Channel Myanmar

Javier Botet

Don’t Knock Twice (2016) 5.1
Don’t Knock Twice (2016) Don't Knock Twice (2016)===================ဒီတစ်ခါမှာတော့ CM ပရိသတ်တို့အတွက် သဲထိပ်ရင်ဖို့ Horror ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားမှာတော့ Bohemian Raphasody ထဲက ဇာတ်ဆောင်မင်းသမီးငယ် Lucy Boynton နဲ့ DCEU ထဲက Ivy ဇာတ်ကောင်ရဲ့ အသံသရုပ်ဆောင် Katee Sackhoff တို့က အဓိကဇာတ်ဆောင်တွေအဖြစ်ပါဝင်ထားကြပါတယ်။ဇာတ်လမ်းအကျဉ်း ပန်းပုပညာရှင်တစ်ယောက်ဖြစ်တဲ့ ဂျက်စ်ဟာ ငယ်စဉ်ဘဝက အပျော်အပါးနဲ့ မူးယစ်ဆေးစွဲလမ်းမှုတွေကြောင့် သမီးငယ်ဖြစ်သူခလိုဝီရဲ့ အုပ်ထိန်းခွင့်ကိုဆုံးရှုံးခဲ့ရသူတစ်ဦးဖြစ်ပါတယ်။ သမီးငယ် ခလိုဝီဟာငယ်စဉ်ကတည်းက ကလေးဂေဟာမှာ သူငယ်ချင်းတွေနဲ့အတူနေခဲ့ရတာကြောင့် အမေဖြစ်သူကို နာကျည်းနေခဲ့သူတစ်ဦးဖြစ်ပါတယ်။ တစ်ညမှာ ခလိုဝီရယ် သူ့သူငယ်ချင်းတွေဖြစ်ကြတဲ့ ဒန်နဲ့ မိုက်ကယ်ဟာ ရပ်ကွက်ထဲမှာ စုန်းမကြီးလို့အမည်ထွက်နေတဲ့ ဆံနီဖာလားအမျိုးသမီး "မေရီအမီနော့ဖ်" ခေါ် "ဂျင်ဂျာ" ဆိုတဲ့သူရဲ့အိမ်ကို ညညတိုင်းတံခါးသွားခေါက်ကြပါတယ်။ အစကတည်းက "တစ်ခါခေါက်ရင်စုန်းမကြီးနိုး၊ နှစ်ခါခေါက်ရင်စုန်းမကြီးကိုယ့်နောက်လိုက်လာမယ်" လို့ နာမည်ကြီးနေတဲ့အိမ်ကိုမှ သွားစခဲ့ကြတဲ့ကလေးတစ်သိုက်ဟာ အဖြစ်ဆိုးနဲ့ကြုံခဲ့ရပါတယ်။ တံခါးကိုခေါက်ပြီး နောက်နေ့ကျမှာပဲ ...
movie

Don’t Knock Twice (2016)

REC 2. (2009 ) 7.0

REC 2. (2009 )

REC . 2007 7.4
REC . 2007  အန်ဂျလာနှင့် ပက်ပလိုဟာ ရုပ်သံဌာနတစ်ခုရဲ့ တင်ဆက်သူတွေဖြစ်ကြပါတယ်။ သူတို့ဟာ ပြည်သူ့ဝန်ထမ်းတွေရဲ့ ညဆိုင်းအလုပ်တွေအကြောင်းကို တင်ဆက်ထုတ်လွှင့်ပေးသူများ ဖြစ်ကြပါတယ်။တညမှာတော့ သူတို့ဟာ မီးသတ်ဌာနကို သွားရောက်လေ့လာခဲ့ကြတယ်။ ထိုစဉ် မီးသတ်ဌာနမှ အရေးပေါ်ဖုန်း ခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိလိုက်တာကြောင့် သူတို့နဲ့အတူ အန်ဂျလာတို့ဟာ အိမ်ယာအဆောင်အအုံတစ်ခုကို အတူ သွားရောက်ဖို့ဖြစ်လာခဲ့ပါတယ်။ ထိုအဆောက်အအုံကို ရောက်တဲ့အခါမှာတော့ ထူးဆန်းတဲ့အဖြစ်အပျက်နဲ့ ရင်ဆိုင်လိုက်ရပြီး ထိုအဆောက်အအုံကိုလည်း ပိတ်ထားလိုက်ပါတော့တယ်။ အဲဒီတော့ သူတို့ အပြင်ကိုရောက်အောင် ဘယ်လိုကြိုးစားကြသလဲဆိုတာ သည်းထိတ်ရင်ဖိုစွာနဲ့ စောင့်စားကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:18:00 Genre...Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Vio La
movie

REC . 2007

The Conjuring 2 (2016) 7.4
The Conjuring 2 (2016) ကာလရှည်ကြာစွာ စောင့်မျှော်နေရတဲ့ Conjuring 2 နောက်ဆုံးမှာတော့Bluray ကွာလတီနဲ့ ထွက်လာခဲ့ပါပြီ။သရဲကား ဘာသာပြန်နေကျသူတွေ အကြောင်းအမျိုးမျိုးကြောင့်မအားလပ်တာနဲ့ ကျွန်တော်ရဲ့ ပထမဆုံး ဘာသာပြန်ဖြစ်တဲ့ သရဲကား ဖြစ်သွားပါပြီ။ဒီဇာတ်လမ်းဟာလည်း ဖြစ်ရပ်မှန်ကို အခြေခံထားတာပဲဖြစ်ပါတယ်။အ ကျဉ်းပြောရရင်တော့ တစ်ခုလပ် အမျိုးသမီးတစ်ဦးနဲ့ သားသမီး ၄ ယောက်ပြောင်းရွှေ့လာတဲ့ အိမ်မှာ ကြောက်စရာ ဖြစ်ရပ်တွေ စတင်လာခဲ့ပြီး လူတွေနဲ့မီဒီယာတွေ အာရုံစိုက်မှု ရလာတဲ့အခါ ဘုရားကျောင်းရဲ့ အကူအညီတောင်းမှုအရ၀ါရမ် လင်မယား လာရောက်စုံစမ်းရတာပါပဲ။ဒီအမှုကိုတော့ သူတို့လင်မယားလိုက်ခဲ့တဲ့ အမှုတွေထဲက ကြောက်စရာအဆိုးရွားဆုံးတွေထဲက တစ်ခုလို့ အပြင်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။မထင်မှတ်တဲ့ လှည့်ကွက်တစ်ခုနဲ့ တန်ဆာဆင်ထားတာကိုလည်း တွေ့ရပါလိမ့်မယ်။ဇာတ်လမ်းအဆုံးမှာလည်း တကယ့် ဖြစ်ရပ်မှန်အသံသွင်းတိပ်ခွေကိုဘာသာပြန်ထားတာလေးနားထောင်ကြည့်ဖို့ မကျန်ခဲ့ဖို့နဲ့မူရင်းဓာတ်ပုံတွေကိုလည်း တွေ့ရှိနိုင်ကြောင်းပြောပြရင်း တင်ပေးလိုက်ပါပြီ......ရုပ်ရှင်ကားကို Little Neo မှ ဘာသာပြန်ပေးထားပြီးအညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်။  File size…  3.74 GB / 1.54 GB /  744 ...
movie

