Channel Myanmar

Joe Bostick

Thanksgiving(2023) 7.0
Thanksgiving(2023) Thanksgiving(2023)******************(ရက်စက်တဲ့သတ်ဖြတ်ခန်းတွေပါတဲ့ R Rated အမျိုးအစား ဟော်ရာမို့နှပ်ချေးစားကလေးငယ်များနှင့်အတူမကြည့်သင့်ပါဘူး...)ဒီနှစ်ထဲမှာ ထွက်ထားတဲ့ ဟော်ရာတွေမှာ အတော်ကောင်းတဲ့ကားထဲမှာပါပါတယ်။သရဲမဟုတ်ဘဲ ဟော်ရာလူသတ်ရုပ်ရှင်ကိုမှ တရားခံမပြထားတဲ့ ပဟေဠိဆန်ဆန် အမျိုးအစားပဲဖြစ်ပါတယ်။Scream ရုပ်ရှင်တွေနဲ့ ဆင်တူပါတယ်။ ကျေးဇူးတော်နေ့မှာ ပလိုင်းမောက်မြို့လေးရဲ့ ရိုက်ကုန်တိုက်ပိုင်ရှင်ကအထူးလျှော့ဈေးနဲ့ ရောင်းပေးဖို့ကြေညာထားတဲ့အတွက် ကုန်တိုက်ရှေ့မှာတစ်မြိုု့လုံး လာစုနေကြပါတယ်။ အဲဒီဈေးရောင်းပွဲတော်မှာ ရုတ်ရုတ်သဲသဲတွေ ဖြစ်ကုန်ပြီးလူတွေသေကုန်တာနဲ့အဆုံးသွားပါတယ်။ နောက်တစ်နှစ် ကျေးဇူးတော်နေ့အချိန်မှာဒီဈေးရောင်းပွဲတော်ကိုပဲ ထပ်လုပ်ဖို့စီစဉ်ချိန်မှာတော့ အရင်နှစ်က ပွဲမှာ လူသေမှုတွေဖြစ်အောင်ပတ်သတ်ခဲ့တဲ့သူတွေအားလုံး တစ်ယောက်ပြီး တစ်ယောက် ရက်ရက်စက်စက်လိုက်သတ်တာခံရပါတော့တယ်။ ဒီတော့ အရင်နှစ် ကျေးဇူးတော်နေ့က သေသွားခဲ့တဲ့သူတွေနဲ့ပတ်သတ်တဲ့သူတွေထဲက ဘယ်သူက တရားခံလဲဆိုတာကို လိုက်ဖော်ဖို့ ကြိုးစားရင်းအသတ်မခံရအောင် ရုန်းကန်ကြရတဲ့လူတစ်စုကို ကြည့်ရမှာပါပဲ။ သတ်ဖြတ်ခန်းတွေအရမ်းကြမ်းတမ်းလို့ ကြောက်တတ်သူတွေမကြည့်သင့်ကြောင်း ကြိုပြောထားပါရစေ။File size…3.36GB /1.6 GB  / 691MB Quality…4K HEVC,WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1hr 46min Genre ….. Horror, Mystery, Thriller Subtitle….Myanmar ...
movie

Thanksgiving(2023)

4K HEVC
Lars and the Real Girl(2007) 7.3
Lars and the Real Girl(2007) Lars and the Real Girl(2007)**************************IMDb.... 7.3Ryan Gosling အဓိကပါဝင်သရုပ်ဆောင်ထားပြီးအော်စကာဆန်ကာတင်တစ်ဆုလည်း စာရင်းဝင်ခဲ့တယ်..Broken family လို့ပြောရအောင်သူ့ဘဝက ဆိုးလှတယ်..အဖေရောအမေရောဆုံးသွားတဲ့အပြင်အကိုဖြစ်သူကလည်း ငယ်ငယ်ကတည်းက အိမ်မှာ မနေ..ကားဂိုဒေါင်ထဲ တစ်ယောက်တည်းနေပါများပြီးတော်ရုံလူတွေနဲ့ စကားမပြောတော့... တိတ်ဆိတ်ခြင်းဟာသူ့အတွက်အကောင်းမွန်ဆုံးအဖော်..ဒီချိန်မှာပဲ အိမ်ကိုပြန်ရောက်လာတဲ့ အကိုလင်မယားဟာညီဖြစ်သူရဲ့ အထီးကျန်ဆန်တဲ့ဘဝကိုတွေ့ပြီးအဖော်လေးရအောင်ဆိုပြီး ကောင်မလေးတစ်ယောက်နဲ့မိတ်ဆက်ပေးလိုက်တယ်..အဲ့ဒီနောက်မှာတော့...File Size :(2.4GB) (743MB) and (428MB) Quality : Blu-Ray1080P,720p Format…mp4 Duration…01:59:00 Genre : Comedy ,Romance , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Jane Encoded by Phyo Pyae
movie

