Channel Myanmar

Jordan Chan

A Man Called Hero (1999)
A Man Called Hero (1999)  ကျွန်တော်တို့ အခုခေတ်လူလတ်ပိုင်းတွေ ငယ်ဘ၀က မစိမ်းခဲ့တဲ့ နာမည်ကြီး တရုတ်မင်းသားမင်းသမီးတွေကို ပြန်လည်မြင်တွေ့ခံစားရဖို့ အဟောင်းထဲက အကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဟိုးရှေးရှေး တရုတ်ပြည်ကြီးမှာ ဟွာမျိုးရိုး ရင်းဟုန်တစ်ယောက် ကြီးမြတ်တဲ့သိုင်းဆရာကြီးထံမှာ တပည့်အဖြစ်ခံယူဖို့ ဖြတ်ကျော်အောင်မြင်လာပြီး ပြန်လာတဲ့အချိန်မှာ မိဘတွေကို မျက်နှာဖြူလူမျိုးတွေ သတ်ဖြတ်တာခံလိုက်ရပါတယ်။သွေးကြွေးဆပ်ဖို့အတွက် မျက်နှာဖြူလူမျိုးတွေနဲ့ သစ္စာဖောက်လောက်ကောင်တရုတ်တွေ အောင်ပွဲခံပါတီပေးနေတဲ့ဆီကိုရောက်လာပြီး မိဘတွေကိုသတ်ဖြတ်သွားတဲ့ မျက်နှာဖြူလူမျိုးကို သတ်ဖြတ်ခဲ့ပါတယ်။ အပြစ်ပေးခံရမှာစိုးတဲ့အတွက် ချစ်သူကိုပစ်ပြီး အမေရိကကို သင်္ဘောတစ်စီးနဲ့ ခရီးကြမ်းနှင်လာခဲ့တယ်။နှစ်တွေကြာမြင့်လို့ ချစ်ရသူဆီကနေ ပေါက်ဖွားလာတဲ့ သားဖြစ်သူ အရွယ်ရောက်ချိန်မှာ ပျောက်ဆုံးသွားခဲ့တဲ့ အဖေဖြစ်သူကိုရှာဖို့ အမေရိကကို ဦးလေးဖြစ်သူနဲ့ ရှာပုံတော်ခရီးစပါတော့တယ်။ သားအဖတွေ ပြန်လည်တွေ့ဆုံနိုင်မှာလားဆိုတာကိုတော့ ဒီခေတ်ဟောင်းရုပ်ရှင်လေးထဲမှာ ရှုစားကြပါဦး။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(3.0 GB)/(1.4 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:58:00 Genre...Drama, Action, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae ...
movie

A Man Called Hero (1999)