The Conjuring 2 (2016)

2016
4K HEVC
The Last Voyage of the Demeter (2023) 6.4
The Last Voyage of the Demeter (2023) The Last Voyage of the Demeter (2023) ============================= IMDb Rating - 6.4/10ရှေးခေတ် ဟော်ရာရုပ်ရှင်ကောင်းကောင်းတစ်ခုလာပါပြီ။ တကယ်တော့ ဒရက်ကူလာ ဇာတ်ကြောင်းတွေကို စိတ်ဝင်စားတဲ့သူဆိုရင်နာမည်ကြားတာနဲ့ မှတ်မိမှာပါပဲ။ ကမ္ဘာကျော် ဒရက်ကူလာဝတ္ထုကြီးထဲမှာပါတဲ့ ဒမီတာဆိုတဲ့ လှေပါပဲ။ ရုပ်ရှင်နာမည်အတိုင်းပဲ ဒမီတာရဲ့ နောက်ဆုံးပင်လယ်ခရီးရှည် အကြောင်းပါပဲ။ ဒါရိုက်တာကတော့ André Øvredal ပါ။ သူက လူကြိုက် များခဲ့တဲ့ The Autopsy of Jane Doe နဲ့ Troll Hunter ကို ရိုက်ခဲ့တဲ့သူပါ။အခုလည်း The Autopsy of Jane Doe စတိုင်ပဲ ဘယ်ကိုမှ ပြေးလို့လွှားလို့ မရတဲ့ အလုံပိတ်နေရာတစ်ခုထဲက မိစ္ဆာတစ်ကောင်ကို ဇာတ်လမ်းတည်ပြီး ရိုက်ကူးထားတာပါ။ မာလိမ်မှူး အဲလိယက်အဖြစ် Game of Thrones ထဲက ဆာဒါးဗို့စ်ဖြစ်တဲ့ Liam Cunningham က သရုပ်ဆောင်ထားပြီး၊ အန်နာအဖြစ် Game of Thrones ...
movie

The Last Voyage of the Demeter (2023)

2023
4K HEVC
Magical Girl (2014) 7.2
Magical Girl (2014) Magical Girl (2014)ဇာတ်လမ်းအကျဉ်းကတော့ အလုပ်ပြုတ်သွားတဲ့ ကျောင်းဆရာပတ်ဒရိုဟာ သွေးကင်ဆာဖြစ်နေတဲ့ သူ့သမီးကိုကုနေရင်းနဲ့ တစ်ဖြည်းဖြည်း လုံးပါးပါးလာပါတယ်။ဆရာဝန်ရဲ့ ပြောပြချက်အရ သူ့သမီးရဲ့ အသက်ဟာ ထင်သလောက် မလွယ်ကူမှန်းသိသွားတဲ့အခါ သမီးဖြစ်သူရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးဖို့ဆုံးဖြတ်လိုက်တယ်။သမီးရဲ့ ဆန္ဒတွေထဲက တစ်ခုဖြစ်တဲ့ anime ထဲက အင်္ကျီကို ဝယ်ပေးချင်ပေမယ့် ဈေးကြီးလွန်းတာကြောင့် သူ့အသိမိတ်ဆွေတွေကို အကူအညီ တောင်းပေမယ့် အဆင်မပြေပါဘူး။ ကြံရာမရတဲ့အဆုံးမှာ ရတနာပစ္စည်းဆိုင်ကို ဖောက်ဖို့ကြိုးစားတဲ့အခါ သံသယလွန်ကဲလွန်းတဲ့ ယောက်ျားရဲ့ ထိန်သိမ်းမှုအောက်မှာနေရတဲ့ ဘာဘာရာနဲ့မထင်မှတ်ဘဲ ဆုံခဲ့တယ်။ဘာဘရာရဲ့ယောက်ျားဟာ စိတ်ရောဂါဆရာဝန်ဖြစ်တဲ့အတွက် ငွေကြေးပြည်စုံပါတယ်။ အဲဒီညမှာပဲ ဘာဘရာဟာ ပတ်ဒရိုနဲ့ အိပ်ဖြစ်တယ်၊ အကြံကြီးတဲ့ပတ်ဒရိုဟာ အတူအိပ်ဖြစ်တဲ့အကြောင်းကို မှတ်တမ်းထင်ထားပြီး ဘာဘာရာဆီက ခြိမ်းခြောက်ငွေညစ်တဲ့အခါမှာတော့ ...(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Tin Myo Lwin ပါ။)File Size          : 1.3GB, 380MB, 228MB Quality  ...
movie

Magical Girl (2014)

