Channel Myanmar

Jack Thompson

Star Wars: Episode II – Attack of the Clones (2002) 6.5
Star Wars: Episode II – Attack of the Clones (2002) Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ...
movie

Star Wars: Episode II – Attack of the Clones (2002)

4K HEVC
High Ground (2020) 6.5
High Ground (2020)  ဒီရုပ်ရှင်လေးကတော့ သြစတြေးလျနိုင်ငံမြောက်ပိုင်းမှာသွားရောက်ရိုက်ကူးထားပြီး ပထမကမ္ဘာစစ်နှောင်းပိုင်းကာလမှာအခြေတည်ထားပါတယ်....။သြစတြေးလျဒေသခံလူမည်းမျိုးနွယ်တစ်ခုဖြစ်တဲ့ AboriginalAustraliansလူမျိုးတို့ရဲ့ယဥ်ကျေးမှုတွေ ဓလေ့တွေကိုလည်းမြင်တွေ့ရဦးမှာပါ...။ရိုက်ကွင်းတွေ ရှုခင်းတွေက လှပအရိုင်းဆန်လွန်းပြီးသရုပ်ဆောင်ပီပြင်တာကြောင့် ဆုတံဆိပ်တွေလည်းရရှိထားတဲ့ဇာတ်ကားပါ...။ဇာတ်လမ်းအကြောင်းလေးကိုပြောရရင် လူဖြူတွေကြီးစိုးပြီးနောက်မိသားစုတစ်ကွဲတပြားဖြစ်သွားရတဲ့ Aboriginalမျိူးနွယ်လူမည်းလေး ဂူဂျူရဲ့ဘဝကို အခြေခံရိုက်ကူးထားပါတယ်။လူဖြူတွေရဲ့ကျူးကျော်မှုကြောင့် ငယ်ဘဝမိသားစုအသိုက်အမြုံလေးပြိုကွဲခဲ့ရပြီးနောက် ဂူဂျူကိုယ်တိုင်လည်း လူဖြူတွေရဲ့စခန်းမှာငယ်ကျွန်သာသာဘဝကိုရောက်ရှိသွားပါတယ်။၁၂နှစ်တာကာလကုန်လွန်သွားပြီးနောက် ဂူဂျူရဲ့ဦးလေးဖြစ်သူဟာသူတို့မိသားစုအတွက် လူဖြူတွေကို လက်စားပြန်ချေပါတော့တယ်...။လူဖြူတွေနဲ့ရင်းနီးပြီးသားဖြစ်တဲ့ လူမည်းလေးတစ်ယောက်အနေနဲ့မိသားစုအတွက်ပဲလက်စားပြန်ချေမလား လက်နက်အင်အားအရာရာသာလွန်တဲ့ လူဖြူတွေကို ဘယ်လိုပြန်ရင်ဆိုင်သွားမလဲဆိုတာကိုဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုနိုင်ပါပြီ။ File size…2.29GB / 1.43GB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 44m Genre ….. Action , Thriller , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

High Ground (2020)

