Channel Myanmar

Jonathan Bailey

Elizabeth: The Golden Age (2007) 6.8
Elizabeth: The Golden Age (2007) အနုပညာ ကဗျာစာပေတွေ တစ်ခေတ်ပြန်လည်ထွန်းကားလာတဲ့ ၁၅၅၈-၁၆၀၃ ခုနှစ် ကာလကိုThe Golden Age လို့ ခေါ်ကြပါတယ်။အင်္ဂလန်ပြည်ကို Queen Elizabeth I အုပ်စိုးခဲ့စဉ်မှာထွန်းကားခဲ့တဲ့ ကာလဖြစ်လို့ Elizabethan era လို့လည်းတင်စားကြပါသေးတယ်။Queen Elizabeth I ဟာဆိုရင်ဖြင့် တခြားသောဘုရင်မတွေလို ကြင်ယာဖက်နဲ့အတူ ချစ်ကြည်နူးတစ်တီတူးတတ်တဲ့မိန်းမ‌တစ်ယောက်တော့ မဟုတ်ပါဘူး။သူဟာ နိုင်ငံ့အရေးကို သူတစ်ယောက်တည်း အစွမ်းအစနဲ့ဦးဆောင်နိုင်တယ်လို့ ခံယူချက်ရှိတဲ့ တစ်ကိုယ်တည်းအပျိုကြီးလုပ်ကာ အုပ်ချုပ်သူပါ။ဒါကြောင့်လည်း သူဟာ Virgin Queen လို့ နာမည်ကြီးပါတယ်။ ဒီဇာတ်လမ်းကတော့ Queen Elizabeth ရဲ့ သူအုပ်စိုးစဉ်ကာလအတွင်းမှာသူ့ရဲ့စကားကိုတည်အောင် ဘယ်လိုတွေစွမ်းဆောင်သွားခဲ့လဲ၊ The Golden Age, Elizabethan era လို့တင်စားရလောက်အောင် သူဘာတွေစွမ်းဆောင်ခဲ့လဲဆိုတာ ကြည့်ရှုလေ့လာနိုင်မှာဖြစ်ပါတယ်။ File size…    2.2 GB /  1 GB Quality… BluRay 1080p / 720p Format… ...
movie

Elizabeth: The Golden Age (2007)

Testament of Youth (2014) 7.2
Testament of Youth (2014)  𝑻𝒆𝒔𝒕𝒂𝒎𝒆𝒏𝒕 𝒐𝒇 𝒀𝒐𝒖𝒕𝒉(ငယ်ရွယ်သူ့သက်သေ)ဟာ 1933ခုနှစ်မှာထုတ်ဝေခဲ့တဲ့ နာမည်ကျော်စစ်ပွဲကိုယ်တွေ့မှတ်တမ်းတစ်ခုရဲ့စာမူခေါင်းစဥ်ဖြစ်ပါတယ်...။စာရေးဆရာမ Vera Brittainရဲ့ ပထမကမ္ဘာစစ်အတွင်းကိုယ်တွေ့အဖြစ်အပျက်များကို ရေးသားထားတာဖြစ်ပြီး...Veraဟာစစ်ကြီးအပြီးနှောင်းပိုင်းကာလတွေမှာ စစ်ဆန့်ကျင်ရေးငြိမ်းချမ်းရေးလှုပ်ရှားသူအဖြစ် တက်ကြွလှုပ်ရှားခဲ့သူပါ...။သရုပ်ဆောင်တွေအနေနဲ့ Veraနေရာမှာ The Man from U.N.C.L.E.ထဲကမင်းသမီးချော Alicia Vikanderကသရုပ်ဆောင်ထားပြီးGOTထဲ YOU KNOW NOTHINGမင်းသား ဂျွန်စနိုးကလည်းပါဝင်အားဖြည့်ထားပါတယ်ဗျ...။ဇာတ်အိမ်လေးကိုပြောပြရမယ်ဆိုရင် ပထမကမ္ဘာစစ်ကြီးစဖြစ်တဲ့အချိန်အခါတုန်းပေါ့...စစ်ကြီးဖြစ်လာပြီဆိုရင် ထုံးစံအတိုင်း လူငယ်လူရွယ်လေးတွေဟာတိုင်းပြည်အတွက် သမိုင်းပေးတာဝန်ထမ်းမယ်...ဒီအခွင့်အရေးအရေးမျိုးက မျိုးဆက်တိုင်းမရနိုင်ဘူး၊ စစ်ဆိုတာလည်းခဏနဲ့ပြီးမှာပါလေဆိုပြီး ယုံကြည်ချက်ကိုယ်စီနဲ့ ရှေ့တန်းကို အလုအယက်ထွက်ကြပါတယ်...။ဘဝအတွေ့အကြုံနုနယ်သေးတဲ့ လူငယ်သဘာဝပါပဲ...။အမျိုးသားလူငယ်လေးတွေ ရှေ့တန်းကို ထွက်သွားချိန်မှာတော့ အနောက်မှာမျှော်တရစ်ရစ်နဲ့ ကျန်နေခဲ့သူတွေကတော့...အမေတွေ၊ အစ်မတွေ၊ ဇနီးမယားတွေပါပဲ...ပြန်လာနိုးနိုးနဲ့ မျှော်နေမိကာမှ ထွက်သွားတုန်းက လူတစ်ယောက်ပြန်လာတော့ စာတစ်စောင်ဖြစ်နေတဲ့ အဖြစ်မျိုးက မနည်းပါဘူး...။မျှော်ရတာ ရင်ပူလွန်းလို့ထင်ပါရဲ့... ချစ်သူရှိရာ‌ ရှေ့တန်းကို သူနာပြုအဖြစ်ပါရမီဖြည့်လိုက်ကြတဲ့ ဇာတ်လမ်းတွေလည်းရှိပါတယ်...။ဘာတွေပဲဖြစ်နေနေ တစ်ချိန်မှာတော့ အားလုံးပြန်ဆုံနိုင်ဦးမှာပါ....ဒီဘဝ ဒါမှမဟုတ် တမလွန်မှာပေါ့လေ...။ခံစားချက်တသောသောကို အချိန်ပေးခံစားကြည့်ရှုရမှာဖြစ်တာမို့လက်မလွတ်တမ်းကြည့်ရှုသင့်တဲ့ Biographgy Drama History movieလေးပါပဲ...။ File size…1.82GB / ...
movie