2014
The Mummy (2017) 5.7
The Mummy (2017) အရင် Mummy ဇာတ်ကား တွေနဲ့ မတူတဲ့အချက်ကတော့ မင်းသား တွမ်ခရုဇ်က ခေါင်းဆောင်ပါဝင်ထားတာဖြစ်ပြီးအရင်ဇာတ်ကားတွေနဲ့ ကွဲပြားအောင် ဘယ်လိုဇာတ်အိမ်တည်ထားသလဲဆိုတာ စိတ်ဝင်စားစရာပါ။ခရူးဆိတ်စစ်ပွဲမှာပါဝင်ခဲ့တဲ့ သူရဲကောင်း အဖွဲ့ဟာ အေဒီ ၁၁၂၇ မှာရှေးဟောင်းအီဂျစ်နိုင်ငံကနေ ပတ္တမြားကြီးတစ်လုံးရခဲ့ပြီး ဂူတစ်ခုထဲမှာ အမှတ်သညာနဲ့ မြှုပ်နှံထားပါတယ်။ယနေ့ခေတ်လန်ဒန်မြို့မြင်ကွင်းနဲ့အတူ မြေအောက်ရထား လမ်းဖောက်လုပ်တဲ့ လုပ်သား တွေဟာ ခရူးဆိတ်စစ်ပွဲ  သူရဲကောင်းရဲ့ ဂူကိုရှာဖွေတွေ့ရှိခဲ့ပြီး လုပ်ငန်းခွင်ထဲက ထူးဆန်းတဲ့အရာတွေကိုလည်း ထပ်မံတွေ့ရှိခဲ့ပါတယ်။ ဂူတွေကို စူးစမ်းလေ့လာရင်း အမှတ်အသားတစ်ခုအရ နောက်ကြောင်း ပြန်ကြည့်တဲ့အခါ ဖာရိးဘုရင်တစ်ပါးရဲ့ သမီးတော် အာမာနက်မင်းသမီးနဲ့ ပတ်သက် တဲ့အကြောင်းအရာပေါ်လာခဲ့ပါ တယ်။အာမာနက် မင်းသမီးဟာ ထီးနန်းအမွေဆက်ခံမယ့် မင်းသမီးတစ်ပါးအဖြစ် နေရာရခဲ့ပေမယ့်သူ့ခမည်းတော်ရဲ့ ဒုတိယဇနီးက သားတော်မွေးဖွားခဲ့တဲ့အတွက် မင်းသမီးရဲ့ အခွင့်အာဏာတွေအကုန်လုံး လက်လွှတ်ရမယ့် အနေအထားဖြစ်ခဲ့ပါတယ်။အဲဒါနဲ့ အာမာနက်ဟာ သူသာလျှင် ထီးနန်းဆက်ခံသူဖြစ်ခွင့် ရှိတယ်လို့ ဆုံးဖြတ်ခဲ့ပြီး အီဂျစ် နတ်ဆက်ကို သူ့ရဲ့ဝိညာဉ်ကို ယစ်ပူဇော်ခဲ့ပါတယ်။ ...
movie

The Mummy (2017)

2017
4K HEVC
REC 4 Apocalypse(2014) 6.5
REC 4 Apocalypse(2014) REC 4 Apocalypse(2014)**********************လူကြိုက်များတဲ့ REC ရုပ်ရှင်စီးရီးရဲ့ နောက်ဆုံးစတုတ္ထမြောက်ကားပဲ ဖြစ်ပါတယ်။ အရှေ့က သုံးကားနဲ့ တိုက်ရိုက်ချိတ်ဆက်ထားတာဖြစ်လို့ အရှေ့သုံးကားကိုအရင်ဆုံးကြည့်ပြီးမှ ဒီဇာတ်ကားကိုကြည့်ဖို့ အကြံပေးပါရစေ။ REC 4 ကိုတော့ ဒါရိုက်တာ Jaume Balaguero ကရိုက်ကူးထားပြီး ရှေ့ကားတွေရဲ့ ဇာတ်လိုက်ကျော်ကြီး အန်ဟယ်လာဗီဒယ်အဖြစ် မင်းသမီး Manuela Velasco ကအဓိကသရုပ်ဆောင်အနေနဲ့ ပြန်လည်ပါဝင်လာပြီး Pavo Manzanedo, Hector Colome, Ismael Fritschi နဲ့ Crispulo Cabezas တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။Rec 3 အဆုံးမှာ အန်ဟယ်လာဗီဒယ်ကို ကယ်တင်ခဲ့ပြီးနောက်မှာ စစ်ဆေးမှုတွေအကြိမ်ကြိမ်အခါခါလုပ်ပြီး ရောဂါဖြစ်ပွားတဲ့နေရာကိုဝင်ရောက်ခဲ့သူများကို သင်္ဘောတစ်စီးဖြင့် ပင်လယ်ထဲစေလွှတ်ခါ ဗိုင်းရပ်စ်ကိုအနိုင်ယူနိုင်မယ့် ဖြေဆေးကိုဖော်စပ်ဖို့ ကြိုးစားကြပါတယ်။ ဒါပေမယ့် ဖြေဆေးကမအောင်မြင်တဲ့အတွက် နောက်ထပ်နည်းလမ်းတစ်ခုကိုရှာဖွေတဲ့အခါမှာ ကင်မရာထဲက အန်ဟယ်လာရဲ့မှတ်တမ်းတွေကို တွေ့ရှိသွားတဲ့အခါမှာတော့... အန်ဟယ်လာအနေနဲ့ ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေခဲ့တာလဲ သူ့ကတကယ်ပဲ ကူးစက်ခံထားရတာလား ဖြေဆေးကိုရော တကယ်ပဲဖော်စပ်နိုင်သွားမလား သူတို့စီးနေတဲ့ သင်္ဘောကရော ဘယ်လိုဖြစ်သွားမလဲဆိုတာကို သွေးသံတရဲရဲနဲ့ စိတ်ဝင်စားဖွယ် ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။သွေးထွက်သံယိုအခန်းများ အများအပြားပါဝင်တဲ့အတွက် ကလေးသူငယ်များနဲ့ နှလုံးမကောင်းသူများကြည့်ရှုဖို့ မသင့်တော်ပါခင်ဗျာ... File Size : ...
movie

REC 4 Apocalypse(2014)

