Channel Myanmar

John Keogh

The Berlin File (2013) 6.6
The Berlin File (2013) IMDb Rating (6.6)မင်းသားကြီး Ha Jung-woo နဲ့ မင်းသမီး Jun Ji-hyun တို့အပြင် အခြားသောသရုပ်ဆောင်များစွာပါဝင်ထားတဲ့ကိုရီးယား Action,Thriller ရုပ်ရှင်ဇာတ်လမ်းကြီးပါ။ဇာတ်လမ်းအကျဉ်းကတော့...မြောက်ကိုးရီးယားရဲ့ လျှို့ဝှက်အေးဂျင့်တစ်ယောက်ဖြစ်သူ ပြုံးဂျောင်ဆုံဟာဘာလင်မှာ အာရပ်တော်လှန်ရေးတပ်ဖွဲ့နဲ့ လက်နက်အရောင်းအဝယ်လုပ်ဖို့တာဝန်ပေးခံရတာကနေ အရောင်းအဝယ်ပျက်သွားတဲ့နောက်မှာတော့ဒီဘာလင်အရှုပ်တော်ပုံထဲ ရောက်သွားပါတော့တယ်။သူနဲ့ မြောက်ကိုးရီးယားသံရုံးက စကားပြန်ဖြစ်သူ သူ့ဇနီးတို့ဟာ ဒီအရှုပ်တော်ပုံမှာတိုင်းပြည်ကို သစ္စာဖောက်တဲ့သူတွေအဖြစ် အကွက်ချ အစွပ်စွဲခံလိုက်ရတဲ့အခါ....အေးဂျင့်ပြုံးဂျောင်ဆုံတစ်ယောက် ပြသနာတွေကြားထဲကနေ ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲဆိုတာ....။ File size…(2.3 GB)/(1.2 GB) Quality….BluRay 1080p /720p Format…mp4 Duration….02:00:36 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Sherlock Holmes
movie

The Berlin File (2013)

The Constant Gardener (2005) 7.4
The Constant Gardener (2005)   အခုတစ်ခါမှာတော့ ပရိတ်သတ်ကြီးကို The Constant Gardener ဆိုတဲ့ဇာတ်ကားကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ဒီဇာတ်ကားလေးမှာတော့ Harry Potter ထဲက ဗိုဒါမော့ကြီးနဲ့အတူ The Mummy ထဲက မင်းသမီးလေးတို့က ပါဝင်သရုပ်ဆောင်ထားပါတယ် ဒီဇာတ်ကားလေးက Drama Mystery လေးပါIMDB rating လည်း 7.4 အထိရရှိထားတဲ့ဇာတ်ကားကောင်းလေးပါဇာတ်လမ်းအကျဥ်းလေးကတော့ ကန်ယာမြောက်ပိုင်းကဝေးလံလှတဲ့နေရာမှာ တက်ကြွလှုပ်ရှားသူ တက်ဆာနဲ့သူမရဲ့သူငယ်ချင်း ဒေါက်တာအာနိုးဘလွန်းတို့အသတ်ခံခဲ့ရပါတယ် အဲ့နောက်မှာ တက်ဆာရဲ့ခင်ပွန်းဖြစ်သူ ဂျင်စတင်ဟာသူ့ဇနီးသည်သေဆုံးမှုကို လိုက်လံစုံစမ်းကြည့်တဲ့အခါမှာ တက်ဆာဟာ အာဖရိကမှာ ဘေးဖြစ်စေတဲ့ဆေးတွေကိုစမ်းသပ်နေတဲ့အတွက် ​ဆေးကုမ္ပဏီတွေကို တိုင်ကြားစာရေးခဲ့တာကိုသိခဲ့ရပါတယ်သူ့ဇနီးရဲ့သေဆုံးမှုဟာ အဲ့ဆေးကုမ္ပဏီတွေနဲ့ပက်သက်နေမလားဆိုတာကို ဂျက်စတင်တစ်ယောက် အန္တရာယ်တွေကြားကနေ မရပ်မနားစုံစမ်းပါတော့တယ် ဂျက်စတင်တစ်ယောက်အမှုမှန်ကိုရှာဖွေနိုင်မလား ရှာမဖွေနိုင်ခင်မှာပဲ သုတ်သင်ခံလိုက်ရမလားဆိုတာကိုဇာတ်ကားလေးထဲမှာကြည့်ရှုနိုင်မှာပါဒီဇာတ်ကားလေးမှာ ဂျက်စတင်နဲ့တက်ဆာရဲ့ချစ်ခြင်းမေတ္တာနဲ့ ဆေးဖြန့်ချီရေးကုမ္ပဏီတွေရဲ့ အကျိုးအမြတ်ရဖို့ဘာကိုမှမငဲ့ကြည့်တာတွေ အာဖရိကလူမည်းတွေအပေါ်မှာ ဘယ်လိုရက်စက်ကြလဲဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(2.9 GB)/(1.8 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:09:00 Genre...Drama, Mystery, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane
movie

