Channel Myanmar

Ian Bohen

Air Force One Down (2024)
Air Force One Down (2024)   Air Force One ဆိုတဲ့အမေရိကန်သမ္မတစီးတဲ့လေယာဉ်ကြီးကို ပြန်ပေးဆွဲကြတဲ့ ဝင်စီးကြတဲ့ဇာတ်ကားတွေလည်း ရှေ့မှာအများကြီးထွက်ခဲ့ပြီးပေမဲ့တကယ်တမ်း အဲ့လိုလုပ်ဖို့ဆိုတာကမဖြစ်နိုင်ပါဘူး။ဒီတော့အဲ့ဒီလေယာဉ်နဲ့ပတ်သတ်ပြီး အခု ၂၀၂၄ မှာလည်းစိတ်ကူးယဉ် ဇာတ်ကားတစ်ကားထပ်ထွက်လာပြန်လာပြီ။ဇာတ်လမ်းအစမှာတော့ မရိန်းတပ်ထဲမှာတာဝန်ထမ်းဆောင်နေတဲ့ အယ်လစ်ဆန်ကိုတွေ့ရမှာဖြစ်ပြီးဦးလေးရဲ့ ကျေးဇူးနဲ့သမ္မတရဲ့ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ထဲဝင်ရောက်ခွင့်ရခဲ့ပါတယ်။အဲ့ဒီအချိန်မှာ အမေရိကန်သမ္မတကအက်စ်တိုဗီယန်နိုင်ငံနဲ့ ရေနံကိစ္စသဘောတူညီချက် ယူဖို့လုပ်နေခဲ့တာဖြစ်ပြီး သမိုင်းဝင်ဖြစ်လာမဲ့ စာချုပ်တစ်ခုကို အက်စ်တိုဗီယန်နိုင်ငံမှာ လက်မှတ်ရေးထိုးမယ်လို့ ကြေငြာခဲ့ပါတယ်။ဒီကိစ္စနဲ့ ပတ်သတ်ပြီး ကိုယ့်နိုင်ငံကရေနံကို အမေရိကန်ကိုမပေးချင်တဲ့ ဗိုလ်ချုပ်ကြီးတစ်ယောက်က သမ္မတစီးနင်းလိုက်ပါလာမဲ့Air Force One လေယာဉ်ကိုဝင်စီးပြီး စာချုပ်ကိုဖျက်သိမ်းခိုင်းဖို့ကြိုးစားပုံတွေနဲ့ မနေ့တစ်နေ့ကမှရောက်လာတဲ့ အယ်လစ်ဆန်ကသမ္မတကြီးကို ကာကွယ်ဖို့အစွမ်းကုန်ကြိုးစားပုံတွေကို တွေ့ရမှာပဲဖြစ်ပါတယ်.. File size…1.27GB / 540MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 24m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Air Force One Down (2024)

Sicario: Day of the Soldado (2018) 7.3
Sicario: Day of the Soldado (2018)  Genre – Action, Crime, Thriller IMDB – 7.0/10 ၂၀၁၅ ခုနှစ်က ထွက်ခဲ့တဲ့ ပထမဆုံး Sicario ကားကိုကြည့်ဖူးပြီး ကြိုက်တယ်ဆိုရင်တော့ ဒီကားကလည်းရွှေပေါ့ဗျာ။ ပထမကား Rating 7.6 ကို မမှီပေမဲ့ ကြည့်ရတာလုံးဝ အရသာ မလျော့သွားပါဘူး။ ဒါတောင် ဒါရိုက်တာကပထမကားက Denis Villeneuve မဟုတ်တော့ပဲ StefanoSollima ပြောင်းသွားတာပါ ဒါပေမဲ့ ဒီ အငွေ့အသက်အတိုင်းပါပဲ။သရုပ်ဆောင်တွေကလည်း ရှေ့ကားထဲက ဘဲကြီးနှစ်ပွေJosh Brolin နဲ့ Benecio Del Toro တို့ပဲ ပြန်ပါဝင်ထားပါတယ်၊Emily Blunt ရဲ့ ဇာတ်ကောင်ကတော့ ဒီဇာတ်လမ်းအတွက်မလိုအပ်တော့လို့ ဖြုတ်ထားခဲ့ပါတယ်တဲ့။ ဇာတ်လမ်းအကြောင်းပြောရမယ်ဆို ရှေ့ကားရဲ့အဖြစ်အပျက်တွေဖြစ်ပြီး နှစ်နည်းနည်းမှာ တည်ဆောက်ထားတဲ့ပုံပါပဲ။ အစိုးရရဲ့လူသိမခံချင်တဲ့ ပြဿနာတွေ ဒိုင်ခံဖြေရှင်းတဲ့ မက်တစ်ယောက်လည်းအာဖရိကကို ရောက်နေပါပြီ။ အာလေဟန်ဒရိုကလည်း ပထမကားထဲမှာလုပ်စရာရှိတာလုပ်ပြီးတော့ ကိုလမ်ဘီယာမှာ သွားအနားယူနေပါပြီ။အဲဒီမှာပဲ အမေရိကန်နိုင်ငံမှာ အသေခံဗုံးခွဲပြီး ...
movie