REC 3 Genesis(2012) 7.0
REC 3 Genesis(2012) REC 3 Genesis(2012)******************လူကြိုက်များတဲ့ Rec ရုပ်ရှင်စီးရီးရဲ့ သုံးကားမြောက်ဇာတ်ကားပဲဖြစ်ပါတယ်။ ​ရှေ့နှစ်ကားနဲ့မတူတဲ့ နေရာတစ်ခါမှာ အ​ခြေတည်ထားပြီး ​ရှေ့နှစ်ကားထက်ပိုပြီးလေးနက်တဲ့ ခံစားမှုတွေကို ပေးစွမ်းနိုင်မယ့် ဇာတ်ကားဖြစ်တဲ့အတွက်Horror ချစ်ပရိတ်သတ်ကြီး အကြိုက်တွေ့မယ့် ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ရှေ့နှစ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာနှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်တဲ့ Paco Plaza မှရိုက်ကူးထားပြီးDiego Martin, Leticia Dolera, Javier Botet နဲ့ Alex Monner တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။မင်္ဂလာမောင်နှံဖြစ်တဲ့ ကိုဒိုနဲ့ကလာရာတို့ဟာ သူတို့နှစ်ဦးနဲ့ အချစ်ကိုပိုပြီးခိုင်မြဲစေဖို့အတွက်မင်္ဂလာပွဲကြီးကို မိသားစုမိတ်ဆွေ စုံစုံလင်လင်နဲ့ ကျင်းပနေပြီး တစ်ဦးနဲ့တစ်ဦးချစ်ခြင်းမေတ္တာအပြည့်နဲ့ ဘဝခရီးကိုလျှောက်လှမ်းဖို့ အဆင်သင့်ဖြစ်နေခဲ့တာပဲ ဖြစ်ပါတယ်။သူတို့ရဲ့ပျော်ရွှင်မှုတွေကို ဖျက်စီးမယ့်အကြောင်းအရာတစ်ခုကတော့ကိုဒိုရဲ့ဦးလေးဖြစ်သူ ပဲပဲဗီတာဟာ တိရိစ္ဆာန်ဆေးကုခန်းကနေခွေးကိုက်ဒဏ်ရာတစ်ခုရလာခဲ့ပြီး တူဖြစ်သူရဲ့မင်္ဂလာဆောင်ကို ချီးမြှောက်ဖို့ ရောက်လာပါတော့တယ်။ ​ရှေ့ဇာတ်ကားနှစ်ကားကို ကြည့်ဖူးခဲ့ရင်တော့ ဒီခွေးကိုက်ဒဏ်ရာဟာဘယ်လောက်အထိ ဆိုးဝါးတဲ့အဖြစ်ဆိုးတွေဖြစ်စေလဲဆိုတာကို ကြိုတင်မှန်းဆနိုင်မှာဖြစ်တဲ့အတွက် ​ရှေ့နှစ်ကားကိုအရင်ဆုံးကြည့်ဖို့ အကြံပေးပါရစေ။မင်္ဂစုံတွဲနှစ်တွဲကြားမှာရှိတဲ့ ချစ်ခြင်းမေတ္တာတွေ တစ်ဦးအပေါ်တစ်ဦးထားရှိတဲ့ သစ္စာတရားတွေကိုသွေးသံတရဲရဲကို ကြည့်ရှုရမှာဖြစ်တဲ့အတွက် ...
movie

REC 3 Genesis(2012)

Don’t Knock Twice (2016) 5.1
Don’t Knock Twice (2016) Don't Knock Twice (2016)ဇာတ်ကားနာမည်ကိုက Don't Knock Twice ..ဒီတံခါးကို နှစ်ခါခေါက်လိုက်မိတာနဲ့ သူမကမင်းတို့နောက်ကို တောက်လျှောက်လိုက်လာလိမ့်မယ် တစ်ခါခေါက်ရင် သူမအိပ်ရာကနိုးထဖို့ နှိုးတာဖြစ်ပြီး နှစ်ခါခေါက်ရင်တော့ သေခြင်းကနှိုးလိုက်တာပဲ ...Horror ကြိုက်ကြည့်ရှူသူတွေအတွက် Old But Gold သရဲဇာတ်ကားကောင်းလေးကို တင်ဆက်ပေးချင်ပါတယ် IMDb 5.1 ရရှိထားတဲ့ ဒီဇာတ်ကားမှာတော့ ကြောက်စရာလည်းကောင်းသလို မိဘမေတ္တာကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်...ဂျက်စ်ဆိုတာကတော့ ကျန်းမာရေးမကောင်းလို့ သမီးဖြစ်သူခလိုဝီကိုမိဘမဲ့ဂေဟာပို့ထားရတဲ့ မိခင်တစ်ယောက်.. သမီးကိုပြန်ခေါ်ဖို့ကြိုးစားပေမယ့် တားဆီးနေသူတွေကြောင့် ၉နှစ်လောက်အဆက်အသွယ်ပြတ်သွားခဲ့သူ။ ခလိုဝီကတော့ လိုအပ်ချိန်မှာရှိမနေခဲ့တဲ့အတွက် မိခင်ဖြစ်သူကိုနာကျည်းရင်းနေ့ရက်တွေကိုဖြတ်သန်းခဲ့ရသူပါ ဒီလိုနဲ့တစ်နေ့ မြို့စွန်ကအိမ်ပျက်ကြီးကို ခလိုဝီနဲ့ သူငယ်ချင်းဖြစ်သူဒန်နီတို့ သွားကြည့်ကြရင်း လူငယ်သဘာဝစူးစမ်းချင်တာကြောင့် တံခါးကိုနှစ်ခါခေါက်လိုက်မိတယ် အစပိုင်းမှာတော့ ကိစ္စတွေက အဆင်ပြေပြေရှိနေပေမယ့် သူတို့အိမ်ပြန်ရောက်ပြီးချိန်မှာတော့ ကြောက်မက်ဖွယ်ခြောက်လှန့်မှုတွေနဲ့ မိတ်ဆက်ခဲ့ရတာကြောင့် မိခင်အိမ်ကိုအားကိုးတကြီးသွားပြီး အကူအညီတောင်းခဲ့ပေမယ့် ခြောက်လှန့်မှုတွေကရပ်တန့်မသွားဘဲ ပိုဆိုးလာတဲ့အခါ...သူမမိခင်က သူမကိုဘယ်လိုကယ်တင်မလဲ ဒီခြောက်လှန့်မှုတွေကနေ သူမတို့လွတ်မြောက်ကြမှာလားဆိုတာ အသည်းယားစရာခြောက်လှန့်မှုတွေကြားထဲ စီးမြောလိုက်ကြပါဦးရှင် File size…845MB / 375MB Quality…1080p BluRay / 720p Format…mp4 Duration….1h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni
movie

