Channel Myanmar

John Bennett

Minority Report (2002) 7.6
Minority Report (2002) Minority report (2002)IMDb Rating (7.6) / Rotten tomatoes (90%)တွမ်ခရုစ် ပါဝင်ထားတဲ့ sci-fi, thriller ဇာတ်ကားဖြစ်ပါတယ်။ နာမည်ကြီးဒါရိုက်တာ စတီဗင်စပီးဘာ့ဂ်ရိုက်ကူးထားတဲ့ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း ဇာတ်အိမ်ခိုင်ခံ့မှု၊ ဇာတ်လမ်းဆန်းသစ်မှုအပိုင်းတွေမှာ ပြောစရာမလိုအောင်ကောင်းမွန်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ သက္ကရာဇ် ၂၀၅၄ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု ဖယ်ဒရယ်အစိုးရဟာ Precrime လို့ခေါ်တဲ့ တင်ကြိုမှုခင်းတားဆီးရေးအဖွဲ့ကို နိုင်ငံတော်အဆင့်ဖွဲ့စည်းဆောင်ရွက်ဖို့ ကြိုးစားနေတဲ့ကာလဖြစ်ပါတယ်။ Precrime ဆိုတာက မှုခင်းတွေ၊ အထူးသဖြင့် လူသတ်မှုတွေမဖြစ်အောင် တားဆီးကာကွယ်ရတဲ့ အထူးရဲတပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။ ဘယ်လိုတားဆီးသလဲဆိုတော့ precogs လို့ခေါ်တဲ့ မျိုးဗီဇမွမ်းမံထားတဲ့ လူသားတွေက အခင်းဖြစ်ပွားရာနေရာ၊ အချိန်နဲ့ လူပုဂ္ဂိုလ်တွေကို အတိအကျခန့်မှန်းဟောကိန်းထုတ်ပေးပြီးတော့ precops လို့ခေါ်တဲ့ အထူးရဲတွေက အဆိုပါနေရာကို အချိန်ကိုက်သွားရောက်ဝန်းရံပြီးတားဆီးရတာပါပဲ။precops အဖွဲ့မှူးဖြစ်တဲ့ ဂျွန်အန်ဒါတန်(တွမ်ခရုစ်)ဟာ မကြာသေးမီက သားဖြစ်သူပျောက်ထားတဲ့ အိမ်ထောင်ကွဲတစ်ဦးဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းတွေ၊ စစ်ဆင်ရေးတွေမှာ တာဝန်ကျေပွန်ပေမယ့် သားပျောက်မှုကြောင့်ရတဲ့စိတ်ဒဏ်ရာကို ကုစားရင်း ဆေးစွဲနေသူတစ်ဦးဖြစ်ပါတယ်။ Precrime ဌာနဟာ ကိုလံဘီယာခရိုင်မှာ စမ်းသပ်လည်ပတ်ဆဲကာလမို့ နိုင်ငံတော်အဆင့်တရားဝင်ဖြစ်အောင် ဖယ်ဒရယ်ကအရာရှိတွေရဲ့ စစ်ဆေးမှုခံနေရတဲ့ အခြအနေပါ။ အဲ့လိုကာလအတွင်းမှာ ...
movie

Minority Report (2002)