Original Sin (2001) 6.0
Original Sin (2001) မင်းသားကြီး အန်တိုနီယိုဘန်ဒါရက်စ် နဲ့ မင်းသမီး အင်ဂျလီနာဂျိုလီ တို့အဓိကပါဝင်ထားပါတယ်။ Drama, Mystery, Romance အမျိုးအစားဇာတ်ကားဖြစ်ပြီး IMDb Rating (6/10) ရရှိထားပါတယ်။ ဇာတ်လမ်းထဲက စကားပြောခန်းနဲ့ပဲ ဇာတ်ကားကိုမိတ်ဆက်ပေးလိုက်ပါရစေ။ ------------------------------------------ အလန် - "ဗားဂတ် နောက်ဆုံးတော့ အဲဒါက အချစ်လား ..တဏှာ သက်သက်လား .." ဗားဂတ် - "ကွဲပြားမှုရှိလို့လား ..အလန်" အလန် - "ရှိတာပေါ့...ချစ်တယ်ဆိုတာ ပေးပြီးရင်းပေးချင်ဖြစ်နေတာလေ" ဗားဂတ်- "တဏှာကရော ..တဏှာဆိုတာ ဘာလဲ...အလန်" အလန်-  "တဏှာဆိုတာ ယူပြီးရင်းယူချင်နေတာ..အရသာခံစားမယ်... သုံးစွဲမယ်...ယုတ္တိတို့ အကြောင်းပြချက်တို့မရှိဘူး..ဒီတော့မင်းက.. ယူတာလား ..ပေးတာလား .." ဗားဂတ်- "နှစ်ခုစလုံးပဲ...ကျွန်တော် သူ့ကို အရာရာပေးချင်တယ်...သူ့ဆီကလဲ အရာအားလုံးကိုရချင်တယ်" အလန် - "အိုး...မင်းကအရှုံးသမားပဲ။" ----------------------------------------------- ယောင်္ကျားလေးတွေ အချစ်မှာကျရှုံးမိရင် ဘယ်လောက်ထိသနားစရာကောင်းတယ်ဆိုတာ အတော်ထင်ရှားစွာတွေ့ရမှာဖြစ်ပြီး အချစ်ရဲ့ အရှုံးတွေကို ခံစားထိတွေ့ရမယ့်ဇာတ်ကားပါ။ Drama ဇာတ်ကားဖြစ်ပေမယ့် အင်ဂျလီနာဂျိုလီရဲ့ Nude Scene တချို့ကြောင့် အရွယ်ရောက်ပြီးသူများသာကြည့်သင့်ပြီး မိသားစုနဲ့မကြည့်သင့်တဲ့ဇာတ်ကားဖြစ်ပါတယ်။File size...(1.72GB)(622MB)(421MB) Quality...BR-Rip 1080p/720p/480p Format...mp4 Duration....01:58:25 Subtitle....Myanmar Subtitle (Hardsub) Encoder....San ...
movie

Original Sin (2001)

Poker Face (2022) 5.3
Poker Face (2022)  ဒီရုပ်ရှင်ကတော့ မင်းသားကြီး ရပ်ဆဲခရိုး ကိုယ်တိုင်ရိုက်ကူးသရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။ လီယံဟမ်းဆွာ့လည်း ဇာတ်ပို့အဖြစ်ပါဝင်ထားပါသေးတယ်။ အမျိုးအစားကတော့ Mystery, Thriller အမျိုးအစားပါပဲ။ဂျိတ်၊ ပေါလ်၊ အဲလက်၊ ဒရူး စတဲ့ သူငယ်ချင်းတွေဟာ ငယ်စဉ်ကတည်းက ပိုကာဖဲကစားနည်းမျိုးစုံကို ဝါသနာပါတဲ့လူတွေပါ။ အရွယ်ရောက်လာတဲ့အခါမှာတော့ ဂျိတ်ဟာ ကမ္ဘာ့ပထမဆုံး ပိုကာအင်တာနက်စနစ်ကို တီထွင်ခဲ့တဲ့အတွက် သန်းကြွယ်သူဌေးဖြစ်နေပါပြီ။ တစ်နေ့မှာတော့ ဂျိတ်ဟာ သူရဲ့မတွေ့ရတာ ကြာတဲ့ သူငယ်ချင်းတွေကို ပြန်ဖိတ်ခေါ်ပြီး ပိုကာတစ်ပွဲ ကစားဖို့ စီစဉ်လိုက်ပါတယ်။ ဒါပေမဲ့ အဲဒီ ပိုကာညဟာ သာမန်မဟုတ်ဘဲ အလှည့်အပြောင်းတွေ ပဟေဠိတွေဖြစ်လာတဲ့အခါ...File size…(1.89GB)  / (924MB) / (445MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:34:00 Genre...Action / Crime / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. ...
movie

Poker Face (2022)

