသားကြီးစတားလုံးကိုယ်တိုင် ဒါရိုက်တာလုပ်ပြီးရိုက်ကူးထားတဲ့ ဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားဟာ ရှေ့ Rocky ဇာတ်လမ်းတွဲတွေရဲ့ အဆက်ဖြစ်ပြီး ၁၉၉၀ခုနှစ်ကထွက်ရှိထားတဲ့ Rocky(V) ရဲ့ နောက်ဆက်တွဲဇာတ်လမ်းဖြစ်ပါတယ်။လက်ဝှေ့လောကကနေ အသက်အရွယ်ရလာလို့ အနားယူထားပြီးပြီဖြစ်တဲ့ ရော့ကီဘယ်လ်ဘိုအာဟာ သူ့မိန်းမဆုံးပြီးတဲ့နောက် ဘ၀ဟာအဓိပ္ပါယ်မဲ့နေခဲ့ပါတယ်။ သူဟာစားသောက်ဆိုင်လေးတစ်ဆိုင်ဖွင့်ပြီး အေးအေးချမ်းချမ်းနေနေပေမယ့် သူ့ရင်ထဲကအစိုင်အခဲကြီးကတော့ ပျောက်ပျက်မသွားပါဘူး။ ဒီတော့ အတိတ်က သူထိုးကြိတ်ခဲ့ဖူးတဲ့အငွေ့အသက်တွေ၊ သူ့မိန်းမရဲ့အားပေးသံတွေ တစ်ခေါက်ပြန်ပြီးခံစားနိုင်ဖို့အတွက် ကြိုးဝိုင်းထဲကို တစ်ခေါက်ပြန်ပြီး၀င်လာခဲ့ပါတယ်။ အစကတော့ ပွဲငယ်လေးတွေပဲ ထိုးဖို့စိတ်ကူးထားပေမယ့် ရှုံးပွဲမရှိ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ မေဆန်ဒစ်ဆန်က လက်ရည်စမ်းပွဲထိုးဖို့ လာရောက်ကမ်းလှမ်းတော့ လက်ခံလိုက်ပါတယ်။ တစ်ချိန်က ကမ္ဘာ့ဟဲဗီးဝိတ်ချံပီယံနှစ်ကြိမ်ဖြစ်ဖူးတဲ့ ရော့ကီနဲ့ လက်ရှိချန်ပီယံ မေဆန်တို့ရဲ့ပွဲဟာ တစ်ကမ္ဘာလုံးကိုစိတ်၀င်စားစေခဲ့ပါတယ်။ နွားပျိုသန်လှ နွားအိုပေါင်ကျိုးဆိုတဲ့စကားပုံကရှိသေးတော့ ဒီအတိတ်နဲ့ပစ္စုပ္ပန်တို့ရဲ့တိုက်ပွဲမှာ ဘယ်သူကများအနိုင်ရရှိသွားမလဲ။ ရော့ကီကရော သူ့ရင်ထဲကအစိုင်အခဲ‌ကို ဒီပွဲထိုးကြိတ်ပြီးတော့ ချေဖျက်နိုင်ပါ့မလား။ File size…2.79 GB / 1.15 GB / 672 MB Quality…Blu-Ray 1080p ...
movie

Rocky Balboa(2006)

Nine Days (2021) 7.2
Nine Days (2021) IMDb Rating- 7.3/10 Rotten Tomatoes- 88% ******************************* ဇာတ်လမ်းအကျဉ်းက ကမ္ဘာကြီးရဲ့အဝေးတစ်နေရာမှ ာ လူတွေရဲ့ နေ့တစ်ဓူဝလှုပ်ရှားသွားလာမှုတွေကို စောင့်ကြည့်နေတဲ့နေရာရှိတယ် အဲ့နေရာကိုတော့ သာမန်လူမလာနိုင်ဘူးသေပြီး အသက်မရှိတော့တဲ့ ဝိဉာဉ်တွေပဲ လာနိုင်တာ အဲ့နေရာမှာ နေကြတဲ့သူတွေကလည်း တီဗီအများကြီးကနေ တစ်ဆင့် VHSခွေတွေထိုးပြီး သူတို့ အသီးသီးရွေးချယ်ထားတဲ့ လူတွေရဲ့ လှုပ်ရှားသွားလားမှူကို တိုက်ရိုက်ကြည့်နေရတယ် ပြီးတော့ သေပြီးသား ဝိဉာဉ်တွေကိုလည်း လူပြန်ဝင်စားဖို့ ထိုက်တန်မတန် အကဲဖြတ်ရတာပေါ့ ဝီလ်ဆိုတဲ့ ယောက်ျားတစ်ယောက်ကလည်း အဲ့လို စောင့်ကြည့် အကဲဖြတ်ရတဲ့လူတွေထဲကတစ်ယောက်ပေါ့။ တစ်ရက်မှာတော့ ဝီလ်စောင့်ကြည့်နေတဲ့ လူတွေထဲက အမန်ဒါဆိုတဲ့ကောင်မလေးတစ်ယောက်က တယောထိုးဖို့အသွားလမ်းမှာ ယာဉ်တိုက်မှုဖြစ်ပြီး ဆုံးသွားတယ်။ တကယ်တော့ အမန်ဒါက ဝီလ်ရွေးဖူးသမျှထဲမှာ သူအကြိုက်ဆုံး။သူဆုံးသွားတော့ ဝီလ်လည်းတော်တော်ဝမ်းနည်းသွားသလို သူ့ဘဝကို ပြနေတဲ့ တီဗီတစ်လုံးက နေရာလွတ်သွားတယ်။ သူ့နေရာမှာအစားထိုးဖို့အတွက် နောက်နေ့မှာ လောလောလတ်လတ်ဆုံးထားတဲ့ လူတွေ ရောက်တယ်။ အဲ့လူတွေထဲက အရည်အချင်းပြည့်မီလို့ ဝီလ်ရွေးလိုက်တဲ့ တစ်ယောက်ကပဲ တီဗီအလွတ်မှာ နေရာရမှာ။ အချိန်ကတော့ ကိုးရက်ပဲရပါတယ်။ ကိုးရက်အတွင်း ဝီလ်က မေးချင်တာမေးမယ် assignment တွေပေးမယ်။ ဒီငါးယောက်ထဲက ဘယ်သူက အသက်ပြန်ရှင်နိုင်ခွင့်ဆိုတဲ့ လူပြန်ဝင်စားနိုင်တဲ့အခွင့်အရေးကို ရသွားမလဲဆိုတာကတော့…… ဒီဇာတ်ကားက Existentialနဲ့ ပတ်သက်ပြီး တော်တော်လေး မေးခွန်းထုတ်စေမယ့်ဇာတ်ကားမျိုးပါ တစ်ချို့ကတော့ ...
movie

