Channel Myanmar

José Coronado

Close Your Eyes (2023) 7.4
Close Your Eyes (2023)  ဒီတစ်ခါမှာတော့ IMDb 7.4 ရရှိထားတဲ့ Spain Drama ဇာတ်ကားလေးတစ်ခုကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်.ဂျူလီယိုဆိုတဲ့ နာမည်ကြီးမင်းသားကြီးဟာ ရုပ်ရှင်ဇာတ်ကား ရိုက်နေရင်းကနေ ရုတ်တရက်ပျောက်ဆုံးသွားခဲ့ပါတယ်။ ရဲတွေကတော့ သူဟာ မတော်တဆမှုတစ်ခု ကြုံခဲ့ရပြီး ကမ်းပါးပေါ်ကပြုတ်ကျသွားတာ ဖြစ်နိုင်တယ်လို့ ထွက်ဆိုခဲ့ကြပေမဲ့ သူ့ရဲ့ အလောင်းကို ဘယ်သူမှ ရှာမတွေ့ခဲ့ပါဘူး။ဒီလိုနဲ့ အနှစ် ၂၀ကျော်ကြာတဲ့အချိန် ဖြစ်ရပ်ဆန်းတွေအကြောင်း ရိုက်ကူးတင်ဆက်တဲ့ အစီအစဉ်တစ်ခုဟာ မင်းသားကြီး ဂျူလီယိုရဲ့ သူငယ်ချင်းဖြစ်သူ မီဂဲကို အင်တာဗျူးပြီး ဂျူလီယိုပျောက်ဆုံးသွားတဲ့ အကြောင်းကို ပြန်လည်ပြောဆိုရာကနေ မင်းသားကြီး ပျောက်ဆုံးနေမှုဟာ တစ်ဖန်ပြန်လည်နိုးထလာပါတော့တယ်။ File size…(2.6 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:49:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban
movie

Close Your Eyes (2023)

No Rest for the Wicked (2011) 6.4
No Rest for the Wicked (2011)  ဒီရုပ်ရှင်ဟာ ၂၀၀၄ခုနှစ် မတ်လ၊ စပိန်နိုင်ငံ၊ မက်ဒရစ်မှာဖြစ်ပွားခဲ့တဲ့အကြမ်းဖက်ရထားဗုံးခွဲမှုကို တစ်စိတ်တစ်ပိုင်းမှီငြမ်းပြီးရိုက်ကူးထားတာပါ...။ရဲအမှုလိုက် ဇာတ်ကားတစ်ကားဖြစ်ပြီး Goya Awards ၆ဆုအထိရရှိခဲ့တဲ့ကားလေးပါ...။ဇာတ်လမ်းအကျဥ်းကတော့ ညကြီးမင်းကြီးမှာ လူတစ်ယောက်ဟာ အရက်မူးပြီးသုံးလောင်းပြိုင်လူသတ်မိသွားပါတယ်...။စိတ်ဝင်စားဖို့ကောင်းတာက အဲ့လူဟာ ရဲတစ်ယောက်ဖြစ်နေခဲ့တာပါပဲ...အသိဝင်လာတဲ့အချိန်မှာတော့ လက်လွန်သွားပြီဖြစ်တဲ့အတွက်သူ့ပြစ်မှုမပေါ်အောင်သက်သေတွေဖျောက်ဖို့၊ မျက်မြင်သက်သေတွေကိုဖျောက်ပစ်ဖို့ပဲရွေးရပါတော့တယ်...။ခေတ်ကာလအားဖြင့်အဲ့အချိန် မက်ဒရစ်မြို့မှာက အကြမ်းဖက်တိုက်ခိုက်မှုတွေ၊မူးယစ်မှုတွေပေါသောနေတာမို့ သူ့အတွက်တော့ ရာဇဝတ်မှုက ထွက်ပြေးဖို့အခါအခွင့်သင့်ချိန်ဖြစ်နေခဲ့တာပေါ့....။ကဲ ရဲသားကြီးတဖြစ်လည်း ရာဇဝတ်သားကြီး ရာဇဝတ်ဘေးက ပြေးလွတ်မလားဆိုတာဇာတ်လမ်းထဲမှာဆက်ကြည့်ရှုလို့ရပါပြီ... File size…1.88GB / 692MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 54m Genre ….. Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

No Rest for the Wicked (2011)

