Channel Myanmar

HanYong Jeong

R2B: Return to Base (2012) 6.0
R2B: Return to Base (2012) R2B: Return to Base (2012) IMDb - 6.0/10_____Rotten - 60%    ဒီကားကတော့ အများကြီးမိတ်ဆက်ပေးစရာမလိုတော့တဲ့ ကိုရီးယားမင်းသားချော Rain ပါဝင်ထားတဲ့ နာမည်ကျော် Return To Base (ဌာနချုပ်သို့အပြန်)ကိုရီးယား စစ်ကားပဲဖြစ်ပါတယ်.. စစ်သားတွေရဲ့ဘဝဟာ အမိန့်ဆိုတာကိုအသက်အဖြစ်နဲ့နေနေကြတဲ့ လူတွေထဲကလူတွေပဲဖြစ်ပါတယ်... တစ်ခါတလေကိုယ်ချစ်တဲ့သူ ကိုယ်တန်ဖိုးထားရတဲ့လူတွေ အထက်အမိန့်မရလို့ မိမိမျက်စိရှေ့မှာသေသွားရတာတွေကို ဘာမှမလုပ်နိုင်ပဲကြည့်နေရတာတွေလည်းရှိပါတယ်..... စစ်သားတစ်ယောက်ဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး....တိုင်းပြည်အပေါ်အနစ်နာခံတဲ့စိတ် ကိုယ့်မိသားစုထက်ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကို အရင်ဆုံးအဓိကထားတတ်တဲ့စိတ်တွေကြောင့်လည်း စစ်သားတွေရဲ့ဘဝဟာ အမြဲခါးသက်လွန်းလှပါတယ်.... ကြည်းတပ်ပဲဖြစ်ဖြစ် ရေတပ်ပဲဖြစ်ဖြစ် လေတပ်ပဲဖြစ်ဖြစ် စစ်သားကစစ်သားပါပဲ....  ဒီကားမှာတော့ တိုက်လေယာဉ်မောင်းတဲ့လေသရဲတွေရဲ့ဘဝကို ရိုက်ပြထားပါတယ်.... လေသူရဲတွေရဲ့ ဒုတိယအသက်က သူတို့မောင်းတဲ့လေယာဉ်တွေပဲဖြစ်ပါတယ်.... လေယာဉ်တွေတစ်ခုခုအပစ်ခံရလို့ ပျက်ကျခဲ့ရင်တောင်မှ မတတ်သာတဲ့အခြေနေမှသာ ခုန်ဆင်းခွင့်ရှိပါတယ်....ဒါပေမယ့် တာဝန်သိတဲ့ လေသူရဲအများစုကတော့ မိမိရဲ့လေယာဉ်ကို လူနေအရပ်တွေနဲ့လွတ်တဲ့နေရာတွေမှာသာ အသက်ကိုပဓာနမထားပဲပျက်ကျခံကြပါတယ်.... စစ်သားတိုင်းကအိမ်ကိုပြန်ချင်ကြပါတယ်....အိမ်မှာသူတို့ကိုစောင့်မျှော်နေကြတဲ့ အိမ်သူဇနီးမယားတွေနဲ့ သားသမီးတွေရှိကြပါတယ်....တကယ်လို့ အိမ်ပြန်မလာနိုင်တော့တဲ့ စစ်သားတွေအဖို့ သူတို့ရဲ့ မိဘတွေဇနီးတွေရဲ့ နာကျင်မှု့တွေက မပြောပြတတ်လောက်အောင်ပါပဲ... ဒါကြောင့် Return To Base (ဌာနချုပ်)သို့ အပြန်ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ရင်း ကမ္ဘာပေါ်မှာရှိတဲ့ စစ်သားတိုင်းအိမ်ပြန်နိုင်ကြပါစေ....အများကြီးကောင်းမွန်တဲ့ Old But Gold ကားလေးမို့ လေသူရဲများကိုဂုဏ်ပြုရင်း မကြည့်ရသေးသောပရိတ်သတ်များနဲ့ကြည့်ပြီးသားသူများလည်း မှန်ကန်တဲ့မြန်မာစာတန်းထိုးနဲ့ကြည့်ရလေအောင် တင်ဆက်ပေးလိုက်ပါတယ်....   Quality…..BluRay 1080p Duration…..01:53:00 Format…Mp4 File Size…(824 MB) Translator…..Myanmar Gyi Encoder…..Moe Myint Lwin  
movie

R2B: Return to Base (2012)

2012