Channel Myanmar

Jake Picking

Sicario: Day of the Soldado (2018) 7.3
Sicario: Day of the Soldado (2018)  Genre – Action, Crime, Thriller IMDB – 7.0/10 ၂၀၁၅ ခုနှစ်က ထွက်ခဲ့တဲ့ ပထမဆုံး Sicario ကားကိုကြည့်ဖူးပြီး ကြိုက်တယ်ဆိုရင်တော့ ဒီကားကလည်းရွှေပေါ့ဗျာ။ ပထမကား Rating 7.6 ကို မမှီပေမဲ့ ကြည့်ရတာလုံးဝ အရသာ မလျော့သွားပါဘူး။ ဒါတောင် ဒါရိုက်တာကပထမကားက Denis Villeneuve မဟုတ်တော့ပဲ StefanoSollima ပြောင်းသွားတာပါ ဒါပေမဲ့ ဒီ အငွေ့အသက်အတိုင်းပါပဲ။သရုပ်ဆောင်တွေကလည်း ရှေ့ကားထဲက ဘဲကြီးနှစ်ပွေJosh Brolin နဲ့ Benecio Del Toro တို့ပဲ ပြန်ပါဝင်ထားပါတယ်၊Emily Blunt ရဲ့ ဇာတ်ကောင်ကတော့ ဒီဇာတ်လမ်းအတွက်မလိုအပ်တော့လို့ ဖြုတ်ထားခဲ့ပါတယ်တဲ့။ ဇာတ်လမ်းအကြောင်းပြောရမယ်ဆို ရှေ့ကားရဲ့အဖြစ်အပျက်တွေဖြစ်ပြီး နှစ်နည်းနည်းမှာ တည်ဆောက်ထားတဲ့ပုံပါပဲ။ အစိုးရရဲ့လူသိမခံချင်တဲ့ ပြဿနာတွေ ဒိုင်ခံဖြေရှင်းတဲ့ မက်တစ်ယောက်လည်းအာဖရိကကို ရောက်နေပါပြီ။ အာလေဟန်ဒရိုကလည်း ပထမကားထဲမှာလုပ်စရာရှိတာလုပ်ပြီးတော့ ကိုလမ်ဘီယာမှာ သွားအနားယူနေပါပြီ။အဲဒီမှာပဲ အမေရိကန်နိုင်ငံမှာ အသေခံဗုံးခွဲပြီး ...
movie

Sicario: Day of the Soldado (2018)