Don’t Knock Twice (2016)

2016
It Chapter Two (2019) 6.8
It Chapter Two (2019) (Unicode)IT ပထမရုပ်ရှင်မှာ ပန်နီဝိုက်စ် ကို Loser club က အနိုင်ယူခဲ့ပါပြီ။ဒါပေမယ့် အဲဒီအရာက တကယ်သေသွားတာ မဟုတ်ခဲ့ပါဘူး။ဒီလိုသာ မသေခဲ့ရင် ၂၇နှစ်အကြာမှာ ပြန်ပေါ်လာမှာကို တွေးမိတဲ့ဘေလ်တို့အဖွဲ့ဟာ ၂၇ နှစ်ကြာလို့အဲဒါ ပြန်ပေါ်လာရင်ပြန်စုပေါင်းပြီး တိုက်ခိုက်ဖို့ သစ္စာပြုခဲ့ကြပါတယ်။၂၇ နှစ် အကြာကာလရဲ့ ဇာတ်လမ်းဖြစ်တာကြောင့်ဒီဇာတ်ကားရဲ့ ဇာတ်လိုက်တွေကအသက်၃၀ ကျော်လူကြီးတွေ ဖြစ်နေပါလိမ့်မယ်။ဒါပေမယ့် သူတိုကိုယ်စားပြုတဲ့ ကလေးကာရိုက်တာတွေကိုအကောင်းဆုံးပုံဖော်ပြထားတာကြောင်း အရမ်းကိုကြည့်ကောင်းနေပါလိမ့်မယ်။ပန်နီဝိုက်စ်ကလည်း ကလေးတွေကို ခြောက်တုန်းကထက်ပိုကြမ်းလာပါလိမ့်မယ်။ဒီတော့ အားရပါးရကြောက်ဖို့ ဘာသာပြန်ပေးလိုက်ပါတယ်။ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်…. File Size : (2.70 GB),(1.30 GB) And (650 MB) And (4.1GB) Quality : Blu-Ray (1080p 5.1,720p,480p) / 4k BluRay HEVC AAC 5.1CH Running Time : 2hr 49min Format : ...
movie

It Chapter Two (2019)

2019
4K HEVC
IT (2017) 7.8
IT (2017) မိုးတွေတဖွဲဖွဲရွာနေတဲ့မနက်ခင်းတစ်ခုမှာ ၅နှစ်ခန့်အရွယ် ဂျော်ဂျီလေးဟာ သူ့အစ်ကိုမပါဘဲအပြင်သွားရဖို့ဖြစ်လာခဲ့တယ်...သူ့အစ်ကို ဘီလ်ကလည်းချောင်းတွေဆိုးပြီးဖျားနေခဲ့တာကိုး...အစ်ကိုမပါလို့မသွားချင်သွားချင်ဖြစ်နေတဲ့ဂျော်ဂျီလေးကို ဘီလ်က လမ်းမှာဆော့သွားဖို့စက္ကူလှေလေးလုပ်ပေးပြီး နှစ်သိမ့်လိုက်တယ်...ဂျော်ဂျီလေး အိမ်ကထွက်လာပါပြီ...မိုးကာ အင်္ကျီအဝါရောင်လေးနဲ့ပေါ့...ဂျော်ဂျီလေးသာ ပြန်မလာနိုင်တော့မယ်မှန်းကြိုသိခဲ့ရင် ဘီလ့်အနေနဲ့ဘယ်လောက်ဖျားဖျားလိုက်သွားမိမှာပဲ…ဒါပေမယ့် အနာဂတ်ကိုကြိုမသိနိုင်တော့လည်း ဘီလ့်ခမျာ ချောင်းလေးတစ်ဟွတ်ဟွတ်ဆိုးရင်း မိုးရေထဲထွက်ခွာသွားတဲ့ ဂျော်ဂျီလေးကိုလှမ်းမျှော်ကြည့်ရင်းကျန်ခဲ့ပါတယ်…လမ်းတစ်လျှောက် မိုးရေစီးကြောင်းထဲမှာ လှေလေးကို ဆော့ရင်းထွက်သွားတဲ့ဂျော်ဂျီလေးဟာ အဲ့ဒီနေ့ကအိမ် ပြန်မလာခဲ့ပါဘူး…နောက်နေ့တွေလည်း ပြန်မလာခဲ့ဘူးလို့ပြောရင် ပိုမှန်မှာပေါ့…ဘီလ်တစ်ယောက်ဟာ အချိန်တွေကြာလာပေမယ့် ဒီကိစ္စကိုသူ့အပြစ်လို ခံစားပြီး သူ့ညီလေး ပျောက်သွားနိုင်မယ့်နေရာကိုမှန်းဆပြီးမိဘတွေမသိအောင် ကြိတ်ရှာနေခဲ့တယ်…နွေကျောင်းပိတ်ရက် မစတင်ခင်တစ်နေ့မှာတော့ စိုးရိမ်တကြီးမျက်နှာနဲ့ ကြေငြာစာရွက်တွေလိုက်ကပ်နေတဲ့ အန်တီကြီးတစ်ယောက်ကိုတွေ့လိုက်ရတယ်…အလို... အခန်းထဲကကောင်မလေး ပျောက်သွားတယ်ဆိုပါလားနောက်နေ့တွေမှာလည်း လူပျောက်ကြေငြာစာရွက်တွေ တစ်ရွက်ပြီးတစ်ရွက်ပလူပြန်လာပြီ…ဒယ်ရီမြို့လေးမှာ ကလေးပျောက်တာတွေ များလာပါလား…ဘီလ်သံသယဝင်လာပါပြီ…သူ့သူငယ်ချင်းတွေအဖွဲ့(ကျောင်း မှာအမြဲအနိုင်ကျင့်ခံရတဲ့ Loserအဖွဲ့)နဲ့ စုံစမ်းလိုက်တဲ့အခါ ၂၇ နှစ်ကြာတိုင်း တစ်ဖန်ပေါ်လာတတ်တဲ့ကလေးစားလူရွှင်တော် Pennywiseအကြောင်းကို သိလာခဲ့တယ်လွန်ခဲ့တဲ့၂၇နှစ်ကလည်း တစ်မြို့လုံးပြုတ်အောင် စားခဲ့တဲ့သက်သေတွေလည်း တွေ့လာခဲ့တယ်…ဘီလ်နဲ့သူ့သူငယ်ချင်းတွေကိုယ်တိုင်ကလည်း ခြောက်လန့်မှုတွေ အမျိုးမျိုးနဲ့ကြုံလာရတဲ့အခါ…သူတို့ကိုယ်တိုင်အတွက်နဲ့ ကျန်တဲ့ကလေးတွေ အန္တရာယ်ကိုကာကွယ်ဖို့ Pennywiseကြီးရှိရာ…အိမ်ပျက်ကြီးအောက်ခြေက ရေတွင်းပျက်ကြီးဆီချီတက်လာကြတဲ့အခါမှာတော့……''ငါအိမ်ပြန်ရောက်တိုင်း ဂျော်ဂျီရှိမနေဘူး…သူ့ရယ်သံလေးတွေလည်းမကြားရတော့ဘူး…သူကစားနေကျ ပေါကြောင်ကြောင် ဒိုင်နိုဆောကောင်တွေကပဲ ...
movie

