Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Joe Nunez
4.4
Divorce Bait (2022)
Divorce Bait (2022) ==============ဘယ်လိုဆက်ဆံရေးမျိုးမှာမဆို trust issues ခေါ် လူတွေကိုမယုံကြည်တဲ့ ကိစ္စတွေက ဖြစ်တတ်ပါတယ် အဲ့ထဲမှာ အလက်စစ်ဆိုတဲ့ သာယာတဲ့အိမ် ထောင်ရေးဘဝကိုပိုင်ဆိုင်ထားတဲ့ အိမ်ရှင်မတစ်ယောက်လည်း အပါအဝင် ပေါ့လေ။အလက်စစ်က ယောင်္ကျားဖြစ်သူအပေါ် ယုံကြည်မရှိ သင်္ကာမကင်းဖြစ်နေတဲ့ အတွက် ကွာရှင်းပြတ်စဲတော့မယ်ဆိုပြီး ဖေ့စ်ဘုတ်ပို့စ်အတုတင်လိုက်ရာကနေ ဇာတ်အိမ်စတည်ထားပါတယ်။ အကြောင်းအရင်းကတော့ သူ့ယောင်္ကျားဖြစ်သူ ကို ဘယ်မိန်းမက လာရှုပ်မလဲသိချင်တဲ့အတွက်ကြောင့်ပါပဲ။ ဒါကြောင့် သူ့ယော င်္ကျားဖြစ်သူ တစ်ယောက် ဘယ်လိုတွေကျော်ဖြတ်မလဲ ဘယ်မိန်းမတွေက လာ ရှုပ်မလဲဆိုတာကို ရယ်ရယ်မောမောနဲ့ ကြည့်ရမဲ့ အချစ်ဟာသကားလေးပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်)File Size..........(1.98 GB) / (770 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 33Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......Khant Sett Naing Encoder..........SWM
movie
Divorce Bait (2022)
2022
7.2
Rango (2011)
[Unicode]2011 အော်စကာ ဆုပေးပွဲမှာ Academy Award for Best Animated Feature ကို ရထားတဲ့ ဒီ Rango ဆိုတဲ့ ကာတွန်းဇာတ်လမ်းလေးက ကျွန်တော် ကြိုက်တဲ့ ဇာတ်လမ်းလေးတွေထဲမှာ ထိပ်ဆုံးနေရာကပဲ …။ ဘာလို့လဲဆိုတော့ ကာတွန်းကားဆိုပေမယ့် အဓိပ္ပာယ်အရမ်းပြည့်၀ နေလို့ပဲ …Rango ဆိုတာ က ပုတ်သင်လေးတစ်ကောင်ရဲ့ နာမည်ပေါ့ ..။ လောကကြီးအတွက်သူရဲကောင်း ဖြစ်ချင်နေတဲ့ စိတ်ကူးယဉ်သမား ပုတ်သင်လေးပေါ့ …။ သူ့ ရဲ့ အကြီးမားဆုံးမျှော်လင့်ချက်က သူရဲကောင်းအဖြစ်နဲ့ မင်းသမီးလေးကို ကယ်တင်နိုင်ဖို့ …။ အမြဲတမ်းစိတ်ကူးယဉ်နေတက်တဲ့ သူပဲ …။ မမျှော်လင့်ထားတဲ့ ဖြစ်ရပ်နဲ့ သူဟာ သဲကန္တာရထဲမှာ သောင်တင်ခဲ့ရတယ် …။ ပြီးတော့ ရေပြတ်လပ်မှု ပြသနာ ဖြစ်နေတဲ့ မြို့ငယ်လေးကို ရောက်သွားတယ် …။ ကိုယ်တိုင်ကသာ ဘာမှ ...
