Channel Myanmar

Gina McKee

My Policeman (2022) 6.3
My Policeman (2022) My Policeman (2022) ================ IMDb Rating - 6.3/10One Direction အဖွဲ့က ဟယ်ရီစတိုင် ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ထားတဲ့ BL ရုပ်ရှင်အသစ်တစ်ကားဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ရဲသားကြီးဆိုတဲ့နာမည်နဲ့ နာမည်ကျော်ဝတ္ထုကို ပြန်ရိုက်ကူးထားတာပါ။ Firebird ဇာတ်လမ်းနဲ့ဆင်သလိုလိုပဲလို့ ပြောရမှာပါပဲ။ Call Me by Your Name ကိုမမီပေမဲ့ အတော်လေးကောင်းတဲ့ ဗြိတိန်အချစ်ဇာတ်လမ်းပါပဲ။ဇာတ်လမ်းအကျဉ်း ============= တွမ်ဟာ စိတ်ထားကောင်းပြီး ယဉ်ကျေးတဲ့ ရဲတပ်သားလေးတစ်ယောက် ပါပဲ။  တွမ့်ကိုအရမ်းကြိုက်နေတဲ့ မာရီရွန်ဆိုတဲ့ကောင်မလေးကတော့ ကျောင်းဆရာမလေးပေါ့။ သူတို့နှစ်ယောက်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်း ဖြစ်လာသူကတော့ ပြတိုက်မှူး ပန်းချီဆရာ ပတ်ထရစ်ပါပဲ။ဇာတ်အိမ်တည်ထားတာက ဗြိတိန်ရဲ့ ၁၉၅၀ ကျော်ကာလဖြစ်လို့ လိင်တူ ချစ်ကြိုက်မှုဟာ ပြစ်မှုမြောက်ပါတယ်။ ထောင်ကျပါတယ်။ ဒီတော့ သူတို့ သုံးယောက်ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ ဆက်ကြည့်ရမှာပါပဲ။ သိုင်းချခန်းအချို့ပါဝင်လို့ မိသားစုနဲ့တော့ ကြည့်လို့မသင့်တော်ပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်)File Size..........(500 MB) Quality............Web-DL 720p Duration.........1Hr 53mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Romance Translator.......Mr.Anderson Encoder..........SWM
movie

My Policeman (2022)

2022
Notting Hill(1999) 7.1
Notting Hill(1999) Notting Hill(1999)IMDb...7.1,,,Rotten...83%(အကောင်းဆုံးအချစ်ဇာတ်လမ်းစာရင်းမို့ Blu-Ray 1080p 5.1 CH, Blu-Ray 720pတို့ဖြင့်တင်ဆက်ပေးထားပါသည်)))(Unicode)လန်ဒန်မြို့ရှိ Notting Hill ဆိုတဲ့ မြို့လေးမှာ ဝီလီယမ် တတ်ကာ ဆိုတဲ့ လူငယ်လေးတစ်ယောက်က ခရီးသွားစာပေတွေရောင်းတဲ့ စာအုပ်ဆိုင်လေးဖွင့်ထားတယ်... စာအုပ်ရောင်းသမားတစ်ယောက်ရဲ့ ဘ၀ဟာ သိပ်ကိုရိုးစင်းတယ်...စာအုပ်တွေဖတ်တယ်... ဝယ်သူတွေကို စာအုပ်တွေအကြောင်းညွှန်းတယ်...ငွေကြေးချမ်းသာမှုတွေ မပိုင်ဆိုင်ပေမယ့် သူပိုင်ဆိုင်တဲ့ဘ၀ကိုကျေနပ်နေလေတော့ ဘ၀ဟာလှပနေလေရဲ့... တစ်နေ့တော့ သူ့ဆိုင်ကို ဟောလိဝုဒ်ရဲ့ နာမည်ကျော်မင်းသမီး အန်နာစကော့ တစ်ယောက်စာအုပ်လာ ဝယ်တယ်... ဒီမင်းသမီးကို အပြင်မှာဗြုန်းခနဲမြင်လိုက်ရပေမယ့် ဘယ်သူလဲဆိုတာ ခန့်မှန်းမိဖို့ စာအုပ်ရောင်းသမားလေးအတွက် အချိန်သိပ်မယူလိုက်ရပါဘူး... မင်းသမီးဆိုင်က ထွက်သွားပြီး သူလည်း ဈေးဝယ်စရာရှိလို့ ထွက်လာခဲ့တယ်... တိုက်ဆိုင်တာပဲလားမသိ..သူနဲ့ မင်းသမီး အန်နာစကော့နဲ့ လမ်းတစ်ဆစ်ချိုးမှာ ဝင်တိုက်မိတယ်.... ဒီလို ဝင်တိုက်မှုဟာ စာအုပ်ရောင်းသမားလေးအတွက်တော့ ဘဝတစ်ဆစ်ချိုးပြောင်းလဲမှုပါပဲ... ဒီရုပ်ရှင်ဇာတ်လမ်းဟာ နာမည်ကျော်စာအုပ်ကိုပြန်ရိုက်ထားတာဖြစ်သလို Golden Globe မှာ ဆန်ကာတင်စာရင်း(၃)ဆုဝင်ခဲ့သလို အခြားဆုပေါင်း (၁၁)ဆုလည်း ရခဲ့တယ်...၁၉၉၉ခုနှစ်က ရုပ်ရှင်ဆိုပေမယ့် မင်းသား Hugh Grantနဲ့ မင်းသမီးJulia Roberts တို့ရဲ့ သရုပ်ဆောင်ဟန်တွေ ဇာတ်လမ်းဇာတ်ကွက်တွေ ကြည့်နေရင်းနဲ့ကို ရင်ခုန်ကြည်နူးစိတ်လှုပ်ရှားရပါတယ်.... ခံစားကြည့်ကြပါဥ◌ီး ...
movie

