Channel Myanmar

Hugh Ross

The Four Feathers (2002) 6.5
The Four Feathers (2002) The Four Feathers (2002)ဒီရုပ်ရှင်ကို ၁၉၈၇ မှာ Mr. India နဲ့ ၁၉၉၄ မှာ Bandit Queen အစရှိတဲ့ အိန္ဒိယရုပ်ရှင်တွေကိုရိုက်ပြီး နိုင်ငံတကာရဲ့ အာရုံစိုက်မှုရခဲ့တဲ့ အိန္ဒိယဒါရိုက်တာ Shekhar Kapoor က ရိုက်ထားတယ်။ Bandit Queen အရှိန်ကြောင့်ပဲထင်ပါရဲ့... ယူကေမှာ သူဦးဆုံးရိုက်ခဲ့တဲ့ကားက Cate Blanchett နဲ့ရိုက်တဲ့ Elizabeth... နောက် အခုရုပ်ရှင် The Four Feathers ကို ဆက်ရိုက်တယ်။ နောက် Elizabeth: The Golden Age... သူရိုက်တဲ့သုံးကားလုံးက အင်္ဂလန်သမိုင်းကြောင်းနဲ့သက်ဆိုင်တဲ့ ကားတွေချည်းပဲ။ Elizabeth မှာတော့ ကောင်းခဲ့ပေမဲ့ ဒုတိယကား The Four Feathers မှာတော့ ဇာတ်ရှိန်နည်းနည်းသွက်နေတာကြောင့် ကျတော့ကျသွားတယ်။ ဒါပေမဲ့လည်း ရှေးခေတ်စစ်ပွဲတွေအကြောင်း ကြည့်ရမယ့်ရုပ်ရှင်ဆိုတော့ ကြည့်လို့ပျော်သလို ...
movie

The Four Feathers (2002)

Dorian Gray (2009) 6.2
Dorian Gray (2009) ဒီဇာတ်ကားက Oscar Wilde ရဲ့ ဂန္တဝင်ဝထ္ထုကိုလိုက်လျောညီထွေနဲ့စွဲမက်ဖွယ်ကောင်းလောက်အောင်ပြန်လည်ပုံဖော်ထားတဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။လူတွေရဲ့အတ္တနဲ့သေခြင်းတရားအပေါ်ကြောက်ရွံ့မှုတို့ကိုနက်ရှိုင်းတဲ့သဘောနဲ့ပုံဖော်ပြထားပါတယ်။စွဲမက်လောက်စရာရုပ်သွင်ရှိတဲ့ Ben Barners က Dorian Gray ဇာတ်ကောင်နေရာမှာသရုပ်ဆောင်ပေးထားတာကဇာတ်လမ်းနဲ့တကယ့်ကိုလိုက်ဖက်ညီလွန်းပါတယ်။ဇာတ်လမ်းသဘောကတော့သူ့ရဲ့ဝိညဥ်ကိုနတ်ဆိုးနဲ့မမျှော်လင့်ပဲအပေးအယူလုပ်မိသွားတဲ့ကောင်ချောလေးတစ်ယောက်အကြောင်းပါ။ရိုးသားဖြူစင်တဲ့ကောင်ချောလေးဒိုရီယန်ဟာအဖိုးသေဆုံးသွားပြီးအမွေဆက်ခံဖို့အတွက်တောကနေလန်ဒန်မြို့ကြီးကိုရောက်လာခဲ့ပါတယ်။မအူမလည်ဖိုးသခွားလေးဟာ လူရှုပ်လူပွေကြီး Lord Henry နဲ့ပေါင်းမိပြီးတဲ့နောက်မှာကောင်ချောလေးကနေကောင်ဇိုးလေးဖြစ်လာခဲ့ပါတယ်။ဆရာထက်တပည့်လက်စောင်းထက်လာတဲ့ဒိုရီယန်ဟာသူ့ဝိညဥ်ကိုမမျော်လင့်ဘဲ နတ်ဆိုးနဲ့အလဲအလှယ်လုပ်မိသွားတဲ့နောက်မှာမအိုမင်းနိုင်တဲ့ခန္တာကိုပိုင်ဆိုင်သွားပြီးမြင်းကိုဂျိုတပ်ပေးလိုက်သလိုတွေဖြစ်သွားတဲ့အခါ....သူ့နုပျိုမှုကထာဝရခံပါ့မလား အဲ့ဒီအလဲအလှယ်အတွက်သူဘာတွေပေးဆပ်လိုက်ရမလဲဆိုတာဇာတ်ကားထဲမှာဆက်ပြီးစောင့်ကြည့်ပေးကြပါဦး....Ben Bernes က Dorian Gray ရဲ့ ဇာတ်ကောင်ကိုအပြစ်ကင်းစင်တဲ့လူငယ်လေးတစ်ယောက်ရဲ့ဘဝကနေပြီးတော့စိတ်ဝိညဥ်မရှိတော့တဲ့အထိကိုယ့်ကျင့်တရားဖောက်ပြန်စိတ်ဓာတ်ပျက်ပြားတဲ့လူတစ်ယောက်အဖြစ်ကူးပြောင်းလာပုံကို ကျွမ်းကျွမ်းကျင်ကျင်ပဲပုံဖော်ပြသွားပါတယ်။Horry and Mystery vibes မျိုးကိုသေချာခံစားချင်ပြီးတကယ်စိတ်ဝင်စားစရာကောင်းပြီးကြည့်ရတာတန်တဲ့ဇာတ်လမ်းမျိုးကိုရှာနေရင်ဒီဇာတ်ကားလေးကသင်တို့အတွက်ပါပဲလို့...( PS. တစ်ချို့ဇာတ်ဝင်ခန်းတွေက မိသားစုနဲ့အတူကြည့်ဖို့မသင့်တော်တဲ့အတွက်ကြောင့်ညမှောင်မှောင်မှာ တစ်ယောက်တည်း or သူငယ်ချင်းတွေနဲ့စုကြည့်ကြဖို့ပြောချင်ပါတယ်။)  File size…  1.74 GB /  800 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 52m Genre .....  Drama, Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Aung Wai ...
movie