2002
The Fifth Element(1997) 7.6
The Fifth Element(1997) The Fifth Element(1997) အညွှန်း****************************IMDb - 7.6/10, Rotten Tomatoes - 71%ဒီဇာတ်ကားကတော့ မင်းသားကြီး Bruce Willis နဲ့ မင်းသမီး Milla Jovovich တို့နှစ်ယောက်နဲ့ မင်းသားများဖြစ်တဲ့ Chris Tucker၊ Gary Oldman နဲ့ Ian Holm တို့ပါဝင်အားဖြည့်ထားပြီး ဒါရိုက်တာ Luc Besson ရိုက်ကူးထားတဲ့ သိပ္ပံအက်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။ဇာတ်ကားထဲမှာတော့ စစ်တပ်ကနေ အငြိမ်းစားယူပြီး အငှားယာဉ်မောင်းအဖြစ်လုပ်ကိုင်နေတဲ့ ကော်ဘန်ဒဲလပ်စ်(Bruce Willis) ဟာကမ္ဘာကြီးကို မိစ္ဆာတွေလက်ကကယ်တင်ဖို့အတွက် ဓာတ်ကြီးငါးပါးကို သွားယူဖို့ တာဝန်ရလာပါတယ်။တစ်ချိန်တည်းမှာပဲ ဓာတ်ကြီးငါးပါးထဲက တစ်ပါးအပါအဝင်ဖြစ်တဲ့ လီလူ(Milla Jovovich)ကိုလည်း ချစ်မိသွားပြီး သူ့ကိုကယ်တင်ဖို့ ကြိုးစားရပါသေးတယ်။ အဲ့ဒီလို ဓာတ်ကြီးငါးပါးကို သွားယူတဲ့လမ်းခရီးမှာကြုံတွေ့ရတဲ့အခက်အခဲတွေ၊တခြားအပြိုင်အဆိုင် လိုက်စုနေတဲ့ အဖွဲ့တွေနဲ့ တိုက်ခိုက်မှုတွေနဲ့ မင်းသားရဲ့ မင်းသမီးအပေါ်မှားထားတဲ့ခံစားချက်တွေကို စုံစုံလင်လင်တင်ပြထားပါတယ်။နိုင်ငံတကာမှာလည်းအောင်မြင်မှုများစွာရထားတဲ့အပြင် တင်ဆက်ပုံကလည်းကောင်းမွန်တာကြောင့် ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။  File Size : (5.1GB) (1.1 GB) and (348 MB) Quality : ...
movie

The Fifth Element(1997)

The Pianist (2002) 8.5
The Pianist (2002) The Pianist ကိုမပြောခင် ဒီဇာတ်ကားရိုက်တဲ့ Director Roman Polanski အကြောင်းနည်းနည်းပြောအုန်းမယ်။ပိုလန်စကီးက Polish-French ဒါရိုက်တာတစ်ဦး။ သူဒီဇာတ်ကားကိုမရိုက်ခင် ရှေ့ဆယ်စုနှစ်တခုလောက်က Schindler's list ဆိုတဲ့ဇာတ်ကားကိုရိုက်ဖို့ အခွင့်အရေးရခဲ့သေးတယ်။ ဒါပေမဲ့ ဇာတ်လမ်းကိုသိသိချင်းမှာဘဲ အဲ့ဇာတ်ကားကိုရိုက်ဖို့ပယ်ချလိုက်တယ်။ဘာလို့လဲဆိုတော့ သူ့ငယ်ဘဝက trauma တွေကြောင့်၊ သူကိုယ်တိုင် ဂျာမန်တွေရဲ့ Ghetto ထဲမှာနေခဲ့ရတဲ့အတွေ့အကြုံ၊ အော့ဇ်ဝင့်ချ် ထဲမှာ သူ့အမေသေခဲ့တဲ့ အတွေ့အကြုံ၊ သူ့အသက်၁၀ နှစ်လောက်မှာဘဲ သူ့အဖေရော အမေရောအဖမ်းခံလိုက်ရတဲ့အပြင် နာဇီ SS စစ်သားတွေဟာ သူနေတဲ့ ကရာကိုးမြို့ကိုသိမ်းပီး ပိုလန်ရဲ့မြို့တော်အဖြစ်ပြောင်းလဲသိမ်းပိုက်လိုက်ရုံတင် မက၊ သူ့ရှေ့တင် ဂျူးတွေကို လမ်းပေါ်မှာ ကြက် ငှက်လို ပစ်သတ်နေတာကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရတာဘဲဖြစ်ပါတယ်။အဲ့ဒါကြောင့် ဒုတိယကမ္ဘာစစ်အခြေခံ နာဇီ-ဂျူး ဇာတ်လမ်းဖြစ်တဲ့ Schindler's List ကိုရိုက်ဖို့ လက်မခံခဲ့တာပါတဲ့လေ။ ဒါပေမဲ့ ၁၀ စုနှစ်တခုအကြာ2002 မှာတော့ ဒုတိယကမ္ဘာစစ်ကိုအခြေခံထားတဲ့ The ...
movie