Midnight in the Garden of Good and Evil(1997) 7.0
Midnight in the Garden of Good and Evil(1997) Midnight in the Garden of Good and Evil(1997) အညွှန်း************************************************* နာမည်ကျော်မင်းသားကြီး Kelvin Spacey ပါဝင်ထားတဲ့ Crime/Drama အမျိုးအစားဖြစ်ပါတယ်။Kelvin Spacey ကားဆိုရင် အညွှန်းမဖတ်ဘဲကြည့်သင့်တဲ့အထဲမှာပါတယ်ဆိုတာသူကားတွေအတော်များများကြည့်ဖူးရင်သိကြပါတယ်..ဒါ့ကြောင့်အညွှန်းတွေ ရှည်ရှည်ဝေးဝေးရေးမနေတော့ဘူး..နယူးယောက်မြို့ကနေ ပါတီပွဲတစ်ခုအကြောင်း သတင်းယူဖို့ စေလွှတ်ခဲ့လိုက်ရတဲ့ဂျွန်ကယ်ဆိုတစ်ယောက် ဆာဗန်းနားမြို့ကို မအူမလည်နဲ့ရောက်ချလာပါတယ်။အဲဒီပါတီပွဲကိုတာဝန်ယူကျင်းပမယ့်သူက ရှေးဟောင်းဂန္တဝင်ပစ္စည်းတွေကိုစုဆောင်းလေ့ရှိတဲ့ သူဌေးကြီး ဂျင်မ်ဝီလီယံစ်ဖြစ်ပြီး သူတို့နှစ်ဦး ခင်မင်သွားရာမှတစ်မနက်မှာတော့ ဂျင်မ်တို့အိမ်ကြီးမှာ လူသတ်မှုတစ်ခုဖြစ်သွားကြောင်း သိလိုက်ရပါတယ်။ဘာတွေ ဘယ်လိုဆက်ဖြစ်မယ်ဆိုတာကတော့…File Size :(3.2GB) (1.4 GB) and (467 MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…02:35:00 Genre : Crime , Drama , Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Encoded by Phyo Pyae
movie

Midnight in the Garden of Good and Evil(1997)

The Great Gatsby (2013) 7.2
The Great Gatsby (2013) The Great Gatsby (2013)(၁)တစ်စထက်တစ်စ ဝင်းပလင်းဖြာလာတဲ့ လရိပ်အောက်က... လူသူကင်းမဲ့ရာ ကမ်းဆိပ်စွန်းတံတားပေါ် ကျွန်တော်ရပ်နေခဲ့တယ်။ ဟိုတစ်ဖက်ကမ်း တုရှုက အမှောင်ရိပ်ထဲမှာတော့... အလင်းပွင့်စိမ်းကလေးဟာ တောက်ပတစ်လှည့် မှိန်ဖျော့တစ်လှည့်နဲ့ နီးလာသလိုလို... ဝေးသွားသလိုလို...။(၂)ဒီအလင်းပွင့်စိမ်းကလေးဟာ ကျွန်တော့်အတွက်တော့ ကျွန်တော်ဉာဏ်မမီနိုင်ပါတဲ့ လောကကြီးရဲ့ အမှတ်သညာပါပဲ။ ဂတ်စ်ဘီအတွက်တာ့ မတူခဲ့ဘူးပေါ့။(၃)ကျွန်တော်လူရည်မလည်သေးခင် လူမမည်ဘဝမှာ အဖေက ကျွန်တော့်ကို ဆုံးမခဲ့ဖူးတယ်။ " သူများကို ဝေဖန်မယ်တွေးတိုင်း လူတိုင်းက မင်းလိုမျိုး လောကရဲ့မျက်နှာသာပေး မခံခဲ့ရဘူးဆိုတာကို သတိရ"တဲ့။ ဒီစကားကြောင့် ကျွန်တော် ဘယ်သူ့ကိုမှ ကိုယ့်ဘက်ကအမြင်နဲ့ အကဲဖြတ်ဝေဖန်လေ့မရှိပေမဲ့ ဂတ်စ်ဘီကိုတော့ ကျွန်တော်အကဲဖြတ်စောခဲ့မိတယ် ထင်ပါတယ်။ အဖေ့ဆုံးမစကားက သိပ်မှန်ခဲ့တယ်။(၄)မျှော်လင့်ခြင်းဆိုတာ ဘာများလဲ။ ဒါမျိုးအမေးက အဖြေတိတိပပရှိတဲ့ အမေးတော့ မဟုတ်ဘူးပေါ့။ သို့ပေမဲ့ ဂတ်စ်ဘီအတွက်တော့ မျှော်လင့်ခြင်းဆိုတာ ဒီအလင်းပွင့်စိမ်းကလေးပါပဲ။ လဲကျလိုက် တစ်စစီပြန်ကောက်လိုက် ဘဝမှာတောင် ဒီမျှော်လင့်ချက်ကလေးကို ဂတ်စ်ဘီ မစွန့်လွှတ်ခဲ့ပါဘူး။ ...
movie

