Channel Myanmar

Ian Hart

Mary Queen of Scots (2018) 6.3
Mary Queen of Scots (2018) Mary Queen of Scots (2018)~ IMDb - 6.3/10, Rotten Tomatoes - 62% ~1500 ပြည့်နှစ်တွေက စကော့တလန်ဘုရင်မ မယ်ရီနဲ့ အင်္ဂလန်ဘုရင်မ အယ်လိဇဘက်တို့အကြောင်းကို ပြန်လည်ပုံဖော်ထားတဲ့ သမိုင်းကားကောင်းတစ်ကားပေါ့။ တိုင်းပြည်နှစ်ခုရဲ့ ကိုးကွယ်တဲ့ဘာသာ အယူအဆတွေ နိုင်ငံရေးရပ်တည်ချက်တွေ ကွဲပြားပုံနဲ့ နှစ်ဖက်ကောင်စီ၀င်၀န်ကြီးတွေရဲ့ နိုင်ငံရေးအရှုပ်အထွေးတွေကြားက ၀မ်းကွဲတော်စပ်တဲ့ ဘုရင်မ၂ဦးအကြောင်းကို ရိုက်ထားတာပါ။မယ်ရီက ကက်သလစ်ကိုးကွယ်သူဖြစ်ပြီး အယ်လိဇဘက်က ရိုမန်ကက်သလစ်ကိုးကွယ်သူဖြစ်ပါတယ်။ အဲဒီတုန်းက ဘာသာရေးကွဲလွဲချက်တွေပြင်းထန်တဲ့အတွက် ၂နိုင်ငံအမြင်မတူဘဲ စစ်ဖြစ်နိုင်တဲ့အခြေအနေပါ။ ဒါကို မယ်ရီက ၀မ်းကွဲအမ အယ်လိဇဘက်ဆီကနေ ဆက်ခံသူအဖြစ်တောင်းဆိုတဲ့အခါ ဒီအချက်က နိုင်ငံ၂ခုကြားက တင်းမာတဲ့အခြေအနေကို ပိုလှုံ့ဆော်လိုက်တာပါ။မယ်ရီက အသက်၁၅နှစ်မှာ ပြင်သစ်သားနဲ့ အိမ်ထောင်ကျခဲ့ပြီး မုဆိုးမအဖြစ်နဲ့ စကော့တလန်ကိုပြန်လာတာပါ။ အယ်လိဇဘက်က အိမ်ထောင်မရှိ ဆက်ခံသူမရှိတဲ့အတွက် မယ်ရီရဲ့ဖြစ်တည်မှုက အယ်လိဇဘက်ရဲ့အာဏာနဲ့ ထီးနန်းကို ခြိမ်းခြောက်နေခဲ့ပါတယ်။ သံတမန်တွေနဲ့ တွေ့ဆုံပြီး ...
movie

Mary Queen of Scots (2018)

2018
The Englishman Who Went Up a Hill But Came Down a Mountain (1995) 6.6
The Englishman Who Went Up a Hill But Came Down a Mountain (1995) ဒီတစ်ခေါက်မှာတော့ IMDB 6.6/10 ရရှိထားတဲ့ Comedy/Drama အမျိုးအစား ချစ်စဖွယ်ဟာသကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Comedy ဆိုလည်း comedy၊ Drama ဆိုလည်း drama ပိုင်နိုင်လှတဲ့ မင်းသားကြီး Hugh Grant (Notting Hill/ Two Weeks Notice)၊ အိုင်းရစ် မင်းသားကြီး Colm Meaney (Intermission/The Journey)နဲ့ မင်းသမီးကြီး Tara Fitzgerald (Sirens - 1994/ The Woman in White)တို့က အဓိကပါဝင် သရုပ်ဆောင်ထားကြပါတယ်။ဒါရိုက်တာ Christopher Mongerရဲ့ အဘိုးဖြစ်သူပြောပြတဲ့၊ တကယ်ရှိခဲ့တဲ့ရွာလေးရဲ့ ဖြစ်ရပ်မှန်အပေါ်အခြေခံထားတဲ့ ဒီဇာတ်လမ်းလေးဟာဆိုရင်တော့ သဘာဝကျတဲ့ ဟာသတွေ၊ သရုပ်ဆောင်မှုတွေနဲ့ တစ်ချက်တစ်ချက်မှ အရွှန်းထထဖောက်တာမို့ မထင်မှတ်တဲ့ ဟာသလေးတွေနဲ့ ရယ်မောစေမိမှာ အမှန်ပါပဲ။ဇာတ်လမ်းအကျဉ်း ၁၉၁၇ခုနှစ်၊ ပထမကမ္ဘာစစ်အတွင်းတုန်းက အင်္ဂလိပ်လူမျိုးနှစ်ယောက်ဖြစ်တဲ့ ဂျော့ချ်ဂါရတ်နဲ့ သူ့လက်ထောက် အန်ဆန်တို့နှစ်ယောက်ဟာ မြေပုံရေးဆွဲသူတွေအဖြစ်နဲ့ ဝယ်ရှ်လူမျိုးတွေရဲ့ရွာလေးကို ရောက်လာခဲ့ကြပါတယ်။ ရည်ရွယ်ချက်ကတော့ ရွာမှာရှိတဲ့ တစ်လုံးတည်းသော တောင်ဖြစ်တဲ့ ဖနွန်ဂါရူရဲ့ အမြင့်ကို တိုင်းတာပြီး တောင်တစ်လုံးအဖြစ် ဘုရင်ကြီးရဲ့မြေပုံမှာထည့်သွင်းဖို့ပါပဲ။ သူတို့ရဲ့စံချိန်စံညွှန်းတွေအရ ...
movie

