Channel Myanmar

Igor Khripunov

Road to Berlin (2015) 6.5
Road to Berlin (2015) Genre – Drama, War IMDB – 6.5/10 ဒုတိယကမ္ဘာစစ်နောက်ခံ ရုရှား Red Army ဖက်က အမြင်နဲ့တင်ဆက်ထားတဲ့ စစ်ဒရမ်မာကားလေး ဖြစ်ပါတယ်။အိုဂါကော့ဗ်ဆိုတဲ့ ဆက်သွယ်ရေးအရာရှိလေးက တပ်တွေကိုတစ်တပ်ပြီး တစ်တပ် မြင်းလေးနဲ့ ဆက်သွယ်ပေးနေရတဲ့စစ်သားလေးပေါ့။ တစ်နေရာကျ ဂျာမန်တင့်ကားတွေနဲ့ တွေ့ပြီးအခြေအနေမလှလို့ ပြန်ဆုတ်ခွာလာရပါတယ်။ အဲဒီမှာ အဆက်အသွယ်ပြတ်တောက်လို့ ရုရှားခံစစ်တွေတော်တော်များများ ချိုးဖောက်ခံရတာက သူ့အပြစ်တွေများတယ်ဆိုပြီးစစ်ခုံရုံးမှာ ထွက်ပြေးမှု တာဝန်မကျေပွန်မှု စသဖြင့်တွေနဲ့ သေနတ်နဲ့ပစ်သတ်ဖို့ သေဒဏ်ချမှတ်လိုက်ပါတယ်။ အဲဒီမှာ သူ့ကို ပစ်သတ်ဖို့စောင့်ကြပ်ဖို့ တာဝန်ကျတာက ရဲဘော် ဇူရာဘိဖ်ဆိုတဲ့ အမိန့်ပဲသိပြီးစကားနည်းတဲ့တစ်ယောက်။ အဲဒီအချိန်မှာပဲ ဂျာမန်တပ်တွေ ရုတ်တရက်ဝင်တိုက်လို့ နှစ်ယောက်သားထွက်ပြေးလာခဲ့ပြီး အမိန့်တာဝန်ကျေပွန်ချင်လို့ ဌာနချုပ်ထိ ရောက်မှ ပစ်သတ်မယ်ဆိုပြီး ခရီးထွက်လာခဲ့တဲ့ အခါမှတော့…..။ရဲဘော်ရဲဘက်နှစ်ဦးရဲ့ တိုက်ပွဲတွေကြား စွန့်စားခန်းတွေထွက်ပြီးညီအစ်ကို သံယောဇဉ်တွယ်ကြပုံတွေကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။တစ်ခုတောင်းဆိုချင်တာကတော့ ရထားတဲ့စာဖိုင်ရဲ့ မပြည့်စုံမှုကြောင့်အဆင်ပြေအောင် ကြိုးစားပြန်ထားတာကို နားလည်ပေးစေချင်ပါတယ်ဗျ။ File size…1.86GB / 957MB Quality…Blu-Ray  ...
movie

Road to Berlin (2015)