Stories Not to be Told (2023) 6.2
Stories Not to be Told (2023) Stories not to be told (2023)ကျွန်မတို့တွေဟာ ဘ၀ရဲ့တစ်ထောင့်တစ်ကွေ့မှာ မရည်ရွယ်ပေမယ့်လည်း အမှားသေးသေးကစလို့ ကြီးကြီးမားမားတွေထိ လုပ်မိတတ်ကြပါတယ်။ တစ်ခါတစ်လေမှာ ရှက်စရာကောင်းလွန်းလို့ ဘယ်သူ့ကိုမှလည်းမသိစေချင်၊ ကိုယ်တိုင်လည်းလုံး၀မေ့ပစ်ချင်ပေမယ့် ညအိပ်ခါနီးစိတ်ထဲပြန်ပြန်ပေါ်လာတတ်ပြီး စိတ်အနှောင့်အယှက်ပေးတတ်တဲ့ အဖြစ်အပျက်မျိုးတွေကို Stories not to be told လို့ခေါ်တဲ့ ဒီစပိန်ရုပ်ရှင်မှာ အသားပေးတင်ဆက်ထားပါတယ်။ဒီရုပ်ရှင်ထဲမှာ မတူညီတဲ့လူအမျိုးမျိုးရဲ့ မတူညီတဲ့ဇာတ်လမ်းငါးခုက လူတွေရဲ့ စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်ပုံကို သရော်ထားပြီး သူ့နေရာမှာကိုယ်သာဆိုရင်ရော ဆိုတဲ့ စာနာစိတ်ကိုပါဖြစ်စေအောင် ရိုက်ပြထားနိုင်တာမို့ တကယ်ကို ခံစားကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Jane ပဲ ဖြစ်ပါတယ်။Genre..... Action, Adventure, Comedy Quality…. 1080p | 720p File size… 1.4GB | 694MB Format… mp4 Duration….1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Jane Encoder ..... Aaron
movie

Stories Not to be Told (2023)

2023
The Perfect Family (2021)
The Perfect Family (2021) The Perfect Family(2021) ====================== Comedy, Dramaလူကုံတန်မိသားစုနဲ့ အခြေခံလူတန်းစား မိသားစု ၂ ခု ပေါင်းစပ်ကြတဲ့အခါ အမြဲတမ်း အချစ်တစ်ခုထဲနဲ့ ဦးစားပေးလို့ မရပါဘူး။အမြဲတမ်း ရွှေဇွန်းကိုက်ပြီးမွေးလာခဲ့တဲ့ လူစီယာဟာ သူနဲ့အသိုင်းအဝိုင်းတူထဲက မီဂဲနဲ့ လက်ဆက်ပြီး ပါဘလိုဆိုတဲ့ သားတစ်ယောက်နဲ့ အပူအပင်ကင်းမဲ့တဲ့ အိမ်ထောင်သက်တစ်ခုကို ဖြတ်သန်းနေခဲ့တာ ပါဘလို အရွယ်ရောက်တဲ့အထိပါပဲ။ တစ်နေ့ ပါဘလို တစ်ယောက် အရွယ်ရောက်လို့ အတောင်စုံတဲ့အခါ သူရွေးချယ်လိုက်တဲ့ ကြင်ယာဖက်ဟာ သူတို့နဲ့အခြေအနေများစွာ ကွာလွန်းနေတဲ့ သာမန်မိသားစုက မိန်းကလေးကိုပါ ။ လူစီယာလည်း ဖြစ်လာမယ့် သူ့ချွေးမကို သဘောမကျနိုင်ဖြစ်ကာ တစ်ဖက်မိသားစုနဲ့ပါ ပဍိပက္ခလေးတွေဖြစ်လာပါတယ်။ ဒီအရာရာကွာခြားနေတဲ့ မိသားစု ၂ ခုကြားမှာ ဘယ်လိုမျိုး Perfect ဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ရမယ့် ကားကောင်းလေးတစ်ခုဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်)Genre.....Comedy Quality….1080p | 720p| 480p File size… Format…mp4 Duration….1h 50min Subtitle….Myanmar Subtitle (Hardsub) Translator ..... Thiha Yan Naing Encoder ..... ...
movie

The Perfect Family (2021)