The Englishman Who Went Up a Hill But Came Down a Mountain (1995)

Michael Collins(1996) 7.1
Michael Collins(1996) Michael Collins(1996)********************သမိုင်းကြောင်းကိုပြန်ရိုက်ကူးထားတဲ့ Biography-Warဇာတ်လမ်းကောင်လေးဖြစ်တာနဲ့အညီမင်းသားကြီး လီယံနယ်ဆန်ကလည်းပီပီပြင်ပြင်သရုပ်ဆောင်ထားပါတယ်။ဒီဇာတ်ကားဟာ အိုင်ယာလန်နိုင်ငံ လွတ်လပ်‌ရေးရအောင် ကြိုးပမ်းပေးခဲ့တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့Michael Collinsရဲ့ အကြောင်းကိုရိုက်ကူးထားတာပါ။ ဗြိတိသျှတို့ ကိုလိုနီလုပ်ပြီး နယ်ချဲ့အုပ်ချုပ်ခဲ့တဲ့နိုင်ငံတွေထဲမှာ အိုင်ယာလန်နိုင်ငံလည်းပါခဲ့ပြီး နှစ် ၇၀၀ကျော် အုပ်စိုးခံခဲ့ရပါသတဲ့။Michael Collinsရဲ့ထူးခြားတဲ့အချက်ကတော့ ဗြိတိသျှတွေစစ်ပြေငြိမ်းရေးကမ်းလှမ်းချိန်အထိMichael Collinsဟာဘယ်သူလဲဆိုတာမသိအောင် သိုသိုဝှက်ဝှက်နေသွားနိုင်တဲ့ ထူခြားတဲ့အတွေးအခေါ်ရှိတာပါပဲ။သိုသိုဝှက်ဝှက်နေတယ်ဆိုလို့ပုန်းနေတာမဟုတ်ဘူးဗျ။ ဆုကြေးထုတ်ထားတဲ့ကြားကနေDublinမြို့ပေါ်မှာ ဝတ်စုံပြည့်ဝတ် စက်ဘီးကိုမှင်သေသေစီးပြီး ဗြိတိသျှတွေမျက်စိအောက်တင်ရှိနေခဲ့တာပါ။သူ့ရဲ့တော်လှန်ရေးလမ်းစဥ်အတွင်း ပျောက်ကျားစစ်ကိုစတင်နိုင်ခဲ့သလို အိုင်ယာလန်ကိုလည်းလွတ်လပ်တဲ့ပြည်နယ်အဖြစ်ဖော်ဆောင်ပြီး ငြိမ်းချမ်းရေးရယူနိုင်ပေးခဲ့သူပါ။ နိုင်ငံရေးဆိုတာထင်သလောက်မရိုးရှင်းမလွယ်ကူသလို ပေးဆပ်ရတဲ့အရင်းအနှီးကလည်းကြီးမားကြောင်းပြသထားတဲ့ဇာတ်ကားကောင်းလေးပါပဲ။ File Size :(2.6GB) and (1.1GB) Quality : Blu-Ray 1080p,720p Format…mp4 Duration…02:13:00 Genre : Biography, Thriller , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Themes Encoded by Phyo Pyae
movie