The Constant Gardener (2005)

Equilibrium (2002) 7.3
Equilibrium (2002) Christian Bale ကို ကျွန်တော့် fav; မင်းသားစာရင်းထဲ ပါလာစေခဲ့တဲ့ ရုပ်ရှင်ပါ...ကျွန်တော်တို့ နေထိုင်တဲ့လောကကြီးမှာ စစ်ပွဲတွေ ဒေါသတွေ အာဃာတတရားတွေ မနာလိုမှုတွေ အချစ် အမုန်း စတဲ့ ခံစားချက်တွေမရှိတော့ရင် ဘယ်လိုဖြစ်သွားနိုင်သလဲ..... အသက်ရှင်ရပ်တည်ဖို့အတွက် စားဝတ်နေရေးအပြင် ခံစားမှု  ခံစားချက် တွေကဘယ်လိုတောင်အရေးပါသလဲ.... ဒါတွေကို Sci- Fi ရုပ်ရှင်တစ်ခုအနေနဲ့ရှုထောင့်တစ်မျိုးကနေ ပြောပြသွားပါတယ်2002 ခုနှစ်ကထွက်ရှိထားပေမယ့် လူနဲ့ခံစားချက်တွေအကြောင်းပြောကြမယ်ဆိုရင် ချန်ထားလို့မရတဲ့ရုပ်ရှင်ကားပါ။IMDb Rating 7.3 ရရှိထားပါတယ်။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို YeWai LynnHtut မှတင်ဆက်ထားတာပါ။)အသစ်ထွက်ရှိလာတဲ့ BluRay Open-Matte Version နဲ့တင်ဆက်ထားတာကြောင့် မြင်ကွင်းကျယ် Screen အပြည့် ကြည့်ရှုခံစားရမှာဖြစ်ပြီး သိမ်းထားချင်သူများအတွက်လဲ ပိုမိုပြည့်စုံကောင်းမွန်တဲ့ Version ဖြစ်ပါတယ်။ File size…(2.3 GB)/ (1 GB) Quality….BluRay OpenMatte 1080p /720p Format…mp4 Duration….01:46:50 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by YeWai LynnHtut
movie

Equilibrium (2002)