The Vault(2021) 7.0
The Vault(2021) The Vault(2021)အညွှန်း*********************IMDb...7.0Thomဆိုတဲ့ကောင်လေးက Cambridgeတက္ကသိုလ်ကအရမ်းတော်တဲ့ အင်ဂျင်နီယာကျောင်းသားတစ်ယောက်ပါ....ဉာဏ်ပြေးတဲ့Thomကို လစာဒေါ်လာသိန်းချီပြီးကမ်းလှမ်းတဲ့ကုမ္ပဏီကြီးတွေရှိခဲ့ပေမဲ့Thomကတော့ Walter Morelandရဲ့ကမ်းလှမ်းမှုကိုသာ စိတ်ဝင်စားခဲ့ပါတယ်....Walter Morelandတို့အဖွဲ့က နှစ်တရာကျော်သက်တမ်းရှိတဲ့စပိန်ဘဏ်အဆောက်အဦးကမြေအောက်ဘဏ္ဍာတိုက်တစ်ခုကိုဖွင့်ဖို့ ကြိုးစားနေတာပါ.....အဲ့ဒီစပိန်ဘဏ်က ကမ္ဘာ့အလုံခြုံဆုံးစနစ်နဲ့တည်ဆောက်ထားတဲ့ဘဏ်တွေထဲကတစ်ခုအပါအဝင်ဖြစ်ပြီးထိုးဖောက်မရနိုင်တဲ့ အံ့မခန်းအင်ဂျင်နီယာအစွမ်းလို့ ပြောစမှတ်တွင်ပါတယ်.....လိုအပ်နေတဲ့ အင်ဂျင်နီယာဉာဏ်ကြီးရှင်Thomက Walterတို့အဖွဲ့ထဲရောက်လာတဲ့အချိန်မှာတော့ပျောက်ဆုံးနေတဲ့ရတနာသိုက်ကိုအရယူဖို့အတွက် ဘဏ္ဍာတိုက်ဖောက်ဖို့အစီအစဉ်ဆွဲကြပါတယ်....လုံခြုံရေးအထပ်ထပ်ကာထားတဲ့ဘဏ်ကို သူတို့ဘယ်လိုကြိုးစားပမ်းစားဖောက်ကြမလဲဆိုတာကိုတော့...ဒီကားက ထင်မထားလောက်အောက် နင်းကန်လန်းပါတယ်...ဒါ့ကြောင့်မို့ လက်မလွှတ်သင့်ပါကြောင်း သတင်းကောင်းပါးပါရစေ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတွေကတော့ Khine Khine Wai & Ei Phyu Khin တို့ပဲဖြစ်ပါတယ်.... File Size : (2.2GB) and (0.9GB) Quality : HEVC 1080p 5.1,WEB-DL720p Format…mp4 Duration…01:30:00 Genre : Action, Adventure, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Khine Khine Wai & Ei Phyu Khin Encoded by Phyo Pyae   
movie

The Vault(2021)