Michael Collins(1996)

Marlowe (2022)
Marlowe (2022) Marlowe (2022)ဒီကားက Philip Marlowe ဆိုတဲ့ စုံထောက်ကြီးအကြောင်းကို ရိုက်ထားတာပါ။ သူကလည်း ရှားလော့ဟုမ်းတို့ ပယ်ရီမေဆင်တို့လောက် နာမည်မကြီးတာပဲရှိတယ် နှယ်နှယ်ရရတော့မဟုတ်တဲ့ ပုဂ္ဂိုလ်ပေါ့။ ရေမွန်ချန်ဒလာဆိုတဲ့ စာရေးဆရာကြီးက ၁၉၃၀ကျော်ကတည်းက စအသက်သွင်းခဲ့ပြီး ဝတ္တုရှည်၇အုပ်နဲ့ ဝတ္တုတိုအများအပြားထွက်ခဲ့သလို နောက်ပိုင်းတခြားစာရေးဆရာတွေကလည်း ဒီဇာတ်ကောင်ကိုသုံးပြီး အများကြီးပြန်ရေးခဲ့ကြတယ်။ ဒီစာအုပ်တွေကို ဇာတ်ကားအဖြစ်လည်း ၁၃ခါပြန်ရိုက်ခဲ့သလို နောက်ဆုံးထွက်ထားတဲ့ ဇာတ်ကားက 1978 တုန်းက The Big Sleep ပါ။ ဆိုတော့ ၄၄နှစ်ကြာပြီးမှ Marlowe ဇာတ်ကောင်ကို ထပ်အသက်သွင်းတဲ့ရုပ်ရှင်ဆို‌တော့ ထူးထူးခြားခြားပေါ့။ခုကားကတော့ 2014 ခုနှစ်ထွက် The Black-Eyed Blonde ဝတ္ထုကို ရုပ်ရှင်အဖြစ် အသက်သွင်းထားတာပါ။ 40s ခုနှစ်တွေကို အခြေပြုထားတဲ့ ဂန္ထဝင်စတိုင် စုံထောက်ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ မင်းသားကတော့ Taken မင်းသားကြီး လီယံနီဆန်ပါပဲ။ မင်းသမီးတွေကတော့ Big Fish တို့၊ ...
movie

Marlowe (2022)

2022
Breakfast on Pluto (2005) 7.2
Breakfast on Pluto (2005) Breakfast on Pluto (2005)ပီကီဘလိုင်းဒါမှာ စပယ်ရှယ်ကြမ်းတဲ့ ကျွန်တော်တို့အားလုံးရဲ့အချစ်တော် တွမ်မီ ဖာ့ခ်ကင်း ရှယ်လ်ဘီ ကြီးကို ဒီလိုပုံစံနဲ့မြင်တွေ့လိုက်ရလို့ အားလုံးပဲ ပါးစပ်အဟောင်းသားဖြစ်သွားကြမယ်ထင်ပါတယ်။အစကတော့ သူ့လိုလူနဲ့ ဒီလိုဇာတ်ကောင်ဘယ်လိုမှမလိုက်ဖက်မှာ မဟုတ်ဘူးလို့ ထင်ခဲ့ပေမယ့် တကယ်တမ်းကြည့်ပြီးချိန်မှာတော့ သိပ်ကိုနွဲ့ပြီးလှပတဲ့ 'ကစ်တန်' ဆိုတဲ့ သူ့ရဲ့ မိန်းမလျာဇာတ်ရုပ်ကို ချစ်မိသွားတဲ့အထိ သရုပ်ဆောင်ပီပြင်တဲ့ Cillian Murphy ရဲ့အနုပညာစွမ်းရည်ကတော့ သြချလောက်စရာပါပဲ။ဇာတ်လမ်းအကျဥ်းပြောရရင်တော့ သူ့ကိုယ်သူ ကစ်တန်လို့ နာမည်ပေးထားတဲ့ ပတ်ထရစ် ဆိုတဲ့ကောင်လေးဟာ မွေးကင်းစအရွယ်မှာတင် စွန့်ပစ်ခြင်းခံခဲ့ရပြီး အဖေ အမေ ဘယ်သူမှန်း သိခွင့်မရခဲ့သူလေးပါ။မွေးစားမိသားစုနဲ့အတူ ကြီးပြင်းလာတဲ့ ပတ်ထရစ်ဟာ ငယ်ငယ်ကတည်းက ဂါဝန်တွေ မိန်းကလေးအသုံးဆောင်တွေကိုပဲ သဘောကျခဲ့ပြီး သူ့ကိုယ်သူ ဘာဆိုတာ သိခဲ့ပေမယ့် ပတ်ဝန်းကျင်နဲ့ မွေးစားမိသားစုရဲ့ ဟန့်တားမှုကြောင့် ပေါ်ပေါ်ထင်ထင် နေချင်တိုင်းနေလို့ မရခဲ့ပေမယ့် အရွယ်ရောက်လာတဲ့အခါမှာတော့ သူ့လိင်ခံယူချက်အတိုင်း ပေါ်တင်ပဲနေထိုင်ပါတော့တယ်။ဒါပေမဲ့ မိန်းမလျာတွေကို လုံးဝလက်သင့်မခံတဲ့ သူ့အသိုင်းအဝိုင်းကြောင့် တစ်နေ့မှာတော့ အိမ်ပေါ်ဆင်းပြီး သူ့အမေအရင်းရှိတယ်ဆိုတဲ့ လန်ဒန်မြို့ကြီးကို ရှာတော်ပုံတော်ခရီးစဥ် ထွက်လာတဲ့အကြောင်းပဲ ဖြစ်ပါတယ်။ နောက်ဆုံးမှာ ပတ်ထရစ် (ခ) ကစ်တန်တစ်ယောက် ...
movie