Lars and the Real Girl(2007)

Vicious Fun (2020) 6.5
Vicious Fun (2020) Vicious Fun (2020) ==============IMDb Rating - 6.5/10, Rotten Tomato 88%Rating ကောင်းတွေရထားတဲ့ လူသတ် Horror ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ရုပ်ရှင်သုံးသပ်ရေးနဲ့ horrorမဂ္ဂဇင်း‌ရေးသူ ဂျိုးဟာ အပေါင်းသင်းမရှိ လူသိပ်မသိတဲ့ သာမန် လူငယ် Nerd လေး တစ်ယောက်ပါ ။ တစ်နေ့သူ ကောင်မလေးရှာချင်တာကြောင့် ဘားတစ်ခုသွား အရက် သောက်ရင်းကနေ မှောက်သွားပါတယ်။ ပြန်နိုးလာတဲ့အချိန်မှာ သူရောက် သွားတာကတော့ အမေရိကရဲ့ အကြမ်းဆုံးကွင်းဆက်လူသတ်သမား ၅ ယောက်စုပြီး အစည်းအဝေးလုပ်နေတဲ့ စကားဝိုင်းကိုပါ ။ သူလည်းအဲ့ဒီကနေ လွတ်မြောက်နိုင်ဖို့ သူ့ရေးဖူးတဲ့ Horror ဇာတ်လမ်းတွေထဲက လူသတ်ဇာတ်ကောင်အဖြစ် အယုံသွင်းရင်း လိုက်လျောညီထွေနေ‌လိုက်ရပါတယ် ။ဒါပေမယ့် ‌တကယ့်လူသတ်သမားတွေနဲ့ရင်ဆိုင်တွေ့နေရတဲ့ ဂျိုးတစ်ယောက် အချိန်အကြာလာတာနဲ့ အလွဲတွေလုပ်မိကာ ဟန်မဆောင်နိုင်တော့ဘဲ အလိမ်တွေ ပေါ်ကုန်ပါတယ်။ အဲ့ဒီကနေ ဂျိုးတစ်ယောက် အသက်ရှင်လွတ်မြောက်သွားနိုင်ပါ့မလား ဆိုတာကိုတော့ အရမ်းကြမ်းတဲ့ ဟာသတွေ စကားလုံးအသုံးနှုန်းတွေနဲ့ စိတ်လှုပ်ရှားဖို့ ကောင်းစွာ ရိုက်ပြထားတာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်)File Size ...
movie

Vicious Fun (2020)