IT (2017)

2017
4K HEVC
Don’t Listen (2020) 6.1
Don’t Listen (2020) Don’t Listen (2020)ခင်ဗျားတို့ တမလွန်ဘဝရှိတယ်ဆိုတာ ယုံလား တခါတလေကျရင် ဘယ်ကမှန်းမသိတဲ့အသံတွေက ကိုယ့်ကိုတစ်ခုခုပြောနေတာမျိုး လုပ်ခိုင်းတာမျိုးရော ကြုံဖူးကြလားအီရစ်ဆိုတဲ့ကောင်လေးက သူတို့ပြောင်းလာတဲ့ရှေးဟောင်းအိမ်ကြီးထဲမှာ ဘယ်ကမှန်းမသိတဲ့အသံတွေကို ကြားနေရတဲ့ကောင်လေးပေါ့ မိဘတွေက ဆရာဝန်နဲ့ပြပေးပြီး ကလေးဆိုတော့ စိတ်ကူးယဉ်ပြီးကြားနေရတဲ့အသံတွေလို့ပဲ လက်ခံခဲ့ကြတယ် ဒီကြားထဲမှာလည်း ထူးဆန်းတာတွေဖြစ်ခဲ့ပေမယ့် ပေါ့ပေါ့တန်တန်ပဲ သဘောထားခဲ့ကြတဲ့မိဘတွေဆီမှာ ရင်နင့်ဖွယ်ဖြစ်ရပ်ကြီးတစ်ခု ကြုံလိုက်ရတဲ့အခါ.... အဲ့ဒီဖြစ်ရပ်ပြီးတော့ ဖခင်ဖြစ်သူဟာ အမှတ်တမဲ့ကြားလိုက်ရတဲ့ အသံကနေတစ်ဆင့် Electronic voice phenomenon ဆိုတဲ့ သဘာဝလွန်အသံတွေကိုလေ့လာနေတဲ့ ပါမောက္ခဂျာမန်ဆီကို ဆက်သွယ်ပါတော့တယ်အသံတွေနောက်ကို လိုက်ရင်းနဲ့ မတော်တဆမှုတွေ ဆက်တိုက်ဖြစ်ပြီးတဲ့နောက် အကြောင်းအရင်းကို ဖော်ထုတ်လိုက်ကြတဲ့အခါ... ကြောက်စရာကောင်းတဲ့အိမ်ထဲကနေ သူတို့လွတ်လမ်းရှိပါ့မလား...Plot တွေက ရိုးရှင်းပေမယ့် Horror ဇာတ်ကားကောင်းနှစ်သက်တဲ့သူတွေအဖို့တော့ အကြိုက်တွေ့စေမှာပါ R-rated movie မဟုတ်ပေမယ့် တချို့သော Scene တွေက R-rated နီးနီးကြမ်းတာကြောင့် ကလေးသူငယ်များ ကြည့်ရှူရန်မသင့်ပါခင်ဗျာ ။( အညွှန်းရေးသားထားသူကတော့ Amelia ပါ )Quality__1080p , 720p IMDb Rating__6.1/10 Format__mp4 Duration__01:35:00 Type__Drama , ...
movie

Don’t Listen (2020)

Insidious: The Last Key (2018) 5.8
Insidious: The Last Key (2018) ဒီဇတ်ကားကို ကြည့်ပြီးမှ ဟိုးအရင်တုန်းက Chapter 1 & 2 ကို ကြည့်သင့်တယ် ထင်တာပဲအဲ့ဒါမှ အဲလိစ် ရဲ့ နောက်ကြောင်းကို ဇတ်ရည်လည်မှာပါဒါကတော့ ပရလောကဖြင့် ချိတ်ဆက်နိုင်တဲ့ ပညာရှင် အဲလိစ် မသေဆုံးခင်ဖြေရှင်းခဲ့တဲ့ ပရလောက ဇတ်လမ်းတွေထဲက တစ်ခုဖြစ်ပြီး အဲလိစ် ဘာကြောင့်ပရလောကဖြင့် ချိတ်ဆက်နိုင်ခဲ့တယ်ဆိုတာရဲ့ ဇတ်မြစ် ဖြစ်ပြီးသူမ ရဲ့ မိခင် ကို သတ်ဖြတ်ခဲ့တဲ့ သော့လက် ပိုင်ရှင် မကောင်းဆိုးဝါး ကိုရင်ဆိုင်ဖြေရှင်းရမယ့် အခန်းလဲ ဖြစ်ပါတယ်အဲလိစ် ရဲ့ ငယ်ဘ၀ က နေထိုင်ရာ အိမ်ကြီးတွင် မကောင်းဆိုးဝါးများ ကပ်ညှိနေ၍လက်ရှိအိမ်ပိုင်ရှင်က အကူအညီတောင်းလို့ အဲလိစ် နှင့် သူ၏ လက်ထောက် တို့သွားရောက် ကူညီဖြစ်ရင်း ငယ်ဘ၀ နှင့် ပြန်လည် ချိတ်ဆက်မိခဲ့ရာ......ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ Tariq L Walker ဖြစ်ပြီးThit San Khant မှ Encode ပေးထားပါတယ်
movie