Mira (2022) 5.8
Mira (2022) Mira (2023)ရုရှား သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်အသစ်ကိုတင်ပေးထားပါတယ်။ ဇာတ်လမ်းရော ရုပ်ရှင်ဆက်တင်တွေရောအတော်ကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်းမှာတော့ လေကြောင်းအင်ဂျင်နီယာအာရာဘော့ဗ်ဟာ အာကာသစခန်းတစ်ခုမှာ တာဝန်ထမ်းဆောင်နေပါတယ်။ သူ့မှာ ဗာလဲရာဆိုတဲ့ သမီးလေးတစ်ယောက် ကမ္ဘာပေါ်မှာ ကျန်ခဲ့တာပေါ့။ အာကာသစခန်းဟာ ကမ္ဘာရဲ့ဘေးကနေ ရှားရှားပါးပါး ဧရာမဥက္ကာခဲကြီးတစ်ခုဖြတ်သွားတာကို စောင့်ကြည့်နေတာပါ။ တွက်ချက်မှုတွေအရ ကမ္ဘာပေါ်ကို ဥက္ကာခဲအပိုင်းအစတွေ ကျနိုင်ချေ မရှိသလောက်နည်းတာမို့ ကမ္ဘာပေါ်ကလူတွေကလည်း ဓာတ်ပုံတွေရိုက်ဖို့ ကြည့်ဖို့ စောင့်နေကြပါပြီ။ ဒါပေမဲ့ ထုံးစံအတိုင်း ဥက္ကာအပိုင်းအစတွေ ကမ္ဘာပေါ်ကျကိုကျလာတာပါပဲ။ ကမ္ဘာပေါ်တင်မက ဥက္ကာအပိုင်းအစတွေက အာကာသစခန်းကိုလည်း လာထိမှန်တာမို့ စခန်းလည်းပျက်စီးသွားခဲ့ပြီးအာရာဘော့ဗ်တစ်ယောက်ပဲ အသက်ရှင်ခဲ့ပါတယ်။ သူ့သမီး ဗာလဲရာ ရှိတဲ့မြို့လည်းပျက်စီးသွားပြီး အပျက်အစီးတွေကြားမှာပိတ်မိနေတဲ့ သူ့သမီးကို အာကာသစခန်းက နောက်ဆုံးလက်ကျန်စွမ်းအင်လေးနဲ့ ဘယ်လိုကယ်တင်မလဲဆိုတာ ကြည့်ရမှာပါ။ Survival ရုပ်ရှင်အမျိုးအစားမို့ လက်နက်ဆန်းတွေ ဂြိုလ်သားတွေမပါဘဲ ကပ်ဘေးကြီးထဲမှာ အသက်ရှင်ဖို့ ကြိုးစားရတာတွေကိုပဲ မြင်တွေ့ရမှာဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Adventure, Drama, Sci-fi Quality…. 1080p | 720p | 480p File size… 1.8Gb | 976MB ...
movie

Mira (2022)

2022
Ghouls (2017) 5.4
Ghouls (2017) Ghouls (2017) ===========ဇာတ်လမ်းလေးက ရိုးမလိုနဲ့ဆန်းပြီး Horror/Drama ဘက်ကို ကူးသွားတာမို့ အသစ်အဆန်းသဘောတွေ့တဲ့သူအတွက် အကြိုက် တွေ့မယ့်ကားလေးဖြစ်နိုင်ပါတယ်။မာရှာဆိုတဲ့ကောင်မလေးကတော့ ပြင်သစ်အဆင်လေး ဂေဘရီရယ်နဲ့ တွေ့ရဖို့ ဆန္ဒတွေစောနေခဲ့ပါတယ်။ မာရှာရဲ့အတန်းဖော် ပိုလီနာက တော့ သူတို့အတွဲတွေ့ဖြစ်အောင် စီစဉ်ပေးရတဲ့ Third Wheel လေး ပေါ့။ ဒါပေမဲ့ ပိုလီနာတစ်ယောက်တည်းဖြစ်မှာစိုးလို့ ဂေဘရီရယ်က ရှန်းဆိုတဲ့တရုတ်တစ်ယောက်ကိုလည်း ခေါ်လာပေးခဲ့ပါတယ်။ အဲ့ဒါနဲ့ လေးယောက်ပေါင်းလောင်းကျော်ပြီး အရမ်းလှပြီးနာမည်ကြီးတဲ့ ရေကန် နားမှာ ပျော်ပွဲစားထွက်လာခဲ့ကြပါတယ်။ အဲ့ဒီရေကန်ရဲ့ မလှမ်းမကမ်းမှာ ရွာလေးတစ်ရွာရှိပြီး နုန်းမြေကြီးလည်းရှိပါတယ်။သူတို့လုံးဝမသိသေးတဲ့အချက်က အဲ့ဒီရွာလေးမှာ ဘယ်သူမှမရှိဘဲ ပက်ခ်ဟို တို့သားအမိနှစ်ယောက်ပဲ ရှိနေတာပါ။ အဲ့ဒါအပြင် ရေကန်နားကနုန်းမြေကြီး ကလည်း လူစားတယ်လို့ နာမည်ကြီးနေပြီး နှစ်ပေါင်းများစွာငြိမ်သက်နေတဲ့ ဒဏ္ဍာရီက ပိုလီနာတို့လေးယောက်ကြောင့် အသက်ဝင်လာတဲ့အခါ... ဘာတွေ ဆက်ဖြစ်မလဲဆိုတာတော့ ဆက်ကြည့်လိုက်ပါတော့နော်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)File Size..........(1.56 GB) / (680 MB) / (391 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 30mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, ...
movie

Ghouls (2017)