Dorian Gray (2009)

2009
The Assassination of Jesse James by the Coward Robert Ford ( 2007 ) 7.5
The Assassination of Jesse James by the Coward Robert Ford ( 2007 ) [Unicode]Assassination of Jesse James By the Coward Robert Ford (2007)IMDB Rating....... 7.5ဂျက်ဆီဂျိမ်းစ်ဆိုတဲ့ ရာဇဝင်လူဆိုးကြီးကို သေချာမသိကြရင်တောင် အရှောင်အတိမ်း ဂျက်ဆီဂျိမ်းစ်ဆိုတဲ့ စကားလေးတော့ ကြားဖူးကြမယ်ထင်ပါတယ်။ ဒီလိုနာမည်တွင်ရလောက်အောင်လည်းညဂျက်ဆီဂျိမ်းစ်ကို ဖမ်းမယ့်အစား ငါးရှဉ့်ကို လက်ချောဆီသုတ်ပြီး ဖမ်းရတာကမှ လွယ်ပါဦးမယ်။ ဒီလိုနဲ့ ဂျက်ဆီဂျိမ်းစ်းဟာ ဆုကြေးအမြင့်ဆုံး ရာဇဝင်လူဆိုးဖြစ်လာတာပါပဲ။နာမည်တူ စာအုပ်ကိုပဲရိုက်ထားတဲ့ဒီရုပ်ရှင်ဟာ သူ့ကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့လူနဲ့ သူနဲ့ကြားက ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒီရုပ်ရှင်ရဲ့ နာမည်မှာတင် ဘာအကြောင်းဆိုတာ ဂဃနဏကြီးသိအောင် ပြပြီးသားပါ။ Brad Pittရဲ့ Plan B Entertainmentကာထုတ်လုပ်ထားပြီး မထီတထီဇာတ်ရုပ်တွေမှာာသိပ်လိုက်တဲ့ Brad Pitt ကပဲညဂျက်ဆီဂျိမ်းအဖြစ် သရုပ်ဆောင်ထားပါတယ်။အိမ်အနားစွန်းမှာ ရွေ့မျောနေတဲ့ မှောင်ရီပျိုးစကောင်းကင်အောက်က တိမ်‌‌တွေ။ ပိန်းပိတ်အောင်မှောင်နေတဲ့ ရထားလမ်းဆီ ဟိုးအဝေးကခုတ်မောင်းလာတဲ့ ကျောက်မီးသွေးသုံး မီးရထားတစ်စင်း။ ဓားပြတိုက်ဖို့ ရထားသံလမ်းပေါ်ထွက်ရပ်နေတဲ့ ကျောက်မီးသွေး‌ငွေ့တွေကြားက ဂျက်ဆီဂျိမ်းစ် သူ့ကို ထိုးထားတဲ့ ရထားရှေ့မီး။ ရောဘတ်ဖို့ဒ်ရဲ့ သေနတ်ပြောင်းကို ကျောခိုင်းထားတဲ့ ဂျက်ဆီဂျိမ်းစ်ရဲ့ ‌ပန်းချီကားရှေ့က နောက်ဆုံးထွက်သက်။ ဒီရုပ်ရှင်ရဲ့ Cinematographyတွေအားလုံးက ဒီ၂နာရီခွဲကြာတဲ့ ရုပ်ရှင်ကို တစ်ကွက်မှ ...
movie