movie
Rango (2011)
6.8
Bridesmaids (2011)
Bridesmaids (2011)ရုပ်ရှင်သမိုင်းမှာ အမြတ်စွန်းအများဆုံး အမျိုးသမီး R- rated ဟာသရုပ်ရှင် ဖြစ်တဲ့Bridesmaids ဟာ ဘယ်အချိန်ပြန်ကြည့်ကြည့် ဟောင်း မသွားမယ့် ရုပ်ရှင်မျိုးပါ။ကန်ဒေါ်လာ 32သန်းပဲ ရင်းပြီး 285သန်းကျော် ပြန်ရခဲ့တဲ့ ဒီရုပ်ရှင်ကို Empire မဂ္ဂဇင်းကြီးက2011 ခုနှစ်ကို သတ်မှတ်တဲ့ ရုပ်ရှင်အဖြစ် 30 years 30 filmsမှာ ဖော်ပြခဲ့ပါတယ်။ဒီလို R- rated comedy တွေအတွက် အော်စကာဆုဆိုတာ စိတ်ကူးယဉ်ကြည့်လို့တောင်အဆင်ပြေလှတာမျိုး မဟုတ်ပေမယ့်၊ ဒီကားကတော့ ကိုင်တိုင် ဇာတ်ညွှန်းရေးသရုပ်ဆောင်တဲ့ မင်းသမီး Kristen Wig အတွက် အကောင်းဆုံး ဇာတ်ညွှန်းဆု၊မင်းသမီးကြီး Melissa McCarthy အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုတွေ ဆန်ကာတင်ဝင်ခဲ့တာပါ။ခပ်ကြမ်းကြမ်း 18+အခန်း နဲ့ စဖွင့်ထားပြီး၊ တစ်ကားလုံး လူကြီးဟာသတွေ ပြည့်နေတာတောင် ဇာတ်လမ်းကပေါမသွားပဲ တကယ်ကို အဓိပ္ပာယ်ပြည့်ဝပြီး ...
movie
Bridesmaids (2011)
2011
8.0
The Pursuit of Happyness (2006)
အကယ်၍ သင်ဟာ Single Father တစ်ယောက်ဖြစ်ပြီး သင့်ကလေးအိပ်ဖို့အတွက် ကျောတစ်ခင်းစာတောင်မဖန်တီးပေးနိုင်တော့ဘူးဆိုရင်...သင့်ရင်သွေးကိုစွန့်လွှတ်လိုက်မှာပါလား? ? ?Chris Gardner ဆိုတဲ့ လူတစ်ယောက်ကတော့ မိမိရဲ့သားလေးလက်ကိုဆွဲပြီး ဘဝရဲ့အခက်ခဲဆုံးအချိန်တွေကိုဖြတ်ကျော်ပြီးလို့ အခုဆို Millionaire တစ်ယောက်တောင်ဖြစ်လို့နေပါပြီ။သင့်ဘဝကို သင်ခက်ခဲလှပြီလို့ထင်နေရင် တကယ့်ဖြစ်ရပ်မှန်ဘဝကိုအခြေခံပြီးရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးကို အချိန်ပေးပြီးကြည့်ကြည့်လိုက်ပါဒီကားလေးကြည့်ပြီး အရင်ဦးဆုံး ခံစားမိမှာကတော့ ဖခင်တစ်ယောက်ရဲ့မေတ္တာ ဘယ်လောက် နက်ရှိုင်းတယ်ဆိုတာပါပဲ...ဘဝရဲ့အဆိုးဆုံးအခြေအနေတစ်ခုမှာတောင် သားဖြစ်သူကို လက်လွှတ်မခံခဲ့တဲ့ ဖခင်တစ်ယောက်ရဲ့ မိဘမေတ္တာ...ကျွန်တော်တို့ တော်တော်များများ ငွေကိုသည်းကြီးမည်းကြီးရှာနေကြချိန်မှာ ပျော်ရွှင်မှုဆိုတာဘာလဲ ဘယ်လိုအရာက မိမိကိုပျော်ရွှင်စေတာလဲ မတွေးမိကြတာများပါတယ်...ဒီဇာတ်ကားလေးကနေ တော်ရုံသတိပြုမိဖို့ခဲယဉ်းတဲ့ဖခင်တစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာရယ်... ပျော်ရွှင်မှုဆိုတာ ကြိုးစားသူတိုင်းအတွက် အလှမ်းမဝေးဘူးဆိုတာရယ်... ဘဝဆိုတာ "ဘုံလုံတစ်လှည့် ငါးပျံတစ်လှည့်" ဖြစ်တယ်ဆိုတာ စိတ်ကူးယဉ်သက်သက်မဟုတ်ပဲလက်တွေ့မှာပါ တကယ်ရှိတယ်ဆိုတာ တို့ကို...သာမန်အရောင်းသမား(Saleman) လေးဘဝကနေ သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်လာသည်အထိ ခက်ခက်ခဲခဲ ရုန်းကန်လှုပ်ရှားခဲ့ရသူ Chris Gardner ရဲ့ဘဝကို inspired လုပ်ပြီး ရိုက်ကူးထားတဲ့ "The Pursuit of Happyness" ဆိုတဲ့ကားလေးမှာ ...