Nine Days (2021)

Gran Torino(2008) 8.1
Gran Torino(2008) Gran Torino(2008) IMDb....8.1,,,,,,Rotten....80%,,, Top Rated Movies #162Director:Clint Eastwood ကျွန်တော်ဟာ ရုပ်ရှင်အညွှန်းရေးတဲ့ဆရာတွေရေးသားတဲ့ ဒါရိုက်တာအကြောင်းတွေလိုက်ဖတ်စဉ်ကထဲက ဒါရိုက်တာClint Eastwoodကို သတိထားမိခဲ့ပါတယ်...သူ့လက်ရာတွေကြည့်သင့်တဲ့စာရင်းထဲထည့်ထားပေမယ့် Million dollar baby ဆိုတဲ့ဇာတ်ကားကိုမှ စကြည့်ဖူးခဲ့တယ်....သူ့ဘယ်လောက်တော်ကြောင်းညွှန်းဆိုမပြတတ်ပေမယ့် ခတ်လူငယ်ပီပီ ဒီဘဲကြီးက ဂျလန်းကြီးဟလို့တော့ ရေရွတ်မိခဲ့ပါတယ်.... Gran Torni ကားရဲ့ပိုစတာကြည့်မိပြန်တော့ ကားတစ်စီးနဲ့သေနတ်ကိုင်ပြီး မှုန်ကုတ်ကုတ်မျက်နှာပေးနဲ့မတ်တပ်ရပ်ပြီး ဇာတ်လမ်းအကျဉ်းလေးရေးထားတာကလည်း သိပ်ပြီးစွဲမက်စရာမရှိခဲ့ဘူး...သို့ပေမယ့် Top IMDb စာရင်းထဲပါနေတာရော Rotten မှာလည်း အတော်လေးကောင်းနေပြန်တော့ဘာသာပြန်ပြီးကြည့်ခဲ့မိတယ်...ဒီကားမှာလည်း သူကိုယ်တိုင်အဓိကသရုပ်ဆောင်ထားပါတယ်.... ဇာတ်လမ်းအစမှာ သူဟာ ခန်းမတစ်ခုထဲမှာ မတ်တပ်ရပ်နေတယ်...သူ့မိန်းမရဲ့ အသုဘ အခမ်းအနား... လာရောက်တဲ့သူတွေကိုသူကြည့်နေတဲ့ပုံက ခက်ထန်မာကြောမှုအပြည့်နဲ့.... သူ့သားတွေ မြေးတွေနဲ့ မိတ်ဆွေ အများစုတစ်ဖွဲဖွဲရောက်လာတယ်...သူ့မျက်လုံးတွေဟာ ဇနီးဆုံးလို့ ဝမ်းနည်းတဲ့အရိပ်အယောင်အစား မြေးတွေ ရဲ့ အပြုအမူတွေကို ဒေါသထွက်နေတဲ့ပုံပဲ...သူဟာ စကားတွေကိုလည်း အမြင်ကိုအမြင်အတိုင်း ငဲ့ကွက်ခြင်းမရှိဘဲ ဒဲ့ဒိုးပြောဆိုတတ်တဲ့သူ.သူ့စရိုက်ကြောင့် သားသမီးတွေမြေးတွေကလည်း သူနဲ့ဆိုစကားပြောရမှာတောင်ဝန်လေးနေတယ်.. ဒီလိုနဲ့ ကမောက်ကမ သူ့ရဲ့ပတ်ဝန်းကျင်ကို နိုင်ငံခြားသားမိသားစုတွေပြောင်းလာတယ်.... ဒီကားဟာ ဘီကီနီဝတ်အလှတွေမပါသလို ခပ်မိုက်မိုက်အက်ရှင်ခန်းတွေ လည်းမပါပါဘူး...သို့ပေမယ့် ခင်ဗျားကိုဇတ်လမ်းအစကနေ အဆုံးထိ ဆွဲခေါ်သွားနိုင်တဲ့အပြင် ခင်ဗျားရဲ့နှလုံးသားကိုလည်းအရောင်အမျိုးမျိုးနဲ့ခပ်ကြမ်းကြမ်းဖြန်းပက်သွားလိမ့်မယ်.... သေချာတယ်ခင်ဗျားတို့လည်း ဒီကားကြည့်ပြီးရင် ကျွန်တော့်လို ဒီဘဲကြီးက ဂျလန်းကြီးဟလို့ရေရွတ်မိလိမ့်မယ်...အယ်တစ်ချို့သောသူတွေအတွက်တော့ ...
movie

Gran Torino(2008)

2008