Chasing The Dragon ( 2023 ) 6.2
Chasing The Dragon ( 2023 ) ၁၉၆၀ နဲ့ ၁၉၇၀ ခုနှစ်တွေအတွင်း ဟောင်ကောင်မှ ရဲတပ်ဖွဲ့တွေဟာ ဒုစရိုက်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး အကျင့်ပျက် ချစားမှုတွေ လုပ်ကိုင်ခဲ့ကြပြီးတော့ ဟောင်ကောင်ဟာ ဒုစရိုက်နယ်မြေကြီးသဖွယ်ဖြစ်လို့လာခဲ့ပါတယ် ။အဲဒီအချိန်မှာပဲ တိုက်ရည် ခိုက်ရည်ကောင်းတဲ့ ဝူကော်ဟောင် နဲ့ သူ့ရဲ့ ငယ်သူငယ်ချင်းနှစ်ယောက်တို့ဟာ ဟောင်ကောင်ကို မှောင်ခိုလုပ်ငန်းလုပ်ပြီး စီးပွားရှာချင်လို့ ရောက်လာခဲ့ကြပါတယ် ။ကံအကြောင်းဖန်လာပြန်တော့ ဟောင်ကောင်ရဲ့ အမှုစစ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ရွှီလဲ့နဲ့ တွေ့ဆုံခဲ့ပြီး ရွှီလဲ့ဆီမှာ အခစားဖို့ ဖြစ်လာခဲ့ပါတယ် ။ အမှုစစ်ရွှီလဲ့ဟာ လက်ရှိမှာ ပိုင်အိမ်တော် မမလေးကျန်းနီရဲ့ ခင်ပွန်းဖြစ်နေပြီးတော့ တစ်နေ့မှာ သေဆုံးနေပြီဟု သိထားတဲ့ သူ့ရဲ့ ရည်းစားဟောင်း ကျန်းနီနဲ့ မတော်တဆ တွေ့ဆုံလိုက်ရတဲ့ အခါမှာတော့....?❏ တစ်ဖက်က သူ့ရဲ့ အာဏာရာထူးတွေကို ထောက်ပံ့ပေးနေတဲ့ မမလေး ❏ တစ်ဖက်က သူ့ကိုအရမ်းချစ်ရှာပြီး အမြဲအဖော်ပြုပေးနေခဲ့တဲ့ ချစ်ရသူ အာဏာနဲ့ အချစ်ရဲ့ ကြားမှာ ရွှီလဲ့ တစ်ယောက်ဘာတွေကိုရွေးချယ်မလဲ ။ ဒုစရိုက်အမှုတွေက နက်နဲ သထက် နက်နဲလာတဲ့အခါမှာရော အမှုစစ်တစ်ယောက်အနေနဲ့ ဘယ်လိုကိုင်တွယ်မလဲ ။ တစ်ခြား နောက်ကွယ်က ဘယ်လို စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတွေ ပုန်းကွယ်နေဦးမလဲဆိုတာသိရဖို့ ဒီဇာတ်ကားလေးကိုကြည့်ရှုလိုက်ရအောင်လားရှင် ...
movie

Chasing The Dragon ( 2023 )

Lost and Found (1996) 7.2
Lost and Found (1996) Lost and Found (1996)~ IMDb - 7.2/10, Rotten Tomatoes - 76% ~နေလာရင်းဘဝမှာ မကြာမကြာဆိုသလို တစ်စုံတရာတော့ ပျောက်ရှနေကျပါပဲ။ ခဏခဏသေးသေးမွှားမွှားလေးတွေကနေ ရံဖန်ရံခါ ကြီးကြီးမားမားတွေ အထိ ပျောက်ရှနေတတ်တယ်။ တစ်ရံတစ်ခါမှာတော့ အကြီးဆုံးဆိုတဲ့အရာတွေအထိပေါ့။ ဆိုးဆိုးရွားရွားဆို လက်ထဲကိုင်ထားတဲ့ အင်္ကျီကို ဘယ်နားကျလို့ ကျခဲ့မှန်းမသိတဲ့ အဖြစ်မျိုးအထိ မကြာမကြာရှိခဲ့ဖူးတယ်။ သတိလက်လွတ်ဖြစ်စေ အထားအသိုမှားသည်ဖြစ်စေ အရေးအကြီးဆုံးဆိုတဲ့ အရာတွေကို ကျွန်တော်တို့ ပျောက်ရှဖူးခဲ့မှာပဲ။ မက်စက်တွယ်တာတဲ့ တစ်စုံတရာကို ပျောက်ရှဆုံးရှုံးတယ်ဆိုတာ ဘာနဲ့မှမတူတဲ့ ဝေဒနာပေါ့။ပြန်ရှာလို့မတွေ့နိုင်တဲ့အရာဆိုတာ မရှိဘူးတဲ့။ ပိုက်ဆံအိတ် အခိုးခံရတယ် ဆိုပါစို့။ အချင်းတစ်ကီလိုမီတာဝန်းကျင်က အမှိုက်ပုံးတစ်ပုံးပုံးထဲ အဲဒီပိုက်ဆံအိတ်ကို ပြန်တွေ့မှာပဲတဲ့။ ဒီစကားမှန်ရဲ့လားတော့ ကျွန်တော်မသိဘူးပေါ့။ ရုပ်ရှင်ထဲက Takeshi ကတော့ ပျောက်ဆုံးပစ္စည်းရှာဖွေရေးလုပ်ငန်း ထောင်ထားတယ်။ သတိလက်လွတ်နဲ့ ခါးပိုက်နှိုက်ခံရသည်ဖြစ်စေ၊ ကိုယ်တိုင်က အထားအသိုမှားသည်ဖြစ်စေ၊ ဘာမဆိုကို ...
movie

