Channel Myanmar

James Durham

Joy Ride 3 : Road Kill (2014)
Joy Ride 3 : Road Kill (2014) ပြိုင်ကားမောင်းသမား ဂျော်ဒန်နဲ့အော်စတင်တို့ဟာ သူတို့ရဲ့အဖွဲ့သားတွေနဲ့အတူ ကနေဒါက ကားမောင်းပြိုင်ပွဲတစ်ခုမှာ ပြိုင်ပွဲဝင်ဖို့ခရီးထွက်လာခဲ့ကြပါတယ်။လမ်းတစ်ဝက်က ထရပ်ကားနားစခန်းတစ်ခုမှာအမြန်ရောက်နိုင်တဲ့ဖြတ်လမ်းကိုရှာရင်းနဲ့အဝေးပြေးလမ်း နံပါတ် ၁၇ ဆိုတာကိုတွေ့ခဲ့ကြပါတယ်။ ထူးခြားတာက အဲ့ဒီဖြတ်လမ်းဟာ ပုံနှိပ်မြေပုံပေါ်မှာသာရှိနေပြီး GPS ပေါ်မှာလုံး၀ရှိမနေတာပါပဲ။အဲ့ဒီလမ်းအကြောင်းစုံစမ်းလိုက်ချိန်မှာတော့ သူတို့စုံစမ်းတဲ့ထရပ်ကားမောင်းသမားက အဲ့ဒီလမ်းက မသွားသင့်ကြောင်း အဲ့ဒီလမ်းကို လူသတ်လမ်းကြားလို့ခေါ်ပြီး အဲ့ဒီလမ်းမှာ ပျောက်ဆုံး သေဆုံးခဲ့တဲ့သူတွေဟာ အမေရိကန်တကြောလုံးမှာရှိတဲ့ ဘယ်လမ်းထက်မဆို များတယ်ဆိုတာ သူတို့ကိုပြောပြပါတယ်။ဒါပေမယ့် ခေတ်လူငယ်ပီပီ ပုန်ကန်တတ်တဲ့၊ အယုံအကြည်မရှိတဲ့စရိုက်တွေနဲ့ သူတို့တစ်သိုက်ဟာ အဲ့ဒီလမ်းအတိုင်းထွက်ခဲ့ကြပြီး လမ်းမှာတွေ့တဲ့ ထရပ်ကားမောင်းသမားတစ်ယောက်ကို ကျော်တက် ၊ ပိတ်မောင်းရင်း အပျော်တမ်းစနောက်မိတဲ့အခါမှာတော့..အဲ့ဒီလမ်းဟာ တကယ်ပဲ သူတို့အတွက် သေမင်းတမန်လမ်းကြီးဖြစ်လာပါတော့မယ်။Joy ride triology ရဲ့နောက်ဆုံးကားဖြစ်ပြီး Franchise ထဲမှာမှ သတ်ခန်းဖြတ်ခန်းရော ဝတ်လစ်စလစ်ခန်းတွေပါပါဝင်ပြီး အကြမ်းဆုံးကားဖြစ်ပါတယ်။ အထူးသဖြင့် Wrong turn ထဲကလို ကြမ်းတမ်းလွန်းတဲ့သွေးထွက်သံယိုတွေ ပါဝင်တဲ့အတွက်ကြည့်ရဲမှ ကြည့်တာကောင်းပါလိမ့်မယ်။ File size…(1.8 GB)/(934 Mb) Quality….Blu-Ray 1080p ...
movie

Joy Ride 3 : Road Kill (2014)

The Haunting in Connecticut (2009) 5.9
The Haunting in Connecticut (2009) The Haunting in Connecticut (2009)_____IMDb - 5.9/10    ဒီနေ့ အတွက်တော့ ကြောက်စရာကောင်းတဲ့ သရဲကား တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ ဖြစ်ရပ်မှန်ကို ပြန်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်လို့ ကြည့်ရှုရတာ ပိုပြီး အရသာရှိစေမှာပါ... မတ် ဆိုတဲ့ ဆယ်ကျော်သက် ကောင်လေးဟာ ကင်ဆာ ရောဂါ ကို ရင်ဆိုင်နေရပါတယ် အမြဲလိုလို မြို့ပေါ် တက်ပြီး ဆေးရုံပြရလို့ မတ် ရဲ့ အမေ ဟာ အဲ့ဒီ မြို့ပေါ်က ဆေးရုံနားမှာ အိမ်ငှားပြီး မတ်ရဲ့ ရောဂါ ကို ကုသဖို့ ဆုံးဖြတ်လိုက်ပါတယ် ဒါပေမယ့် သူမ တို့မှာ အိမ်ငှားဖို့ ပိုက်ဆံ မလုံလောက်တဲ့အတွက် ဈေးသင့်မယ့် အိမ်ကို ရှာဖွေရင်း ဆေးရုံနားမှာပဲ အိမ်အကြီးကြီး တစ်ခုကို မထင်မှတ်ထားတဲ့ ဈေးနဲ့ ရရှိခဲ့ပါတယ်.. အိမ်ငှားပြီးနောက် မိသားစု အားလုံးပါ ပြောင်းရွှေ့လာပါတယ် အိမ်မှာ အခန်းတွေ အများကြီး ရှိတဲ့ အနက် မတ် ကတော့ သူနေပျော်မယ်ထင်တဲ့ မြေအောက်ခန်းကို ရွေးချယ်ပြီးနေခဲ့ပါတယ် ဒီအိမ်က ဘာကြောင့်ဈေးပေါနေလဲဆိုတော့ အိမ်ကြီးရဲ့ ဟိုးအရင်ပိုင်ရှင်တွေဟာ ဒီအိမ်ကို အသုဘ ပြင်တဲ့ လုပ်ငန်းအဖြစ် အသုံးပြုခဲ့ကြတာ ဖြစ်ပြီး အိမ်ရဲ့ ဇတ်ကြောင်းဟာလဲ ...
movie

The Haunting in Connecticut (2009)

2009