Breakfast on Pluto (2005)

2005
Robinson Crusoe (1997) 6
Robinson Crusoe (1997) Robinson Crusoe (1997) ဝတ္ထုတစ်ပုဒ်က စာဖတ်သူတွေ နှစ်ထောင်းအားရ ကြိုက်နှစ်သက်ကြလို့ နာမည်ကျော်လာတာမဟုတ်ဘဲ ဝေဖန်ရေးဆရာတွေ ပျစ်ပျစ်နှစ်နှစ်ဝေဖန်ခံရပြီး လူသိများလာတာမျိုး၊ အချိန်ကာလကို ကြံ့ကြံ့ခံလို့ ကြာရှည်ထင်ပေါ်နေတာမျိုး လူတို့လောကမှာ ကြုံရဆုံရ ခဏခဏပေါ့ဗျာ။ စိုင်ကော်လို့ ခြုံပေါ်ရောက်ပေမဲ့ ဆူးခြုံဖြစ်နေတာမျိုး၊ အကျနာတာမျိုးဆိုတော့လည်း စပ်ဖျင်းဖျင်းတော့ နိုင်သပေါ့လေ။ဒယ်နီယယ် ဒီဖိုး ရဲ့ လူသိများလှတဲ့စာအုပ်၊ ရော်ဘင်ဆင် ကရူးဆိုး ရယ်လို့ လူတကာနီးပါးသိတဲ့ ဇာတ်ကောင်၊ ကိုသောကြာခေါ် ဖရိုက်ဒေး ဆိုတဲ့ အရိုင်းအစိုင်း လူမည်းအမျိုးသား၊ ဒါတွေကို လူကြီးမင်းတို့လည်း ဘဝတကွေ့မှာ ဖျတ်ခနဲ ကြုံရင် ကြုံဖူးမှာပေါ့။ ဝေဖန်ရေးဆရာတွေက ဇာတ်ကွက်မပြည့်စုံမှု၊ စိတ်ကူးယဉ်ဆန်မှု၊ အပျော်သဘော စားပွဲပေါ်က စိတ်ကူးမိသမျှ စာရွက်ပေါ်ချရေးထားပါတယ်လို့ အပစ်ရဆုံးတိုင် အကဲဖြတ်ခံရချိန်မှာ တဖက်မှာလည်း ကြိုက်နှစ်သက်လို့ ကာကွယ်ပြောဆိုကြရင်း တစ်ခေတ်မှာ တစ်ပွဲတော့ ပွဲကောင်းကြုံခဲ့ရတာပဲ။ဒီကြားထဲ ဒီဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်အသက်သွင်းတဲ့အခါမှာ မျိုးစုံ ...
movie