2017
The Ice Demon (2022)
The Ice Demon (2022) The Ice Demon (2022) စိတ်ရောဂါအကြောင်း၊ စိတ်ရောဂါနဲ့ပတ်သက်လို့ ပြောကြတဲ့အခါ စိတ်ရောဂါမျိုးစုံလည်းရှိတဲ့အပြင် အဲဒီ့စိတ်ရောဂါဖြစ်စေနိုင်တဲ့ အကြောင်းအရာမျိုးစုံကလည်းစုံလင်လှသဗျာ၊ စိတ်ရောဂါဆိုတာလည်း စိတ်ဒဏ်ရာခဏခဏရတာမျိုးတွေကနေဖြစ်‌တတ်တော့ စိတ်ရောဂါနဲ့စိတ်ဒဏ်ရာဟာ အညမညသဘောနဲ့ အတူတွဲနေတတ်တယ်ဗျ။အိမ်ရာတစ်ခုထူထောင်ကြပြီဆိုရင် အိမ်ထောင်ဦးစီးဆိုတဲ့ အမျိုးသားဖြစ်သူက ဒီစိတ်ပိုင်းဆိုင်ရာကိစ္စကို သိပ်ပြီးဂရုစိုက်ရတယ် သားသမီးမွေးတဲ့အခါပိုဆိုးတယ်၊ ကိုယ့်သားသမီး ကိုယ့်ရဲ့လက်တွဲဖော်သူတို့တွေစိတ်ဒဏ်ရာမရအောင် သူတို့တွေအပေါ်မှာ မရက်စက်မိအောင်ဒါတွေက သိပ်ကိုအရေးကြီးတယ်။ဒီဇာတ်လမ်းကတော့ အိမ်ထောင်ဦးစီးမပီသတဲ့ယောက်ျားတစ်ယောက်နဲ့ သူ့အမျိုးသမီးရဲ့ စိတ်ဒဏ်ရာ သူ့သမီးလေးနေထိုင်ရတဲ့ပတ်ဝန်းကျင်ဒါမျိုးတွေကို သေချာလေးဖော်ညွန်းထားနိုင်တဲ့ ဇာတ်ကားမျိုးလို့ဆိုရမယ်။ပုံမှန် သရဲပေါကားတွေလိုမျိုးအကောင်ကြီးတွေဘွားဆိုပေါ်လာမယ်၊ လန့်သွားမယ် ဟောပြီးသွားပြီ ဒါမျိုးကားမျိုးတွေသဘောကျတတ်ရင်တော့ ဒီဇာတ်ကားနဲ့ အလာ့ဂျစ်ရှိနိုင်တယ်၊ ပုံမှန်ဟောလိဝုဒ်ကားတွေကြည့်နေကြလူတွေအတွက်တော့ ရုရှားကားဖြစ်တဲ့အတွက် အမြင်တစ်မျိုးလေးနဲ့ကြည့်ရမယ်။ဘယ်ချိန်သရဲပေါ်လာမလည်းဆိုပြီးစောင့်ကြည့်နေရမယ့်ကားမျိုးဆိုတာထက် တစိမ့်စိမ့်ကြည့်ရမယ့်ကားမျိုးဆိုရင်ပိုမှန်လိမ့်မယ်။ တကယ်တော့ သရဲတို့ နတ်ဆိုးတို့ကြောက်စရာကောင်းတယ်ဆိုတာ လူတွေကိုဘယ်မှီမလဲ၊ ဒီလိုတွေးမိရင်တော့ ဒီသရဲကားကသိပ်ကြောက်စရာကောင်းတော့မယ်မထင်ပါဘူး...(ဇာတ်ကားနဲ့အညွှန်းကို Murphy မှ ပြန်ဆိုရေးသားထားပါတယ်)Size - 650MB, 350MB Quality - 1080p, 720p Format - mp4 Duration - 1H 32Min Genre ...
movie

The Ice Demon (2022)

