Channel Myanmar

Jenny Slate

Zootopia (2016) 8.0
Zootopia (2016) Zootopia (2016) ကို ရုံတင်တုန်းက သွားကြည့်ရတဲ့ ဖီလင်က ယခင် ကားသစ်တွေ ရုံမှာသွားကြည့်ရတဲ့ ခံစားချက်တွေနဲ့ ဘာမှမဆိုင်ဘူး ပိုက်ဆံပေးကြည့်ရတာထက် ပိုတန်တယ်... ပြီးတော့ ယုန်မလေး ရဲ့ မျက်နှာဟာ ယုန်တစ်ကောင်နဲ့ မတူပဲ ချစ်စဖွယ်ကောင်မလေး မျက်နှာလိုပဲ ဘယ်လိုကြည့်ကြည့် ချစ်ဖို့ကောင်းတယ် ဒါ့အပြင် မြေခွေး ဆိုလဲ သူ့ရဲ့ ပုံစံနဲ့ လိုက်ဖက်စွာ အကျင့်ယုတ်တာတွေ လိမ်တာတွေ နောက်ပြောင်တာတွေက မျက်နှာထား အပြင် ၀တ်စားပုံနဲ့ပါ လိုက်ဖက်နေတယ် ဥပမာ ကျနော်တို့ ပျိုတိုင်းကြိုက်တဲ့ လူစီဖာမောနင်းစတား ရဲ့ မျက်ခွက်နက် ချွတ်စွတ်သွားတူနေတာမျိုး tongue emoticon ပိုသဘောကျမိတာက ဒီကာတွန်းကားတွက် ဇတ်ကောင်တွေ အများကြီး သုံးထားတာကိုပေါ့... မြေခွေး နဲ့ ယုန်မလေး ဆီမှာပဲ အာရုံစိုက်နေလို့ မရပြန်ဘူး ကျန်တဲ့ သတ္တ၀ါလေးတွေက တစ်ယောက်တစ်မျိုး ချစ်ဖို့ကောင်း စိတ်ဝင်စားဖို့ ကောင်းနေပြန်ပါတယ်... ပိုလန်းတာက လူတွေ ရူးသွပ်နေတဲ့ iPhone ပုံစံ ဆင်တူတဲ့ မုံလာဥ တံဆိပ် ဖုန်းကို ဒီဇာတ်ကားထဲမှာ မြင်မိတာနဲ့ သင်ပြုံးမယ်ဆိုတာ အာမခံပါတယ် ဇတ်ဝင်သီချင်းတွေကလဲ အလန်းတွေကြီးပါပဲ ...
8.0
IMDB: 8.0/10 346,045 votes
movie

Zootopia (2016)

2016
Blu-Ray 1080p
The Polka King (2018) 5.8
The Polka King (2018) ​ဟောလိဝုဒ်​နာမည်​​ကျော်​ သရုပ်​​ဆောင်​ Jack Black ပါဝင်​သရုပ်​​ဆောင်​ထားပြီး IMDb rating 5.9 ရရှိထား​သော The Polka King ရုပ်​ရှင်​သည်​Pennsylvania ပြည်​နယ်​မှ Polka ဂီတ​ဖျော်​​ဖြေသူအနုပညရှင်​တစ်​ဦးဖြစ်​တဲ့ ဂျန်​လီဝင်​ရဲ့ အခက်​အခဲများကြားမှ ကြိုးကြိုးစားစားဖြင့်​ခက်​ခဲစွာ​အောင်​မြင်​​ကျော်​ကြားသူတစ်​ဦးဖြစ်​လာခဲ့ပုံ သူ၏​ပေါင်းသင်းဆက်​ဆံမှုစွမ်းရည်​ ပါးနပ်​မှု ရည်​မှန်းချက်​ကြီးစွာကြိုးစားခဲ့သဖြင့်​​အောင်​မြင်​ခဲ့ပုံ ကျူးလွန်​ခဲ့​သောအမှားများ​ကြောင့်​ကျရှုံးခဲ့ပုံ၊ဘဝ၏အတက်​အကျ မိသားစု၏အ​ရေးပါပုံ၊ကြိုးစားအားထုတ်​မှု၏တန်​ဖိုးတို့ကိုရသ​ပေါင်းစုံ​အ​ဖြစ်​ခံစားကြည့်​ရှုရမဲ့ Biography / Documentary ဆန်​ဆန်​ရုပ်​ရှင်​ကား​ကောင်း​လေးဖြစ်​ပါတယ်​။   File Size : (800 MB) and (300 MB) Quality : WEBRip 720p Running Time : 1hr 35min Format : Mp4 Genre :Biography, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Source : iNTERNAL.1080p.WEB.x264-STRiFE Translated by Htet Myet Encoded by Thanhtike Zaw
5.8
IMDB: 5.8/10 680 votes
movie

The Polka King (2018)