Robinson Crusoe (1997)

1997
Harry Potter and The Philosopher’s Stone (2001) The Sorcerer’s Stone 7.6
Harry Potter and The Philosopher’s Stone (2001) The Sorcerer’s Stone Harry Potter (2001-2011)Platform 9¾ ကနေ ပြန်လည် ကြိုဆိုပါတယ်။ Hogwarts ရထားကြီးနဲ့ wizarding world ကို အလည်တစ်ခေါက် ထပ်သွားပြီး Chapter တစ်ခုချင်းစီကို အစဉ်လိုက် ပြန်အလွမ်းသည်ကြမယ်ဗျာ ...ခင်ဗျားက muggle မဟုတ်ရင်တော့ အသက်ရှင်ကျန်ခဲ့သူ ကောင်လေးအကြောင်း ကြားဖူးပြီးသားဖြစ်မှာပါ ... သူ့နာမည်က Harry Potter တဲ့ .. ထင်ရှားတဲ့အမှတ်အသားဆို နဖူးမှာ အမာရွတ်လေးနဲ့ မှန်ကြောင်ကောင်လေးတစ်ယောက်ပါပေါ့ ။ဒီ အမာရွတ်လေး ရခဲ့တဲ့ ညကနေ စလို့ သူဟာ သူကိုယ်တိုင် မသိပါဘဲ မှော်လောကမှာ ကျော်ကြားလာခဲ့တယ်... မနာခံသူ မှန်သမျှ အရှင်မထားတတ်တဲ့ မှော်ဆရာကြီး တစ်ယောက်ရဲ့ လက်က လွတ်မြောက်ခဲ့သူအဖြစ်ပေါ့... မှော်ဆရာကြီးက ဘယ်သူလဲတော့ လာမမေးပါနဲ့ ... ကျွန်တော်တို့ သူ့နာမည်ကို ထုတ်မပြောကြဘူး ...သိုပေမဲ့ Harry Potter ဆိုတဲ့ မှော်ဆရာလေးကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ရဲစွမ်းသတ္တိအပြည့်မွေးပြီး ရွန်၊ ဟာမွိုင်နီဆိုတဲ့ သူငယ်ချင်း ၂ ...
movie

Harry Potter and The Philosopher’s Stone (2001) The Sorcerer’s Stone

2001
4K HEVC
Harry Potter 20th Anniversary: Return to Hogwarts (2022) 8.6
Harry Potter 20th Anniversary: Return to Hogwarts (2022) Harry Potter 20th Anniversary: Return to Hogwarts (2022)=========================================IMDb Rating - 8.6/10၂၀၂၂ ရဲ့ အစ ဦးဦးဖျားဖျားလေး ထွက်ရှိလာတာကတော့ . . . ဟယ်ရီပေါ်တာ နှစ် နှစ်ဆယ်ပြည့်အထိမ်းအမှတ် တွေ့ဆုံပွဲလေးပါပဲ။ ဇာတ်ဆောင်တွေ အားလုံးရဲ့ အမှတ်တရတွေ အတွေ့အကြုံတွေနဲ့ behind the scene တွေကို ဝေဝေဆာဆာတွေ့ရမှာပါ။ ရုပ်ရှင်တစ်ကားချင်းစီ ဖြစ်လာပုံတွေ နောက်ခံတွေကို တွေ့ရမယ်။ ပရိသတ်တွေ နဲ့ သရုပ်ဆောင်တွေအပေါ် ဟယ်ရီပေါ်တာက ပေးခဲ့တဲ့ ခံစား ချက်တွေကို မြင်ရမှာပါ။ အမှောင်ဆုံးအချိန်မှာတောင် ပျော်ရွှင်မှုကိုတွေ့နိုင်မှာပါ အလင်း လေးကို ဖွင့်ဖို့ သတိရခဲ့ရင်ပေါ့ဆိုတဲ့ အမှတ်တရစကားတွေ၊ ဒီလောက်အချိန်ကြာပြီးတာ တောင်မှပဲလား - အမြဲတမ်းပဲ ဆိုတဲ့ စကားတွေနဲ့ တစ်ကမ္ဘာလုံးကို ဖမ်းစားခဲ့တဲ့ ရုပ်ရှင်တွေရဲ့ အမှတ်တရနဲ့ အတူကြီးပြင်းလာတဲ့ သရုပ်ဆောင်လေးတွေနဲ့ အတူ ဟယ်ရီပေါ်တာရုပ်ရှင်တွေကို ပြန်သတိရကြည်ဖို့ ဒါလေးကို ကြည့်လိုက်ပါဦး။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Mr.Anderson ...
movie