The Assassination of Jesse James by the Coward Robert Ford ( 2007 )

2007
The Age of Adaline (2015) 7.2
The Age of Adaline (2015) လူတိုင်း အသက်အရွယ်မကြီးရင့်ပဲ အရွယ်တင်နုပျိုချင်ကြတယ်မဟုတ်လား?ဒါပေမယ့် တစ်ကယ်တမ်းအဲ့လိုဖြစ်ခဲ့မယ်ဆိုရင် ပျော်ရွှင်နိုင်မယ် ထင်ပါသလား?ခုဇာတ်ကားထဲက အဒဲလိုင်း ဘိုမန်ကတော့ မတော်တဆမှုဖြစ်ပြီးနောက်ပိုင်းဆယ်စုနှစ် ၈စုလောက် အသက်မကြီးပဲ ၂၉နှစ် အရွယ်တိုင်းရှိနေခဲ့သူပါ။သူ့ကို စစ်ဆေးစမ်းသပ်ချင်သူတွေရဲ့လက်ထဲက လွတ်အောင်သူ့ရဲ့ထူးခြားချက်ကို ဖုံးကွယ်ရင်း ရှောင်ပြေးရင်းနေလာခဲ့ရပါတယ်။အဲလစ်ဆိုတဲ့ကောင်လေးနဲ့တွေ့ဆုံပြီးနောက်ပိုင်း အဒဲလိုင်းဟာ အချစ်ကို ပြန်လည်တွေ့ရှိခဲ့ရတယ်တစ်သက်လုံးဖုံးကွယ်လာတဲ့ လျှို့ဝှက်ချက်ကို အဲလစ်ကိုပြောပြမှာလား?ဒါမှမဟုတ် ထပ်ပြီးရှောင်ပုန်းမှာလား? ဘယ်လိုရှေ့ဆက်ဖြစ်မလဲ??????? (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  Inzali Than Htike ပါ) File Size : (900 MB) and (400 MB) Quality : Blu-Ray 720p Running Time : 1hr 52min Format : Mp4 Genre : Drama, Fantasy, Romance Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264-SPARKS Translated by Inzali Than Htike  Encoded by Thanhtike Zaw
movie

The Age of Adaline (2015)

2015
Trainspotting (1996) 8.1
Trainspotting (1996) Trainspotting (1996) IMDb - 8.1/10_____Rotten - 91%    ၁၉၉၆ ခုနှစ်ကထွက်ရှိခဲ့ပြီး IMDb rating 8.1 ရရှိ ခဲ့ပြီး ယခု လက်ရှိ ရုံတင်နေတဲ့ Trainspotting 2 ရဲ့ ပထမ ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် ဒုတိယ ကားထွက်လာရင် ဆက်မိအောင် လို့ ပြန်လည် တင်ပေးလိုက်တာပါ အော်စကာအမည် စာရင်း တခါဝင်ခဲ့ပြီး အခြား ဆု ၂၀တောင် ဆွတ်ခူး ခဲ့ပြီး အောင်မြင်မူတွေလည်း အမြားအ ပြားရခဲ့ပါတယ် တချက် စောင့်ကျိ ရမာ ကတော့ အခုလက်ရှိ ရုံတင်နေတဲ့ ၂ကကော အခုကားကို မှီပါ့မလား ဆိုတာပါပဲ အခုကားထဲမှာတော့ လိင်ဆက်ဆံခန်းတွေ ကြမ်းဖက် သွေးထွက်သံယိုခန်းတွေ ပါနေတာကိုတော့ကြိုတင်ပြောထားပါရစေ ဇာတ်လမ်း အကျဉ်းလေးကတော့ renton ဟာ ဟီရိုအင်း ဆွဲနေတဲ့ လူငယ်လေးတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာတော့ သူဟာ ဆေးစွဲနေတာကိုဖြတ်ပြီး သူ့ သူငယ်ချင်းတွေရဲ့ လွမ်းမိုးမူအောက် ကနေရုန်းထွက်ဖို့ကြိုးစားရာမှာတော့ ဘာတွေဖြစ်ကြမလဲဆိုတာကို ဆက်လက်ကြည့်ကြရမှာပါ ဆေးစွဲနေတဲ့ လူငယ်လေးတယောက် အကြောင်းနဲ့ ဆေးစွဲ သွားရင်မိမိ ကိုယ်တိုင်သာမကပဲ မိသားစု ဘေးပတ် ဝန်းကျင်အပေါ်မှာ ပါ သက်ရောက်မူတွေ ကို ဖော်ပြရိုက်ကူးထားတာပါ ကဲ ၂ထွက်မလာခင်လေး ၁ကို အရင်ကြည့်ထားလိုက် ရအောင်လားဗျာ   ဘာသာပြန်ကတော့ ...
movie

Trainspotting (1996)

1996