Lost and Found (1996)

1996
See The Sea ( 2022 ) 6.1
See The Sea ( 2022 ) အခုတစ်ခေါက် CM ပရိသတ်တွေအတွက် ပင်လယ်စွန့်စားခန်းဇာတ်လမ်းလေးတစ်ပုဒ်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့- ပင်လယ်မုဆိုးတပ်မှ ဝူချင်နှင့် လျိုလီ၊ တုချန်ဖုန်း၊ လုံရှင်း တိုသည် ပင်လယ်မုဆိုးအဖွဲ ဖွဲလိုက်ပြီး ကွေးရွှးနယ်မြေကို သွားရောက်ကာ မသေခြင်းရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေကြတာပဲ ဖြစ်ပါတယ်။ဇာတ်လမ်းထဲတွင် သေသူကိုပြန်ရှင်ပြီး အရိုးကိုအသားပြည့်စေနိုင်တဲ့ ကွေးရွှးကျောက်ကို ရှာဖွေရန်အတွက် ဝူချင်တိုအဖွဲဟာ အန္တရာယ်တွေနဲ့ ပြည့်နက်နေတဲ့ စွန့်စားရေးခရီးတစ်ခုကို စတင်ခဲ့ကြပါတယ်။တစ်ဖက်မှာလည်း တခြားလျှိဝှက်အဖွဲတစ်ခုက တိတ်တဆိတ်လှုပ်ရှားနေခဲ့ပါတယ်။ ရတနာကိုလုယူဖိုအတွက် အဖွဲနှစ်ဖွဲ့ဘယ်လို ထိပ်တိုက်တွေ့ကြမလဲ...... စွန့်စားရေးခရီးမှာ အန္တရာယ်တွေကို ဘယ်လိုဖြတ်ကျော်ကြမလဲ...... ဆိုတာကို CM ရဲ့ဘာသာပြန်နဲ့အတူ ကြည့်ရှုခံစားလိုက်ပါဦးနော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Mystery , Fantasy , Adventure Runtime : 1h 16min Subtitle : Myanmar Subtitle ( hardsub ) Translated by CM Team Encoded by LK
movie

See The Sea ( 2022 )

Initial D (2005) 6.3
Initial D (2005) Initial D (2005)~ IMDb rating - 6.3/10 ~ {Subtitles error fixed!!!} 1995 လောက်ကစထုတ်လွှင့်ခဲ့တဲ့ Initial D ဆိုတဲ့ Anime စီးရီးလေးကို ထိုင်ဝမ်အဆိုတော်မင်းသား Jay Chou ကပြန်လည်ရိုက်ကူးထားပြီး နာမည်ကြီးဟောင်ကောင်မင်းသားတွေဖြစ်တဲ့ Anthony Wong နဲ့ Edison Chen တို့ပါဝင်အားဖြည့်ထားတဲ့ 2005 ခုနှစ်ထွက် တရုတ်-ဂျပန် ဖက်စပ် ကားဟောင်းလေးတစ်ကားကိုတင်ဆက်ပေးပါရစေ...အထက်တန်းကျောင်းသားလေးတစ်ယောက်ဖြစ်တဲ့ Takumi Fujiwara ဟာ အခင်ဆုံးသူငယ်ချင်းဖြစ်တဲ့ Itsuki ရဲ့ဖခင်ပိုင်တဲ့ Gas ဆိုင်မှာအချိန်ပိုင်းအလုပ်လုပ်ရင်း သူ့ဖခင် Bunta Fujiwara ရဲ့ Toyota AE86 လေးနဲ့ Akina တောင်ပေါ်က အပန်းဖြေစခန်းတွေကို သူ့ဖခင်လုပ်တဲ့ တို့ဟူးတွေကို ပို့ပေးတဲ့အလုပ်လုပ်ရင်းကျောင်းတက်နေတဲ့ကောင်လေးတစ်ယောက်...ကျောင်းသားလူငယ်ပီပီရင်ခုန်စရာဇာတ်လမ်းတွေရှိကြတဲ့အလျောက် Takumi မှာလည်း ချစ်ရတဲ့အတန်းဖော်သူငယ်ချင်းဖြစ်တဲ့ Natsumi နဲ့ချစ်ဇာတ်လမ်းတွေအပြင်....တစ်ဖက်မှာတော့ ဂျပန်နိုင်ငံရဲ့ နာမည်ကြီးပြိုင်ကားသမားဖြစ်ချင်တာကြောင့် ...
movie