HEVC 1080p 5.1
The Invisible Guest (2016) 8.1
The Invisible Guest (2016) The Invisible Guest(2016) IMDb...8.1,,,,,,Rotten...67% ဒီဇာတ်ကားရဲ့ ပထမဆုံးအခန်းမှာတင် လူသတ်မှုကျူးလွန်သူလို့စွပ်စွဲခံရတဲ့လူလတ်ပိုင်းအရွယ်ယောင်္ကျားတစ်ယောက်နဲ့ သူငှါးထားတဲ့ အသက်(၅၀)ခန့်အမျိုးသမီးရှေ့နေတစ်ယောက်တို့စကားပြောနေတာကို ခင်ဗျားတို့တွေ့လိမ့်မယ်...သက်သေအထောက်အထားများအရ လူသတ်မှုကျူးလွန်သူလို့ငြင်းလို့မရပေမယ့် ဒီလူကတော့သူလုံးဝမသတ်ကြောင်းကို ရှေ့နေကိုပြောနေတယ်....သူဟာ မိန်းမရှိရက်နဲ့ တခြားမိန်းမနဲ့ငြိစွန်းခဲ့တာကိုသိလို့ ယူရိုတစ်သိန်းပေးရမယ်လို့ချိန်းခြောက်သူရှိတယ်..ငွေတစ်သိန်းယူပြီး ဟော်တယ်တစ်ခုကို သူ့ငြိခဲ့တဲ့ ကောင်မလေးနဲ့အတူလာခဲ့ဖို့အမည်မသိချိန်းခြောက်သူကပြောတယ်...သူနဲ့ အဲ့ဒီမိန်းမ ဟော်တယ်အခန်းတစ်ခုမှာစောင့်နေကြတယ်...အဲ့ဒီမှာ သူ့ကို တစ်ယောက်ယောက်က ခေါင်းကိုရိုက်လိုက်တယ်...၁၅မိနစ်လောက်မေ့သွားပြီးသတိရလာတဲ့အချိန်မှာ သူငြိခဲ့တဲ့မိန်းမက သေနေပြီး ရဲတွေလည်းရောက်လာတဲ့အတွက်ကြောင့်အငြင်းပွားစရာမရှိလူသတ်မှုတရားခံဖြစ်သွားတယ်....ဒီလူ့ရဲ့အပြောကို ရှေ့နေကတော့ ဟာကွက်တွေရှိနေဆဲဖြစ်တယ်လို့ သုံးသပ်ရင်းထိန်ချိန်ခဲ့တဲ့အကြောင်းတွေကိုပြောဖို့ ...အဲ့ဒီလိုပြောမှသာ သူကူညီနိုင်မှာဖြစ်တဲ့အကြောင်းကိုနားချတယ်...အဲ့ဒီနောက်မှာတော့...............ဘယ်သူက သူ့ကို လူတစ်ယောက်လုံးသတ်ပြီးချောက်ချတာလဲ.... လူတစ်ယောက်လုံးသတ်ပြီးချောက်ချရအောင် သူတို့ဘာရန်ငြိုးတွေများရှိလို့လဲ....သူနောက်ဆက်ပြောမယ့် အကြောင်းတွေက ဘာများဖြစ်မလဲ...သူပြောတာတွေကရော တကယ့်အမှန်တရားလား......ဒီကားက နောက်ခံတီးလုံးသံအေးစက်စက်အောက်မှာ flashback ပုံစံနဲ့ တစ်ဆင့်ခြင်းဖြစ်စဉ်တွေပြသွားတယ်....ခင်ဗျားတို့ထင်ထားတာထက် နောက်ဆက်တွဲအရှုတ်တွေရှိတဲ့အပြင်အံ့အားသင့်စရာတွေလည်းအများကြီးပဲ...ဇာတ်အိမ်အုတ်မြစ်ချသွားတာကလည်း တကယ့်ကို ခမ်းနားတယ်.....ကြည့်ရင်းကြည့်ရင်းနဲ့ကို တဖြည်းဖြည်းဘာကိုမှန်းမသိလန့်လာတာလိုလို ... ဒီလိုကြီးဖြစ်သွားရတာလားဆိုပြီးတစ်ဆက်ထဲတွေးရင်းငါဆိုရင်ရောဘယ်လိုလုပ်မလဲ ...စသည်ဖြင့် စ၊ဆုံး ဆွဲဆောင်မှုရှိစွာနဲ့ ခင်ဗျားဟာ ဆက်ပြီးကြည့်ဖြစ်လိမ့်မယ်....စပွိုင်လာလုပ်ရင် ကြည့်ရတာ ပေါ့ပျက်ပျက်ဖြစ်သွားနိုင်လို့ ဒီလောက်နဲ့ တော်ပါရစေ...ဒီကားကြည့်နေစဉ် မိနစ်(၃၅)မိနစ်လောက်ရောက်တာနဲ့ cm ကအညွှန်းက မလွန်ပါဘူးလေဆိုပြီး ...
movie

The Invisible Guest (2016)