2022
A Dog Named Palma (2021) 7
A Dog Named Palma (2021) ခွေးချစ်သူတွေအတွက် ရုရှားကားလေး A dog named Palma ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်Palma က ဆိုဗီယက်မှာ တကယ်ရှိခဲ့ခွေးမလေး Palma အ‌ကြောင်းကို ဇာတ်လမ်းအဖြစ်ရိုက်ကူးထားခြင်းဖြစ်ပါတယ်။သခင်မှ လေယာဉ်စီးခါနီး ခွေးရဲ့ ကျန်းမာရေးထောက်ခံစာ မပါခဲ့လို့ လေယာဉ်ကွင်းမှာပဲ စွန့်ပစ်ခဲ့ပါတယ်။ခွေးလေးလိုပဲ ဘဝတူ မိခင်ဆံးရှုံးခဲ့ရပြီး တခါမှမမြင်ဖူးသူကို အဖေ ဆိုပြီးလိုက်ခဲ့ရတဲ့ ကိုလျာလေးနဲ့ တွေ့ဆုံးခဲ့ပြီးသူတို့ရဲ့ တူညီတဲ့ခံစားချက်တွေကို ဘယ်လိုဝေမျှခံစားမလဲ လူ့ဘဝကြီးမှာ ကောင်းတာတွေလဲရှိပါသေးတယ်ဆိုတာကိုဖော်ပြထားတဲ့ မိသားစုဒရာမာ ကားလေးပဲဖြစ်ပါတယ်။ ဇာတ်အိမ်ရဲ့ တည်ထားတဲ့ အချိန်ဟာလည်းဆိုဗီယက် ခေတ်ဖြစ်တဲ့အတွက် ကွန်မြုနစ်ခေတ်ရဲ့ အငွေ့အသက်လေးတွေလဲ ခပ်ပါးပါး လေးခြယ်မှုန်း ပြထားပါတယ် ။တိချစ်သူတွေကော family ကားလေး‌တွေ သဘောကျတဲ့သူတွေပါ ပေါ့‌ပေါ့ပါးပါး ကြည့်ကောင်းတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။  File size…(2 GB) / (1 Gb) Quality….Webrip 1080p / 720p  Format…mp4 Duration….01:50:00 Genre...Drama, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. ...
movie

A Dog Named Palma (2021)

Baba Yaga: Terror of the Dark Forest (2020) 6.2
Baba Yaga: Terror of the Dark Forest (2020) 2020ထွက် Horror/Supernatural ဇာတ်ကားကောင်းလေးပါ. ဇာတ်လမ်းလေးက ရှရှားရိုးရားပုံပြင်တပုဒ်ကို အခြေခံထားတာပါ။ လူ့လောကရဲ့ နယ်စပ်ဖြစ်တဲ့ သေခြင်းနဲ့ရှင်ခြင်းနယ်မြေကြားမှာ ကလေးတွေရဲ့ ဝိညာဉ်ကို စားသုံးတဲ့ စုန်းမတစ်ကောင် ရှိပါတယ်. အဲ့ဒီစုန်းမဟာ ကလေးတွေကို Navsလို့ ငှက်တပိုင်းလူတပိုင်း သတ္တဝါကို စေလွှတ်ပြီး ကလေးတွေကို ဖမ်းခိုင်းခဲ့ပါတယ်. တနေ့မှာတော့ သူဖမ်းတဲ့ကလေးထဲမှာ တောက်ပတဲ့ဝိညာဉ်ကလေး တစ်ယောက်ပါလာပြီး အဲ့ဒီကလေးကပဲ သူ့ကို သေခြင်းနယ်မြေမှာ အကျဉ်းချထားခဲ့ပါတယ်. အချိန်တွေကြာလာတာနဲ့ အမျှ လူတွေဟာ ပုံပြင်ကို မေ့လာခဲ့ကြပေမယ့် တနေ့မှာတော့ အီဂေါဆိုတဲ့ ကောင်လေးဟာ သူ့ညီမပျောက်သွားတာကို သတိထားမိပေမယ့် မိဘတွေရော တခြားလူတွေကပါ သူ့ညီမရှိတာကို မေ့ကုန်ကြတာပေ့ါ ရှာဖွေဖော်ထုတ်ရင်း ဒဏ္ဋာရီထဲက အရာတွေ အမှန်ရှိပြီး ဘယ်လို လှည့်ကွက်တွေ ဘယ်လို ဒုက္ခပေါင်းစုံကို ရိုက်ပြထားပြီး background soundတွေကလဲ တကယ့်ကိုထိတ်လန့်စိတ်၀င်စားဖွယ်အသံတွေကို ထည့်ထားတာကြောင့် horrorချစ်သူတို့ကြည့်ဖြစ်အောင်ကြည့်ဖို့ ညွှန်းပါ‌ရစေ   File Size - 1 gb Quality - web-dl 1080p Subtitle -  burmese Translator - YK Encoder - Thit San Khant
movie