Sicario: Day of the Soldado (2018)

2018
4K HEVC
Teen Wolf: The Movie (2023) 6.4
Teen Wolf: The Movie (2023)    ဒီရုပ်ရှင်ကတော့ Teen Wolf (2011-2017) စီးရီးရဲ့နောက်ဆက်တွဲကို ရုပ်ရှင်အနေနဲ့ ၂ နာရီခွဲကြာအောင်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ မူလသရုပ်ဆောင်အားလုံး ပြန်လာကြတာမို့ Teen Wolf ဖန်တွေတော့ အရမ်းကြိုက်ကြမှာပါပဲ။ စီးရီးမကြည့်ဖူးတဲ့သူတွေလည်း ကြည့်လို့ရအောင် အတိုချုံးလေး ရှင်းပြပေးထားပါ့မယ်။အဓိက ဇာတ်ကောင်ကတော့ ဘီကွန်ဟေးလ်မြို့လေးမှာနေတဲ့ စကော့ မက်ကော ဆိုတဲ့ သမန်းဝံပုလွေပါပဲ။ စီးရီးအဆုံးမှာတော့ သူဟာ သမန်းဝံပုလွေအုပ်ရဲ့ အယ်ဖာခေါင်းဆောင်ဖြစ်သွားခဲ့ပါပြီ။ သူ့အမေကတော့ သူနာပြုပါ။ သူ့ရဲ့ ချစ်သူ အလီဆန်အားဂျန့်ကတော့ သမန်းဝံပုလွေ မုဆိုးမျိုးရိုးဖြစ်ပြီး စီးရီးထဲမှာ သေဆုံးသွားခဲ့ပါပြီ။ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းက စတလင်းစကီးခေါ် စတိုင်းပါ။ သူကတော့ သမန်းဝံပုလွေတွေကို တချိန်လုံးကူညီခဲ့တဲ့ ဉာဏ်ကောင်းတဲ့ သူငယ်ချင်းပါပဲ။ နောက်တော့ FBI ထဲရောက်သွားပါပြီ။ စတလင်းစကီးရဲ့အဖေကတော့ ရဲမှူးပါ။ စတိုင်းရဲ့ကောင်မလေး လစ်ဒီယာကတော့ ဘန်းရှီးဖြစ်ပြီး သေခြင်းတွေကို မြင်နိုင်တဲ့အစွမ်းနဲ့ အသံလှိုင်းနဲ့တိုက်ခိုက်နိုင်တဲ့အစွမ်းရှိပါတယ်။ စကော့မက်ကောရဲ့ နောက်ထပ်အချစ်ဆုံးမိတ်ဆွေကတော့ ဒဲရက်ဟေးလ်လို့ခေါ်တဲ့ ...
movie

Teen Wolf: The Movie (2023)

The Dark Knight Rises (2012) 8.5

The Dark Knight Rises (2012)

2012
4K HEVC IMAXHDR
Pearl Harbor (2001) 6.2
Pearl Harbor (2001) Pearl Harbor 2001 ==================== ၁၉၄၁ ခုနှစ်က အမေရိကန်နိုင်ငံ၊ပုလဲဆိပ်ကမ်းကိုဂျပန်တွေလာရောက်တိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်မှန်အပေါ်မူတည်ပြီးရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ဆိုပေမယ့်အဓိကဇာတ်ကောင်တွေကတော့စိတ်ကူးယဥ်သာဖြစ်ပြီးအချစ်ဇာတ်လမ်းအပိုင်းပါထည့် သွင်းထားတာဖြစ်ပါတယ်။ ရေ့ဖ်နဲ့ဒန်နီဟာ ငယ်စဥ်ကတည်းကအချစ်ဆုံးသူငယ်ချင်းတွေဖြစ်ပြီး အမေရိကန်လေတပ်ပိုင်းလော့တွေလည်းဖြစ်ကြပါတယ်။ ရေ့ဖ်ဟာ အက်ဗလင်း ဆိုတဲ့ စစ်သူနာပြုနဲ့ချစ်ကြိုက်ပြီးနောက် ဥရောပမှာဖြစ်ပွားနေတဲ့ဒုတိယကမ္ဘာစစ်အတွက် ဗြိတိန်ဘက်မှဝင်တိုက်ပေးဖို့အခွင့်အရေးကိုရရှိသောအခါလက်လွှတ်မခံနိုင်၍ ချစ်သူအက်ဗလင်းကိုနှုတ်ဆက်ကာ အင်္ဂလန်သို့ထွက်သွားပါတော့တယ်။ ရေ့ဖ်တစ်ယောက် အင်္ဂလန်မှာဂျာမန်တွေကိုတိုက်ခိုက်နေချိန်မှာ အင်အားနည်းနေတဲ့ပုလဲဆိပ်ကမ်းကို ထင်မှတ်မထားတဲ့အန္တရာယ်ကြီးကျရောက်လာပါတော့တယ်။ ဒီဇာတ်လမ်းကိုရိုက်ကူးခဲ့တဲ့ဒါရိုက်တာဟာ Transformers ဇာတ်လမ်းတွေနဲ့နာမည်ကြီးခဲ့တဲ့ Michael Bay ဖြစ်တာမို့သူ့ရဲ့အက်ရှင်ပေါက်ကွဲမှုလက်ရာတွေကိုဇာတ်လမ်းတစ်လျှောက် အားရပါးရမြင်တွေ့ရမှာပါ။ အက်ရှင်ကားကြမ်းကြမ်းကြိုက်သူတွေ၊ စစ်ဇာတ်လမ်းကြိုက်သူတွေ၊ ဒါရိုက်တာ Michael Bay ရဲ့လက်ရာတွေကြိုက်သူတွေအဖို့တော့ ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ Translated by : Pyi T Nyein Encoded by : YK Quality : 1080p blueray and 720p
movie