Initial D (2005)

2005
Throw Down (2004) 6.8
Throw Down (2004) Throw Down (2004)Throw Downဟာ ဟောင်ကောင်ရုပ်ရှင်ဂုရုကြီးတစ်ပါးဖြစ်တဲ့ Johnnie Toရဲ့ မာစတာပိစ်အဖြစ်သတ်မှတ်ကြတဲ့ ရုပ်ရှင်တွေထဲက တစ်ကားပါပဲ။ တစ်ချို့ကလည်း Throw Downကို သူ့ရဲ့မာစတာပိစ်အကျဆုံး ရုပ်ရှင်အဖြစ် သတ်မှတ်ထားခဲ့ပါတယ်။ ဟောင်ကောင်ရုပ်ရှင်ဖန်အချို့ရဲ့ သဘောအကျဆုံး Johnnie Toကားလည်းဟုတ်ပါတယ်။ ဇာတ်ကတော့ မိန်းကာရိုက်တာ သုံးယောက်ကို လှည့်ပတ်ပြထားတဲ့ ဇာတ်ပါပဲ။ Louis kooနဲ့ Aaron Kwokတို့ရဲ့ ကာရိုက်တာတွေက ဂျူဒိုကစားသမားတွေ။ Louis kooကတော့ တစ်ချိန်က ဂျူဒိုလောကရဲ့နာမည်ကျော် ဒီတော့ သိုင်းပြိုင်ရတာ စိတ်အားထက်သန်တဲ့ Aaron Kwokက Louis kooကို လာစိန်ခေါ်တယ်။ သို့ပေမဲ့ Louis Kooက အဲဒီအချိန်မှာ ဘာမှမလုပ်ချင် မကိုင်ချင်နဲ့ လောင်းကစားပဲလုပ်နေတဲ့အချိန် ဒီတော့ ကောင်းကောင်းမပြိုင်ဘူး။ အကြွေးဆပ်စရာတွေကလည်း ပုံနေတယ်။ Aaron Kwokက သူပုံမှန်ဖြစ်တဲ့အထိ သူ့အရက်ဆိုင်မှာ ကူပေးပြီးမှ ပြိုင်ဖို့လုပ်တယ်။ ...
movie

Throw Down (2004)