movie
The Pursuit of Happyness (2006)
2006
7.7
The 40 Year Old Virgin (2005)
The 40 Year Old Virgin (2005) ========================"အသက် ၄၀ လူတွေမေးတယ် ဘယ်တော့များမှ စားရမှာလဲ" ဆိုတာကြားဖူးကြတယ်ဟုတ်။ အဲဒီလို ရုပ်ရှင်မျိုးပါပဲ ဒီကားလဲ။ ဒါပေမယ့် ဒီကားမှာ သဘောကျစရာလေးတွေပါနေပြန်ပါတယ်။ ကြိုတော့ ပြောထားပါရစေ။ ဒီကားက 18+ ပါ။ ဒါမယ့် အရမ်းရိုင်းတဲ့အခန်းတွေမပါပါဘူး။ အကုန်လုံးလဲ American Pie တို့ဘာတို့ ကြည့်ကြတာပဲမဟုတ်လား။ ဒီလိုပါပဲ။သူက အသက် ၄၀ သာပြည့်သွားတယ်။ အဲဒီအချိန်အထိ လိင်မဆက်ဆံဖူးဘူး။ ပြောရရင် လူပျိုကြီးပေ့ါ။ အိမ်မှာပဲ တစ်ယောက်တည်းနေတယ်။ ရည်းစားလည်းမရှိ၊ အပေါင်းအသင်းလည်းမရှိ။ အိမ်မှာ တီဗီရှိုးတွေကြည့်လိုက်၊ အားကစားလုပ်လိုက်၊ အရုပ်တွေဝယ်စုလိုက်နဲ့ ဘဝကိုလွတ်လွတ်လပ်လပ်နေနေခဲ့တယ်။ ဒါပေမယ့် တစ်ရက်သား အလုပ်ထဲမှာ ဝိုင်းဖွဲ့စားသောက်ရင်း ရည်းစားနဲ့ကြုံဖူးခဲ့တဲ့ အမှတ်တရတွေပြောကြတဲ့အခါမှာတော့ သူ့အကြောင်းကို တစ်ခြားသူတွေသိသွားရော။အဲဒီအချိန်မှာပဲသူ့ကို တွေ့သမျှကောင်မလေးနဲ့ ချိတ်ပေးတော့တယ်။ ရည်းစားစကားဘယ်လိုပြောရလဲ။ intro ဘယ်လို ဝင်ရတယ်ဘာညာ။ ...