2018
4K HEVC
The Greatest Beer Run Ever (2022) 6.7
The Greatest Beer Run Ever (2022) The Greatest Beer Run Ever (2022)ဒီရုပ်ရှင်လည်းအတော်ကြီးကို ကောင်းပါတယ်။ ဇက်အက်ဖရွန်၊ ဘီလီမူရေး နဲ့ ရက်ဆဲခရိုးတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဖြစ်ရပ်မှန် စစ်ပွဲ ဒရာမာ ဟာသ အမျိုးအစားပါ။ အစအဆုံး ရုပ်တည်ကြီးတွေနဲ့ ပြောနေသရုပ်ဆောင်နေပေမဲ့ အတော်ကိုရယ်ရပါတယ်။ ဖြစ်ရပ်မှန်ဖြစ်နေတော့ ပိုရယ်လို့တောင်ကောင်းပါသေးတယ်။အဓိကမင်းသားကတော့ ချစ်ကီဒိုနိုဟူးဆိုတဲ့ အမေရိကန်တပ်ထွက်မျိုးချစ်တစ်ယောက်ဖြစ်ပါတယ်။ သင်္ဘောသားအလုပ်လုပ်ပြီး သင်္ဘောမတက်ရတဲ့အချိန်ဆိုရင် ညတိုင်း အရက်ဆိုင်မှာမူးပြီး မိဘအိမ်မှာ နေဖင်ထိုးတဲ့အထိ အိပ်ပါတယ်။ ဗီယက်နမ်စစ်ပွဲကာလဖြစ်ပြီး အမေရိကန်မှာ ထောက်ခံသူနဲ့ ကန့်ကွက်ဆန္ဒပြသူတွေ နှစ်ပိုင်းကွဲနေတဲ့အချိန်ဖြစ်ပါတယ်။ ချစ်ကီရဲ့ညီမကတော့ ဆန္ဒပြသူဖြစ်ပြီး ချစ်ကီကတော့ ဆန္ဒပြသူတွေကို မုန်းတီးနေပြီး ဗီယက်နမ်စစ်ပွဲကို နိုင်ငံအတွက်လို့ ယုံကြည်အားပေးနေသူဖြစ်ပါတယ်။ တစ်ညတော့ ဘားမှာ စုသောက်ကြရင်းနဲ့ သူတို့ရပ်ကွက်ထဲကနေ ရှေ့တန်းကိုရောက်နေတဲ့ စစ်သားလေးတွေကိုသာ ဒီနယူးယောက်က ဘီယာတွေ သွားပေးနိုင်ရင်ဘယ်လောက်ပျော်ကြမလဲ၊ သူတို့ကိုထောက်ခံသူတွေရှိသေးကြောင်းသိပြီးဘယ်လောက်အားတက်မလဲဆိုပြီး ပြောမိသွားပါတယ်။ ချစ်ကီကိုမယုံသူတွေကလှောင်ပြောကြပေမဲ့ စစ်သားမိသားစုဝင်တွေကတော့ မျှော်လင့်ချက်တစ်မျှင်လေးအဖြစ် ပစ္စည်းလေးတွေလူကြုံလာထည့်ပေးကြပါတော့တယ်။ ချစ်ကီကလည်းမသွားချင်သွားချင်နဲ့ သွားဖို့ စုံစမ်းပေမဲ့ အကြောင်းအားလုံးတိုက်ဆိုင်ပြီး ဗီယက်နမ်စစ်မြေပြင်ကိုရောက်သွားတဲ့အခါ တီဗွီထဲမှာ ဝါဒဖြန့်နေတဲ့သတင်းတွေနဲ့မတူဘဲ အရာရာကွဲပြားနေတာကိုတွေ့ပြီး စစ်သားတွေ ဗီယက်နမ်တွေ သတင်းထောက်တွေကြားမှာ အလွဲမျိုးစုံနဲ့ အသက်မသေအောင် ရုန်းကန်ရပါတော့တယ်...အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ...
movie

The Greatest Beer Run Ever (2022)

2022
Spin Me Round (2022) 5.1
Spin Me Round (2022) နာမည်ကြီးမင်းသမီးနှစ်ယောက်ဖြစ်တဲ့ Alison Brie(Community) နဲ့ Audrey Plaza(Parks and rec) တို့ရဲ့ romatic comedy thriller ပေါင်းစုံထားတဲ့ ကားလေးပါ။ Tuscan Grove လို့ခေါ်တဲ့ စားသောက်ဆိုင်ခွဲတစ်ခုရဲ့မန်နေဂျာဖြစ်သူ Amber ဟာ ကုမ္ပဏီရဲ့အီတလီသို့ အလည်အပတ်ခရီးမှာ လိုက်ပါဖို့ရွေးချယ်ခံရပါတယ်။တခြားဆိုင်ခွဲမန်နေဂျာတွေနဲ့အတူ အီတလီက ဈေးပေါတဲ့ဟိုတယ်တစ်ခုမှာနေရပြီး ကုမ္ပဏီကပြုလုပ်တဲ့ပျင်းစရာအစီအစဉ်တွေအတိုင်း နေရပါတယ်။ဒါပေမဲ့ ချမ်းသာ၊သဘောကောင်းပြီးဆွဲဆောင်မှုရှိတဲ့ သူဌေးနဲ့တွေ့အပြီးမှာတော့ Amber တစ်ယောင်ကြည်နူးပြီး ဘေးက၀န်းရံလာတဲ့ ပုံမှန်မဟုတ်တဲ့ အန္တရာယ်တွေကို သတိမထားမိတာကြောင့် ထင်မထားတဲ့စွန့်စားခန်းတွေဖြစ်လာရပါတော့တယ်။ ထင်ထားသလိုသာမာန် rom com မဟုတ်တဲ့ကားလေးပါ။ ခေါင်းဆောင်မင်းသမီးနှစ်ယောက်အပြင် Alessandro Nivola,Molly Shannon တို့လည်းပါ၀င်ထားပါတယ်။File size…(1.86GB)/(944MB)/(437MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:44:00 Genre...Comdey Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield
movie