Baba Yaga: Terror of the Dark Forest (2020)

2020
Kalashnikov (2020) 6.0
Kalashnikov (2020) ကမ္ဘာပေါ်မှာ လူတွေရဲ့အသက်ကို အများဆုံးချွေခဲ့တဲ့ သေနတ်ကို ပြောပါဆိုရင်အေကေ-ဖော်တီဆဲဗန်း (AK-47) မောင်းပြန်ရိုင်ဖယ်ကိုပဲ ပြောရမှာပါပဲ။အဲဒီလက်နက်ဟာ လက်နက်ငယ်လောကကို တစ်ခေတ်ဆန်းစေခဲ့ပြီး ကမ္ဘာအနှံ့မှာ အသုံးပြုတာခံခဲ့ရသလိုလက်နက်ငယ်ပေါင်းများစွာဟာလည်း ဒီသေနတ်ကို အခြေခံပြီး တီထွင်ခဲ့ရတာပါ။ဒီသေနတ်ကို official အနေနဲ့ ကာလရှညိကော့ဖ် ရိုင်ဖယ်လို့ ခေါ်ပါတယ်။ဘာကြောင့်လဲဆိုတော့ ရုရှားရဲ့ လက်နက်တီထွင်သူ ဉာဏ်ကြီးရှင် မီခေး ကာလရှညိကော့ဖ် ဆိုသူက တီထွင်ခဲ့လို့ပါပဲ။ကာလရှညိကော့ဖ်ဟာ အတန်းပညာ ဆုံးခန်းမတိုင်ခဲ့သလို တပ်ကြပ်အဆင့်နဲ့ တီထွင်သူဖြစ်လာခဲ့တာပါ။ဒီသေနတ်ကို မတီထွင်ခင်မှာ ဒုတိယကမ္ဘာစစ်ရှေ့တန်းစစ်မျက်နှာမှာ တင့်တပ်သားအနေနဲ့ အကြီးအကျယ် တိုက်ပွဲဝင်ခဲ့ဖူးတဲ့သူ ဖြစ်ပါတယ်။အဲဒီတုန်းက ဆိုဗီယက်တပ်တွေနဲ့ ဂျာမန်တပ်တွေ ဘတပြန် ကျားတပြန် တိုက်ခိုက်နေကြချိန်မှာဆိုဗီယက်တွေရဲ့ ရိုင်ဖယ်ဟာ ဂျာမန်တွေရဲ့ Sturmgewehr 44 rifle တွေကို မယှဉ်နိုင်ဘဲ အတော်အထိနာကြတဲ့ အခြေအနေမှာ ရှိပါတယ်။ဆိုဗီယက်ဘက်မှာလည်း လက်နက်တွေကို ဆက်တိုက်စမ်းသပ်ထုတ်လုပ်နေပေမယ့်လက်နက်တစ်ခေတ်ဆန်းသွားလောက်စေမယ့် လက်နက်မျိုး ပေါ်မလာခဲ့သေးပါဘူး။ဒီရုပ်ရှင်မှာတော့ ကာလရှညိကော့ဖ်ရဲ့ ဘဝဇာတ်ကြောင်းရယ် ဆိုဗီယက်ရဲ့ စတာလင်ဆုရ ...
movie

Kalashnikov (2020)