Pearl Harbor (2001)

2001
Wind River (2017) 8.0
Wind River (2017)  IMDb 8/10 rating ရထားတဲ့ ဒီဇာတ်လမ်းကောင်းလေးကိုညွှန်းရမယ် ဆိုရင်တော့ဖြင့် .....ကော်ရိုဟာ နှင်းတွေအမြဲဖုံးလွှမ်းနေတဲ့ အင်ဒီးယန်းရေခဲတောင်တွေပေါ်မယ် သားရဲမုဆိုးအဖြစ် အသက်မွေးနေသူတစ်ယောက်ဖြစ်ပါတယ်...တစ်နေ့မှာ သူခြင်္သေ့လိုက်ထွက်ရင်း နှင်းတောထဲမှာ မိန်းမပျိုလေးတစ်ဦးရဲ့အလောင်းကို တွေ့ရှိလိုက်ရပါတယ်...ဒီအမှုကိုစုံစမ်းဖို့အတွက် FBIက အတွေ့အကြုံမရှိတဲ့ စုံထောက်မလေး ဂျိမ်းကို စေလွှတ်လိုက်ပါတယ်...မနူးမနပ် ဆတ်ဆတ်ကြဲ ဂျိမ်းဟာ လူအင်အားကလည်းမလုံလောက် သူကလည်းအတွေ့အကြုံမရှိ အမှုကလည်းရှုပ်ထွေးလာနဲ့မကြံတတ် မစည်တတ်ဖြစ်လာရတဲ့အတွက် ကော်ရိုရဲ့အကူအညီကိုတောင်းခံပြီး အတူတကွ ဆက်လက်စုံစမ်းကြရတာပေါ့...ဒီလိုစုံစမ်းနေတဲ့အချိန်မှာပဲ ရေခဲတောင်ပေါ်မှာ နောက်ထပ်အလောင်းတစ်လောင်းကို ထပ်ပြီးတွေ့ရှိလိုက်ရတဲ့အခါမှာတော့ .........(ဒီဇာတ်လမ်းလေးကို အင်ဒီးယန်းနယ်မြေတွေမှာကြုံတွေ့ရလေ့ရှိတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတွေအပေါ် အခြေပြုရေးဖွဲ့ထားတယ်လို့ ဆိုပါတယ်...)ဇာတ်အိမ်ဖွဲ့ပုံသေသပ်လှတဲ့အတွက် တရားခံဘယ်သူဖြစ်နိုင်မလဲ....ကိုယ့်ကိုယ်ကိုသတ်သေလိုက်တာမဟုတ်ဘူးလား....စသဖြင့် ရင်တထိတ်ထိတ်နဲ့ စိတ်ဝင်တစားကြည့်ရှုရမှာပဲဖြစ်ပါတယ်....ရုပ်ရှင်တစ်ခုလုံးမှာလည်းနှင်းတွေရေခဲတောင် တွေနဲ့အမြဲဖုံးလွှမ်းနေတဲ့အတွက် ရုံတင်တုန်းက သွားကြည့်တဲ့သူတွေဆိုတော်တော်အေးမှာပဲ လို့တောင်တွေးမိလိုက်ပါသေးတယ်....ဒါကလည်းရသတစ်မျိုးပေါ့လေ..ပြန်ဆက်ရရင်ဖြင့် ဒီWind River လေးဟာဖြင့် တကယ်ကိုအမိုက်စားဇာတ်ကားလေးတစ်ကားဖြစ်တဲ့အတွက် Hollywood ပရိတ်သတ်အပေါင်းသူတော်ကောင်းတို့လက်လွတ်မခံသင့်ပါကြောင်း ညွှန်းဆိုလိုက်ရပါတယ်....  (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ မေသဇင်မြင့်ပါ)  File Size : (850 MB) and (400 MB) Quality : Blu-Ray ...
movie

Wind River (2017)

2017