Spin Me Round (2022)

Top Gun: Maverick (2022) 8.6
Top Gun: Maverick (2022) Top Gun: Maverick (2022) ==================== IMDb Rating - (8.6/10) / Rotten Tomatoes (96%)တွမ်ခရုရဲ့ အအောင်မြင်ဆုံး ရုပ်ရှင်တွေထဲက တစ်ခုဖြစ်ခဲ့တဲ့ တော့ပ်ဂန်းရုပ်ရှင်ရဲ့ အဆက် တော့ပ်ဂန်း-မက်ဗရစ်ထွက်လာပါပြီ။ဒီရုပ်ရှင်ထဲမှာတော့ မက်ဗရစ်ရဲ့ မိတ်ဆွေကြီးအိုက်စ်တောင် ရေတပ်ဗိုလ်ချုပ် ဖြစ်နေပါပြီ။ ဒါပေမဲ့ မက်ဗရစ်ကတော့ ပြဿနာတွေရှာလိုက် လူကြီး တွေနဲ့ ငြိလိုက်နဲ့ သက်တမ်းရင့် ကပ္ပတိန် (ဗိုလ်မှူးကြီး) ဖြစ်နေတုန်းပါပဲ။ သူ့ကိုအပြီးသတ် အနားပေးခါနီးမှာပဲ အရေးကြီးတဲ့ စစ်ဆင်ရေးတစ်ခုပေါ်လာပါတယ်။ အဲဒီစစ်ဆင်ရေးက အရမ်းခက်ခဲလွန်းတဲ့အတွက် တော့ပ်ဂန်း သင်တန်းဆင်း အတော်ဆုံးလေယာဉ်မှူးတွေကို ပြန်ခေါ်ပြီး မက်ဗရစ်ကို နည်းပြအဖြစ် တာဝန်ပေးလိုက်ပါတော့တယ်။အဲဒီအဖွဲ့ထဲမှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဂုစ်ရဲ့ သားပါလာပြီး သူက မက်ဗရစ်ကို သူ့အဖေသေရတဲ့အတွက်မုန်းတီးနေတဲ့သူပါ။ သူတို့နှစ်ယောက်ကြားက အမုန်းတွေကိုဘယ်လိုဖြေရှင်းပြီး မဖြစ်နိုင်တဲ့စစ်ဆင်ရေးတစ်ခုကို ဘယ်လို ရအောင် တိုက်ခိုက်ကြမလဲဆိုတာ....ဒီရုပ်ရှင်မှာကြည့်ရှုရမှာဖြစ်ပါတယ်။ဒီရုပ်ရှင်ဟာ $1.3 Billionနီးပါး ရုံတင်ငွေရရှိထားတာဖြစ်ပြီး၊ တွမ်ခရုရဲ့ သရုပ်ဆောင်သက်တမ်း နှစ်(၄၀)အတွင်း ပထမဆုံးသော Billionနဲ့ချီပြီး ဝင်ငွေရရှိခဲ့သော ရုပ်ရှင်တစ်ကားလည်းဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်)ဇာတ်ကားက Top Gun (1986) ...
movie

Top Gun: Maverick (2022)