2016
Gold (2017) 5.7
Gold (2017) ဖိလစ်ပိုင် အစောပိုင်းကာလကို ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ဇာတ်ကားလေးက ဖိလစ်ပိုင် နိုင်ငံရဲ့ အစောပိုင်း ကာလ မိုင်းလုပ်ငန်းအပေါ်ကို အခြေပြုရိုက်ကူးထားပြီးရွှေတူးတာနဲ့ ပတ်သက်ပြီး ရိုက်ကူးပြထားတာပါ အရင်ခေတ်တွေတုန်းက သတ္တုတွေ နဲ့ ဖလှယ်မှုစတင်ခဲ့တဲ့ကာလမှာ ပုံသွန်းလောင်းဖို့ အတွက် သတ္ထုရွေးတဲ့နေရာမှာ ရွှေက ပုံသွန်းလောင်းဖို့ အကောင်းဆုံး တစ်ခုပါဒါကြောင့် ရွှေတူးဖို့အတွက် နယ်မြေတွေရှာဖွေရာမှာ လူသူမရောက်တဲ့နေရာတွေမှာ သွားရောက်တူးဖော်ရပါတယ်အခုကားလေးမှာက ဒီရွှေတူးဖော်ဖို့ အတွက် နယ်မြေသစ်ကိုစွန့်စားရှာဖွေရပုံတွေနဲ့ ရွှေမှော်တွေအတွက်နယ်မြေလုသတ်ဖြတ် ရတာတွေကို ရိုက်ကူးတင်ပြထားတာပါ ဒီကားကို IMDB မှာ R Rated ပေးထားပြီးတော့သတ်ဖြတ်တာတွေ သွေးထွက်သံယို ခန်းတွေပါနေတာကြောင့် ကလေးတွေကို မကြည့်ဖို့ တားမြစ်ထားပါတယ်ဒီကားက ဖိလစ်ပိုင် ရုပ်ရှင်ပွဲတော်မှာ ဆုတွေ အများကြီးရခဲ့ပြီး ဖိလစ်ပိုင်ဒါရိုက်တာတွေ ရိုက်ကူးလေ့ရှိတဲ့ပုံမှန် အချစ်အလွမ်းအဆွေးကားတွေနဲ့ မတူပဲ ကွဲထွက်နေပါတယ် ဒါကြောင့် ပရိတ်သတ်ကြီးက ဆက်လက်ကြည့်လိုက်ကြပါဦးဗျာ Qty - 720p  BlurayDuration - 1hr 44minGern - Action ...
movie

Gold (2017)

2017
Gold (2017) 5.7
Gold (2017) ၁၆ ရာစု ဝန်းကျင်က စပိန်တပ်ဖွဲ့ တွေ ဘယ်လို တာဝန်တွေ ထမ်းဆောင်ရတာလဲရောမ စစ်ကားကို စစ်တိုက်နေတာကြီးပဲ မဟုတ်ပဲ ခပ်အေးအေးလေး အနှစ်သာရ ပြည့်ပြည့်ဝဝကြည့်ချင် သူတွေအကြိုက်ပါဆာလောင်မှုတွေ ဆင်းရဲမှုတွေထဲကနေ ရုန်းထွက်ဖို့က တပ်ထဲဝင်ဖို့ ပဲ ရှိတယ်...တပ်ဖွဲ့ဆီ ရောက်လာတဲ့ mission က အင်ဒီးယန်းလူမျိုးတွေရဲ့ ပါးစပ်ပုံပြင်တွေထဲက ရွှေမြို့တော် ကိုရှာရမယ်သူတို့ ရှာနေတဲ့ ရွှေမြို့တော်က တကယ်ပဲရှိသလားသူတို့ ရွှေမြို့တော်ဆီ အောင်အောင်မြင်မြင်နဲ့ သွားနိုင်ပါ့မလားဖြတ်သန်းရမယ့် နယ်မြေက ကြားတောင်မကြားဖူး အိပ်မက်တောင်မမက်ဖူးတဲ့ သေခြင်းတရားလက်တကမ်းမှာရှိနေတဲ့နေရာ.......တပ်ထဲမှာသာ အချင်းချင်း ရန်ဖြစ်ပေမယ့် ရန်သူနဲ့တွေ့ရင် စည်းလုံးသွားကြတဲ့ သေမတူရှင်မကွာရဲဘော်ရဲဘက်တွေလောဘတွေ ဒေါသတွေကြောင့် ဘယ်လိုတွေပြောင်းလဲသွားလဲတပ်ဖွဲ့နဲ့အတူပါလာတဲ့ အဖွဲ့ခေါင်းဆောင်ရဲ့ အမျိုးသမီးချောမောနားလည်ရခက်တဲ့ကောင်မလေးအကြည့်ချင်းတွေနဲ့သာ နားလည်မှုရနေတဲ့ တပ်သားလေးနဲ့ သူမတို့... နီးစပ်သွားကြပါ့မလား...Rating 5.7 ရထားတဲ့ ဒီကားလေးကို ကြည့်လိုက်ရအောင်နော်... File Size : (800 MB) and (350 ...
movie

Gold (2017)

2016