2002
OpenMatte
The Pianist (2002) 8.5
The Pianist (2002) The Pianist ကိုမပြောခင် ဒီဇာတ်ကားရိုက်တဲ့ Director Roman Polanski အကြောင်းနည်းနည်းပြောအုန်းမယ်။ပိုလန်စကီးက Polish-French ဒါရိုက်တာတစ်ဦး။ သူဒီဇာတ်ကားကိုမရိုက်ခင် ရှေ့ဆယ်စုနှစ်တခုလောက်က Schindler's list ဆိုတဲ့ဇာတ်ကားကိုရိုက်ဖို့ အခွင့်အရေးရခဲ့သေးတယ်။ ဒါပေမဲ့ ဇာတ်လမ်းကိုသိသိချင်းမှာဘဲ အဲ့ဇာတ်ကားကိုရိုက်ဖို့ပယ်ချလိုက်တယ်။ဘာလို့လဲဆိုတော့ သူ့ငယ်ဘဝက trauma တွေကြောင့်၊ သူကိုယ်တိုင် ဂျာမန်တွေရဲ့ Ghetto ထဲမှာနေခဲ့ရတဲ့အတွေ့အကြုံ၊ အော့ဇ်ဝင့်ချ် ထဲမှာ သူ့အမေသေခဲ့တဲ့ အတွေ့အကြုံ၊ သူ့အသက်၁၀ နှစ်လောက်မှာဘဲ သူ့အဖေရော အမေရောအဖမ်းခံလိုက်ရတဲ့အပြင် နာဇီ SS စစ်သားတွေဟာ သူနေတဲ့ ကရာကိုးမြို့ကိုသိမ်းပီး ပိုလန်ရဲ့မြို့တော်အဖြစ်ပြောင်းလဲသိမ်းပိုက်လိုက်ရုံတင် မက၊ သူ့ရှေ့တင် ဂျူးတွေကို လမ်းပေါ်မှာ ကြက် ငှက်လို ပစ်သတ်နေတာကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရတာဘဲဖြစ်ပါတယ်။အဲ့ဒါကြောင့် ဒုတိယကမ္ဘာစစ်အခြေခံ နာဇီ-ဂျူး ဇာတ်လမ်းဖြစ်တဲ့ Schindler's List ကိုရိုက်ဖို့ လက်မခံခဲ့တာပါတဲ့လေ။ ဒါပေမဲ့ ၁၀ စုနှစ်တခုအကြာ2002 မှာတော့ ဒုတိယကမ္ဘာစစ်ကိုအခြေခံထားတဲ့ The ...
movie

The Pianist (2002)

2002
1080p HEVC
The Ghost Writer(2010) 7.2
The Ghost Writer(2010) The Ghost Writer(2010) အညွှန်း****************************ဒီကားဟာ ဆုပေါင်း ၃၃ ဆုတောင်ရရှိခဲ့ပါတယ်..ဝါရင့်မင်းသမီး Olivia Williams၊ Star wars မင်းသား Evan McGregor နဲ့ James Bond မင်းသားကြီးPierce Brosnan တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။နာမည်ကျော်ပုဂ္ဂိုလ်တွေရဲ့ ကိုယ်တွေ့မှတ်တမ်းတွေကို ရှဲဒိုးရေးပေးတဲ့ နာမည်ကျော်ရှဲဒိုးစာရေးဆရာ ဂို့စ်ဟာဗြိတိန်ဝန်ကြီးချုပ်ဟောင်း အဒမ်လန်းရဲ့ ကိုယ်တွေ့မှတ်တမ်းကို ရေးပေးဖို့ ငွေကြေးတနင့်တပိုးနဲ့ ကမ်းလှမ်းလာပါတယ်။နိုင်ငံရေးအကြောင်းကို သေချာမသိပေမယ့်လည်း ရမယ့်ငွေပမာဏကမနည်းတာကြောင့် ဗြိတိန်သား ဂို့စ်တစ်ယောက် အမေရိကန်အထိ လိုက်ပြီး ရှဲဒိုးရေးပေးဖို့ပြင်ဆင်ရပါတော့တယ်။သူ့ကိုငှါးဖြစ်သွားတာက သူ့အရင်ရေးပေးနေတဲမိုက်ခ်ဆိုသူဟာ ရေနစ်သေဆုံးသွားလို့ပါပဲ။သူ အလုပ်စတော့မယ့်အချိန်မှ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဒမ်လန်းဟာ စီအိုင်အေနဲ့ပူးပေါင်းပြီးပြည်သူအချို့ကို အကြမ်းဖက်သမားဟုဆိုကာ ညှင်းပန်းနှိပ်စက်ခဲ့တဲ့ ကောလဟာလတွေ ထွက်လာပါတယ်။ဒီကောလဟာလတွေကြား ဂို့စ်တစ်ယောက် ရှေ့တိုးရမလို နောက်ဆုတ်ရမလိုဖြစ်ရင်းဘယ်လိုအရှုပ်တော်ပုံတွေထဲ ပဲလှော်ကြား ဆားညပ်မလဲဆိုတာကတော့…   File Size :(1.9GB)  (714 MB) and (245 MB) Quality : ...
movie