2022
4K HEVC IMAX
Horse Girl (2019) 5.9
Horse Girl (2019) ဆာရာဆိုတဲ့လူမှုဆက်ဆံရေးညံ့ပြီးတစ်ယောက်တည်းနေလေ့ရှိတဲ့သူမကအနုပညာနဲ့လက်မှုပစ္စည်းတွေကြိုက်ပြီးမြင်းစီးရတာနဲ့သဘာဝလွန်ဇာတ်ကားတွေကြည့်တာကို ဝါသနာပါလှသူပါ ။သူမရဲ့လက်တွေ့ဘဝ ကို ရောယှက်ရှုပ်ထွေးစေတာကတော့သူမရဲ့ ရှင်းလင်းပြတ်သားတဲ့ အိပ်မက်ဆိုးတွေကပဲဖြစ်ပါတယ် ။အိပ်မက်ဆိုးတွေကိုအိပ်မက်လို့မယူဆပဲထူးခြား ဆန်းကြယ် ဇာတ်ကားတွေအကြည့်လွန်နေတဲ့သူမကအိပ်မက်ထဲကအရာတွေက အိပ်မက်မဟုတ်ပဲအပြင်မှာ အမှန်တကယ်ရောက်ရှိနေတယ်လို့ယူဆတဲ့သူမ အတွေးအခေါ်က မှန်ကန်နေလားဒါမှမဟုတ် သူမ ကိုယ်တိုင်က ရူးကြောင်ကြောင်ဖြစ်နေတာလားဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ဇာတ်ကားကောင်းလေးပါ IMBD-5.9 ရရှိထားပြီးMystery,Drama ဇာတ်ကား အမျိုးအစားပဲဖြစ်ပါတယ်........ File Size : ( 975 MB , 310 MB ) Quality : WEB-DL 720p Running Time : 1 hr 43 min Format : Mp4 Genre : Drama , Mystery Subtitle : Myanmar Subtitle ...
movie

Horse Girl (2019)

Blockers (2018) 6.7
Blockers (2018) ဒီကားအကြောင်းပြောရမယ်ဆိုရင်တော့ အသေကိုခွီထားတာရယ်နေရတာပါးစပ်ကိုမပိတ်နိုင်ဘူးလို့ပြောချင်ပါတယ်။IMDB Rating 6.7 , Rotten Tomato 83% ရထားပြီးတော့ WWE ချန်ပီယံဖြစ်တဲ့ John Cena ပါဝင်သရုပ်ဆောင်ထားပါတယ်။နာမည်ကြီးဟာသသရုပ်ဆောင်များဖြစ်တဲ့ Leslie Mann နဲ့ Ike Barinholtz တို့ကပါဝင်အားဖြည့်ပေးထားပါတယ်။လူငယ်သရုပ်ဆောင်တွေက တော့ချောပြီးချစ်စရာကောင်းကြတဲ့ Kathryn Newton, Geraldine Viswanathan နဲ့ ပုပုသေးသေးချစ်စရာလေး Gideon Adlon တို့ဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ အထက်တန်းကျောင်း နှုတ်ဆက်ကပွဲမှာ လိင်ဆက်ဆံဖို့သဘောတူညီချက်လုပ်ထားကြတဲ့ သမီးသုံးယောက်ကို မိဘသုံးယောက်က အမှတ်မထင်သိသွားလို့ တားဆီးဖို့ကြိုးစားတာကိုဟာသမြောက်အောင် တင်ဆက်ထားတာပါ။အရမ်းချစ်လွန်းတဲ့မိဘတွေကြောင့် စိတ်မသက်မသာဖြစ်ရတဲ့ ကလေးတွေအကြောင်းကိုပါပြောထားပါတယ်။နောက်ဆုံးတော့ ကလေးတွေနဲ့မိဘတွေနဲ့ဘယ်လိုပြန်အဆင်ပြေသွားမလဲဆိုတာ ရယ်ရင်းနဲ့ကြည့်လိုက်ကြပါတော့ဗျာ။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ပါ)File Size : (899 MB) and (300 MB) Quality : Blu-Ray 720p Running Time : 1hr 42min Format : Mp4 Genre ...
movie

Blockers (2018)