2018
Despicable Me 3 (2017) 6.4
Despicable Me 3 (2017)   ချစ်စရာMinionsလေးတွေကိုအားလုံးမှတ်မိကြမှာပါ။ Despicable me 1 ကနေစပြီးအောင်မြင်ခဲ့တဲ့ဒီဇာတ်ကားကို Illumination Entertainment နဲ့ Universal Picture တို့ကနေပြီး Despicable me 3ဆိုပြီး ထပ်မံရိုက်ကူးထုတ်လုပ်လိုက်ပါပြီ။ ဂရူးတယောက်တော့ဒီတခါ ဘော်တယ်ဇာ ဘရက်တ် ကိုနှိမ်နင်းရပါတော့မယ်။ ဘရက်တ်ဟာငယ်စဉ်ကကလေးသရုပ်ဆောင်ဖြစ်သလို၈ဝခုနှစ်လောက်ကသူသရုပ်ဆောင်ခဲ့တဲ့ဇာတ်ကောင်တွေကိုစွဲလန်းရူးသွပ်နေသူတယောက်ပါ။ ဒီကားလေးမှထူးခြားတာတော့ ဂရူးရဲ့အမြွာညီအစ်ကိုတယောက်ပေါ်လာတာပါပဲ။ ဒရူးဟာ ဂရူးလို ဗီလိန်အလုပ်တွေ လုပ်ဖို့ အရမ်းစိတ်အားထက်သန်နေပါတယ် ဂရူးကလည်း သူ့အလုပ်ပြန်ရဖို့ ဗီလိန်ဘော်တယ်ဇာ ဘရက်တ်ကို ဖမ်းဖို့လိုနေတာကတစ်ကြောင်း ဒရူးကလည်း ဗီလိန်လုပ်ပြီး ဘရက်တ်ခိုးသွားတဲ့စိန်ကို ပြန်ယူဖို့ ညီအစ်ကိုနှစ်ယောက်သား အတိုင်အဖောက်ညီညီ ကြိုးပမ်းကြပါတယ် ထုံးစံအတိုင်းရယ်ရယ်မောမောပေါ့ပေါ့ပါးပါးနဲ့ ထွက်ခဲ့ပြီးတဲ့ Despicable me1,2လိုပဲ ပရိသတ်ကိုကျေနပ်စေမှာပါ။ အဲတော့ ဒရူးနဲ့ဂရူးတို့ ဘယ်လိုကမ္ဘာကြီးကိုကယ်တင်ကြမလဲဆိုတာကိုတော့ ဇာတ်လမ်းအပြည့်အစုံကို ရှုစားကြပါဦးဗျာ   (မြန်မာစာတန်းထိုးဖိုင်ကိုတော့ Mmsubtitles မှကူညီပေးထားတာဖြစ်ပါတယ်)   File Size : (700 MB) and (320 MB) Quality : 720pWebrip Running Time : 1hr 30minutes Format ...
6.4
IMDB: 6.4/10 28,572 votes
movie

Despicable Me 3 (2017)

2017
Brain on Fire (2016) 6.6
Brain on Fire (2016) A look at a young woman's rapid descent into insanity. ဖြစ်ရပ်မှန် ဇာတ်လမ်းလေးပါ။ ပရိသတ်တွေကော ဒါမျိုးလေးဖြစ်ဖူးလား “ပိတ်လှောင်ခံခဲ့ရဖူးလား…….ကိုယ့်ခန္ဓာကိုယ်ထဲမှာကိုယ်လမ်းပျောက်နေဖူးလား……………… ကိုယ့်စိတ်ထဲမှာကိုယ် ပျောက်ဆုံးနေဖူးလား……..အချိန်တွေထဲမှာပျောက်ဆုံးဖူးလား………………… ထွက်မြောက်ခွင့်လေးရဖို့  လွတ်မြောက်ဖို့ကို…..အရမ်းကို ရုန်းကန်ကြိုးစားနေရတယ်……………….. လွတ်လမ်းမမြင်တော့အခြေအနေ……ကိုယ်ကိုတိုင် ဘာမှမတတ်နိုင်တော့အခြေအနေမျိုး…….” ဆူဇန်နာကေ့ခ်ျလန်ဆိုတာ မိန်းမချောလေး နယူးယောက်ပို့စ် သတင်းစာတိုက်က ဂျာနယ်နစ်လေးတစ်ယောက်  ကိုယ့်ဘ၀ကို စိတ်ကြိုက်တည်ဆောက်နေရင်း တက်သစ်စ အညွန့်တလူလူနဲ့ ပျော်ရွင်နေတဲ့မိန်းမပျိုလေးတစ်ယောက်ပါ။ ဒီလိုနဲ့ မမျှော်လင့်ဘဲ သူ့ဘ၀မှာ ခုနကပြောထားတဲ့အခြေအနေမျိုးနဲ့ ကြုံတွေ့လာရတဲ့အခါမှာတော့ -အများ ပတ်ဝန်းကျင်ကလည်း စိတ်ဝေဒနာရှင်လို့ မြင်လာတယ် -ဆရာဝန်အများစုကလည်း စိတ်ရောဂါအမျိုးမျိုးကို တစ်ယောက်တစ်မျိုးစီ ရောဂါနာမည်တပ်ပြီးတော့ စိတ္တဇဆေးရုံသာပို့စေချင်ပေမယ့် တကယ်တော့ သူကစိတ်ဝေဒနာရှင်တစ်ယောက် မဟုတ်ခဲ့ဘူး။ ဒီလိုအခြေအနေကို ဘယ်လိုရုန်းကန်ခဲ့ရလဲဆိုတာကို ကြည့်ကြည့်လိုက်ကြပါ။ PS..ဒါက တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းလေးမှာ။ “ဆှူဇန်နာ့ကေ့ခ်ျလန်” ဆိုတဲ့ ဂျာနယ်လစ်စာရေးဆရာမလေးဟာ နယူးယောက်ပို့စ်မှာ အမှန်တကယ် အလုပ်လုပ်နေရင်း ကြုံတွေ့လာရတဲ့ အဖြစ်အပျက်ပါ။ သူ့ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်ကို ကိုယ်ကိုတိုင် Personal information အပြည့်အစုံနဲ့ကို Brain on Fire ...
6.6
IMDB: 6.6/10 1,844 votes
movie

Brain on Fire (2016)

2016
BlueRay 720p

Genres

Like Us!