Harry Potter 20th Anniversary: Return to Hogwarts (2022)

2022
Finding Neverland(2004) 7.7
Finding Neverland(2004) Finding Neverland(2004)IMDb...7.7,,,,Rotten...88%(အတော်ကြီးလန်းတဲ့ကားမို့ Blu-Ray 1080p 5.1 CH, Blu-Ray 720p တို့ဖြင့်တင်ဆက်ပေးထားပါသည်...)ဒီတစ်ခေါက်မှာတော့ ကားကောင်းကားဟောင်းတစ်ခုဖြစ်တဲ့ Johnny Depp နဲ့ Kate Winslet တို့ရဲ့Finding Neverland ဆိုတဲ့ ဇာတ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Finding Neverlandဟာ ပြဇာတ်ရေးဆရာ J.M Barrie (Johnny Depp) နှင့် Peter Pan ဆိုတဲ့ဇာတ်ကောင်ကို ဖန်တီးဖြစ်စေခဲ့တဲ့ မိသားစုတစ်ခုကြားက ဆက်နွယ်မှုကို ရိုက်ကူး‌ပုံဖော်ထားတာဖြစ်ပြီးဆုပေါင်းများစွာ Oscar Nomination ဝင်ခဲ့တဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားဟာသာမာန်ကြည့်နေကြ စိတ်အပန်းဖြေစရာ မိသားစုအပျော်ကြည့် ဇာတ်ကားတစ်ကားတော့မဟုတ်ပါဘူး။ .ရိုးရှင်းသလိုနဲ့ ရှုပ်ထွေးလှတဲ့ မေတ္တာတရားတွေ ဒီဇာတ်လမ်းထဲပါဝင်ပါတယ်။ Neverland ဘယ်မှာရှိတယ်ဆိုတာကို ရှာဖွေတဲ့ဇာတ်ကားလည်းမဟုတ်ပြန်ပါဘူး။ တစ်နေရာမှာ သေချာပေါက်ရှိနေပြီး ပျောက်ဆုံးနေတယ်လို့ တွေးမိနေတဲ့ပျော်ရွှင်မှုအစစ်အမှန်ကို ကျွန်တော်တို့လို သာမာန်လူတစ်ယောက်က ရှာဖွေတွေ့ရှိသွားတဲ့အကြောင်းပါပဲ။ကျွန်တော်တို့တတွေလည်း ယနေ့အထိ ပျော်ရွှင်မှုအစစ်အမှန်ကို ရှာဖွေနေရဆဲပဲမဟုတ်လား။ဇာတ်လမ်းအကျဉ်းကတော့... ပျင်းရိဖွယ်ပြဇာတ်တွေကိုသာ ဖန်တီး‌မိနေတဲ့ ...
movie

Finding Neverland(2004)

Enemy of the State (1998) 7.3
Enemy of the State (1998) Enemy of the State (1998) IMDb - 7.3/10_____Rotten - 72%      ဒန်နီယယ်ဇာဗစ်ဟာ အစိုးရရဲ့ထောက်ပံ့ကြေး နဲ့ ကနေဒါငန်း တွေကိုလေ့လာနေသူတစ်ဦးပါ ။ တစ်နေ့ N.S.A အရာရှိတစ်ဦး က လွှတ်တော်ဥက္ကဋ္ဌကို ဥပဒေမူကြမ်းတစ်ခု နဲ့ ပတ်သက်ပြီး လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ် အဲဒါကို ဒန်နီ ရဲ့ မှတ်တမ်းတင်ကင်မရာ ကမှတ်တမ်းတင်မိသွားခဲ့တယ်။ N.S.Aကလည်းဒါကိုသိပြီး ဒန်နီယယ် နောက်ကိုလိုက်ပါတော့တယ် ။ ဒင်း ( willsmith) ဟာမိသားစုကို ချစ်ပြီး ဂိုဏ်းတွေနဲ့ ပြသနာတက်နေတဲ့ အလုပ်သမားရှေ့နေ တစ်ဦးပါ ။ ခရစ္စမတ် အတွက်ဈေးဝယ်ထွက်ရင်း ဆိုင်တစ်ခုမှာ ဒန်နီယယ် နဲ့ ဆုံမီကြရာ ကနေ သူ့ဇာတ်လမ်းထဲပါလာခဲ့တယ် ။ ဒန်နီယယ် အသတ်ခံရပြီး တိပ်ခွေကြောင့် N.S.A တွေ ဒင်း နောက်ကိုလိုက်ကြရမှာတော့ နောက်ဆုံး အသတ်ခံရမလား လွတ်မြောက်အောင် ကြိုးစားနိုင်မလား ဆိုတာတော့....... မလွတ်တန်းကြည့်မယ့်အက်ရှင်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။   (ဘာသာပြန်သူကတော့ စည်သူထက် ပါ)   ======================= ဒန္နီယယ္ဇာဗစ္ဟာ အစိုးရရဲ႕ေထာက္ပံ့ေၾကး ...
movie