The Great Gatsby (2013)

2013
Broken Arrow ( 1996 ) 6.0
Broken Arrow ( 1996 ) 1996 ခုနှစ်ကထွက်ရှိခဲ့ပြီး IMDb 6 ရရှိထားတဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်Old But Gold လေးတွေကို ပြန်လည်ခံစားကြည့်ပါဦး..မကြည့်ရသေးရင်အသစ်ပါပဲအမေရိကန်လေတပ်အရာရှိနှစ်ဦးဖြစ်တဲ့ ဗိုလ်ကြီး ဒစ်ကင်နဲ့ကပ္ပတိန်ဟေးလ်တို့ဟာ နျူကလီးယားဗုံး ၂လုံးကိုလျှို့ဝှက်သယ်ဆောင်ရန်တာဝန်ပေးအပ်ခံခဲ့ရတယ် ပို့နေတဲ့လမ်းမှာ ဗိုလ်ကြီး ဒစ်ကင်ကနျူကလီးယားလက်နက်တွေကို ခိုးယူဖို့ကြိုးစားပြီးကပ္ပတိန်ဟေးလ်ကို သတ်ဖို့လုပ်ခဲ့ပါတယ် ကံကောင်းချင်တော့ဟေးလ်မှာ အသက်မသေပဲ ပန်းခြံစောင့်အရာရှိမလေးတယ်ရီနဲ့တွေ့ဆုံခဲ့ပြီး တယ်ရီအကူအညီနဲ့ ဒစ်ကင်ခိုးယူသွားသောနျူကလီးယားလက်နက်ကို ပြန်လည်ရယူရန်ကြိုးစားပါတော့တယ်။ဉာဏ်ကောင်းတဲ့ဒစ်ကင်က နျူလက်နက်ကို ဘယ်လိုတွေသယ်ယူရန်ကြိုးစားမလဲ၊ ဟေးလ်ကရော နျူလက်နက်ကိုပြန်ယူဖို့ကြိုးစားရာမှာ ဘာအန္တရာယ်တွေ ရင်ဆိုင်ရမလဲနျူလက်နက်ကို ပြန်ယူနိုင်ပါ့မလားဆိုတာကိုအက်ရှင်ကားစိတ်ဝင်စားတဲ့ ပရိတ်သတ်တွေအတွက်ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ် Quality : Bluray 1080p ( HEVC )Format : mp4During : 108 minSubtitle : Myanmar Subtitle ( Hardsub )Translator : Ei PyaeEncoder : LK
movie

Broken Arrow ( 1996 )