Insidious: The Last Key (2018)

2018
32 Malasana Street (2020) 5.5
32 Malasana Street (2020) Malasana 32 (2020) ---------------------ကျွန်တော်တို့ ငယ်ငယ်တည်းက ရင်းနှီးပြီးသားပါ... သရဲတို့ဝိညာဉ်တို့ဆိုတာ သေခါနီးအစွဲကြီးရင် မကျွတ်မလွတ်နဲ့ ဘဝမကူးနိုင်တဲ့ ဘုံသားတွေဆိုတာကိုပေါ့... ဒီဇာတ်လမ်းမှာ အဓိက ဆွဲဆောင်သွားတာကလဲ မကောင်းဆိုးဝါးရဲ့ စွဲလမ်းစိတ်ပါပဲ....ဇာတ်လမ်းအကျဉ်းကတော့ အန်ပါရိုတို့ မိသားစုဟာ သူတို့မွေးရပ်ဇာတိဖြစ်တဲ့ ရွာမှာ အဆင်မပြေတာကြောင့် မြို့ကြီးတစ်ခုကို ပြောင်းလာခဲ့ပါတယ်... မိသားစုဝင်တွေကလဲ များတာကြောင့် တိုက်ခန်းဟောင်းကြီး တစ်ခုကိုသာ အရစ်ကျနဲ့ဝယ်နိုင်ခဲ့ပါတယ်. အဲ့အချိန်ထိသူတို့မိသားစုဟာ ပျော်ပျော်ရွှင်ရွှင်ပါပဲ..ဒီလိုဈေးပေါပေါနဲ့ သူတို့မိသားစုဝင်ခြောက်ယောက်ကို ကျယ်ကျယ်ဝန်းဝန်းနေစေနိုင်လို့လေ...ဒါပေမယ့် အန်ပါရိုကတော့ စိတ်ထဲခြောက်ခြားနေခဲ့ပါတယ်..အဲ့လိုနဲ့တနေ့မှာတော့ အန်ပါရိုဟာ သူ့မောင်လေး ရာဖဲလ်ကို အိမ်မှာနေရင်းနဲ့ပျောက်သွားခဲ့တာကစပြီး ဒီတိုက်ခန်းကြီးဟာ မူမမှန်ကြောင်းကို သူတို့မိသားစုစပြီး သတိထားမိခဲ့ပါတယ်........အချိန်မတော် လမ်းလျှောက်သံတွေ ငြီးသံတွေနဲ့ ခြောက်ခြားလွန်းတာကြောင့် သူတို့မိသားစု တိုက်ခန်းပေါ်ကပါ ဆင်းပြေးပြီး အိမ်ကိုပြန်အပ်ဖို့ထိ လုပ်ခဲ့ပါတယ်... ကံဆိုးချင်တော့ တိုက်ခန်းကလဲ အပေါင်စာချုပ်နဲ့လုပ်ထားတော့ ပြန်အပ်မရခဲ့ပါဘူး.....အန်ပါရိုတို့မိသားစု ဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲ? ဒီအိမ်ကြီးက မကောင်းဆိုးဝါးဟာ ဒီတိုက်ခန်းကို စွဲလမ်းနေတာလား.? သူဘာကိုစွဲလမ်းနေတာလဲ? အဲ့လိုမေးခွန်းတွေနဲ့ ဇာတ်လမ်းအဆုံးထိ ကြောက်လည်းကြောက် ဆက်လည်းကြည့်ချင်စေမယ့် horrorဇာတ်လမ်းတပုဒ်မလို့ ကြည့်ဖြစ်အောင်ကြည့်ဖို့ ညွှန်းလိုက်ပါတယ်........  Translated and Encoded by : YKQuality : 1080p Blu-Ray and 720p Blu-RayFile Size : 1.8GB and ...
movie

32 Malasana Street (2020)

2020
The Revenant (2015) 8.0
The Revenant (2015) အော်စကာဆု ရွှေကမ္ဘာလုံးဆု တွေ အပါအဝင်ရုပ်ရှင်လောက ရဲ့ ထိပ်သီးဆုတွေ အတွက်လျာထားခြင်းခံထားရတဲ့ ဇာတ်ကားပါ။ ဒီဇာတ်ကား ရဲ့ အဓိက မင်းသား လီယိုနာဒို ရဲ့သရုပ်ဆောင် သက်တမ်းတစ်လျှောက်အမှတ်ရစရာအကောင်းဆုံး ဇာတ်ကားလည်းဖြစ်လာနိုင်ပါတယ်။ အော်စကာဆုတွေနဲ့ လွဲလွဲနေတဲ့ မင်းသား လီယိုနာဒိုဟာဒီဇာတ်ကားနဲ့အတူ ရနိုင်ဖို့ ကမ္ဘာ့ရုပ်ရှင်ဇာတ်ခုံပေါ်ကလူတိုင်းလိုလို တစ်ပေးထားကြပါတယ်။ ဒီဇာတ်ကားမှာဆိုရင် ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေရဲ့ကြိုးစားအားထုတ်မှုတွေ အပြင်ထုတ်လုပ်သူတွေရဲ့ ကုန်ကျစရိတ်အမြောက်အများ ကျခံပြီး ရိုက်ကူးထားမှုတွေ ရုပ်ရှင်တစ်ဖွဲ့သားအားလုံး ရဲ့ အပင်ပန်းခံ ပြီး ပရိသတ်တွေ အပေါ် စေတနာဘယ်လောက် ထား ခဲ့တယ်ဆိုတာတွေပါ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ယောကျ်ားတစ်ယောက်ရဲ့ စွန့်စားခန်းနဲ့အတူယောကျာ်းကောင်းတစ်ယောက်မှာရှိသင့်တဲ့ စိတ်ခွန်အား စွမ်းရည်သတ္တိ လုပ်ရည်ကိုင်ရည် တွေကို အကောင်းဆုံးပြနိုင်ခဲ့တဲ့ ဇာတ်ကားပါ။မိမိရဲ့အမဲလိုက်အဖွဲ့ဝင်တွေရဲ့ စွန့်ပစ်သစ္စာဖောက်ခြင်းကိုခံခဲ့ရတဲ့ နယ်မြေသစ်ရှာဖွေသူ Hugh Glass (လီယိုနာဒို) ရဲ့အသက်ရှင်ရပ်တည်ရဖို့ တစ်ဦးတည်းရုန်းကန်ရပုံတွေကိုအားရကျေနပ်ဖွယ် ကောင်းလောက်အောင်ရိုက်ပြထားတာပါ။ မင်းသား လီယိုနာဒိုဟာ ဒီဇာတ်ရုပ်ကိုပြောစမှတ်တွင်လောက်အောင် သရုပ်ဆောင်ပြသွားတာကိုအားလုံးတွေ့မြင်ရမှာပါ။ ဒီဇာတ်ရုပ်ဟာ လီယိုနာဒိုကို အခြား အော်စကာ ဆန်ကာတင်မင်းသားတွေနဲ့ ယှဉ်လိုရင် ပိုသာ သွားအောင်ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ survival adventure ...
movie