movie
The 40 Year Old Virgin (2005)
2005
7.6
Superbad (2007)
Superbad (2007) IMDB (7.5/10) Rotten Tomatoes (88%) ======================== ဒီတစ်ခါတော့ ပေါ့ပေါ့ပါးပါး ဟာသကား မျှော်နေသူတွေအတွက် ကားကောင်းလေးတစ်ကားကို တင်ပေးလိုက်ပါတယ်။ American pie လိုမျိုး ကျောင်းသားလူငယ်ဟာသကားမျိုးဖြစ်ပြီး လူငယ်သဘာဝ အလွဲတွေကို အဓိကအသားပေး ရိုက်ပြထားလို့ ကြည့်ကောင်းတဲ့ ကားလေးပါ။ ဇာတ်လမ်းထဲမှာ ဆက်သ် နဲ့ အီဗန် တို့ဟာ သူတို့သဘောကျနေတဲ့ ကောင်မလေးတွေကို အထင်ကြီးအောင် လုပ်ဖို့အတွက် ပါတီပွဲမှာ လိုတဲ့အရက်တွေဝယ်ဖို့ တာဝန်ယူလိုက်ပါတယ်။ ပြဿနာကတော့ သူတို့က 21 နှစ်မပြည့်သေးပါဘူး။ အမေရိကန်မှာ 21 နှစ်မပြည့်သူကို အရက်ရောင်းခွင့်မရှိတဲ့အတွက် သူတို့လိုနေတဲ့ အရက်တွေကို ဘယ်လိုရအောင် လုပ်ကြမလဲ။ အရက်ဝယ်ဖို့ကို သေရေးရှင်ရေးလို တွေးနေတဲ့ ဆက်သ်ကတော့ ဘာပဲလုပ်ရလုပ်ရလုပ်ဖို့ အသင့်ပါပဲ။ ဒီလိုနဲ့ ငယ်သူငယ်ချင်းနှစ်ယောက် စော်ရဖို့အရေး အရက်ရှာပုံတော်ဖွင့်ကြပါတော့တယ်။ ဒီကားမှာ သရုပ်ဆောင်တွေအနေနဲ့ Comedy လောကမှာ နာမည်ကြီးတဲ့ Michael Cera နဲ့ ...
movie
Superbad (2007)
HEVC 1080p 5.1
4.6
In Other Words (2020)
movie
In Other Words (2020)
2020
4.6
The Layover (2017)
movie
The Layover (2017)
2017
4.4
The Rake (2018)
June.5.2018 မှာအသစ်ထွက်ရှိခဲ့တဲ့ ဒီThe Rake ဆိုတဲ့ကားလေးကတော့ Horror, Thrillerအမျိုးအစားကားလေးဖြစ်ပြီးတော့ ပရိသတ်အားပေးမှုများပြားခဲ့တဲ့ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ဒီကားကိုတော့ ရေးသားပေးခဲ့တဲ့ဇာတ်ညွန်းရေးဆရာကတော့Jeremy Silva ဖြစ်ပြီးတော့ ရိုက်ကူးပေးခဲ့တဲ့ဒါရိုက်တာကတော့ နာမည်ကြီးဒါရိုက်တာTony Wash ပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းဘန်နဲ့အက်ရှ်လေတို့ဟာ မိဘတွေနဲ့အတူကြီးပြင်းနေထိုင်လာခဲ့ကြပါတယ်။တစ်နေ့မှာတော့သူတို့ရဲ့မိဘနှစ်ပါးလုံးရက်ရက်စက်စက်အသတ်ခံလိုက်ရပါတယ်။မိဘတွေအသတ်ခံလိုက်ရတဲအကြောင်းအရင်းကိုမောင်နှမနှစ်ယောက်လုံးအကြောင်းအရင်းမသိခဲ့ပါဘူး။နှစ်ပေါင်း၂၀ကြာပြီးတဲ့နောက်မှာတော့ သူတို့မိဘတွေဘာကြောင့်သေဆုံးခဲ့တယ်ဆိုနဲ့ပဟေဠိဆန်တဲ့သတ္တဝါဖြစ်တဲ့ ရိတ်ခ်လို့ခေါ်တဲ့သတ္တဝါကြီးနဲ့ သူတို့မိဘတွေသေဆုံးတာဘဟ်လိုဆက်စပ်နေလဲဆိုတာကို ခံစားကြည့်ရှု့ကြရမှာဖြစ်ပါတယ်။ဒီ ကားလေးဟာပရိသတ်အားပေးမှုကောင်းခဲ့တဲ့ horror, thriller