The Labyrinth ( 2022 ) 6.6
The Labyrinth ( 2022 ) ဒီတစ်ခါမှတော့ သည်းထိတ်ရင်ဖို Horror Thriller ရုပ်ရှင်လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအမည်ကတော့ "ဝင်္ကပါ" ဖြစ်ပြီး ဘာဝင်္ကပါလဲဆိုတာတော့ ဇာတ်လမ်းအကျဥ်းမှာဖတ်ကြည့်ရအောင်။ဇာတ်လမ်းအစမှာ ရထားတစ်စီးဟာ အေးအေးလူလူခုတ်မောင်းနေလေရဲ့။ ရထားပေါ်မှာ လူတန်းစားအမျိုးမျိုး၊ လူအမျိုးမျိုးက လိုက်ပါစီးနင်းနေကြတာပေါ့။ ရှေ့မှာကြုံလာမယ့်အန္တရာယ်ကိုသတိမထားမိစွာဘဲ အေးအေးလူလူ စကားတပြောပြောနဲ့ပေါ့။တစ်နေရာအရောက်မှာတော့ ဘာဖြစ်မှန်းမသိဘဲ ရထားဟာရပ်တန့်သွားပါတော့တယ်။ ရထားထဲကထွက်ဖို့ကြိုးစားကြရင်း ရုန်းရင်းဆန်ခတ်ဖြစ်နေကြပြီးနောက်မှာတော့ ရထားလမ်းမြေပြိုနေတာဖြစ်ကြောင်းသိလိုက်ရပါတယ်။ ဘေးလွတ်ရာမှာဆင်းနေကြပေမယ့် ကင်းခြေများအကောင်ရေ ထောင်ချီဝိုင်းလာတဲ့အခါမှာတော့ ရထားပေါ်ပြန်တက်နေရုံကလွဲရွေးချယ်စရာမရှိခဲ့ပါဘူး။ရထားဟာ ဝန်မမျှဖြစ်ပြီး မြေပြိုနေတဲ့တွင်းနက်ကြီးထဲကို ထိုးကျသွားပါလေရော။ အဲ့ဒီတွင်းထဲမှာလည်း ကင်းခြေများအကောင်ရေအမြောက်အများရှိနေတဲ့အခါ ခြေဦးတည့်ရာကိုပြေးရပါတော့တယ်။ ဘယ်နေရာကိုရောက်မှန်းမသိရောက်ကုန်ရင်း ကယ်ဆယ်ရေးအဖွဲဲ့တွေကရော သူတိူ့ကိုရှာတွေ့ပြီး ကယ်တင်နိုင်ပါ့မလား။ သူတို့အနေနဲ့ရော ကင်းခြေများဝင်္ကပါကနေလွတ်အောင်ပြေးနိုင်ပါ့မလား။ ဘေးအန္တရာယ်ကြုံတဲ့အခါတွေ့ရမယ့်လူ့ သဘောသဘာဝ ကို မြင်တွေ့ရမယ့်အ​ပြင် ကင်းခြေများနဲ့လူတွေရဲ့အားပြိုင်ပွဲကို စိတ်လှုပ်ရှားစွာကြည့်ရှူရမှာပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Adventure Runtime : 1h 9min Subtitle : Myanmar Subtitle ( Hardsub ) Translated By CM Team Encoded by LK
movie

The Labyrinth ( 2022 )