1996
Don’t Be Afraid of the Dark (2010) 5.6
Don’t Be Afraid of the Dark (2010)   Weekend မှာ အေးဆေးဖီးလ်ဖို့ ဥစ္စာစောင့်တွေ ဒဏ္ဍာရီတွေ ပါတဲ့ ထူးဆန်းထွေလာ သည်းထိတ်ရင်ဖိုဇာတ်ကားလေးတစ်ကား တင်ဆက်လိုက်ပါတယ်။ နာနာဘာဝတွေဟာ သနားစရာလည်းကောင်းသလို ကြောက်စရာလည်းအင်မတန်ကောင်းလှပါတယ်။ သူတို့ဟာလူ့အသိုင်းဝိုင်းနဲ့ တစ်နည်းနည်းတဖုံဖုံနဲ့ ဆက်နွယ်နေရပါတယ်။ ကောင်းကျိုးပေးတဲ့ နာနာဘာဝတွေရှိသလို ဆိုးကျိုးတွေပေးတဲ့ နာနာဘာဝတွေလည်းရှိပါတယ်။ ဒီဇာတ်ကားလေးတဲ့ကျောရိုးကတော့ နာနာဘာဝ တွေထဲကမှ ဆိုးကျိုးတွေပေးတဲ့ ဥစ္စာစောင့် လေးတွေနဲ့ဖွဲ့စည်းထားပါတယ်။ ---------------------------------------------------------------------------------------------- အဲလက်တစ်ယောက် ကလေးနဲ့မိန်းမကိုပစ်ပြီး ဒီဇိုင်နာအမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ဖို့တာစူနေပါတယ်။ သမီးလေး(ဆယ်လီ)ကိုသံယောဇဉ်မကင်းတာကတစ်ကြောင်း တာဝန်မကင်းတာကတစ်ကြောင်းမို့ ဒီဇိုင်နာမလေး ခင်နဲ့နီးစပ်စေရန်ခေါ်ထားပါတယ်။ အဲလက် ဟာ ဒီဇိုင်နာခင်နဲ့ ပူးပေါင်းပြီးတော့ ရှေးဟောင်းအိမ်ကြီးတစ်လုံးကို လေလံဆွဲပြီး သမိုင်းပညာရှင်တွေရဲ့အကူညီနဲ့ ပြန်လည်မွမ်းမံပါတော့တယ်။ သူတို့လေလံဆွဲထားတဲ့ အိမ်ကြီးက နိုင်ငံကျော်အနုပညာရှင်ကြီးရဲ့အိမ်တစ်လုံးပါ။ သူတို့ရဲ့ ရည်ရွက်ချက်က သမိုင်းဝင်အိမ်ကြီးကို အနုစိတ်ပြန်မွမ်းမံပြီး လေလံပြန်တင်ဖို့ပါ..။ ဒါပေမဲ့ ဒီအိမ်ကြီးမှာ သူတို့မသိတဲ့ ကြောက်မက်ဖွယ် အဖြစ်ဆိုးအတိတ်ကြီးရှိနေတာကို သူတို့ မသိပါဘူး..။ အဲဒီအဖြစ်ဆိုးကြီးက အိမ်ကြီးပြန်လည်မွမ်းမံပြီးတဲ့နေ့မှာပဲ ပြန်လည်နိုးကြားလာပါတော့တယ်။ ...
movie


2010
The Light Between Oceans (2016) 7.2
The Light Between Oceans (2016)  ဒီဇာတ်ကားလေးက အရမ်းသနားဖို့ကောင်းသလို မိဘမေတ္တာကိုပြသတဲ့အတွက် ကြည့်တဲ့သူတွေရင်ကိုထိစေမဲ့ဒရာမာကားလေးပါစစ်ပွဲကြီးအပီးကို့ဘဝကိုစိတ်ဓာတ်ကျနေတဲ့စစ်သားဟောင်းတယောက်ဖြစ်တဲ့ သောမတ်စ်ရှာဘွန်းဟာလူတွေနဲ့ဝေးရာဖြစ်တဲ့ ဂျေးနက်စ်ဆိုတဲ့ကျွန်းကြီးပေါ်မှာမီးပြတိုက်စောင့်လုပ်ဖို့သွားခဲ့တယ်အဲ့ဒိအနီးနားမြို့လေးက အစ်စဘဲလ်ဆိုတဲ့မိန်းကလေးနဲ့ချစ်ကျွမ်းဝင်လက်ထပ်ခဲ့ပီး ကျွန်းကြီးပေါ်တူတူသွားနေခဲ့ကျတယ်ကလေးအရမ်းလိုချင်တဲ့သူမ ကိုယ်ဝန်ပျက်ကျပီးတဲ့နောက် သူတို့ကျွန်းပေါ်ကိုဘယ်ကမှန်းမသိတဲ့လှေလေးတစီးမျောလာခဲ့တယ်လှေထဲကလူသေအလောင်းတလောင်းနဲ့ အသက်ရှင်နေသေးတဲ့ မွေးကင်းစကလေးလေးကိုတွေ့ပီးတဲ့နောက် ဘာတွေဆက်ဖြစ်မယ်ဆိုတာကို မျက်ရည်လည်ရွှဲနဲ့ကြည့်ရမှာဖြစ်ပါတယ်(ဇာတ်လမ်းအညွှန်း နဲ. ဘာသာပြန်သူကတော့ khin Pyae Sone Kyaw ပဲဖြစ်ပါတယ်)  File Size : (850 MB) and (350 MB) Quality : Bluray 720p Running Time : 2hr 13minutes Format : Mp4 Genre : Drama, Romance Translated By Khin Pyae Sone Kyaw Encode By Thanhtike Zaw
movie

The Light Between Oceans (2016)

2016