Notting Hill(1999)

1999
Atonement (2007) 7.8
Atonement (2007) AtonementIMDb (7.8)/ Rotten Tomatoes (83%)James Mcavoy ,Keira Knightley, Lady Bird (ဝါ) Saoirse Ronan နဲ့ Benedict Cumberbatch တို့လို နာမည်ကြီးမင်းသားမင်းသမီးတွေ အစုံအလင်နဲ့ရိုက်ကူးထားတဲ့ဇာတ်ကားပါ။အဆုံးသတ် မတိုင်ခင် အထိတော့ ဒီ ဇာတ်လမ်းလေး တစ်ပုဒ်လုံးက သိပ်မထူးခြားသလိုပါပဲ။ ဒီဇာတ်လမ်းရဲ့ ထူးခြားချက်ကို ကျွန်တော် ချရေးခဲ့ရင်လည်း spoil ပြီးသား ဖြစ်သွားပါမယ်။အချိန်ကာလအားဖြင့် Dunkrik မဖြစ်မှီ..... အထက်တန်းလွှာ အမျိုးသမီးတစ်ယောက်နဲ့ အိမ်ဖော်တစ်ယောက်ရဲ့သား.....ချစ်ကြိုက်မိခဲ့ကြတယ်...။ မှားယွင်းသွားတဲ့ စာတစ်စောင်က မထင်မှတ်ပဲ ယူလာခဲ့တဲ့ ဂြိုလ်ဆိုးတွေကြားမှာ..သူတို့ ဝေးသွားခဲ့ကြတယ်...။စစ်တပ်ထဲ ရောက်နေတဲ့ ကောင်ကလေးနဲ့... အိမ်ကနေ ပြေးထွက်ခဲ့တဲ့ ကောင်မလေး.. စစ်မထွက်မှီမှာ ပြန်တွေ့ကြတဲ့အချိန်... နေသာ လေလာမဲ့ တစ်နေ့တော့ကို သူတို့ ပြန် ယုံကြည်မျှော်လင့်ခဲ့ကြတယ်...။ စစ်ရဲ့ အနိဋ္ဌာရုံတွေကြားကနေ ဒဏ်ရာအထပ်ထပ်နဲ့ မျှော်လင့်နေတဲ့ ...
movie

Atonement (2007)

2007
Phantom Thread (2017) 7.5
Phantom Thread (2017) Phantom Thread (2017) IMDb - 7.5/10_______Rotten - 91% Won 1 Oscar. Another 57 wins & 120 nominationsဒီကားလေးကတော့ rating မြင့် Drama ကားကြည့်ချင်သူများအတွက် ဇာတ်ကားကောင်းလေးပါ။IMDb rating 7.5 အထိရရှိထားပြီး Daniel Day-Lewis ၊ Lesley Manville နဲ့ Vicky Krieps တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။စစ်ကြီးပြီး ၁၉၅၀ခုနှစ်နှောင်းပိုင်း လန်ဒန်မြို့တွင် ဇာတ်အိမ်တည်ထားပါတယ်။Reynolds နဲ့ သူ့ရဲ့အစ်မဖြစ်သူ Cyril တို့ဟာ ဗြိတိသျှဖက်ရှင်လောကတွင် အထင်ကရမျက်နှာကြီးသူတွေဖြစ်ပြီး တော်ဝင်မျိုးနွယ်များ၊ ရုပ်ရှင်အကျော်အမော်များ၊ နာမည်ကျော်ကြားသူများအတွက် ဝတ်စုံချုပ်လုပ်ဖန်တီးသူတွေပဲဖြစ်ပါတယ်။တစ်ကိုယ်တည်းနေ ၂ယောက်အတူနေနိုင်ကြတဲ့ အဲဒီမောင်နှမနှစ်ယောက်ဟာ သူတို့ရဲ့ဖက်ရှင်အလုပ်မှာပဲ စိတ်နှစ်မြုပ်ထားတာပဲဖြစ်ပါတယ်။Reynold ဘဝမှာ သူ့ရဲ့ဝတ်စုံတွေဝတ်ဖို့ မော်ဒယ်တွေနဲ့အများကြီးပတ်သက်ဖူးထားသူဖြစ်ပေမယ့် အိမ်ထောင်ပြုခြင်းလည်းမရှိပါဘူး။သူ့ဘဝကိုသူ စိတ်ကြိုက်မွမ်းမံဖြတ်သန်းနေသူပါ။ဒါပေမယ့် ကံကြမ္မာတစ်ကွေ့မှာတော့ Alma ဆိုတဲ့အမျိုးသမီးတစ်ယောက်နဲ့တွေ့ဆုံပြီးနောက်ပိုင်း သူ့ရဲ့ဘဝမှာ တဖြေးဖြေးပြောင်းလဲလာပါတော့တယ်သူကိုယ်တိုင်တည်ဆောက်ထားတဲ့ဘဝဟာ အချစ်ကြောင့် ပြောင်းလဲမှုတွေဖြစ်ပေါ်လာပြီး ...
movie

Phantom Thread (2017)

2017