2018
Only the Brave (2017) 8.0
Only the Brave (2017) ဒီဇာတ်ကားလေးက ၂၀၁ရခုနှစ်ထွက် Rating 8 ရရှိထားတဲ့ Biography/Drama ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။တကယ့်ဖြစ်ရပ်မှန်တစ်ခုကိုအခြေခံရိုက်ကူးထားတာဖြစ်ပြီး ပါဝင်သည့်သရုပ်ဆောင်များဟာလည်း ထိပ်တန်းသရုပ်ဆောင်များ ဖြစ်ပါတယ်။ဇာတ်ကားလေးဟာ ၂၀၁၃ခုနှစ် ဇွန်လ၂၈ရက်တွင်ဖြစ်ပွားခဲ့တဲ့ Yarnell Hill တောမီးလောင်မှုဖြစ်ရပ်မှန်ကို အခြေခံထားတာပါ။Granite Mountain Hotshots မီးသတ်အဖွဲ့ဝင် ၁၉ဦးအသက်ပေးဆပ်ခဲ့ရတဲ့ အမေရိကကန်နိုင်ငံရဲ့ သမိုင်းတွင် တောမီးလောင်မှုကြီးတစ်ခုဖြစ်ပါတယ်။Hotshot ဆိုတဲ့အဖွဲ့အစည်းဟာ စစ်တပ်မှာဆိုရင် အထူးတပ်ဖွဲ့ဝင်တွေလိုပါပဲ။အထူးမီးသတ်တပ်ဖွဲ့ပဲဖြစ်ပြီး သူတို့ရဲ့လေ့ကျင့်မှုတွေဟာလည်း အလွန်ပြင်းထန်ပါတယ်။ဒီဇာတ်ကားမှာအဲဒီဖြစ်ရပ်ဆိုးကြီးမှာ အသက်ပေးသွားခဲ့ကြတဲ့ အထူးမီးသတ်တပ်ဖွဲ့တွေကို ဂုဏ်ပြုရိုက်ကူးထားတာဖြစ်ပြီး နာမည်ကြီးသရုပ်ဆောင်များစွာဖြင့် အားဖြည့်ထားတဲ့အတွက် ကြည့်ရှုရတာတန်စေမယ့်ဇာတ်ကားမျိုးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကို အရသာပျက်သွားမှာရယ် ကိုယ်တိုင်ကြည့်ရှုစေချင်တာရယ်ကြောင့် မရေးပြတော့ပါဘူး။Rating အနေနဲ့ရောတော်တော်မြင့်မြင့်လေးရထားတာဖြစ်ပြီး Biography/Drama ဇာတ်ကားကောင်းဖြစ်တာကြောင့် ကြည့်သင့်တဲ့ဇာတ်ကားလို့ပဲညွန်းချင်ပါတယ်။ File Size : (0.99 GB) and (400 MB) Quality : Blu-Ray 720p Running Time : 2hr 14min Format : Mp4 Genre :Biography, Drama Subtitle : ...
movie

Only the Brave (2017)

2017
Dirty Grandpa (2016) 5.9
Dirty Grandpa (2016) Dirty Grandpa (2016)_______IMDb - 5.9/10  IMDb Rating (5.9/10) ထိရရှိထားတဲ့ Comedy အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။ မြေးတွေထက် ခေတ်ရှေ့ပြေး လန်းနေတဲ့ အဘိုးက ဘဝကိုရိုးရိုးစင်းစင်းဖြတ်သန်းနေတဲ့မြေးတော်မောင်ကို ဘဝဆိုတာ ရိုးစင်းခြင်းထက်ပိုမိုကြောင်း လက်တွေ့ပြတဲ့ ဟာသဆန်ဆန်ဇာတ်ကားပါ။ ဘဝမှာ အမှားတွေရှိမယ်...အမှန်တွေရှိမယ်...ဒါတွေကိုလိုက်ဖက်ညီစွာခံစားဖို့ လွတ်လပ်တဲ့ နှလုံးသားတစ်စုံလိုအပ်ကြောင်း ချပြထားပါတယ်။ အလန်းဇယားဘိုးတော်အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားကြီး Robert De Niro ကို The Intern ဇာတ်ကားမှာလဲ အတော်သဘောကျမိသလို ဒီဇာတ်ကားမှာလဲ နှစ်ခြိုက်မိပါတယ်။ Comedy ဇာတ်ကားကြိုက်သူများလက်မလွတ်သင့်တဲ့ဇာတ်ကားပါ။   File size...(854MB)  Quality...WEB-Rip 720p  Format...mp4 Duration....01:41:51 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aung   နမူနာကြည့်ရန် 
movie

Dirty Grandpa (2016)