2020
T-34(2018) 6.2
T-34(2018) T-34(2018) ((ဒီကားရဲ့ အသက်ဟာ တင့်ထိုးစစ်ဆင်မှုတွေနဲ့ တင့်ကျည်ဆန်တွေ တစ်ဝုန်းဝုန်း ပစ်ခတ်ထိမှန်ချက်တွေဖြစ်လို့ Blu-Ray 1080p5.1 ch နှင့် 720p တို့ဖြင့် update ပေးထားပါသည်...)) စစ်ကားကောင်းတွေ မျှော်လင့်နေတဲ့ ပရိတ်သတ်တွေအတွက် မျှော်လင့်ရကျိုးနပ်တဲ့ကားတစ်ကားလာပါပြီဗျား.... ဒီကားက ဒုတိယ ကမ္ဘာစစ်အတွင်း ရုရှားနဲ့ ဂျာမန်စစ်ဖြစ်တဲ့အချိန် စီးချင်းထိုးခဲ့တဲ့ တင့်ကားတွေအကြောင်းကို အဓိက ထားရိုက်ကူးပြထားတာပါ.... ပြသချိန် ၂နာရီကျော်ရှိခဲ့ပေမယ့်  T-34 အမြောက်သံတစ်ဂျိန်းဂျိန်း ကျည်ဆံသံတစ်ဝီ၀ီနဲ့ အပြန်အလှန်တိုက်ခိုက်မှုကြားမှာ ခင်ဗျားဟာ စိတ်ဝင်စားလွန်းတော့ တောင့်တောင့်ကြီးကြည့်မိပြီး ၂နာရီကျော်ဆိုတာဆိုတာ ဘာမှန်းမသိဖြစ်သွားလိမ့်မယ်....ဇာတ်လမ်းအစမှ အဆုံးထိ ခပ်သွက်သွက် ခပ်ရှင်းရှင်းနဲ့ကို Tempo ချချိန်ဆိုတာတောင်မရှိသလောက်ပဲ.....ရိုက်ချက်တွေနဲ့ ခပ်ပါးပါးနောက်ခံတေးကလည်း တကယ့်ကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်အတိပဲ.... ရုရှားဘက်ကတိုက်ရည်ခိုက်ရည်ကောင်းတဲ့ တင့်ကွန်မန်ဒါတစ်ယောက်ဖြစ်တဲ့ Nikolay Ivushkinဟာ ဂျာမန်တင့်ကားခြောက်စီးကို သူ့ရဲ့ T-34တင့်ကားတစ်စီးတည်းနဲ့အကုန်အပြတ်ချေမှုန်းနိုင်ခဲ့တယ်.... ၆စီးကို တစ်စီးထဲနဲ့ချေမှုန်းသွားနိုင်တာကြည့်ရင် သူ့ရဲ့အရည်အချင်းကိုခန့်မှန်းမိနိုင်ကောင်းပါရဲ့... သို့ပေမယ့် နောက်ဆုံးတစ်စီးတစ်စီးကိုချေမှုန်းနိုင်ခဲ့ပေမယ့် သူအဖမ်းခံလိုက်ရတယ်... ဒီလိုနဲ့ ဂျာမန်စစ်သုံပန်းဘ၀ကိုရောကရှိသွားတယ်... ဒီအချိန်မှာ ဂျာမန်တွေအတွက်ရုရှားတွေရဲ့ တင့်စစ်ကစားဟန်က ထိတ်လန့်စရာအဖြစ်သိရှိခဲ့ပြီးတဲ့နောက်မှာ သူတို့အစီအစဉ်တစ်ခုဆွဲခဲ့တယ်... ဂျာမန်တွေဟာ နောက်ဖြစ်လာမယ့်ရုရှားတပ်နီနဲ့ရင်ဆိုင်တိုက်ခိုက်နိုင်ဖို့ အထူးသဖြင့်ရုရှားတင့်တွေကိုဘယ်လိုအနိုင်ရမလဲဆိုတာကို ဂျာမန်မျိုးဆက်သစ်ဗိုလ်လောင်းတွေကို လက်တွေ့ကျကျလေ့လာနိုင်အောင်လို့ တစ်ကယ့်ရုရှားတင့်တစ်စီးနဲ့တိုက်ခိုက်ပေးဖို့စီစဉ်လိုက်တယ်.... အဲ့အချိန်မှာ Nikolay Ivushkinနဲ့တိုက်ခိုက်ဖူးတဲ့ဂျာမန်ခေါင်းဆောင်ဟာ Nikolay Ivushkin ရဲ့အရည်အချင်းကိုသိတဲ့အတွက် Ivushkin ကိုလူအချို့ပေးရွေးပြီးတော့ စုတ်ပြတ်သတ်နေတဲ့ရုရှားတင့်တစ်စီးကိုပေးလိုက်တယ်...အမြောက်ကျည်ဆန်မပါဘဲနဲ့ ဂျာမန်ဗိုလ်လောင်းတွေနဲ့တိုက်ခိုင်းတယ်... Ivushkinဟာအဲ့ဒီစုတ်ပြတ်သပ်နေတဲ့တင့်ကားအတွင်းပိုင်းကိုဝင်ကြည့်တဲ့အခါမှာ ပုပ်ပွနေတဲ့အလောင်းတွေအပြင် မထင်မှတ်ဘဲပြောင်လက်နေတဲ့အရာတစ်ခုခုကိုမြင်တွေ့လိုက်တဲ့အချိန်မှာတော့... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwel ...
movie

T-34(2018)