Enemy of the State (1998)

1998
Escape from Pretoria (2020) 6.1
Escape from Pretoria (2020) ဒီဇာတ်ကားလေးဟာ ဟယ်ရီပေါ်တာမင်းသား Daniel Radcliffe ပါဝင်ထားတဲ့ထောင်ဖောက်ဇာတ်လမ်းလေးဖြစ်ပါတယ်တောင်အာဖရိကမှာ လူမျိုးရေးခွဲခြားမှုတွေကြောင့်တော်လှန်ရေးတွေဖြစ်ပေါ်နေတဲ့အချိန်အခါမှာ ပါဝင်လှုပ်ရှားခဲ့တဲ့လူနှစ်ယောက်ကို ထောင်ဒဏ်အသီးသီးပြစ်ဒဏ်ချမှတ်လိုက်ပါတယ်သူတို့နှစ်ယောက်ထောင်ထဲရောက်တဲ့အချိန်မှာနိုင်ငံရေးနဲ့အချုပ်ကျတဲ့လူတွေကိုစည်းရုံးပြီးထွက်ပြေးဖို့အကြံအစည်ကို အကောင်အထည်ဖော်ခဲ့ကြတယ်ဘက်စုံထောင့်စုံကစောင့်ကြည့်နေပြီးသံတံခါးအထပ်ထပ်နဲ့ထောင်ကနေ သစ်သားနဲ့သော့တူလုပ်ပြီးထွက်ပြေးဖို့ ကြိုးစားကြတဲ့ဒီဇာတ်လမ်းကတော့စိတ်ကူးယဥ်ဝတ္ထုမျိုးမဟုတ်ဘဲ ဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးထားတာမို့လို့အားလုံးကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်File Size : (992 MB , 362 MB ) Quality : WEB-DL 720p Running Time : 1 hr 46 min Format : Mp4 Genre : Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Htoo Htoo Ka Joe Encoded by Moe Myint Lwin zawgyiဒီဇာတ်ကားလေးဟာ ဟယ်ရီပေါ်တာမင်းသား ...
movie