The Ghost Writer(2010)

Spencer(2021) 7.2
Spencer(2021) Spencer(2021) အညွှန်း***************IMDb....7.2Kristen Stewart ဟာ ဝေဖန်အတော်များများခံရတဲ့ သရုပ်ဆောင်တွေထဲပါတယ်လို့ဆိုရမှာပါ...သို့ပေမဲ့ Diana (ဒိုင်ယာနာ) အဖြစ်သရုပ်ဆောင်ထားတဲ့ ဒီရုပ်ရှင်မှာတော့ Oscar ရနိုင်တယ်လို့တောင်ဝေဖန်ရေးဆရာတွေက ချီးကျူးထားကြပါတယ်....ဒိုင်ယာနာဆိုတာ ဗြိတိန်တော်ဝင် မိသားစုဝင်တစ်ဦးဖြစ်ပါတယ်...သို့ပေမဲ့ သူမ ငယ်ဘဝက ကြမ်းတမ်းပါတယ်...မိဘတွေ အိမ်ထောင်ကွဲဖြစ်ပြီး လန်ဒန်သို့ပြောင်းကာ လစာနိမ့်ဘဝဖြင့် လုပ်ကိုင်ရင်း ငယ်ဘဝကို ဖြတ်သန်းခဲ့ရတယ်...အဲဒီနောက် ဒုတိယ အဲလိဇဘက်ဘုရင်မ၏ သားကြီးဖြစ်သူ ချားလ်မင်းသားနဲ့စေ့စပ်လိုက်ပါတယ်..ဒီဇာတ်လမ်းဟာ ချားလ်မင်းသားနဲ့အိမ်ထောင်ပြုပြီး နောက်ပိုင်းအေးခဲစပြုလာတဲ့ အိမ်ထောင်ရေးပြဿနာတွေကို အဓိကထားရိုက်ပြသွားတာပါ..ဒိုင်ယာနာ တစ်ယောက် တော်ဝင် အသိုင်းအဝိုင်းမှာအနေရကြပ်လာခဲ့တဲ့အကြောင်းတွေကိုလည်း မွှမ်းထုံပြသထားပါတယ်။လူမှုရေးဆက်ဆံရေးကောင်းမွန်တဲ့အပြင် ကျက်သရေ ရှိလွန်းလှတဲ့ အလှအပကိုပိုင်ဆိုင်သူ..နိုင်ငံရဲ့ ပုံရိပ်အဖြစ်တင်စားခံရတဲ့သူ .လူထုရဲ့ချစ်မြတ်နိုးမှုကို အများဆုံးရတဲ့သူ..ဖက်ရှင်ပုံမှာလည်း ဒိုင်ယာနာစတိုင်ဆိုပြီး Fashion Queen အဖြစ်သတ်မှတ်ခံရသူ..ဒီလို ဂုဏ်ပုဒ်ပေါင်းများစွာ ပိုင်ဆိုင်တဲ့ မင်းသမီးလေးဟာနောက်ကွယ်မှာတော့ ဘယ်လိုခက်ခဲတဲ့အခြေအနေတွေကို ဖြတ်သန်းနေရလဲ....အချစ်ရေးမှာရော သူမ ဘယ်လောက်ထိ ကံကောင်းခဲ့လဲ...အခက်အခဲကြုံလို့ သူမအတွက် ကမ်းလင့်လက်တစ်စုံရှိခဲ့လား...ခံစားကြည့်ကြပါဦး..ဘာသာပြန်ထားတာကတော့ CM Team ပဲ ဖြစ်ပါတယ်။ File ...
movie

Spencer(2021)

2021