2018
The Mermaid: Lake of the Dead (2018) 4.0
The Mermaid: Lake of the Dead (2018) ဒီဇတ်ကားလေးက Queen of the spades နဲ့ Bride တို့ရဲ့ ဒါရိုက်တာ(ကြောက်လန့်စရာဇတ်ကားတွေဘဲရိုက်တဲ့ ရုရှားဒါရိုက်တာ) ရိုက်ကူးထားတဲ့တတိယံမိ ဇတ်ကားကောင်းတစ်ကားလေးဘဲဖြစ်ပါတယ်။ ရှေ့ကထွက်ထားတဲ့ဇတ်ကားတွေနည်းတူ ခြောက်လန့်မှုတွေ ပဟေဋ္ဌိတွေနဲ့တည်ဆောက်ထားပုံကလည်း ဇတ်ကားရဲ့ ဆွဲဆောင်မှုတစ်ခုဘဲဖြစ်ပါတယ်။ ဒီဇတ်ကားလေးကတော့ ရေကန်ထဲက မိန်းမတစ်ယောက်ဇတ်ကွက်နဲ့အစပျိုးထားပါတယ်။ လူသူမနေတဲ့အိမ်နားကရေကန်ထဲမှာ ရိုးမားတစ်ယောက်ရေသွားကူးရင်းနဲ့ ရေသူမတစ်ယောက်နဲ့ဆုံခဲ့လေတယ်။ အဲ့ချိန်ကစပြီးတော့ရိုးမားတစ်ယောက် ပုံမှန်မဟုတ်တာတွေဖြစ်လာတော့တယ်။ ဒါကိုရိပ်မိတဲ့သတို့သမီးလောင်းက အခြေအနေကိုရိပ်စားမိကာ အဲ့အိမ်အိုနဲ့ ရေကန်ဆီကိုသွားခဲ့တယ်။ ကျိန်စာသင့်နေတဲ့ သတို့သား အတွက် သတို့သမီးက ရေသူမ နဲ့ ဘာတွေ အပေးအယူလုပ်ရမလဲ ဆက်ပြောနေရင်ဇတ်လမ်း ပေါ့သွားမှာစိုးလို့ ကိုယ်တိုင်ဘဲကြည့်ရှု့ခံစားလိုက်ပါနော်.. သရဲကားကြိုက်တတ်တဲ့ Hardcore ဖန်တွေအတွက်ကတော့ ဒါက ဇတ်လမ်းကောင်း တစ်ခုဖြစ်နေတယ်ဆိုတာကြိုတင်သတင်းကောင်းပါးလိုက်ပါရစေ... ဒီရုပ်ရှင်ကားကို Anny Sharr က ဘာသာပြန်ပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်
movie

The Mermaid: Lake of the Dead (2018)

2018
The Bride
The Bride   CM Fan တွေ အတွက် ရုရှား သရဲကား တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ ဒီရုပ်ရှင်ကားဟာ ဖြစ်ရပ်မှန်အပေါ် ကျောရိုးယူ ရိုက်ကူးထားတယ်လို့ သိရပါတယ် Nastya ဆိုတဲ့ ကောင်မလေးဟာ ဓါတ်ပုံဆရာ တစ်ယောက်နဲ့ အိမ်ထောင်ကျပြီး ဆွေပြမျိုးပြ အဖြစ် သူမ ယောင်္ကျား ရဲ့ နေရပ်သို့ လိုက်လည်ခဲ့ပါတယ် ထိုမိသားစု အတွင်းရှိ အားလုံးနီးပါး ဓါတ်ပုံရိုက် ၀ါသနာရှင်များ နာမည်ကြီး ဓါတ်ပုံဆရာများဖြစ်ပြီး လောလောဆယ်တွင် Nastya ၏ ခင်ပွန်းဖြစ်သူသာ ကျန်ရှိပါသည် ထိုမိသားစု တွင် Nastya ခင်ပွန်း ၏ ညီမ နှင့် အဖေ တို့ အတူနေထိုင်ကြပြီး အိမ်ကြီးတစ်ခုလုံးဟာ ချောက်ချားဖွယ်အတိပါပဲ... တစ်ရက်မှာတော့ ထိုအိမ်ကြီး ရဲ့ လျို့ဝှတ်ချက် တစ်ချို့ကို Nastya ဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိခဲ့သောအခါ.....   Thit San Khant   
movie

The Bride