2020
IT (2017) 7.8
IT (2017) မိုးတွေတဖွဲဖွဲရွာနေတဲ့မနက်ခင်းတစ်ခုမှာ ၅နှစ်ခန့်အရွယ် ဂျော်ဂျီလေးဟာ သူ့အစ်ကိုမပါဘဲအပြင်သွားရဖို့ဖြစ်လာခဲ့တယ်...သူ့အစ်ကို ဘီလ်ကလည်းချောင်းတွေဆိုးပြီးဖျားနေခဲ့တာကိုး...အစ်ကိုမပါလို့မသွားချင်သွားချင်ဖြစ်နေတဲ့ဂျော်ဂျီလေးကို ဘီလ်က လမ်းမှာဆော့သွားဖို့စက္ကူလှေလေးလုပ်ပေးပြီး နှစ်သိမ့်လိုက်တယ်...ဂျော်ဂျီလေး အိမ်ကထွက်လာပါပြီ...မိုးကာ အင်္ကျီအဝါရောင်လေးနဲ့ပေါ့...ဂျော်ဂျီလေးသာ ပြန်မလာနိုင်တော့မယ်မှန်းကြိုသိခဲ့ရင် ဘီလ့်အနေနဲ့ဘယ်လောက်ဖျားဖျားလိုက်သွားမိမှာပဲ…ဒါပေမယ့် အနာဂတ်ကိုကြိုမသိနိုင်တော့လည်း ဘီလ့်ခမျာ ချောင်းလေးတစ်ဟွတ်ဟွတ်ဆိုးရင်း မိုးရေထဲထွက်ခွာသွားတဲ့ ဂျော်ဂျီလေးကိုလှမ်းမျှော်ကြည့်ရင်းကျန်ခဲ့ပါတယ်…လမ်းတစ်လျှောက် မိုးရေစီးကြောင်းထဲမှာ လှေလေးကို ဆော့ရင်းထွက်သွားတဲ့ဂျော်ဂျီလေးဟာ အဲ့ဒီနေ့ကအိမ် ပြန်မလာခဲ့ပါဘူး…နောက်နေ့တွေလည်း ပြန်မလာခဲ့ဘူးလို့ပြောရင် ပိုမှန်မှာပေါ့…ဘီလ်တစ်ယောက်ဟာ အချိန်တွေကြာလာပေမယ့် ဒီကိစ္စကိုသူ့အပြစ်လို ခံစားပြီး သူ့ညီလေး ပျောက်သွားနိုင်မယ့်နေရာကိုမှန်းဆပြီးမိဘတွေမသိအောင် ကြိတ်ရှာနေခဲ့တယ်…နွေကျောင်းပိတ်ရက် မစတင်ခင်တစ်နေ့မှာတော့ စိုးရိမ်တကြီးမျက်နှာနဲ့ ကြေငြာစာရွက်တွေလိုက်ကပ်နေတဲ့ အန်တီကြီးတစ်ယောက်ကိုတွေ့လိုက်ရတယ်…အလို... အခန်းထဲကကောင်မလေး ပျောက်သွားတယ်ဆိုပါလားနောက်နေ့တွေမှာလည်း လူပျောက်ကြေငြာစာရွက်တွေ တစ်ရွက်ပြီးတစ်ရွက်ပလူပြန်လာပြီ…ဒယ်ရီမြို့လေးမှာ ကလေးပျောက်တာတွေ များလာပါလား…ဘီလ်သံသယဝင်လာပါပြီ…သူ့သူငယ်ချင်းတွေအဖွဲ့(ကျောင်း မှာအမြဲအနိုင်ကျင့်ခံရတဲ့ Loserအဖွဲ့)နဲ့ စုံစမ်းလိုက်တဲ့အခါ ၂၇ နှစ်ကြာတိုင်း တစ်ဖန်ပေါ်လာတတ်တဲ့ကလေးစားလူရွှင်တော် Pennywiseအကြောင်းကို သိလာခဲ့တယ်လွန်ခဲ့တဲ့၂၇နှစ်ကလည်း တစ်မြို့လုံးပြုတ်အောင် စားခဲ့တဲ့သက်သေတွေလည်း တွေ့လာခဲ့တယ်…ဘီလ်နဲ့သူ့သူငယ်ချင်းတွေကိုယ်တိုင်ကလည်း ခြောက်လန့်မှုတွေ အမျိုးမျိုးနဲ့ကြုံလာရတဲ့အခါ…သူတို့ကိုယ်တိုင်အတွက်နဲ့ ကျန်တဲ့ကလေးတွေ အန္တရာယ်ကိုကာကွယ်ဖို့ Pennywiseကြီးရှိရာ…အိမ်ပျက်ကြီးအောက်ခြေက ရေတွင်းပျက်ကြီးဆီချီတက်လာကြတဲ့အခါမှာတော့……''ငါအိမ်ပြန်ရောက်တိုင်း ဂျော်ဂျီရှိမနေဘူး…သူ့ရယ်သံလေးတွေလည်းမကြားရတော့ဘူး…သူကစားနေကျ ပေါကြောင်ကြောင် ဒိုင်နိုဆောကောင်တွေကပဲ ...
movie

IT (2017)

2017
4K HEVC