Testament of Youth (2014)

The Mercy (2018) 6.1
The Mercy (2018) The Mercy ဟာ 1968 ခုနှစ်ဝန်းကျင်မှာ ကျုင်းပခဲ့တဲ့ Sunday Times Golden Globe Race လို့ခေါ်တဲ့ လှေမာရသွန်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အပျော်တမ်းရွက်လှေသမား Donald Crowhurst ရဲ့အကြောင်းကို ရိုက်ကူးထားတဲ့ Biography, Drama ဇာတ်ကားပဲဖြစ်ပါတယ်။ဒီဇာတ်ကားကိုရိုက်ကူးသူကတော့ ဒါရိုက်တာ James Marsh ဖြစ်ပြီး၊ ဇာတ်ဆောင်ဖြစ်သူ Donald Crowhurst နေရာမှာ The King's Speech ဇာတ်ကားနဲ့ အော်စကာဆုကိုရရှိခဲ့တဲ့သူဖြစ်ပြီး The Kingsman ဇာတ်ကားနှစ်ကားလုံးမှာ Harry Hart အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Colin Firth ပါ။ပြိုင်ပွဲဝင်ပြိုင်မယ့် ပြိုင်ပွဲဝင်တစ််ယောက်ရဲ့ ဘဝဇာတ်ကြောင်းရိုက်ကူးထားတာဖြစ်တဲ့အတွက်ကြောင့် စီကာပတ်ကုံးညွှန်းဆိုနေစရာမလိုတော့ဘူးလို့ထင်ပါတယ်။ဇာတ်ဆောင်ရဲ့ မဆုတ်မနစ်ကြိုးပမ်းမှုတွေကို အသားပေးရိုက်ကူးထားတာကြောင့် ဘဝကိုရုန်းကန်ဖို့အတွက် အားယုတ်လျော့နေတဲ့သူတွေ၊ ဘဝကိုလက်မြောက်အရှုံးပေးချင်တဲ့သူတွေအတွက်တော့ ဒီဇာတ်ကားမှပေးစွမ်းတဲ့ရသက ခွန်အားဖြစ်စေမှာ ဖြစ်တာကြောင့် လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။(ဘာသာပြန်သူကတော့ Brilliant Star ပါ)File ...
movie

The Mercy (2018)

2018