Back On The Society ( 2021 ) 5.8
Back On The Society ( 2021 ) Back to the Societyဆိုတဲ့ဇာတ်ကားကတော့ Jordan Chanအဓိကပါဝင်သရုပ်ဆောင်ထားတဲ့ actionဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ် ဇာတ်လမ်းရဲ့အစမှာတော့ ကျန်းရှန်းဟောင်ဆိုတဲ့ တစ်ချိန်ကလူဆိုးဂိုဏ်းရဲ့ခေါင်းဆောင်က တရားမဝင် ဥပဒေချိူးဖောက်တဲ့ပြစ်မှုတွေကိုကျူးလွန်လို့ ရဲအရာရှိတွေကလာဖမ်းပြီး ထောင်ဒဏ်ချမှတ်ခြင်းခံလိုက်ရပါတယ်အဲ့ချိန်မှာပဲ သူ့ရဲ့ဇနီးဖြစ်သူ ကိုယ်ဝန်သည်မိန်းမက စိတ်လှုပ်ရှားမှုကြောင့် ကလေးကိုရက်စောမွေးပြီး ကလေးမွေးဖွားရခက်တဲ့ပြဿနာနဲ့ကြုံတွေကာ မိခင်အသက်ဆုံးရှုံးလိုက်ရပါတယ် သမီးလေးမွေးဖွားပြီးနောက် ထိန်းပေးမဲ့လူမရှိလို့ ငယ်ငယ်ထဲက မိဘမဲ့ကျောင်းမှာပဲနေခဲ့ရမှ ထောင်ထွက်ကျန်းရှန်းဟောကလည်း သမီးကိုချစ်တဲ့စိတ်နဲ့ သူတစ်ယောက်ထဲ လုပ်ကိုင်ကျွေးမွေးပြီး အရင်တုန်းကလိူရှုပ်ထွေးတဲ့ လောကကြီးထဲကို ပြန်မဝင်တော့ကြောင်း သစ္စာပြုခဲ့ပါတယ် ဒီလိုအေးအေးချမ်းချမ်းနဲ့ နှစ်တွေအများကြီးနေထိုင်လာရာကနေ တစ်ရက်မှာ ကျန်းရှန်းဟော မထင်မှတ်ပဲ လူတစ်ယောက်ကိုသတ်မိရာမှပြဿနာကစတင်ဖြစ်ပွားခဲ့တာပါ ထိုပြဿနာကြောင့်လည်း သူ့သမီးဖမ်းခံရပြီး လူကုန်ကူးခံလိုက်ရပါတယ်နောက်ဆုံးမှာ သူ့သမီးကိုဖမ်းတဲ့လူက ဘယ်သူဖြစ်မလဲ သူ့သမီးကိုရော အသက်ရှင်လျက်ပြန်ကယ်နိုင်မလားဆိုတာ နောက်ဆုံးထိကြည့်ရှုပေးပါဦးQuality : WEB-DL 1080p Format : mp4 Genres : Crime , Drama Duration : 1h 19min Subtitle : Myanmar Subtitle ( Hardsub ) Translated By A Pu Lay Encoded By LK
movie

Back On The Society ( 2021 )

Golden Job (2018) 6.5
Golden Job (2018) အခု မိတ်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ Rating တွေကလည်း အလန်း သရုပ်ဆောင်တွေကလည်းနာမည်ကြီးပြီး အက်ရှင်ကားကောင်းကောင်း ငတ်နေသူတွေအတွက် အကြိုက်တွေ့စေမယ့် Crime,Action ဇာတ်ကားလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။နာမည်ကတော့ Golden Job(2018) ပါ။IMDB Rating ကတော့ 6.2 ထိရရှိထားပါတယ်။ဇာတ်လမ်း အကျဉ်းလေးကတော့ ဆိုးတေသောင်းကြမ်းလို့ ဝသွားကြတဲ့ လူမိုက်ကြီး ငါးယောက် အငြိမ်းစားယူသွားကြပါတယ်။အဲ့နောက်မှာခေါင်းဆောင်ဖြစ်သူက ဒုက္ခသည်ကလေးတွေအတွက် အကူအညီပေးဖို့ ဆေးကုမ္ပဏီတစ်ခုက ဆေးသယ်လာတဲ့ကားကို ခိုးလိုက်ပါတယ်။နောက်တော့ဆေးဝါးဖြန့်ဖြူးပေးဖို့ လူပြန်စုပြီး အလုပ်ပြန်လုပ်ကြတဲ့အချိန် ဆေးသယ်လာတဲ့ကားကို ခိုးလာခဲ့ပြီးမှ ကားပေါ်မှာ ပါလာတာ ဆေးတွေမဟုတ်ဘဲ ရွှေတွေဖြစ်နေချိန်မှာတော့.....ဘာတွေကြောင့်ဒီလိုဖြစ်ရတာလဲသူတို့ရဲ့အတိတ်ဆိုးတွေကို သူတို့ချန်ထားနိုင်တာသေချာရဲ့လား ဆိုတာ အက်ရှင် ကြမ်းကြမ်းလေးတွေနဲ့ ကြည့်ရမှာဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ မေသရဖီလွင် ပါ) File Size : (850 MB) and (380 MB) Quality : WEB-DL 720p Running Time : 1h 40min Format : ...
movie

Golden Job (2018)

2018