The Pianist (2002)

2002
1080p HEVC
Lawrence of Arabia (1962) 8.3
Lawrence of Arabia (1962) Lawrence of Arabia (1962)====================IMDb Rating (8.3)Rotten Tomatoes (93%)အော်စကာဆု (၇) ဆု ရရှိထားတဲ့ ဖြစ်ရပ်မှန်စစ်ပွဲနောက်ခံ တကယ့်ဂန္တဝင်ဇာတ်ကားကြီးနဲ့မိတ်ဆက်ပေးချင်ပါတယ်...ဒီဇာတ်ကားဟာ ၁၉၁၆ ခုနှစ်များဆီက အာရပ်ကန္တာရတော်လှန်ရေးကို ဦးဆောင်ခဲ့တဲ့ T.E. Lawrence အကြောင်းဖြစ်ပြီးတော့Revolution တို့ရဲ့သဘောတရားကို ရှုမြင်နိုင်ပါတယ်...ပထမကမ္ဘာစစ်အတွင်းမှာ ဗြိတိသျှဗိုလ်တစ်ဦးဖြစ်တဲ့ ဗိုလ်လောရန့်စ်ဟာ ဂျာမန်နဲ့တူရကီတွေကိုဆန့်ကျင်တိုက်ထုတ်နေတဲ့ အာရပ်တွေရဲ့တော်လှန်ရေးကို လေ့လာဖို့ အာရေးဘီးယားကို စေလွှတ်ခြင်းခံရပါတယ်။ ကိုယ်နဲ့အကျွမ်းတဝင်မရှိတဲ့ ကန္တာရဒေသမှာ ခရီးစနှင်ကတည်းက အခက်အခဲများစွာကြုံတွေ့ရင်းကနေ အာရပ်ခေါင်းဆောင် မင်းသားဖိုင်ဆယ်ဆီရောက်ရှိလာပါတော့တယ်။ဒီလိုနဲ့ အစိတ်စိတ်အမွှာမွှာကွဲပြားနေတဲ့ အာရပ်လူမျိုးစုတွေကို ပြန်လည်စည်းရုံးစုပေါင်းပြီး လောရန့်စ်တစ်ယောက် ဗြိတိသျှအထက်အမိန့်တွေကို ဖီဆန်ကာ အာရပ်တော်လှန်ရေးကိုအရှိန်မြှင့်တင်ခဲ့ပါတော့တယ်။စစ်မှန်တဲ့စိတ်ရင်းစေတနာ၊ မလျှော့သောဇွဲနဲ့ ထက်မြက်တဲ့စစ်ဆင်ရေးနည်းဗျူဟာတွေကြောင့် လက်နက်အင်အား၊ လူအင်အားမမျှတဲ့ တူရကီကြီးစိုးရာနယ်မြေတွေကို သိမ်းယူလာနိုင်ခဲ့တဲ့လောရန့်စ်ဟာ အာရပ်လူမျိုးတွေနဲ့ အင်္ဂလိပ်အရာရှိနှစ်ဖက်လုံးရဲ့ ယုံကြည်ကိုးစားမှုကို တစ်စတစ်စရရှိလာပြီး သူနဲ့အတူအာရပ်တော်လှန်ရေးဟာလည်း အရှိန်အဟုန်မြင့်လာပါတော့တယ်။တော်လှန်ရေးတစ်လျှောက်မှာ မိတ်ဆွေတွေတိုးပွားပြီး စိတ်အားတက်စရာတွေကြုံခဲ့ရသလို ရပြီးသားမိတ်ဆွေတွေကိုဆုံးရှုံးရပြီး လက်လျှော့ချင်စိတ်အကြိမ်ကြိမ်ဖြစ်ခဲ့ရတဲ့ လောရန့်စ်ရဲ့စိတ်ခံစားချက်အတက်အကျတွေကိုပီပြင်အောင်ပုံဖော်နိုင်ခဲ့တဲ့ မင်းသားကြီး ...
movie

Lawrence of Arabia (1962)

1080p Untouched