The Revenant (2015)

2015
Advantages of Travelling by Train (2019) 6.5
Advantages of Travelling by Train (2019) Ratingကောင်းတွေရရှိထားတဲ့ စပိန်Mystery, Thrillerဇာတ်ကားတစ်ကားပါ။တစ်ကားလုံးခန့်မှန်းလို့မရတဲ့ဇာတ်လမ်းကြားမှာဖုံးကွယ်ထားတဲ့ဇာတ်လမ်းတွေထည့်ပြီး စပရိုက်တွေထထလုပ်ပါတယ်။အယ်ဒီတာအမျိုးသမီးတစ်ယောက် အိမ်ပြန်ရောက်တဲ့အခါသူ့ယောက်ျားဖြစ်သူရူးနှမ်းနေတာမြင်သွားတဲ့နောက်စိတ်ကျန်းမာရေးဆေးခန်းပို့ပြီးအပြန် ရထား‌ပေါ်မှာစိတ်ရောဂါကုဆရာဝန်တစ်ယောက်နဲ့ဆုံပြီးဆရာဝန်ကသူ့ကို စိတ်ဝင်စားစရာဇာတ်လမ်းတွေပြောပြပါတယ်။ဆရာဝန်မှာပဲစိတ်ဝင်စားစရာဇာတ်လမ်းတွေရှိတာမဟုတ်ပဲအမျိုးသမီးမှာလည်းဇာတ်လမ်းတွေနဲ့ပါ။ဘာဇာတ်လမ်းတွေလည်းဆိုတာ အရသာပေါ့သွားမှာစိုးလို့ မပြောတော့ပါဘူး။ကိုယ်တိုင်ပဲခံစားကြည့်လိုက်ပါ။(ရွံစရာကောင်းတဲ့အခန်းနှစ်ခန်းလောက်ပါတာမို့ ရွံတတ်ရင်အစာစားရင်မကြည့်ပါနဲ့)ကြည့်ပြီးရင်အားရမယ့်ဇာတ်ကားတစ်ကားဆိုတာအသေအချာပါပဲ။စပရိုက်လုပ်မယ့်သူမရှိရင် ဒီကားကစပရိုက်လုပ်ပေးပါလိမ့်မယ်။ File Size : ( 967 MB , 286 MB) Quality : WEB-DL 720p Running Time : 1 hr 43 min Format : Mp4 Genre : Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Moe Lay Encoded by Moe Myint Lwin 
movie

Advantages of Travelling by Train (2019)

Scary Stories to Tell in the Dark (2019) 6.4
Scary Stories to Tell in the Dark (2019) မကြာသေးခင်ကမှ ရုံတင်သွားတဲ့ Horror ကား ကောင်းကောင်းလေးပါဗျ။ဇာတ်လမ်းတွေက နာကျင်စေတယ်။ဇာတ်လမ်းတွေက အနာကျက်စေတယ်။ဇာတ်လမ်းတွေက ကျွန်တော်တို့ ဘယ်သူဘယ်ဝါရယ် လို့ ပုံဖော်ပေးတယ်။ခင်ဗျားတို့ရော ကိုယ်ရဲ့ ရှေ့ဖြစ်ဇာတ်လမ်းကို ကြိုသိရပါမယ် ဆိုပါစို့။​အကောင်းတွေတော့ မဟုတ်ဘူးနော်။အဆိုးတွေ..... ကံကြမ္မာဆိုးတွေ ဇာတ်လမ်းကတော့ ဒီလိုပါ။ဟောလိုဝင်းနေ့မှာ ကလေးတစ်သိုက်က သရဲခြောက်တဲ့အိမ်ကြီးတစ်အိမ်ကို ရောက်သွားတယ်။အဲဒီအိမ်မှာ ဒဏ္ဍာရီတစ်ခု ရှိတယ်။အဲဒီအိမ်က အမျိုးသမီးရဲ့ဇာတ်လမ်းကို နားထောင်ပြီးတဲ့ကလေးတိုင်းပျောက်ဆုံးသွားလေ့ ရှိတယ်။မမျှော်လင့်ဘဲ အဲဒီအမျိုးသမီးကြီးရဲ့ ဇာတ်လမ်းတွေ ရေးထားတဲ့ စာအုပ်ကို ရခဲ့တယ်။စာအုပ်ထဲမှာ ဇာတ်လမ်းတွေ အလိုလိုပေါ်လာခဲ့တယ်။ပေါ်လာခဲ့တဲ့ ဇာတ်လမ်းတွေကလည်း တကယ်ဖြစ်လာခဲ့တယ်။အဲဒီကံကြမ္မာဆိုးကို သူတို့ ဘယ်လို ရှောင်လွှဲကြမလဲ?????ရှောင်လွှဲဖို့ရော ဖြစ်နိုင်ပါ့မလား?????စာအုပ်ကရော ဘာရာဇဝင်တွေ ရှိနေတာလဲ?????ဇာတ်လမ်းက ကြောက်ဖို့ကောင်းသလို ...
movie

Scary Stories to Tell in the Dark (2019)

2019