[18+] Killing Me Softly (2002) 5.5
[18+] Killing Me Softly (2002)   Killing Me Softly Movie (2002)  Alice လို မိန်းမလှလေးအနေနဲ့ ဒီလိုလူတစ်ယောက်နဲ့ပဲ အတူနေပြီး ဘဝကိုအတူနေထိုင် ချစ်တင်းနှီးနှော နောက်နေ့အလုပ်သွား အဲလိုမျို းနဲ့ ဘဝဟာ အဓိပ္ပါယ်ရှိလောက်ပြီလို့ ရည်ရွယ်ရင်းရှိပုံပါ။ လက်ရှိအတူနေရည်းစားက ခပ်အေးအေး လိင်မှု ကိစ္စမှာလည်း သမားရိုးကျဆိုတာထက် အလုပ်တစ်ခုလို အိပ်ယာပေါ်တက်ချိန်လောက်ပဲ ချစ်ဗျူ ဟာခင်း အိပ်မောကျမယ်။နောက်နေ့သူလိုအလုပ်သွားမယ်။ဆိုရရင်စာအုပ်ကြီးသမားပုံစံပေါ့။Alice လိုချင်တဲ့ယောကျ်ားသားမျို းက မရိုးနိုင်တဲ့ ချစ်တင်းနှီးနှောဖလှယ်မှုတွေနဲ့ စိတ်လှုပ်ရှားမှု အပြည့်ပေးစွမ်းနိုင်တဲ့ သူမစိတ်ခန္ဓာတစ်ခုလုံး သိမ်းကျုံ းမျောပါးသွားစေလောက်တဲ့အထိ ဆွဲဆောင်မှု အတတ်ပညာပြည့်ဝတဲ့ ယောကျ်ားသားတစ်ယောက်ကို စိတ်ကူးယဉ်တမ်းတနေသလားတော့မသိဘူး။လက်ရှိနေထိုင်မှု အပေါ်ကိုတော့ ငြီးငွေ့စပြုနေတာ သေချာပါတယ်။ပြောလို့သာပြောရတာ အထက်ကဆိုခဲ့တဲ့ ချစ်ဗျူ ဟာခင်းတာလည်းကျွမ်းကျင် ရုပ်ရည်ကလည်းဆွဲဆောင်မှုအပြည့် ယောကျ်ားပီသလှတဲ့ ပုရိသမျို းဆိုတာကလည်း ခပ်ပေါပေါအချစ်ဖန်စီစာအုပ်တွေနဲ့အပြာစာအုပ်တွေထဲလောက်ပဲတွေ့နိုင်တာမဟုတ်လား။ဒါပေမယ့် Aliceမှာ မထင်မှတ်ဘဲ စိတ်လှုပ်ရှားမှု အပြည့်တွေနဲ့ပဉ္စလက်ဆန်လှတဲ့ဘဝနေထိုင်မှုတွေရှိနေတဲ့ Adam ဆိုတဲ့ ယောကျ်ားပျို တစ်ယောက်နဲ့ ဆုံဆည်းဖို့ကံကြုံ ...
movie

[18+] Killing Me Softly (2002)

2002
God’s Own Country (2017) 7.7
God’s Own Country (2017) Gods Own Country ဇာတ်​ကား​လေးဟာ ၂၀၁၇ခုနှစ်​ထွက်​ ဗြိတိန်​ BL ဒရာမာကားတစ်​ကားဖြစ်​ပြီး Sundance Film Festival မှာ world cinema directing ဆုရရှိထားပါတယ်​Imdb rating 7.7/10 နဲ့ rotten tomatoes 99 % ရရှိထားပါတယ်​....ပါဝင်​သရုပ်​​ဆောင်​ထားသူ​တွေက​တော့Josh O'Connor .....Alec Secareanu....Ian Hart စတဲ့သူ​တွေဖြစ်​ပါတယ်​ဇာတ်​လမ်းအကျဉ်းက​တော့အသက်​အရွယ်​ကြီး​နေပြီဖြစ်​တဲ့အဘွားဖြစ်​သူ ​လေဖြတ်​​နေတဲ့ဖခင်​တို့နဲ့အတူ​နေထိုင်​တဲ့Johnnyဟာ အိမ်​စီးပွား​ရေးဖြစ်​တဲ့ ​မွေးမြူ​ရေးခြံကို တစ်​​ယောက်​တည်းကိုင်​တွယ်​လုပ်​ကိုင်​​နေသူပါ....​နောက်​ပိုင်းအလုပ်​​တွေမနိုင်​တာ​ကြောင့်​ ရို​မေနီးယားမှ ​ရွှေ့​ပြောင်းလုပ်​သား Gheorghe ကို အကူအညီရရန်​အလုပ်​ခန့့်​လိုက်​ပါ​တော့တယ်​....သူတို့နှစ်​​ယောက်​ကြားက ပြဿနာ​တွေ.....အချစ်​​တွေ....အခက်​အခဲ​တွေ စတဲ့ရသအစုံအလင်​အပြင်​ အသည်းကွဲရတာများတဲ့ BL ချစ်​ပရိသတ်​​တွေ ဒီကားမှာ​ရော ​ပျော်​ရွှင်​ရမလားဆိုတာ ဇာတ်​သိမ်းထိ ​စောင့်​ကြည့်​​ပေးပါဦး File Size : (850 MB) and (350 MB) Quality : Blu-Ray 720p Running Time : 1hr ...
movie

God’s Own Country (2017)

2017