ကားလေးဖြစ်လို့လက်လွတ်မခံဘဲကြည့်ရှုသင့်တဲ့ကားကောင်းလေးတစ်ကားဖြစ်ပါတယ် (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Nyi Nyi Lwin ပါ) File Size : (650 MB) and (280 MB) Quality : WEB-DL 720p Running Time : 1hr 19min Format : Mp4 Genre : Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.AMZN.WEBRip.DDP5.1.x264-NTG Translated by Nyi Nyi Lwin Encoded by Thanhtike Zaw
movie
The Rake (2018)
2018
7.6
Seven Pounds(2008)
Seven Pounds(2008) IMDb......7.6 လူတစ်ယောက်ဟာ 911ကို အရေးပေါ်ဖုန်းခေါ်ဆိုရင်း သူ့ဆီကို လူနာတင်ကားလွှတ်ဖို့ပြောနေတယ်...သူ့မှာမျက်ရည်တွေလည်းရွှဲလို့. . တစ်ဆက်ထဲသူပြောတဲ့စကားတွေက လူတစ်ယောက်အခန်းထဲမှာ သေကြောင်းကြံစည်မှုလုပ်နေလို့ လူနာတင်ယာဉ်ချက်ချင်းလွှတ်ပေးဖို့ရယ် လိပ်စာရယ်ပေါ့... တစ်ဘက်က မေးတယ် သေကြောင်းကြံတာဘယ်သူလဲတဲ့ ...အဲ့ဒီမှာ ဖုန်းဆက်တဲ့သူက ဖြေတယ်.. ကျွန်တော်ကိုယ်တိုင်ပါပဲတဲ့.... အဲ့ဒီအခန်းပြီးတော့ ဖုန်းဆက်တဲ့သူဟာ လက်ဆွဲအိတ်တစ်လုံး ကားတစ်စီးနဲ့ လူတစ်ချို့ဆီကိုသွားတယ်..အလုပ်နဲ့ပတ်သက်တာပြောတယ်. .ဒါပေမယ့် သူ့မျက်လုံးတွေထဲမှာ ကြေကွဲဝမ်းနည်းမှုတွေ နောင်တတွေပြည့်နှက်နေတယ်. ..တစ်ခါတစ်ရံ ဖုန်းဆက်ပြီး တခြားသူကို အကြောင်းမဲ့ဆဲဆိုတယ်..အချိန်တော်တော်များများမှာတော့ တခြားသူတွေရဲ့လိုအပ်ချက်ကိုလိုက်ရှာပြီးဖြည့်ဆည်းပေးနေတယ်. ..ကြည့်ရတာ သူလုပ်ချင်တာရဲ့ နောက်ဆက်တွဲအကျိုးဆက်ကို ကောင်းတာဖြစ်မလား ဆိုးတာဖြစ်မလား ဝေခွဲရခက်နေတဲ့ပုံပဲ... ဒီဇာတ်ကားက ပြောရရင် ဇာတ်ကားအလည်လောက်ထိ Will Smith ဘာလုပ်ချင်တာလဲ ...သူဘာဖြစ်နေတာလဲ လိုက်ဖမ်းနေရတယ်.. .နောက်ပြီးတော့ သူ့ရဲ့သရုပ်ဆောင်မှု...ဒီကားဟာ သူတစ်ယောက်ထဲသရုပ်ဆောင်နေသလားတောင်ထင်နေရတယ်... တခြားနာမည်ကြီးသရုပ်ဆောင်တွေပါပေမယ့် သူ့ရဲ့လွမ်းမိုးမှုကြောင့် မြှုတ်နေသလိုဖြစ်နေတယ်. ..ဒါကြောင့်လည်းသူဟာ အကောင်းဆုံးမင်းသားဆုရခဲ့တဲ့အပြင် BET Award for Best Actor ဆုကိုပါထပ်မံရရှိခဲ့ပါတယ်.. ..သူဟာသေကြောင်းဘာကြောင့်ကြံရတာလဲ...ပြီးတော့လူတွေကိုဘာလို့လိုက်တွေ့ပြီးကူညီပေးနေရတာလဲ ဆိုတာကို ခံစားကြည့်လိုက်ပါဦး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Lyric Lynn Khant ဖြစ်ပါတယ်... File Size : (850 MB) and (349 MB) Quality : Blu-Ray 720p Format…mp4 Duration…02:03:00 Genre ...
movie
Seven Pounds(2008)
2008